အပိုင်း ၄၆
Vol. 4 Ch. 46
မော့ချူးက အိမ်ပြန်ရောက်လာသည့်အခါ သူမဝယ်လာသည့် ပုတီးစေ့တွေကို ထုခွဲဖို့မစောင့်နိုင်တော့ပါ။ သူမကအထဲက အမှုန်တွေကို သေချာထုတ်ယူလိုက်ပြီး ပုလင်းထဲကို ထည့်လိုက်သည်။
“ဒီပစ္စည်းက အဲ့လောက်တန်ဖိုးကြီးလို့လား” မော့ယန်က သိချင်စွာနဲ့ မေးလိုက်သည်။ ချူးလေးဒီလောက်ထိ ဂရုစိုက်နေတာကို ဒါပထမဆုံးအကြိမ် သူတွေ့ဖူးခြင်းဖြစ်သည်။
“ညီမလေး ဟင်းမချက်ရသေးခင်ထိ သူ့ရဲ့ကောင်းကျိုးကို အစ်ကိုသိမှာ မဟုတ်သေးဘူး” မော့ချူးက ပြုံးလိုက်ပြီး သူ့ကို မှန်းခိုင်းလိုက်သည်။ ထို့နောက် သူမက ပြန်လှည့်လိုက်ပြီး သူမရဲ့ အရသာရှိတဲ့ ဟင်းတွေကို ချက်ပြုတ်ဖို့ပြင်လိုက်သည်။
သူမအရင်က စားနေတဲ့မြွေသားက မကုန်သေးပေ။ ကျန်တဲ့ဟာကို မော့ချူးက ကိုယ်ပိုင်ခလုတ်ခုံထဲတွင် ထည့်ထားလိုက်သည်။ သူမက တစ်ယောက်စာ မြွေသားကို ထုတ်လိုက်ကာ ဆေးကြောသန့်ရှင်းပြီး အတုံးသေးသေးလေးတွေအဖြစ် လှီးလိုက်သည်။ ထို့နောက် မြွေသားပေါ်ကို ဆားအချို့ဖြူးလိုက်ပြီး အနည်းငယ် နယ်လိုက်သေးသည်။ သူမက အရသာကို စိမ့်ဝင်သွားစေသည်။
မော့ယန်က သူမအတွက် အထူးအနေနဲ့ မီးဖိုချောင်အသုံးအဆောင်ပစ္စည်း အစုံလိုက်ကို ဝယ်ထားပေးသည်။ မော့ချူးက ကျွမ်းကျင်ပိုင်နိုင်စွာ အိုးကို အပူပေးလိုက်ပြီး မြေပဲဆီ အနည်းငယ် ထည့်လိုက်သည်။
ဆီ ကျက်သွားသည့်အချိန် သူမက ပိုင်းဖြတ်ထားတဲ့ ရေမှော်တွေကို ထည့်လိုက်ပြီး အမွှေးနံ့ထွက်လာသည်အထိ စောင့်နေလိုက်သည်။ ထို့နောက် သူမက အိုးထဲကို မြွေသားထည့်လိုက်ပြီး အရောင်ပြောင်းသွားသည်အထိ မွှေပြီးကြော်နေလိုက်သည်။ အဲ့ဒါပြီးတော့ သူမက ချင့်ချိန်ပြီး ရေနဲ့ဆားကို ထည့်လိုက်သည်။ အပူချိန်မြင့်သွားတဲ့အခါ လျှော့လိုက်သည်။
မတူညီတဲ့ ပါဝင်ပစ္စည်းတွေရဲ့ အရောင်တွေက အတူတကွ ပေါင်းစည်းသွားကြသည်။ သူတို့က တောက်ပပြီး လှပသည်။
မော့ချူးက အိုးအဖုံးသေးသေးလေးကို ယူလိုက်ပြီး အိုးကိုဖုံးလိုက်သည်။ သူမက အိုးကို ဗွက်ဗွက်နှင့်ဖြစ်အောင်ထားလိုက်သည်။
ဟင်းလျာတစ်ခုထဲလား။
ဒါကို ခဏတွေးလိုက်ပြီး မော့ချူးက အာလူးသီးတစ်ချို့ကို ခလုတ်ခုံထဲမှ ထုတ်ယူလိုက်ကာ သူတို့ကို လွှာရန် ပြင်လိုက်သည်။ အသားတစ်ပွဲ၊ ဟင်းသီးဟင်းရွက်တစ်ပွဲ လိုက်ဖက်လိုက်တာ။
အာလူးကြော်ကလည်း ရိုးရိုးရှင်းရှင်း ဟင်းတစ်ခွက်ပါပဲ။ ဒါပေမဲ့ ကောင်းအောင်လုပ်ဖို့တော့ မလွယ်ပါပေ။
ပထမဆုံးအနေနဲ့ လွှာထားနဲ့ အားလူတွေနဲ့ အထူက အတူတူဖြစ်နေရမည်။ အဲ့ဒါမှသာ အရသာက ကောင်းလိမ့်မည်။
ဒုတိယအချက်က အပူချိန်ကို ကောင်းကောင်းကိုင်တွယ်နိုင်ရမည်။ အပူချိန်နည်းလွန်းလျှင် ချက်ရတဲ့အချိန်က တိုပြီး ဟင်းပွဲရဲ့အရသာက မကျပ်တကျပ်ဖြစ်နေမည်။ သို့သော် အပူချိန်များလွန်းသွားလျှင်လည်း ချက်ရတဲ့အချိန်ကြာပြီး အာလူးအလွှာတွေက ပျော့လာပြီး ကြွပ်ကြွပ်ရွရွရှိမှာ မဟုတ်တော့ပေ။
သို့သော်လည်း ဒါတွေက မော့ချူးအတွက်တော့ ပြဿနာမဟုတ်ပါဘူး။ ၁၀မိနစ်ကြာပြီးတော့ အာလူးကြော်တွေက စားလို့ရပြီပင်။
မြွေသားက ဒီအချိန်မှာ အနေတော်ဖြစ်နေပြီပင်။ သူ့ကို ကြွပ်ရွပြီး မနပ်သေးခင်အထိ ချက်ရသည်။ အရည်ရွမ်းပြီးတော့ အရသာက ချိုသည်။ မော့ချူးက ကျေနပ်စွာဖြင့် ခေါင်းကို ညိတ်လိုက်ပြီး သူတို့ကို ပန်းကန်ပြားထဲထည့်လိုက်သည်။
“လာစားကြည့်” မော့ချူးက ပြုံးပြီး ဟင်းလျာနှစ်ခုကို စားပွဲပေါ် တင်လိုက်သည်။ သွေးအလင်းသားရဲကတော့ မအောင့်နိုင်တော့ပေ။ သူ့ရဲ့ပေနေတဲ့လက်သည်းတွေနဲ့ ပန်းကန်ပြားကို တိုက်ရိုက်နှိုက်လိုက်သောလည်း မော့ချူးက ရိုက်ချလိုက်သည်။ “ငါ မင်းရဲ့ ပန်းကန်လုံးထဲ ထည့်ပေးတဲ့အထိ စောင့်ဦးလေ”
သွေးအင်းသားရဲက သူ့ရဲ့ နှုတ်ခမ်းတွေကို စုပ်လိုက်ပြီး သူ့ရဲ့လက်သည်းတွေက ပန်းကန်ဝအထိ အပြည့်ဖြည့်ထားတဲ့ ပန်းကန်လုံးဆီကို သွားတော့သည်။ သူက ချက်ချင်းပဲ သူ့ရဲ့ပါးစပ်ထဲကို မြွေသားတစ်တုံထည့်လိုက်ပြီး သူ့ရဲ့မျက်နှာကို ရုတ်တရက် ပင့်လိုက်သည်။
မော့ယန်ကလည်း နောက်ကျ မကျန်ချင်တော့ချေ။ သူက တူတစ်စုံကို ယူလိုက်ပြီး အသားတုံးတစ်တုံးကို သူ့ရဲ့ပါးစပ်ထဲ ထည့်လိုက်သည်။ ပလုတ်ပလောင်းနှင့်ဝါးပြီးနော်က သူ့ရဲ့မျက်လုံးတွေ အနည်းငယ်ပြူးသွားသည်။
အရင်တုန်းက မော့ချူး ပြင်ပေးတဲ့အစားအစာတော်တော်များများကို သူစားဖူးသည်။ ဒါပေမဲ့ ဒီတစ်ခါက တော်တော်လေးကို ကွဲသည်။
အရသာက အရင်ကထက် အများကြီးပိုကောင်းတာပဲ။
မြွေသားရဲ့ လက်ဆတ်မှု၊ နူးနပ်မှုနှင့် အာလူးသီးတို့ရဲ့ အနံ့က အကုန်ကောင်းလှသည်။
“ဒါက အမှုန့်ရဲ့ အစွမ်းလား” မော့ယန်က သူ့ရဲ့ခေါင်းကို လှည့်လိုက်ပြီး မယုံနိုင်စွာဖြင့်ကြည့်နေသည်။ ခုဏက သူဘေးကနေကြည့်နေတုန်းက ချူးလေး အမှုန့်အနည်းငယ်ထည့်လိုက်တာကို တွေ့လိုက်သည်။ သို့သော် သက်ရောက်မှုက ဒီလောက်ကြီး များလိမ့်မယ်လို့မထင်ထားခဲ့ပါ။
“ဟုတ်တယ်” မော့ချူးက ဝင့်ကြွားစွာဖြင့် မေးစေ့ကို မော့လိုက်သည်။ “အခုတော့ ညီမလေးရဲ့ဉာဏ်ပညာကြီးမှုကို တွေ့ပြီမလား”
မော့ချူးရဲ့ ထေ့တေ့တေ့ အကြည့်ကို မြင်ပြီး မော့ယန်မပြုံးဘဲ မနေနိုင်တော့ပါ။ “ဒါပေါ့ ဒါပေါ့”
အဲ့ဒါကိုကြားလိုက်ပြီး မော့ချူးမျက်နှာက အပြုံးက ပိုကြီးသွားသည်။ သို့သော်လည်း သူမထမင်းစားပွဲဘက်ကို ကြည့်လိုက်သသည့်အချိန် သူမ အပြုံးလည်း ပျောက်ကွယ်သွားတော့သည်။ “ဝိုင်းဝိုင်း တော်တော့”
သွားပါပြီ။ သူမ မော့ယန်နှင့်စကားပြောနေသည့်အချိန်အတွင်း အစားပုပ်လေး သေးအလင်းသားရဲက စားပွဲပေါ်က စားစရာတွေရဲ့ သုံးပုံနှစ်ပုံကို စားပြီးသွားပြီ။
မော့ချူး ငေါက်လိုက်တာကို ကြားပြီး သွေးအလင်းသားရဲက သူ့ရဲ့ဆီတွေပေနေတဲ့ လက်ကို အသာလေးချကာ စားစရာပန်းကန်ကို အာသာမပြေသေးသည့်ပုံဖြင့် ငေးကြည့်နေသည်- ဒါက အရမ်းအရသာရှိတာပဲ။ အရင်ကစားဖူးတာတွေ အကုန်လုံးထက် အရသာပိုရှိတယ်။
သူ့ရဲ့ ပန်းကန်လုံးထဲမှာတော့ ပြောင်ရှင်းလို့နေပြီး ဆီစက်လေးတစ်စက်တောင် မမြင်ရချေ။
မော့ချူးက သက်ပြင်းချလိုက်သည်။ ခုဏက သူမသည် ဝိုင်းဝိုင်းရဲ့ စားချင်စိတ်ကြီးမှုကို သိလို့ ပိုထည့်ပေးထားသေးသည်။ သူမက အခုထိ ဒီအကောင်လေးရဲ့ စားနိုင်မှုကို အထင်သေးနေပါတုန်းပဲလား။ “အစ်ကို မြန်မြန်စားလိုက်တော့ မဟုတ်ရင် အေးသွားလိမ့်မယ်”
ထိုအခါ စားပွဲတွင် မော့ယန်နှင့် မော့ချူးတို့ သက်သက်သာသာဖြင့် စားနေကြသည်။ သွေးအလင်းသားရဲက ဘေးကနေ စားချင်စိတ်တွေနဲ့ မကျေနပ်ချက်တွေနဲ့ ကြည့်နေသည်။ တစ်ခြားသူတွေသာ ဒီသနားစရာကောင်းတဲ့သတ္တဝါလေးရဲ့ပုံစံကို မြင်ရင် သူ့ရဲ့ကျော့ကွင်းထဲ မိသွားကြမှာပါ။
စားပြီးတဲ့နောက်တော့ သူတို့နှစ်ယောက်ရော၊ သားရဲရော ပျင်းတိပျင်းရိနဲ့ ဆိုဖာပေါ်ကို လှဲလိုက်ကြတော့သည်။ မော့ယန်က မော့ချူးစောစောက ပြောထားတာကို အမှတ်ရပြီး မေးလိုက်သည်။ “ချူးလေး မင်းခုဏက ဒီအသားတွေကို ရောင်းချင်တယ်လို့ပြောတယ်မလား”
“ဟုတ်တယ်” မော့ချူး ခေါင်းညိတ်လိုက်သည်။ “ညီမလေးက စတားနက်မှာ ညီမလေးတို့ရဲ့စားစရာတွေကိုအထူးရောင်းတဲ့ ဆိုင်လေးဖွင့်မလို့ လုပ်နေတာ။ အစ်ကိုရော ဘယ်လိုထင်လဲ”
မော့ယန်က ခဏတာ ဘာမှမပြောသေးဘဲ နေလိုက်ပြီး သူ့ရဲ့သေးသွယ်တဲ့ လက်ချောင်းလေးတွေကို စားပွဲပေါ်တင်လိုက်သည်။ “ညီမလေးဆိုင်ကို ဖွင့်ချင်တယ်ဆိုရင် အစ်ကိုက ရောင်းတာချတာနဲ့ပတ်သက်ပြီး မစိုးရိမ်ပါဘူး။ ဒါပေမဲ့ လူတွေက ဒီစားစရာတွေက ဒြပ်စွမ်းအင်ကို တိုးစေတာသိသွားလိမ့်မယ်။ အဲ့ဒီအခါကျရင်...”
မော့ယန်က မျက်မှောင်ကြုတ်လိုက်သည်။ အခုအချိန်မျာ သူရော သူ့ညီမလေးရဲ့ စွမ်းရည်တွေက အားအရမ်းနည်းနေသေးသည်။ ဘယ်ပညာရှင်မဆို သူတို့ကို အချိန်မရွေး သေအောင်တိုက်သွားလို့ရသည်။ ဒီအချိန်မှာသာ မော့ချူးရဲ့ အရည်အချင်းကို ထုတ်ပြလိုက်မယ်ဆိုရင် ကောင်းတာဖြစ်မလာပဲ ဆိုးဝါးတာတွေသာ ဖြစ်လာမည်။
“အစ်ကိုကတော့ စိုးရိမ်နေပြီ” မော့ချူးက ပြုံးလိုက်ပြီး သူမရဲ့လက်ကို ယမ်းလိုက်သည်။ “ညီမလေး အစ်ကို့ရဲ့ သုံးသပ်ချက်တွေကို နားလည်ပါတယ်။ နောက်ပြီး ဒီဆိုင်ကလည်း မဖွင့်ရသေးဘူးလေ။ ကြိုတင်တွေးကြည့်ထားတဲ့ အကြံလေးပဲလေ။ ညီမလေးလည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့လိုသေးတယ်”
အခုအချိန်မှာ မော့ချူးလက်ထဲ ပါဝင်ပစ္စည်း အနည်းငယ်သာ ရှိသေးသည်။ သူမဆိုင်ကိုဖွင့်ဖို့ အများကြီးလိုအပ်သေးသည်။ “ဒါပေမဲ့လဲ ဒီဆားက ချက်ပြုတ်ဖို့အတွက် မရှိမဖြစ် ပါဝင်ပစ္စည်းပဲ။ ညီမလေးတို့ ဒီအရေးကြီးတဲ့ဟာတွေကို ဝယ်ထားရမယ်”
“ကောင်းတာပေါ့” မော့ယန်ခေါင်းညိတ်လိုက်သည်။
ယ “နောက်ကျရင်...”
သူစကားမဆုံးသေးခင်မှာပဲ သူ့ခန္ဓာကိုယ်ထဲက ဒြပ်စွမ်းအင်တွေက မရပ်မနား အလှိုင်းကြီးလိုက်တက်စပြုလာပြီ။ ဒီခံစားချက်ကို တော်တော်လေး ရင်းနှီး...
မော့ချူးနှင့် မော့ယန်တို့ မျက်လုံးတွေ တစ်စက္ကန့်လောက် ဆုံသွားကြသည်။ ဒီမြွေသားက အရင်က စားတဲ့ငါးကင်နဲ့ တူနေတယ်ဆိုတာ ချက်ချင်းနားလည်သွားကြသည်။ ဒါက သူတို့ရဲ့ ဒြပ်စွမ်းအင် တိုးတက်မှုနှုန်းကို တိုးမြင့်ပေးပြီး ကျေနပ်ပိတိဖြစ်သွားကြသည်။
ခန္ဓာကိုယ်ထဲမှာ နာကျင်လာတဲ့အခါ မော့ချူးက မြွေသားချက်နေစဥ်က အကြောင်းကို သေချာပြန်စဉ်းစားကြည့်သည်။ နောက်ဆုံးတော့ သူမက မြွေသားအိုးကို အဖုံးဖုံးလိုက်ပြီး အာလူးကြော်နေတာနဲ့ အလုပ်ရှုပ်နေသည့်အတွက် အရောင်တွေ ရောသွားတာကို ကြည့်ဖို့မေ့သွားသည်။
သွားပါပြီ။ ငါတော့ လုပ်ချလိုက်ပြန်ပြီ။
မော့ချူးက ခံရခက်ပြီး သူ့မရဲ့ နှုတ်ခမ်းကို ကိုက်လိုက်သည်။