← Chapters

အပိုင်း ၄၅

Vol. 3 Ch. 45

အပိုင်း ၄၅

Vol. 3 Ch. 45

မော့ချူးက သူမရဲ့လက်ချောင်းလေးကို ထုတ်လိုက်ပြီး အမှုန့်အချို့ကို သူမပါးစပ်ထဲထည့်လိုက်သည်။

သွေးအလင်းသားရဲက ဒါကို မြင်လိုက်တော့ ချက်ချင်း စိတ်တွေလှုပ်ရှားလာသည်။

မင်းပဲ ငါ့ကို ထွေးထုတ်ခိုင်းပြီးတော့ အခုမင်းကိုယ်တိုင်စားနေပြီ။ ဟာ။

သူက ခုန်လိုက်ပြီး မော့ချူးရဲ့လက်မှာကျန်နေတဲ့ အဖြူရောင်အမှုန့်တွေကို သူ့လျှာကြမ်းကြမ်းကြီးနဲ့ လျက်လိုက်သည်။

“အာဝူး” သူ့ရဲ့မျက်နှာမှာ သူ့ကိုယ်သူ ဟုတ်လှပြီထင်နေသည့်ပုံစံ။ သို့သော် ချက်ချင်းပဲ ရှုံ့တွပြီး အကျပ်ရိုက်နေသည့် မျက်နှာဖြစ်သွားသည်။ သူ့ရဲ့ လက်သည့်တွေကို မြေကြီးကို တူးနေတော့သည်။

ဘာကြီးလဲ။ ဒါကြီးက ဘာလို့ ဒီလောက်ခါးနေရတာလဲ။ သွေးအလင်းသားရဲရဲ့ မျက်နှာက ချဉ်စုတ်နေသည်။ သူက တံတွေးတွေကို ထွေးထုတ်ပြီး သူ့ပါးစပ်ထဲက ထူးထူးဆန်းဆန်း ခါးတဲ့အရသာကြီးကို ထုတ်ပစ်ဖို့ကြိုးစားနေသည်။

မော့ချူးက ဘေးနားကနေကြည့်နေပြီး ရယ်ရနေသည်။ ဒီအစားပုပ်ကလည်း နောက်ဆုံးတော့ အကျိုးဆက်ကို ကောင်းကောင်းခံစားလိုက်ရပြီ။

တစ်ခြားတစ်ဖက်မှာတော့ မော့ယန်က ဝိုင်းဝိုင်းကို စိတ်ပူစွာဖြင့်ကြည့်နေသည်။ “ချူးလေး ဝိုင်းဝိုင်း ဒီပုံစံနဲ့ အဆင်ပြေပါ့မလား”

“စိတ်မပူပါနဲ့ သူအဆင်ပြေပါတယ်။ သူ့ကို နောက်မှ ညီမလေး ရေတိုက်လိုက်မယ်” ဒါကိုကြားပြီး သွေးအလင်းသားရဲက မတောင့်ခံနိုင်တော့ဘဲ လွှားခနဲ မြစ်ထဲကို တိုက်ရိုက်ခုန်ချလိုက်သည်။ သူက ရေတွေအဝဖြည့်လာပြီးမှာ တက်လာသည်။ သူ့ရဲ့ အမွေးတွေက လုံးဝကို စိုရွှဲနေသည်။

ဘေးနားမှာ ကစားနေတဲ့ကလေးကို လျစ်လျူရှုလိုက်ပြီး မော့ချူးက အဖြူရောင်အမှုန့်ကို ပြန်အရသာခံလိုက်သည်။ ငံသည့်အရသာ‌ရေးရေးလေးက သူမရဲ့ အရသာခံသည့်ခံတွင်းကို လှုပ်ခါသွားသည်။ ဒီရင်းနှီးနေတြ့ အရသာလေးက သူမကို ပျော်ရွှင်သွားစေသည်။ ဒါက တကယ်ပဲ ဆားပါ။

တကယ်တော့ သူမ ဒီကောင်းမွန်တဲ့ အဖြူရောင် အမှုန့်လေးကို ပထမဆုံး မြင်လိုက်ရသည့်အချိန် မော့ချူးက ခန့်မှန်းမိရုံပဲရှိသေးသည်။ အခု သူမအရသာခံလိုက်သည့်အချိန်ကျမှ ဒါက တကယ့်ဆားပါပဲ။

မော့ချူးက ပါဝင်ပစ္စည်းတော်တော်များများက စုဆောင်းမိထားပြီးပါပြီ။ ဒါပေမဲ့ သူမအခုထိမတွေ့သေးတာကတော့ ဆားပါ။ အဲ့ဒါကြောင့်လည်း သူမရဲ့ ဟင်းတွေက အရသာကင်းမဲ့နေတာပါ။ ဒါ့ကြောင့်သူမ အွန်လိုင်းပေါ်မှာ ရှာကြည့်တော့လည်း ဘာမှရှာမတွေ့ပါ။ သူမ ဒီဆားနဲ့ ဒီနေ့မှာ တိုက်ရိုက်တိုးမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ဒါက တကယ့်တိုက်ဆိုင်မှုကြီးပင်။

“အဖိုး ဒီပုတီးစေ့တွေက ဘယ်လောက်လဲ” ဒီလိုရတနာကို မြင်ရဖို့ဆိုတာ တစ်ကယ်မလွယ်ပါဘူး။ ထို့ကြောင့် မော့ချူးက ဒီအခွင့်အရေးကို အရအမိဖမ်းဆုပ်ထားရတော့မယ်လေ။

“ဟမ်” အဖိုးကြီးက ဒီကလေးမလေး ဘာလုပ်နေတယ်ဆိုတာကို နားမလည်နိုင်ပါဘူး။ သို့သော် သူမရဲ့မေးခွန်းကတော့‌ ရှင်းလင်းပါသည်။ သူမရဲ့လေသံက အံ့ဩမှုတွေ၊ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတာတောင်မှပေါ့။ “ကလေးမလေး မင်းဒါကို ဝယ်ဖို့လုပ်နေတာလား”

“ဟုတ်တယ်” မော့ချူးက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ “အဖိုး ဘယ်လောက်နဲ့ရောင်းချင်လဲ”

“အဲ့ဒါဆိုရင် အရင်ဆုံး ငါ ဒီပုလဲလုံးခြင်းကို မင်းအတွက်ရွေးပေးမယ်” အဖိုးကြီးရဲ့ လက်တွေက တုန်တုန်ယင်ယင်ဖြစ်နေသည်။ မော့ချူး ဝယ်ရတာကို နောင်တရသွားမည် ဆိုးသည်နှင့် သူကချက်ချင်း ခြင်းထဲက ပစ္စည်းတွေကို ထုတ်လိုက်သည်။ “မိန်းမငယ်လေး ခဏနော်”

“ရပါတယ်” မော့ချူးက မငြင်းဘဲ ပြောလိုက်သည်။

“အေးဆေးလုပ်နော်၊ သမီး မလောပါဘူး”

“ဟုတ်ပြီ ဟုတ်ပြီ” အဖိုးကြီးက သဘောတူလိုက်ပြီး သူ့ရဲ့လက်တွေကတော့ မရပ်သွားပါဘူး။ ဆယ်မိနစ်တောင်မကြာပါဘူး။ အဖိုးကြီးက ခြင်းထဲက ပုတီးစေ့အကုန်လုံးကို ယူလိုက်သည်။

“ဒါတွေအကုန်လုံး... ဖဒရယ်ဒင်္ဂါး၃၀ပဲပေး နော်” အဖိုးကြီးက သူ့ရဲ့ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး ချက်ချင်းပြန်ပြောလိုက်သည်။ “အဆင်မပြေဘူးဆိုရင် ဖဒရယ်ဒင်္ဂါး၂၅ပြားဆိုရင် ရပါတယ်”

မော့ချူးက သူ့ရဲ့ပစ္စည်းတွေကို ငေးကြည့်လိုက်သည်။ ပုလဲ ၇၀၊ ၈၀လောက်ရှိသည်။ သူမသာ ဆားထုတ်လိုက်မည်ဆိုလျှင် ဆားအလေးချိန် နှစ်ကက်တီ၊ သုံးကက်တီလောက်ရှိမည်။ ဖဒရယ်ဒင်္ဂါးပြားနှင့် သူမအရင်ဘဝက ငွေကြေးလဲလှယ်မှုက အတူတူဖြစ်သည်။ သူက အရင်ဘဝက ဈေးနှုန်းနှင့် ယှဥ်လိုက်လျှင် ဈေးနည်းနည်းပိုများမည်။ သို့သော်လည်း ဒါက အဖွဲ့ချုပ်ပင်။ မှန်မှန်ကန်ကန်အသုံးပြုပါက ဆားဈေးနှုန်းက ၁၀ဆကနေ အဆ ၁၀၀အထိ ထိုးတက်နေမည်ဖြစ်သည်။

“မိန်းကလေး ဒီဈေးနှုန်းနဲ့ဆို အဆင်ပြေလား” မော့ချူးအကြာကြီး ဘာမှစကားမပြောတာကို တွေ့ပြီး အဖိုးကြီးက လေသံပျော့ပျော့လေးနှင့် မေးလိုက်သည်။

သို့သော်လည်း သူစကားများများပြောလေလေ သူ့ရဲ့ယုံကြည်မှုက ပျောက်ဆုံးလေလေဖြစ်သည်။

“ဒီဈေးနှုန်း...” မော့ချူးက သူ့ရဲ့မျက်ခုံးတွေကို အနည်းငယ်ပင့်လိုက်ပြီး အပြုံးလေးနှင့်ပြန်ပြောလိုက်သည်။ “ဒါက နည်းနည်းလောက် နည်းနေသေးတယ်”

“အာ” ခဏလောက်တော့ အဖိုးကြီးက နားကြားလွဲတာထင်နေသည်။

“ဒီလိုဆိုရင်ရော သမီး ဒီပုတီးစေ့တွေအတွက် ဖဒရယ်ဒင်္ဂါးစုစုပေါင်း ၃၀၀ဘပေးမယ်လေ” မော့ချူးက သူမကိုယ်တိုင် စျေးပြောလိုက်သည်။ “နောက်ကျရင် အဖိုးဒီပုတီးစေ့တွေကို ရောင်းချင်သေးတယ်ဆိုရင် သမီးအိမ်ကိုလာပြီး သမီးကို လာရှာလို့ရတယ်။ ဒီဈေးနှုန်းနဲ့ပဲ ဝယ်မှာပါ”

အဖိုးကြီးရဲ့ မယုံကြည်နိုင်တဲ့ မျက်နှာကိုကြည့်ပြီး မော့ချူးက နောက်ထပ် မရှင်းပြတော့ပေ။

ဒီ အထူးစွမ်းအင်မရှိတဲ့ သာမန်လူတွေက သူတို့အတွက် အလွန့်အလွန်ဈေးကြီးတဲ့ ကိုယ်ပိုင်ခလုတ်ခုံဝယ်ဖို့နေနေသာသာ နပ်မှန်အောင်စားရဖို့အရေး လုံးပန်းနေရသည်။ အဲ့ဒါကြောင့် ခလုတ်ခုံစနစ်နဲ့ လွှဲပေးလို့မရ၍ မော့ချူးက မော့ယန်ဆီက ဖဒရယ် ဒင်္ဂါး၃၀၀ယူကာ အဖိုးကြီးကို ပေးလိုက်သည်။ တစ်ချိန်တည်းမှာပဲ သူမက အခုလောလောဆယ်ငှားထားတဲ့ တိုက်ခန်းလိပ်စာကို ပြောလိုက်သည်။

“မင်းတကယ် ငါ့ကို ပေးတော့မလို့လား” အဖိုးကြီးက ပိုက်ဆံကို သူ့လက်ထဲမှာကိုင်ထားပြီး သူ့ရဲ့အသံတွေက တုန်ယင်နေသည်. သူ့ရဲ့ခြင်းထဲက ပစ္စည်းတွေအကုန်ရောင်းရင်တောင် ဖဒရယ် ဒင်္ဂါး ၄၀ကနေ ၅၀လောက်သာရသည်။

အခုတော့ ဒီပုတီစေ့အနည်းငယ်လောက်က ဖဒရယ်ဒင်္ဂါး ၃၀၀ ဆိုတဲ့ မိုးထိုးနေတဲ့ ဈေးနှုန်းရနေသည်။

ဒါက အတိတ်တုန်းကဟာဆိုရင် ဒီအဖိုးကြီးက ယုံနိုင်လိမ့်မည်တောင် မဟုတ်ပါ။ ဒါပေမဲ့ အခုတော့ သူ့ရှေ့တည့်တည့်မှာရှိနေတော့ ယုံရုံကလွှဲပြီး တစ်ခြား‌ ရွေးချယ်စရာမရှိတော့ပေ။

“အဲဒါဆိုရင် တစ်ခြားသူရဲ့ပုတီးစေ့တွေဆိုရင်ရော ငါမင်းကို ရောင်းလို့ရမလား” အဖိုးကြီးက သူ့ရဲ့နှုတ်ခမ်းကို ကိုက်ထားပြီး အနည်းငယ် သိမ်ငယ်နေသည်။ “အဖိုးရဲ့ ဆွေမျိုးတွေနဲ့ အိမ်နီးချင်းတွေအများကြီးက ဒီပုတီးစေ့တွေကို ကောက်နိုင်ပါတယ်”

“ရတာပေါ့” မော့ချူးက သဘောတူလိုက်သည်။ “သမီးအများကြီးဝယ်ဖို့ပြင်ဆင်ထားလိုက်မယ်နော်။ လူများတော့ ပိုပျော်ဖို့ကောင်းတာပေါ့”

ဒါကိုကြားပြီးတော့ အဖိုးကြီးရဲ့မျက်နှာက ချက်ချင်းပြုံးသွားသည်။ သူ့ရဲ့မျက်နှာပေါ်က အ‌ရေးကြောင်းတွေတောင် နည်းနည်းချောမွတ်သွားသလို ထင်ရသည်။ “ကောင်းတာပေါ့ ကျေးဇူးတင်ပါတယ်နော်။ အဖိုး မြန်မြန်ပြန်သွားပြီး လူတိုင်းကို ဒီအကြောင်းပြောလိုက်ဦးမယ်နော်”

“ဟုတ်ပြီ။ တာ့တာ” မော့ချူးက အပြုံးလေးနဲ့ ခေါင်းညိတ်လိုက်သည်။ သူမက အဖိုးကြီး ခြင်းတောင်းကို ထမ်းပြီးလျှောက်သွားပြီး ဝေးဝေးသွားတာကို ကြည့်နေလိုက်သည်။ သူက မေ့သွားမှာဆိုပြီး အိမ်လိပ်စာကို ပါးစပ်က တတွတ်တွတ်ရွတ်နေသည်။

သူမခေါင်းကို ပြန်လှည့်လိုက်တော့ သွေးအလင်းသားရဲက သူမကို ‌ဒေါသအပြည့်နှင့် ကြည့်နေသည်။

“အာဝူး အာဝူး-“ ဒီလို ခါးနေတဲ့ဟာတွေ အများကြီးဝယ်ပြီး ဘာလုပ်မလို့လဲ။ မြန်မြန်လွှတ်ပစ်လိုက်စမ်းပါ။ ဒီသောက်ပုတီးစေ့တွေကြောင့်သာမဟုတ်ရင် ငါဒီလိုရှက်စရာကောင်းတဲ့ပုံဖြစ်ပြီး ငါ့ရဲ့ကျက်သားရေပျက်သွားမှာ မဟုတ်ဘူး။

“မပစ်ပါဘူး” မော့ချူးက သူမရဲ့ခေါင်းကို ယမ်းလိုက်ပြီး မြေကြီးပေါ်က ပုတီးစေ့တွေကို သေချာယူလိုက်ပြီး ခလုတ်ခုံထဲကို ထည့်လိုက်သည်။ “မင်းအရသာရှိတဲ့ စားစရာတွေစားချင်ရင် ဒါတွေရှိမှဖြစ်မှဖြစ်မှာ”

ဘယ်လိုဖြစ်နိုင်မှာလဲ။ သွေးအလင်းသားရဲက မော့ချူးလက်ထဲက ပုတီးစေ့တွေကို စက်ဆုတ်တဲ့အကြည့်နဲ့ကြည့်လိုက်သည်။ ဒီခါးတဲ့အရာကြီးက ဘယ်လိုလုပ် အရသာကောင်းမှာလဲ။ သို့သော်လည်း မော့ချူးက သူကို အရင်ကတစ်ခါမှ မလိမ်ဘူးတာကို သိပြီး လက်လျှော့လိုက်သည်။

သူမဘေးက မော့ယန်ကို ကြည့်ပြီး မော့ချူးက အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမက သူ့အစ်ကိုရဲ့ ပိုက်ဆံတွေကို သုံးလိုက်တာလေ။ “အစ်ကို ညီမလေး ထင်ရာလုပ်လိုက်တာကို အပြစ်တော့မတင်ဘူးမလား... ‌နော်”

“ငတုံးမလေး” မော့ယန်က သူ့ညီမရဲ့ဆံပင်ကို အသာလေးဖွလိုက်သည်။ “ငါတို့က မောင်နှမတွေပဲလေ။ အဲ့ဒါကြောင့် ဒီလိုမျိုးတွေ ပြောနေစရာမှမလိုတာ။ နောက်ပြီး မင်းက ထင်ရာလုပ်တတ်တဲ့သူမှ မဟုတ်တာ”

မော့ယန်ရဲ့မျက်လုံးထဲက ယုံကြည်မှုတွေကို ကြည့်လိုက်ပြီး မော့ချူးရဲ့ ရင်ထဲနွေးထွေးသွားသည်။ သူ့ကို သူမရဲ့အစီအစဥ်အကြောင်းကို ပြောပြလိုက်သည်။ “အစ်ကို ညီမလေး စတားနက်ကနေ ငါးကင်တွေရောင်းပြီး ဘယ်လောက်ဝင်မယ်ထင်လဲ”

“ညီမလေး စစ်ကြည့်သွားပြီးပြီ။ စစ်တက္ကသိုလ်ရဲ့စရိတ်က မနည်းလှဘူး။ ညီမလေးတို့ ဒီအခွင့်အရေးကို ယူပြီး ပိုက်ဆံရှာရင်ရော။ ညီမလေးတို့ နေထိုင်စရိတ်အတွက် ပြင်ဆင်ထားသင့်တယ်”

စစ်တက္ကသိုလ်က ခရိုင်(၃)ရဲ့အလယ်တည့်တည့်မှာရှိတာပါ။ နေထိုင်စရိတ်က အလွန့်အလွန်ကြီးမားပြီး ကုန်ဈေးနှုန်းကလည်း မြင့်သည်။ မော့ယန်ရဲ့ ခလုတ်ခုံထဲမှာ ပိုက်ဆံတော်တော်လေး ရှိသော်လည်း သူတို့က ခဏလေးနဲ့ ကုန်သွားလိမ့်မည်။ ထို့ကြောင့် သူတို့က တက်နိုင်သလောက်အမြန်ဆုံး ပြင်ဆင်သင့်နေပြီ။

ဒါကို ကြားပြီး မော့ယန်က မထိန်းနိုင်ပဲ မျက်ရည်များကျလာသည်။ သို့သော်လည်း သူမက နွေဦးရောင်ခြည်လေးလို ပြုံးလိုက်ပြီး “ဟုတ်ပြီ။ နောက်ကျ ညီမလေးတို့ရဲ့ စရိတ်တွေအတွက် အားကိုးမယ်နော် အစ်ကိုကြီး”

All Chapters