← Chapters

အပိုင်း ၄၄

Vol. 3 Ch. 44

အပိုင်း ၄၄

Vol. 3 Ch. 44

ဒီသာမန်လူတွေက တစ်ရက်လုံးအလုပ်လုပ်ကြရပြီး လုံလုံလောက်လောက် ဝင်ငွေမ‌ရကြပေ။ တစ်ခါတစ်ရံ ဒီပင်လယ်ပစ္စည်းတွေကို အောင်‌အောင်မြင်မြင် ရောင်းရဖို့ တောင်းပန် အသနားခံရခံရတာတွေလည်း ရှိသည်။ ဒါတောင်မှ သူတို့ရဲ့ဘဝတွေက မဖွံ့ဖြိုးလားပါပေ။

မော့ယန်ရဲ့ ပြောပြနေတာတွေကို နားထောင်ပြီး သူတို့ရဲ့ရှေ့က တုန်ယင်တုန်ယင် လမ်းလျှောက်ပြီး လမ်းထောင့်နားကို သွားလိုက်တဲ့ အဖိုးအိုကြီးကို ကြည့်နေလိုက်ကြသည်။ မော့ချူးက အဖိုးကြီးနောက်ကို လိုက်သွားလိုက်ပြီး သူမရဲ့နှလုံးသားကနေ စိတ်မကောင်းဖြစ်နေသည်။ တကယ်တော့ မော့ယန်က အဖိုးကြီးနှင့် ပိုနီးသည်။

လမ်းနှစ်ကွေ့လောက်ချိုးပြီးတဲ့နောက် ရှေ့မှာ မြစ်ငယ်လေးတစ်စင်းကို တွေ့လိုက်ရသည်။ အဖိုးကြီးက ခေါင်းငိုက်စိုက်နေပြီး မြစ်ကမ်းနဘေးမှာ ထိုင်နေလိုက်သည်။ သူက ခြင်းထဲကပစ္စည်းတွေကို သူလက်ထဲမှာ ကျစ်နေအောင် ကိုင်ထားလိုက်သည်။

“အဖိုး ဒါတွေက ဘာတွေလဲ” မော့ချူးက ရှေ့ကို လျှောက်သွားလိုက်သည်။ သူနားကို တိုးသွားလိုက်တဲ့အချိန်မှာ ဒီအဖိုးကြီးက တကယ်ကို ဝေဒနာခံစားနေရတာကို မော့ချူး သိလိုက်ရသည်။ သူ့ရဲ့လက်ကြမ်းကြမ်းကြီးတွေက အသားမာတွေပြည့်လို့နေသည်။ သူ့ရဲ့မျက်လုံးထောင့်မှာ အရေပြားများက တွန့်လို့နေပြီး ဘယ်လောက်ပဲကြိုးစားပါစေ ဖျောက်ဖျက်လို့မရချေ။

သူအသံကြားလိုက်သည့် အခါ အဖိုးကြီးက သနားစရာကောင်းစွာ ခေါင်းကို မော့ကြည့်လိုက်သည်။ သူ့ရဲ့ရှေ့မှာ နွှဲ့နှောင်းတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ကို တွေ့လိုက်ရချိန်မှာ သူဝမ်းသာစွာနဲ့ ခြင်းထောင်းကို ရိုရိုသေသေထွေးပိုက်လိုက်ပြီး “ဒါတွေအကုန်လုံးက ပင်လယ်ထွက်ပစ္စည်းတွေ။ သူတို့ကို ပင်လည်ထဲကနေ ဖမ်းယူထားတာ”

“သူတို့တွေက တကယ်ကို လှတာပဲနော်” မော့ချူးရဲ့စကားက လျှောက်ပြောတာသက်သက်မဟုတ်ချေ။ ခြင်းတောင်းထဲမှာ ပင်လယ်ပစ္စည်းတွေ တော်တော်များများရှိသည်။ အရောင်တွေက တောက်ပနေပြီး ပုံသဏ္ဌာန်တွေကလည်း စုံလင်သည်။ တော်တော်လေး စိတ်ဝင်စားစရာတော့ ကောင်းသည်။

သူက ဒီလိုကြားလိုက်ရတော့ အဖိုးကြီးက ယုံကြည်မှုလေးတက်လာပြီး ရုတ်တရက်ပြောလိုက်သည်။ “ဟုတ်တာပေါ့။ ကြည့်လိုက် ဒီရေမှော်ပင်တွေထဲမှာ ကွယ်နေတဲ့ ပုတီးစေ့တွေရှိတယ်”

ရေမှော်ပင်ထဲမှာ ကွယ်နေတဲ့ပုတီးစေ့တွေလား။ မော့ချူးက ဒါကို ကြားလိုက်သည့်အချိန် ခမာကောင်တွေထဲက ပုလဲတွေအကြောင်းကို စိတ်ရောက်သွားသည်။

ဒီပုတီးစေ့တွေက ပုလဲတွေမဖြစ်နိုင်ဘူးလား။

သူမ အဲ့လိုစဉ်းစားမိသည့်အချိန် ပိုပြီး စိတ်လှုပ်ရှားသွားသည်။ သူတို့ကသာ တကယ်ပုလဲစေ့တွေဆိုရင် ဒီပစ္စည်းတွေရဲ့တန်ဖိုးက နှစ်ဆဖြစ်သွားမှာပါ။ အဲ့ဒါဆိုရင် ဒီအဖိုးကြီးရဲ့ဘဝကလည်း အလိုလျောက် ပိုကောင်းသွားလိမ့်မည်။ “အဖိုး သမီးကြည့်လို့ရမလား”

ဒါကိုကြားပြီး အဖိုးကြီးက အချိန်ဖြန်းမနေတော့ပါ။ သူက ခြင်းထဲက ရေမှော်တစ်ချို့ကို ချက်ချင်း နိုက်လိုက်ပြီး အောက်ခြေကနေ အသာလေး နွှာလိုက်သည်။ နည်းနည်းလောက်ညစ်ထုတ်လိုက်ပြီး သူက ပုတီးစေ့အနည်းငယ်ကို ထုတ်ယူလိုက်သည်။

မော့ချူးက နီးနီးကပ်ကပ်ကြည့်ပြီး စိတ်ပျက်သွားသည်။ ဒီပုတီးစေ့တွေက ပုံသဏ္ဌာန်ရော အရောင်ပါ ကွဲနေသည်။ သူတို့က သူမမှတ်ညဏ်ထဲက ပုလဲလုံးတွေနဲ့ တစ်ခြားစီဖြစ်နေသည်။ ဒီပုတီးစေ့တွေက တောက်ပမနေသည့်အပြင် စားလို့လည်း မရချေ။

မော့ချူးက ရေအေးအေးနဲ့ ပက်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူမရဲ့ မျက်နှာသေးသေးလေးက အနည်းငယ် ညိုးနွမ်းသွားသည်။

သို့သော်လည်း အဖိုးကြီးက နွမ်းနယ်နေတဲ့ သူမရဲ့အကြည့်ကို မခံနိုင်ပါ။ သူက ပုလဲတစ်ချို့ကို ပေါ့ပေါ့ပါးပါးယူလိုက်ပြီး ပြုံးပြကာ မော့ချူးလက်ထဲထည့်လိုက်သည်။ “လာ ကလေးမလေး ဒါကိုယူပြီးသွားဆော့လိုက်။ ငါ မင်းကို လက်ဆောင်အဖြစ်ပေးတာလို့ သဘောထားလိုက်။ နောက်ပြီး ဒါတွေက သိပ်လည်း အဖိုးတန်တာမှမဟုတ်တာ”

“ရပါတယ်” မော့ချူးက မြန်မြန်ငြင်းလိုက်သည်။ အဖိုးအိုကြီးက သူအသက်ရှင်ဖို့အတွက် ဒါတွေကို ရောင်းနေရတာ။ သူမ ဘယ်လိုယူရက်ပါ့မလဲ။

သို့သော်လည်း သူမလက်မောင်းထဲက သွေးအလင်းသားရဲကို ငပြောင်လေးအဖြစ်တော့ မထင်ထားပါ။ သူက အဖိုးကြီး ပုတီးလုံးတွေကို မော့ချူးလက်ထဲထည့်လိုက်သည့်အချိန် သူ့ရဲ့မျက်လုံးတွေကို ပင့်လိုက်သည်။ သူက ပုတီးစေ့တွေကို ယူလိုက်ပြီး အကုန်မျိုချလိုက်သည်။

“ဝိုင်းဝိုင်း” ဒီအစားပုပ်ကတော့ ပုတီးစေ့တွေအကုန်လုံး တကယ်မျိုချလိုက်တာလား။

မော့ချူးက စိတ်လည်းပူ ရယ်လည်းရယ်ချင်နေသည်။ သူက သွေးအလင်းသားရဲကို ပြောင်းပြန်ကိုင်လိုက်ပြီး အားကုန်သုံးက သူ့ရဲ့ဗိုက်ကို ပုတ်လိုက်သည်။ “မြန်မြန် ထွေးထုတ်လိုက်”

မော့ချူးရဲ့ လုပ်ပုံကိုင်ပုံကတော့ လုံးဝမညင်သာပါ။ ဝိုင်းဝိုင်းက သူမက ခဏခဏငေးကြည့်နေသည်။ ဒါပေမဲ့နောက်ဆုံးတုန်း နာနာခံခံနဲ့ပဲ ပုတီးစေ့တွေကို ထွေးထုတ်လိုက်သည်။

ထပ်ကာထပ်ကာ ရေကြည့်ပြီးသွားတဲ့နောက်မှာ တစ်လုံးလိုနေသေးသည်။ မော့ချူးက သက်ပြင်းချလိုက်သည်။

ကောင်းရော။ အိမ်မွေးတိရိစ္ဆာန်မွေးရတာကလည်း ဘုရင်က ကျေနပ်အောင် လုပ်ပေးနေရသည့်အတိုင်းပါ။ မော့ချူးက ပြုံးလိုက်ပြီး ခေါင်းပဲ ယမ်းနေတော့သည်။

သို့သော်လည်း ပျောက်နေတဲ့ပုတီးစေ့တစ်လုံးက သွေးအလင်းသားရဲ၏ ချွန်ထက်နေတဲ့သွားတွေနဲ့ ကိုက်ခံထားရပြီး ပွင့်နေသည်။ ကောင်းမွန်တဲ့ အဖြူရောင်အမှုန့်တွေက သေးငယ်ထဲအက်ကြောင်းလေးကြားကနေ အဖြူရောင်ဖျော့ဖျော့ အဝိုင်းပုံစံလေးထွက်နေသည်။

ဒါကို မြင်ပြီး မော့ချူးရဲ့မျက်လုံးတွေ ဝင်းလက်လာသည်။

All Chapters