← Chapters

အပိုင်း ၄၈

Vol. 4 Ch. 48

အပိုင်း ၄၈

Vol. 4 Ch. 48

နောက်ရက်မှာ မော့ယန်က မော့ချူးကို ပင်လယ်နက်တောအုပ်-ဒေသကိုးခုရဲ့ အကြီးဆုံးမှော်ဒေသတွေထဲက တစ်ခုကို ခေါ်သွားသည်။

နာမည်နဲ့အလိုက် ပင်လယ်နက်တောအုပ်က အဆုံးမရှိတဲ့ သမုဒ္ဒရာကြီးရဲ့ဘေးမှာ တည်ရှိနေတာပင်။ အပြာဖျော့ရောင်ပင်လယ်ရေက အပြာရောင်ကောင်းကင်ကို ရောင်ပြန်နေတာက စိတ်အပန်းပြေစေသည်။ တကယ်လို့ ၂၁ရာစုမှာသာဆိုရင် ဒီနေရာက ကမ္ဘာကျော်ခရီးသွားဆွဲဆောင်မှုနေရာတစ်ခုဖြစ်နေမှာ ဖြစ်သည်။

သို့သော်လည်း မော့ချူးအထဲထဲကို လျှောက်သွားလိုက်တဲ့အခါ သူမ လုံးဝစိတ်မအေးနိုင်တော့ချေ။ သူမ ပင်လယ်နက်တောအုပ်ထဲကို ဝင်သွားလိုက်တဲ့ အခိုက်အတန့် သူမရဲ့စိတ်ထဲ သတိတစ်ချက်ဝင်သွားသည်။

မော့ချူးရဲ့ သတိရှိတဲ့အနေအထားကို တွေ့လိုက်ပြီး ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်တဲ့ မော့ယန်က သဘောတူတဲ့အနေနဲ့ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်က တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပတ်ဝန်းကျင်အခြေအနေကို စူးစမ်းနေသည်။

“အာဝူး “ သွေးအလင်းသားရဲက လွဲလို့ပေါ့။ သူတို့တောထဲကို ဝင်သွားတာနဲ့ သူက စပြီးပျော်တော့သည်။ သူက မော့ချူး လက်ထဲမှတောင် မနေတော့ဘဲ ခုန်ဆင်းသွားသည်။ ရင်းနှီးနေတဲ့ မှော်ဒေသရဲ့ အရှိန်အဝါက သွေးအလင်းသားရဲကို စိတ်တွေလှုပ်ရှားစေသည်။

တစ်ခါတစ်ရံ သူက မြေပြင်ပေါ်မှာ လူးလိမ့်နေပြီး တစ်ခါတစ်ရံ သူက အဆင့်နိမ့်တဲ့ မှော်အပင်တွေကို သွားသွားစနေလိုက်သေးသည်။ သူအပျော်ကြီးပျော်နေသည်။

“ဝိုင်းဝိုင်း ဒီကိုလာ” မော့ချူးက အသံတိုးတိုးလေးနဲ့ ခေါ်လိုက်သည်။ “မင်းတစ်ယောက်တည်း သွားဆော့တော့။ နောက်ကျ မှောင်လာရင် ဒီနေရာမှာ ငါတို့နဲ့ လူလာစုနော် ကြားလား”

သွေးအလင်းသားရဲက နာနာခံခံနဲ့ ခေါင်းညိတ်လိုက်ပြီး နောက်ကိုလှည့်ကာ ခုန်ဆွခုန်ဆွလုပ်၍ ပျောက်သွားတော့သည်။

မော့ချူးနဲ့ မော့ယန်နဲ့က ရှေ့ကို ဆက်လျှောက်လာသည်။ သွေးအလင်းသားရဲရဲ့ အင်အားမရှိတော့ သူတို့ကို ပထမဆုံးတိုက်ခိုက်မှုက ရှေမှာစောင့်ကြိုနေပါပြီ။ သေချာပြောရရင် တိုက်ခိုက်မှုကို စောင့်နေတာက မော့ချူးပါ။

မှော်ဒေသက မှော်အပင်တွေနဲ့ သားရဲတွေနဲ့က လူတွေလောက် ညဏ်ရည်မမြင့်မားပေမဲ့လည်း စွမ်းအင်ကို သိနိုင်စွမ်းရှိကြသည်။ သူတို့အများစုက သူတို့ထက် စွမ်းအင်နိမ့်တဲ့သူ ဒါမှမဟုတ် တူတဲ့သူတွေကိုပဲ တိုက်ခိုက်ကြသည်။ သူတို့က စွမ်းအင်မြင့် အထူးစွမ်းအင်သုံးတဲ့ သူတွေရှေ့မှာတော့ ကျားရှေ့မှောက်လျက်လဲ မလုပ်ပေ။

အဲ့ဒီအချိန်မှာပဲ ကတ္တရာနက်သားရဲက မော့ချူးကို မြင်မြင်ချင်း တိုက်ခိုက်တော့သည်။ သူရဲ့ချွန်ထက်နေတဲ့ အစွယ်နှစ်ခုက သူမရဲ့ခန္တာကိုယ်ကို ထိုးဖို့ မြှောက်လိုက်သည်။ ဒီမှော်သားရဲက သူမထက် လက်မတော်တော်များများ ပိုရှည်ပြီး ခန္တာကိုယ်ကလည်း ကြီးသည်။ ဒါကြောင့်မို့လို့လည်း လှုပ်ရှားမှုက နှေးသည်။

မော့ချူးက ခန္တာကိုယ်ကို ယိမ်းလိုက်ပြီး တိုက်ခိုက်မှုကို ရှောင်လိုက်သည်။ အဲ့ဒီနောက် သူမလက်ကနေ ရေဓားအနည်းငယ်ကို ထုတ်လိုက်သည်။

သူမက ပုံမှန်အတိုင်း ဒီရေဓားတွေက ဒီမှော်သားရဲကို ထိခိုက်စေလိမ့်မယ်လို့ ထင်လိုက်သည်။ ဒါပေမဲ့လည်း အံ့သြစရာကောင်းစွာဖြင့် သူက သူမရဲ့တိုက်ခိုက်မှုကို ရှောင်ဖို့တောင် မကြိုးစားပေ။ သူက သူမကို ပြန်၍တစ်ဟုတ်ထိုး တိုက်ခိုက်သည်။ သူမရဲ့ ရေဓားတွေက သမုဒ္ဒရာထဲကျသွားတဲ့ ရေစက်လေးတွေလိုပင်။ လှိုင်းသေးသေးလေးတောင် မထလိုက်ပေ။

ဒါကိုတွေ့ပြီး မော့ချူးက ပင့်သက်ရှူလိုက်သည်။

ဘယ်လို မှော်သားရဲမျိုးပါလိမ့်။ သူ့ရဲ့အရေပြားက ထူလွန်းတယ်။ ရေဓားတွေ သူ့ရဲ့ခန္တာကိုယ်ကို တိုက်မိတဲ့အချိန်မှာ ဒဏ်ရာရဖို့မပြောနဲ့ လုံးဝတောင် တုံ့ပြန်မှုမရှိဘူး။

မော့ချူးက ကြောင်ကြည့်နေပြီး မှော်သားရဲက သူမရဲ့ရှေ့မှာ အပြေးလာနေပြီ။ သူ့ရဲ့ တောက်ပပြီး ချွန်ထက်နေတဲ့အစွယ်နှစ်ခုက သူမကို တည့်တည့်ချိန်ထားသည်။

မော့ချူးရဲ့နှလုံးတွေ တုန်ခါနေသည်။ သူမ အချိန်မှီ တုံ့ပြန်နိုင်လိုက်မှာ မဟုတ်ပါ။ သူမ နောက်ကို ရှောင်လိုက်ရင်လည်း သူ့ရဲ့ တိုက်ခိုက်မှုနှင့် တိုက်မိလိမ့်မည်။ ဒီအတွေး သူမ စိတ်ထဲဝင်လိုက်ပြီး မော့ချူးက ရိုးရိုးရှင်းရှင်းပဲ သူမရဲ့အားအကုန်သုံးပြီး မြေကြီးကိုကန်ကာ ရှေ့ကို ခုန်အုပ်ဖို့ လုပ်လိုက်သည်။

ဒါကိုတွေ့ပြီး မှော်သားရဲက ပိုလို့တောင်ပျော်သွားသည်။ ဒီလူက ငကြောက်ကောင်ဖြစ်ပြီး ထောင်ချောက်ထဲကို တည့်တည့်ရောက်လာနေပြီ။ ထို့ကြောင့် သူက အားအင်သုံးပြီးကို တစ်ဟုန်ထိုး ပြေးလာနေသည်။

သားရဲရဲ့အစွယ်တွေကို မော့ချူးကို ထိခါနီးမှာပဲ မော့ချူးက သူ့ရဲ့အပေါ်က သစ်ကိုင်းတစ်ကိုင်းကို ဆွဲလိုက်ပြီး အပေါ်ကို တက်သွားလိုက်သည်။ သူမက မှော်သားရဲရဲ့ နောက်မှာ မြေပေါ်ကို ဆင်းလိုက်ပြီး တစ်ဟုန်ထိုးလာနေတဲ့ သားရဲက ချော်လှဲကျ‌တော့မလို ဖြစ်သွားသည်။

“ဝူး” မော့ချူးက နောက်မှာရပ်နေလိုက်ပြီး သူမရဲ့အသက်ရှုသံတွေက မြန်လာသည်။

သူမရဲ့သွေးသွယ်နေတဲ့လက်ကလေးတွေက အနည်းငယ် တုန်ယင်သည်။ သူမ သစ်ကိုင်းကို ဆွဲထားလိုက်သည့်အချိန်မှာ သူမလက်ရဲ့တစ်ချို့နေရာတွေက အခြစ်ခံထားရပြီး တစ်ချို့နေရာတွေဆို သွေးတောင်ထွက်နေသည်။

မော့ယန်က နောက်ကနေကြည့်နေပြီး နှလုံးနာနေသည်။ သို့သော်လည်း သူက ဝင်မနှောက်ယှက်မိအောင် သူ့ကိုသူ ထိန်းထားလိုက်သည်။

သူတို့ဒီကို မလာခင် မော့ချူးက သူမတစ်ယောက်တည် တိုက်ခိုက်ကြည့်ချင်တယ်ဆိုပြီး တောင်းဆိုမှုကို လုပ်ထားသည်။ မော့ယန်ကလည်း ညပေါင်းများစွာ စဉ်းစားပြီးတဲ့နောက်မှာ သဘောတူလိုက်သည်။

သို့သော်လည်း သူက နောက်ထပ်အခြေအနေတစ်ခုကို ‌တောင်းဆိုလိုက်သည်။ သူက နောက်ကနေ တစ်ချိန်လုံးကြည့်နေပြီး ချူးလေး အသက်အန္တာရယ်ရှိလာရင် သူချက်ချင်း ဝင်ပါရလိမ့်မယ်ဆိုပြီး ဖြစ်သည်။

All Chapters