အပိုင်း ၅၀
Vol. 4 Ch. 50
မော့ယန်ရဲ့မရှင်းဖြစ်နေတဲ့ မျက်နှာကိုကြည့်ပြီး မော့ချူးက ပြုံးပြီး ရှင်းပြလိုက်သည်။ “အစ်ကို ညီမလေး ရေဓားတွေအများကြီး ပစ်နေတာကို မြင်တယ်မလား”
“မြင်တယ်” အဲ့ဒီအချိန်တုန်းက အကြောင်းကို ပြန်တွေးလိုက်ပြီး မော့ယန်က ခေါင်းညိတ်လိုက်သည်။ အဲ့ဒီအချိန်တုန်းက သူက ဒီကောင်မလေး ဒြပ်စွမ်းအင်တွေအကုန်သုံးပစ်လိုက်မှာကို စိုးရိမ်နေတာ။ ဒါက သူမရဲ့လုပ်ရပ်တွေထဲမှာ ပါဝင်နေများလား။
“အဲ့ဒီရေဓားတွေက ဘာလို့ပစ်တာမှမဟုတ်ဘူး” မော့ချူးက ပြင်သစ်အကြော်တစ်ချို့ကို ခလုတ်ခုံထဲမှ ထုတ်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ သူမရဲ့မျက်လုံးတွေက ပြုံးလိုက်သည့်အချိန် လမင်းလေးလိုပဲ ဝိုင်းစက်သွားသည်။ ဆားထည့်လိုက်တဲ့ အရသာအသစ်က အရမ်းကောင်းသည်။
“ညီမလေးက မှော်သားရဲရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို ပစ်ကြည့်နေတာ။ ဒီရေဓားတွေက သူကို မထိခိုက်စေနိုင်ဦးတောင် ဘယ်သက်ရှိမဆို သူတို့ကို ရှောင်ဖို့ ပုံမှန်တုံ့ပြန်မှုတော့ရှိတယ်လေ။ အဲ့ဒါကြောင့် ရေဓားတွေက မှော်သားရဲရဲ့ ကျောနဲ့ရင်ဘက်နဲ့ကို ထိမိတဲ့အခါ သူက ဂရုတောင်မစိုက်ဘူး။ ဒါပေမဲ့ သူ့ရဲ့လည်ပင်းနဲ့နီးသွားပြီဆိုရင် ရှောင်တဲ့ပုံပေါ်လို့ အဲ့ဒီလည်ချောင်းက သူ့ရဲ့အားနည်းတဲ့နေရာဆိုတာ သိလိုက်တာ။ အဲ့ဒါကြောင့် သူက သတိရှိရှိအဲ့ဒီနေရာကို ကာကွယ်နေတာ။ ဒါက သူ့ရဲ့ကျဆုံးမှုဖြစ်ပြီး သူ့ရဲ့အားနည်းချက်ကို ဖော်ပြလိုက်တာပဲ”
“ဒါကဖြစ်ပုံပဲ” ဒါကိုကြားပြီး မော့ယန်က နောက်ဆုံးတော့ နားလည်လိုက်သည်။ အဲ့ဒီအချိန်တုန်းက ချူးလေးက ရေဓားတွေကို ပစ်ချင်သလို ပစ်နေတာမဟုတ်ခဲ့ပါ။ ပြောင်းပြန်အနေနဲ့ သူမက အဲ့ဒီလိုအခြေအနေမျိုးအောက်မှာတောင် စိတ်ကိုငြိမ်ငြိမ်ထားပြီး လိုအပ်ချက်ကို လုပ်နိုင်ခဲ့သည်။ လက်တစ်ဖက်တည်းနဲ့ မှော်သားရဲရဲ့တိုက်ခိုက်မှုတွေကို ရှောင်ပြီး ကျန်တဲ့လက်တစ်ဖက်က သူ့ရဲ့တုံ့ပြန်မှုတွေကို စူးစမ်းနေခဲ့သည်။
“ဒါပေမဲ့ သူက ဘယ်လို သားရဲအမျိုးအစားကြီးလဲ။ အရေပြားကလည်း မာလိုက်တာလွန်ရော” မော့ချူးက 'အဖွဲ့ချုပ်၏ မှော်သားရဲစွယ်စုံကျမ်း'တစ်ခုလုံးကို ဖတ်ပြီးသွားပြီ။ ဒါပေမဲ့ ဒီမှော်သားရဲအကြောင်းကို ဖော်ပြထားတာမျိုး မရှိချေ။ ဒါကြောင့်မို့လို့ ဒီတိုက်ပွဲက ဒီလောက်ခက်ခဲရခြင်းဖြစ်သည်။
သို့သော်လည်း အကျိုးမရှိတော့ မဖြစ်ချေ။ ထိုအချိန်မှာ မော့ချူးက သူမရဲ့ဒြပ်စွမ်းအင်သုံးတဲ့နေရာမှာ ပိုပိုပြီး ကျွမ်းကျင်လာသည်ဟု ခံစားလိုက်ရသည်။ ပုံမှန်နဲ့စာလိုက်ရင် ဒြပ်ကိုစုပ်ယူနိုင်စွမ်းလည်း မြန်လာသည်။
“ငတုံးမလေး” မော့ယန်က လက်ကိုဆန့်လိုက်ပြီး မော့ချူးရဲ့ခေါင်းကို ဖွလိုက်သ်ည။ “အဖွဲ့ချုပ်မှာ သားရဲတွေအများကြီးရှိတာ။ အစ်ကိုတို့က ဘယ်လိုလုပ်အကုန်လုံးကို မှတ်မိမှာလဲ။ မှတ်တမ်းရှိတဲ့ မှော်သားရဲတွေက အတွေ့များလို့ရှိတာ။ ဒါပေမဲ့လည်း မှတ်တမ်းတော့ရှိပြီး နာမည်မပေးရသေးတဲ့ သားရဲတွေလည်း အများကြီးရှိသေးတယ်”
“ဒီတစ်ကောင်ကရော...” မော့ယန်က မြေပြင်ပေါ်မှာလဲနေတဲ့ မှော်သားရဲကို ငေးကြည့်နေလိုက်သည်။ “ဒါက ဝက်ဝံရိုင်းပါပဲ။ သူ့ရဲ့ အရေပြားထူတာကလွဲလို့ ကျန်တာက ဘာမှမပြောပလောက်ပါဘူး”
ဝက်ဝံရိုင်းလား။
ဒါကို ကြားပြီး မော့ချူးက စိတ်လှုပ်ရှားလာသည်။ ဝက်ဝံရိုင်းလား။ သူမရဲ့အရင်ဘဝမှာတုန်းက ဒါက တော်တော်လေး အရသာရှိတဲ့ အသားပါ။
“အစ်ကို မြန်မြန်လေး သယ်သွားစို့ ဒါမှ သွေးအနံ့က တစ်ခြားသားရဲတွေကို မဆွဲဆောင်တော့မှာ” ဒီမှော်သားရဲက ဝက်ဝံရိုင်းဖြစ်နေပြီးတော့ သူမ မကြာခင် ဝက်သားဟင်းစားရတော့မယ့်အဖြစ်ကို တွေးပြီး ခုန်လိုက်သည်။ သူမက မှော်သားရဲရဲ့ သွေးညှီနံ့တွေဘာတွေ ဂရုမစိုက်တော့ဘဲ ချက်ချင်းသူမရဲ့ ကိုယ်ပိုင်ခလုတ်ခုံထဲကို ထည့်လိုက်သည်။
မော့ချူးရဲ့မျက်နှာသေးသေးလေးက ပျော်ရွှင်မှုတွေနဲ့ပြည့်နေသည်။
“အစ်ကို ညီမလေးတို့ ရှေ့ဆက်သွားကြမလား” သူမက ဟင်းသီးဟင်းရွက်တွေကို မှော်အပင်တွေဆီကနေ ရတာမို့ အသားငါးကိုလည်း မှော်သားရဲတွေဆီကနေရတာ မဆန်းပါပေ။
အသားတုံးအကြီးကြီးက သူမကိုစောင့်ကြိုနေတာကို တွေးပြီး မော့ချူးလည်း ချက်ချင်း တက်ကြွလာသည်။ စောစောက မောပန်းမှုတွေလည်း ချက်ချင်းပျောက်ကွယ်သွားတော့သည်။
“ဟုတ်ပြီ သွားကြတာပေါ့” မော့ယန်ကတော့ သူ့ညီမ ဘာတွေ စီစဉ်နေလဲဆိုတာကို မသိပေ။ သို့သော်လည်း ချူးလေး ပထမဆုံးတိုက်ပွဲကို အနိုင်ရလိုက်ကတည်းက သူက အကုန်လုံးကို ကျေနပ်နေပြီ။
နည်းနည်းလောက် ခပ်ဝေးဝေး လျှောက်ပြီးတဲ့နောက်မှာတော့ မော့ယန်က ရုတ်တရက် ရပ်လိုက်ပြီး တစ်ခြားတစ်ဖက်ကို ခုန်လိုက်သည်။
မော့ချူးက သူမ မတုံ့ပြန်ခင် ဘေးကို လှည့်ကြည့်လိုက်သည်။ အဲ့ဒီတော့မှ ခုဏက မော့ယန်ရှိနေတဲ့နေရာမှာ သစ်ကိုင်းတစ်ချို့ ဆံပင်ပါးပါးလေးတွေလို ပေါ်လာတာကို တွေ့လိုက်ရသည်။
မော့ယန်သာ မြန်မြန်မတုံ့ပြန်လိုက်ဘူးဆိုရင် ငြိမိတော့မှာပဲ။
မမြင်ရသလောက် နီးပါးဖြစ်နေတဲ့ မြေကြီးပေါ်က သစ်ကိုင်းတွေကို ကြည့်ပြီး မော့ယန်က ထိန့်လန့်သွားသည့်။ ဒါတွေက ဝိညာဉ်သစ်ပင်ရဲ့အကိုင်းတွေပဲ။ ပုံမှန်ဆိုရင် သူတို့က ဒုတိယကွင်းမှာပဲ နေကြတာပါ။ ဘာလို့ဒီမှာ ရုတ်တရက် ပေါ်လာတာပါလိမ့်။
ပင်လယ်နက်တောအုပ်ကို ကွင်းသုံးကွင်းခွဲထားသည်။ အပြင်ပိုင်းကွင်းက အန္တရာယ်အကင်းဆုံးနေရာဖြစ်ပြီး မော့ချူးတို့လို လေ့ကျင့်မယ့် လူသစ်တွေအတွက် သင့်တော်သည်။ ဒုတိယကွင်းကတော့ ပိုပြီး အန္တာရာယ်များသွားသည်။ အဓိကကွင်းဆိုရင်တော့ မော့ယန်ကြားဖူးတာက ဝင်သွားတဲ့ဘယ်သူမဆို အသက်ရှင်လျက်ပြန်မလာနိုင်တော့ဘူး ဆိုတာပင်။
မော့ယန်က အဲ့ဒါကို စဉ်းစားနေဖို့ အချိန်မရှိတော့ဘူး။ သူ့ရဲ့လက်တွေမှာ စွမ်းအားတွေကို စုလိုက်ပြီး ကြောက်စရာကောင်းတဲ့ လျှပ်စီးတွေကို တစ်ခုပြီးတစ်ခုပစ်နေတော့သည်။ သို့သော်လည်း ဝိညာဉ်သစ်ပင်က အရမ်းပါးလွှာပြီးရှည်လျားသည်။ သူတို့က မော့ယန်ရဲ့တိုက်ခိုက်မှုတွေကို အသာလေး ရှောင်နိုင်သည်။
ဒါကိုမြင်ပြီး မော့ယန်ရဲ့မျက်လုံးတွေက ပိုပြီးရင့်ကျက်လာသည်။ သူက ဝိညာဉ်သစ်ပင်သူနဲ့ မနီးသွားအောင် ပိုပိုပြီး သတိထားလာသည်။ မဟုတ်ရင် သစ်ကိုင်းတွေဆွဲတာခံလိုက်ရပြီး သူတို့ဆီက လွှတ်မြောက်ဖို့ အရမ်းပဲခက်ခဲလိမ့်မည်။
ဝိညာဉ်သစ်ပင်က စွမ်းအင်အကြီးဆုံးမှော်အပင်တွေထဲကတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် သူက သူ့ရဲ့ ပစ်မှတ်နဲ့ပတ်သက်ပြီး ဂျီးများသည်။ စွမ်းအင်မြင့်အထူးစွမ်းအင်အသုံးပြသူမဟုတ်ဘူးဆိုလျှင် သူက မတိုက်ချင်ပေ။
မော့ယန်က သူ့ကို သားကောင်အဖြစ်သတ်မှတ်ခံလိုက်ရပြီလို့ ကောက်ချက်ချလိုက်သည်။
ဒါကို တွေးပြီး မော့ယန်က ပိုလို့တောင် သတိရှိလာပြီး သူ့ရဲ့ပတ်ဝန်းကျင်ကို ဆက်တိုက် သူ့မျက်လုံးတွေနဲ့ အသေးစိတ် လေ့လာနေတော့သည်။
ထင်ထားသည့်အတိုင်း သစ်ကိုင်းတွေက ထောက်လှမ်းရုံသာရှိပါသေးသည်။ အခုမှ ပိုပြီးကြီးတဲ့ သစ်ကိုင်းတွေက သူ့ဆီကို လှည့်ပတ်နေသည်။
“ချူးလေး နောက်နည်းနည်းဆုတ်လိုက်” ဒီပုံစံအတိုင်းသာဆိုရင် ဒီဝိညာဉ်သစ်ပင်က အဆင့်(၇)ရှိတဲ့ အထူးစွမ်းအင် အသုံးပြုလူသားဟု သတ်မှတ်လိုက်တော့မည်။ အဲ့ဒီလိုဆိုရင် မော့ချူးက သူ့ကို ကိုင်တွယ်နိုင်စွမ်းလုံးဝရှိမည်မဟုတ်ပေ။
ဒါကိုကြားပြီး မော့ချူးလည်း မော့ယန်အတွက်စိတ်ပူပြီး သူမက သူ့အတွက် အနှောက်အယှက် ဖြစ်နေမည်ကိုလည်း စိုးရိမ်သည်။ ထို့ကြောင့် သူမက နောက်ကို အနည်းငယ် ပြန်ဆုတ်လိုက်ပြီးတော့ တစ်ခါတစ်ရံ ချုံခိုတိုက်ခိုက်မှုများ ပြုလုပ်လိုက်သေးသည်။
တစ်ဖက်မှာတော့ မော့ယန်က ဝိညာဉ်သစ်ပင်ရဲ့ အကိုင်းတွေကို တိုက်ပြီး ရုန်းကန်နေရသည်။
သူ့ရဲ့လက်ထဲက လျှပ်စီးပစ်လိုက်သည်နှင့် နေရာအကျယ်ကြီး ပေါက်ကွဲသွားသည့်အတိုင်းပါ။ သို့သော်လည်း သေချာကြည့်လိုက်ရင် အကိုင်းလေး တစ်ခုတောင် မပျက်ဆီးသွားပေ။ ပြောင်းပြန်အနေနဲ့ သူ့ရဲ့ဒြပ်စွမ်းအင်တွေပဲ အများကြီး ဆုံးရှုံးသွားသည်။
ဒါပေမဲ့လည်း သူသာ ဒြပ်စွမ်းအင်ကို မသုံးဘူးဆိုရင် အကိုင်းတွေက ရုတ်တရက် ဆွဲသွားပြီး သူ့ကိုယ်သူကယ်လို့မရဖြစ်သွားလိမ့်မည်။
“အား–” မော့ချူးသည် ဒီဒုက္ခပေးသည့် အကိုင်းအခက်များကို တိုက်ခိုက်ရာတွင် ကူညီရန် ကြိုးစားစဉ် ဝိညာဉ်သစ်ပင်၏ အကိုင်းအခက်များစွာသည် သူ့နောက်တွင် ရောက်နေသည်ကို သတိမထားမိခဲ့ပေ။ သူတို့က ရှေ့ကို လှမ်းပစ်နေပြီး သူမကို နောက်ကနေ တင်းတင်းကြပ်ကြပ် ချုပ်ထားကြသည်။
ဒါကိုကြားတော့ မော့ယန်က ချက်ချင်း ခေါင်းကို လှည့်လိုက်တယ်။ သို့သော် ဝိညာဉ်သစ်ပင်၏ အကိုင်းအခက်များသည် မော့ချူးကို ချည်နှောင်ထားပြီးဖြစ်ကာ သူမကို တောနက်ထဲသို့ လျင်မြန်စွာ ဆွဲယူသွားသည်ကို သူတွေ့လိုက်ရတော့သည်။
“ချူးလေး” မော့ယန်က တအံ့တသြနဲ့အော်လိုက်သည်။ သူက သူမကို သွားကယ်ချင်ပေမဲ့ ကြီးမားတဲ့ သစ်ကိုင်းကြီးက သူ့ကို ဆွဲနေသည်။ ထို့ကြောင့်သူက ပိုပြီးကြမ်းလာတော့သည်။ လျှပ်စီးတွေဝင်းလက်သွားပြီး အနီရောင်အလင်းတွေတောင် ပေါ်လာတော့သည်။
နောက်ထပ်တော့ အဖြစ်မခံနိုင်ဘူး။ မော့ယန်က သူ့ရဲ့သွားတွေကို ကိုက်လိုက်သည်။ ချူးလေးက သူ့ရဲ့ရှေ့မှာတင် တစ်ခါ အဖမ်းခံရပြီးသွားပြီ။
မော့ချူး ပျောက်ကွယ်သွားတော့မယ့်အချိန်မှာ သစ်ကိုင်းတစ်က ရုတ်တရက်ရပ်လိုက်ပြီး လျှပ်စီးကို ပြန်ခုခံတော့သည်။
မော့ယန်က ဒီသစ်ကိုင်းတွေကို ဖျက်ဆီးပစ်ချင်စိတ်ပေါက်နေသည်။ သို့သော် ချူးလေး လွတ်မြောက်ဖို့ သူ့ကို လိုအပ်သည်။ သူက သူ့ရဲ့ဒေါသကို ပြန်ထိန်းထားရသည်။
သူက ရှေ့ကို လောနေတဲ့ပုံဆိုပေမဲ့ သူ မော့ချူးကို ကယ်နိုင်ပါ့မလားစဉ်းစားနေသည်။
အရင်က သူက ဝိညာဉ်သစ်ပင်က သူနဲ့ပဲတိုက်ချင်တာလို့ထင်ခဲ့သည်။ သို့သော် မော့ချူးကို ခေါ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။
သို့သော် ဒါကလည်း အဓိပ္ပာယ်တော့ မရှိပါပေ။ ချူးလေးရဲ့ စွမ်းအင်အဆင့်က အရမ်းနိမ့်သည်။ ထို့ကြောင့် ဝိညာဉ်သစ်ပင်က မတိုက်ခိုက်ချင်ဘဲ ဖြစ်နေရာမှာကို ဘာလို့ဒုက္ခခံပြီး သူမကို အဝေးခေါ်သွားနေမှာလဲ။ ချူးလေးဆီကနေ တစ်ခုခုလိုချင်တာများ ရှိနေလို့လား။