← Chapters

အပိုင်း ၄၉

Vol. 4 Ch. 49

အပိုင်း ၄၉

Vol. 4 Ch. 49

ဒီမှော်သားရဲရဲ့ ကျင့်ကြံမှုအဆင့်က မော့ချူးက အတူတူလောက်ပင်။ သို့သော်လည်း သူ့ရဲ့ မာကျောတဲ့ အရေပြားက ပြဿနာ နည်းနည်းပေးနေပြီး သူမကိုင်တွယ်နိုင်ပါ့မလားဆိုတာတောင် မသိပေ။

တိုက်ခိုက်မှုကို နောက်ကနေကြည့်နေတဲ့ မော့ယန်က နည်းနည်းစိုးရိမ်လာသည်။ မော့ချူးရဲ့စိတ်ထဲမှာလည်း မရပ်မနား ပတ်ချာလည်နေသည်။

သူမရဲ့လက်ရှိစွမ်းအင်အဆင့်က မလုံလောက်သေး၍ သူမ ထုတ်နိုင်တာက ရေအလုံးနဲ့ ရေဓားသာဖြစ်သည်။ ရေအလုံးကို မဆိုထားသေးနဲ့ဦး ချွန်ထက်နေတဲ့ ရေဓားကတောင် ဘာမှမလုပ်နိုင်ဘူး။ သူမ ဒါတွေကို သားရဲကို ပစ်နေရင် ရေကောင်းကောင်း ချိုးပေးနေသလိုဖြစ်နေမှာပါ။

မော့ချူး အဖြေရှာမရသေးခင် မှော်သားရဲက လဲကျမလိုဖြစ်ပြီး ရှက်လည်းရှက် ဒေါသလည်းထွက်ကာ ပြန်ထလာသည်။ သူက သူမကို ပိုတိုးလာတဲ့အရှိန်နဲ့ တစ်ဟုန်ထိုး ပြန်တိုက်ခိုက်ဖို့ လုပ်လိုက်သည်။

မော့ချူးက မြန်မြန်ဆန်ဆန် ဘေးကို ခုန်လိုက်ပြီး ရှောင်လိုက်သည်။

မှော်သားရဲက မော့ချူးကို ထိခိုက်အောင်မလုပ်နိုင်သေးချေ။ ဒါပေမဲ့ မော့ချူးဘက်ကလည်း ဘာမှမလုပ်နိုင်သေးပေ။ ဒီလိုနဲ့ဘဲ မိန်းကလေးနဲ့ သားရဲတို့က သရေ သရေဖြစ်နေကြသည်။

အပြင်ပန်းကြည့်လျင် သူတို့နှစ်ယောက်လုံး မောနေကြပြီ။ သို့သော်လည်း မော့ချူးက ခွန်အားနဲ့ဆိုရင် သားရဲကို ဘယ်ယှဉ်နိုင်ပါ့မလဲ။

တစ်ချို့အချိန်တွေမှာ မော့ချူးက မောနေပြီး သူမရဲ့မျက်နှာလေးက ဖြူဖျော့က သူမရဲ့လှုပ်ရှားမှုတွေကလည်း နှေးကွေးလာသည်။ အခြားတစ်ဖက်မှာတော့ မှော်သားရဲက အခုတိုက်ခိုက်ချက်တွေက သွေးပူလေ့ကျင့်ခန်း လုပ်လိုက်သည့်အတိုင်း အားအင်အပြည့်ရှိနေသေးသည်။

မော့ချူးကလည်း ဒါကို ကောင်းကောင်းသိသည်။ သူမဆက်တိုက်ခိုက်နေလျှင် သူမသေချာပေါက်ရှုံးတော့မည်။ သို့သော်လည်း ဒီအချိန်မှာသာ အရှုံးပေးလိုက်ပြီး မော့ယန်ရဲ့ အကူအညီကို ယူလိုက်ရင် သူမကိုယ်တိုင် ဘယ်တော့မှ ရပ်တည်နိုင်မည် မဟုတ်တော့ပါ။

သူမက ပြန်ထလိုက်သည်။ မှော်သားရဲရဲ့ တိုက်ခိုက်မှုတိုင်းကို ရှောင်ပြီး သေသေချာချာ လေ့လာနေလိုက်သည်။ သူမက ဒီသားရဲဟာ ပြစ်ချက်ကင်းဆိုပြီး မယုံကြည်ပါဘူး။

သို့သော်လည်း အချိန်အကြာကြီး ရှာဖွေပြီးတဲ့နောက်မှာ မော့ချူးလည်း ဘယ်အားနည်းချက်ကိုမှ ရှာမတွေ့နိုင်သေးချေ။ သူမစိတ်ပူလာလေလေ ပိုပြီးဖရိုဖရဲဖြစ်လာလေလေပါပဲ။ သူ့ရဲ့ အစွယ်တွေနဲ့ ထိခိုက်မိတော့မယ် အချိန်တွေလည်း ရှိသည်။

သူက အချိန်ပိုဆွဲလေလေ မော့ချူးရဲ့လှုပ်ရှားမှုတွေကို နှေးလာလေလေဖြစ်သည်။ သူမက မလှုပ်ရှားနိုင်တော့ဘူးဆိုရင် ရွေးချယ်စရာမရှိဘဲ အညံ့ခံရတော့မယ်ဆိုတာသိသည်။

အော်လိုက်ပြီး သူမက ရေဓားတွေကို သားရဲဆီ ပစ်ပစ်ပေးလိုက်သည်။ ဒါပေမဲ့လည်း မှော်သားရဲကတော့ လုံးဝကို ဂရုမစိုက်ပါဘူး။ သူ့ကို ဒီလိုအသေးအဖွဲ့လေးနဲ့ ထိခိုက်စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မော့ချူးက သားရဲနှေးကွေးသွားစေဖို့အတွက် ရေဓားတွေကို အဆက်မပြတ် ပစ်နေလိုက်သည်။

ဒီငတုံးမလေးကတော့။ မော့ယန်က နောက်ကနေ စိတ်ပူစွာနဲ့ကြည့်နေသည်။ ဒြပ်စွမ်းအင်ကို ဒီလိုဖြုန်းတီးနေရလား။ ဒီမှော်ဒေသမှာ ဒြပ်စွမ်းအင်များများ ရှိလေလေ အသက်ရှင်ဖို့ အခွင့်အရေး ပိုများလေလေပင်။ သိထားဖို့တစ်ချက်က ချူးလေးရဲ့ခန္တာကိုယ်ထဲမှာ ဒြပ်စွမ်းအင်တွေကုန်သွားတာနဲ့ ဒီသားရဲကို မဆိုနဲ့ဦး တစ်ခြား မှော်သားရဲတွေ၊ မှော်အပင်တွေကလည်း ဝေမျှဖို့ရောက်လာကြလိမ့်မည်။ အဲ့ဒီအချိန်ဆိုရင် သူမ လွတ်မြောက်နိုင်မှာမဟုတ်ချေ။

မော့ချူးကတော့ မော့ယန်စဉ်းစားနေတာကို သိနိုင်စရာအကြောင်းမရှိပေ။ သူမလက်ထဲက ရေဓားတွေက မှော်သားရဲရဲ့ခန္တာကိုယ်ကို ပစ်ဖို့ ဆက်တိုက်ထွက်နေဆဲပင်။

မှော်သားရဲကတော့ မဖြုံချေ။ သူက မော့ချူးကို ကျားက သူ့ရဲ့သာားကောင်ကို ကြည့်နေတဲ့အတိုင်း ငေးကြည့်နေလိုက်သ်ည။ ဒါပေမဲ့ သူက မော့ချူး သူ့ရဲ့လည်ချောင်းတည့်တည့်ကို ချိန်ပြီး ရေဓားပစ်လိုက်တဲ့ ဒီအချိန်ကို မမျှော်လင့်ထားချေ။

ပိုင်းဖြတ်လိုက်တဲ့ အသံတစ်ခုနှင့်အတူ ရေဓားက မှော်သားရဲရဲ့ အသားကို ဖြတ်ဝင်သွားပြီး သူ့ရဲ့လည်ပင်းကို ဖောက်ထွင်းသွားကာ လတ်ဆတ်နေတဲ့ သွေးတွေက ချက်ချင်း ပန်းထွက်လာသည်။

ဒါတောင်မှာ မော့ချူး ရင်မအေးရဲသေးပါ။ သူမက အခွင့်အရေးရတုန်း ခုန်လိုက်ပြီး မှော်သားရဲ၏ လည်ချောင်းကို နောက်ထပ် ရေဓားတွေ ပစ်နေလိုက်သေးသည်။ ခဏလေးအတွင်းပဲ မှော်သားရဲက မြေပေါ်လဲကျသွားပြီး လတ်ဆတ်နေတဲ့သွေးတွေက သူ့ခန္တာကိုယ်တစ်ခုလုံးပေါ် စီးကျနေသည်။

“ဟူး... ဟူး” မော့ချူး မြေပြင်ပေါ် ထိုင်ချလိုက်သည်။ သူမ မျက်နှာတစ်ခုလုံး ချွေးတွေနဲ့ပြည့်နေပြီး အသက်ရှုသံတွေကလည်း တော်တော်လေးကို မြန်နေသည်။ နောက်ဆုံးတော့ သူမသတ်ပြီးသွားပြီ။

ဒီအချိန်မှဘဲ မော့ယန်က နောက်ကနေထွက်လာတော့သည်။ သူက မော့ချူးရဲ့ မောပန်းကျနေတဲ့ပုံကို တွေ့လိုက်ပြီး သူက ခေါင်းလည်းကိုက် ဂုဏ်လည်းဂုဏ်ယူလိုက်သည်။ သူက ချီးကျူးလိုက်သည်။ “လုပ်တာတော်တယ်”

“ဒါပေါ့” မော့ချူးက ပြုံးပြလိုက်သည်။ “အစ်ကို့ညီမပဲလေ”

“ဟုတ်ပါတယ်။ မင်းက အံ့သြဖို့ကောင်းတယ်” မော့ယန်က ပြုံးလိုက်ပြီး သိချင်စိတ်ဖြစ်နေသည်။ “ဒါပေမဲ့ ဒီသားရဲရဲ့ အားနည်းတဲ့နေရာက သူ့ရဲ့လည်ချောင်းဆိုတာ ဘယ်လိုသိတာလဲ”

မော့ယန်က နောက်ကနေ ရှင်းရှင်းလင်းလင်း မမြင်ရပါဘူး။ မှော်သားရဲကို ထိုးဖောက်သွားတဲ့ ရေဓားတွေက သူ့ရဲ့လည်းချောင်းတည့်တည့်ကို ချိန်ထားတာပါ။ အဲဒါက မော့ချူးက ကြက်ကန်းဆန်အိုး တိုးသွားတာမျိုး မဟုတ်ပါ။ သို့သော်လည်း သူမ ဒီမှော်သားရဲအကြောင်းကို လုံးဝ မသိဘူးဆိုတာ သူသေချာသည်။ ဒါကို ဘယ်လိုလုပ် ရုတ်တရက် အားနည်းတဲ့နေရာကို ရှာတွေ့သွားပါလိမ့်။

All Chapters