← Chapters

အပိုင်း ၅၁

Vol. 4 Ch. 51

အပိုင်း ၅၁

Vol. 4 Ch. 51

ရှည်လျားပြီး ပိန်ပါးနေတဲ့ သစ်ကိုးတွေက ရှဲခနဲ ရှဲခနဲ အသံတွေပြုလုပ်ပြီး မြန်မြန်ဆန်ဆန် မြေပြင်ပေါ်မှာ လျှောတိုက်သွားနေသည်။

“အိုး “ မော့ချူးကို တင်းတင်းကြပ်ကြပ် ဆွဲထားလိုက်သည်။ သူမရဲ့ ခန္တာကိုယ်တစ်ခုလုံးကို လေထဲ မတင်လိုက်ကာ နောက်ကိုဆွဲသွားတော့သည်။

ဝက်ဝံရိုင်းနဲ့ တိုက်တဲ့ တိုက်ပွဲမှာတုံးက သူမဟာ စွမ်းအင်ရဲ့တစ်ဝက်လောက်ကို အသုံးပြုပြီးဖြစ်သည်။ ဒီအချိန်မှာ မော့ချူးက ရုန်းကန်ချင်ပေမဲ့ အရာမရောက်တဲ့အပြင် သူမကို အရမ်းအင်အားကုန်ခမ်းစေသည်။

ခဏလောက်ကြာတော့ သစ်ကိုင်းတွေက ရပ်လိုက်သည်။ မော့ချူးကို မြေပြင်ပေါ် ပစ်ချလိုက်သည်။ တော်တော်များတဲ့ သစ်ကိုင်းတွေရောက်လာပြီး သူမကို ဝန်းရံလိုက်သည်။

မော့ချူး သတိကြီးကြီးထားလိုက်သည်။ သူမမော့ကြည့်လိုက်တဲ့အချိန်မှာ သူမ မျက်လုံးပြူးသွားခဲ့သည်။

အမလေး ဘုရားရေ။

ဒါဘာအပင်ကြီးလဲ။ အရမ်းမြင့်ပြီး အုံ့ဆိုင်းနေတာပဲ။

မော့ချူးရဲ့ရှေ့မှာ သစ်ပင်ကြီး မိုးထားသည်။ စိမ်းလန်းစိုပြေနေတဲ့ သစ်ကိုင်းတွေက အချင်းချင်းယှက်နွယ်နေကြပြီး ကောင်းကင်တစ်ခုလုံးလိုလိုကို ဖုန်းအုပ်ထားသည်။ အဆုံးကို မမြင်နိုင်ချေ။

ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။ ဘာသံမှမရှိ။ သို့သော် တော်တော်လေး ကြောက်စရာကောင်းနေသည်။

မော့ချူးက ထလိုက်ပြီး အကြောဆန့်ရန် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သို့သော်လည်း သူမ သွေးညှီနံ့ကို ရေးရေးလေး ရလိုက်သည်။ အနံက တော်တော်လေးကို မသိသာချေ။ တကယ်လို့ သာမန်လူတစ်ယောက်သာဆိုရင် ဒီအနံ့ကို လုံးဝရမှာ မဟုတ်ဘူး။

သွေးနံ့... မော့ချူး ရုတ်တရက် ခိုက်ခိုက်တုန်သွားပြီး နောက်ကို ခြေလှမ်းအနည်းငယ် ပြန်ဆုတ်လိုက်သည်။ သို့သော်လည်း သူမ တစ်ခုခုကို ခလုတ်တိုက်ပြီး ချော်လဲတော့မလိုဖြစ်သွားသည်။ သူမကိုယ်သူမ ပြန်တည်ငြိမ်အောင်လုပ်ပြီး အောက်ကို ကြည့်လိုက်တဲ့အချိန် ထိတ်လန့်ပြီး ပင့်သက်ရှူလိုက်သည်။ လျှောတိုက်သွားနေတဲ့မြွေလိုမျိုး သူမကျောရိုးတစ်ခုလုံ ခိုက်ခိုက်တုန်သွားသည်။ သူမ ခလုတ်တိုက်လိုက်တဲ့အရာက လူအရိုးဖြစ်နေသည်။

မော့ချူးသည် လည့်ပတ်ကြည့်နေရင် ခိုက်ခိုက်တုန်နေသည်။ မြေကြီးအောက်မှာ မြှုပ်ထားတဲ့အရာတွေအကုန်လုံးက လူအရိုးတွေများလား။

ဒီဝိညာဉ်သစ်ပင်က အထူးစွမ်းအင်အသုံးပြုသူတွေရဲ့ အသားနဲ့ သွေးကို သောက်သုံးပြီး သူတို့ရဲ့အရိုးတွေကို မြေကြီးအောက်မှာ မြေသြစာအဖြစ် မြှုပ်ထားတာလား။

အဲ့ဒီအချိန်မှာပဲ သစ်ကိုင်းအချို့က မော့ချူးဆီကို ရောက်လာခဲ့သည်။ သူမ ဘာမှပြန်မလုပ်နိုင်ခင်မှာပဲ သူတို့က သူမရဲ့ခါးကို ရစ်ပတ်ပြီး သစ်ပင်ဆီကို ဆွဲခေါ်သွားသည်။

သူတို့က သူမကို စားဖို့ပြင်နေတာလား။

မော့ချူး အနည်းငယ်တုန်သွားသည်။ သူမရဲ့ ဒြပ်စွမ်းအင်တွေ အနည်းငယ် ပြန်ပြည့်လာသလို ခံစားလိုက်ရသည်။ သူမလက်ထဲက ရေဓားတွေကို သစ်ပင်ဆီပစ်လိုက်သည်။ သို့သော် ဘာထိခိုက်မှုမှ မဖြစ်သွားချေ။

ဖြစ်နိုင်တာက မော့ချူးရဲ့ခုခံမှုကို စိတ်ဆိုးသွားပြီး နောက်ထပ်သစ်ကိုင်းတွေက သူမရဲ့လက်မောင်းကို ရစ်ပတ်လိုက်ကာ သူတို့ကို ဖြည်းဖြည်းချင်းမြှောက်လိုက်သည်။ အခုတော့ သူမရဲ့ခါးရော လက်မောင်းရော ချည်နှောင်ထားခံရပြီး အကိုင်းတွေက သစ်ပင်ဆီကို ဆွဲခေါ်သွားသည်။

မော့ချူးကတော့ သစ်ပင်က ဘာတွေလုပ်နေလဲဆိုတာကို မသိချေ။ သို့သော် နားမလည်နိုင်တဲ့ ထိတ်လန့်တဲ့ခံစားချက်တစ်ခုက သူမစိတ်ထဲကို တိုးဝင်လာသည်။ သူမက ပိုပြီးရုန်းကန်တော့သော်လည်း သစ်ကိုင်းတွေက သူမကို ပိုပြီး တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်စေသလိုပင်။

နောက်ဆုံးတော့ မော့ချူးလက်က သစ်ပင်ကိုထိလိုက်သည်။ သူမ ထိလိုက်သည့်အချိန်မှာ သစ်ပင်မှ ပြင်းထန်တဲ့ စုပ်ယူမှုစွမ်းအား ရောက်ရှိလာပြီး သူမရဲ့ခန္တကိုယ်ထဲက စီးဆင်းနေတဲ့ ရေ ဒြပ်စွမ်းအင်တွေကို စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။

အဲ့ဒီအချိန်မှာပဲ ဝိညာဉ်သစ်ပင်က မော့ချူးရဲ့ ဒြပ်စွမ်းအင်ကို မြည်းနေတဲ့ပုံစံက ဝိုင်ကောင်းကောင်းကို သောက်ဖူးတဲ့ ဝိုင်သောက်သမားနှင့် သွားတူသည်။ ထို့နောက် သူက ဒြပ်စွမ်းအင်ကို ပိုပြီးမြန်မြန်စုပ်ယူလိုက်သည်။

မှော်သစ်ပင်အတွက် အထူးစွမ်းအင်အသုံးပြုသူတွေရဲ့ အသွေးအသားက တော်တော်ကို အားအင်တိုးတက်စေသည်။ ထို့ပြင် အထူးစွမ်းအင်အသုံးပြုသူတွေ အဆင့်မြင့်လေလေ ညစ်ညမ်းမှုကင်းလေလေဖြစ်ပြီး မှော်အပင်တွေအတွက် ပိုပြီးအကျိုးရှိလေလေပင်။

သို့သော်လည်း မော့ချူးလို အထူးစွမ်းအင်အသုံးပြုသူတစ်ယောက်က အဲ့လိုပုံစံပေါက်နေတယ်လို့ ဘယ်လိုထင်မှာလဲ။

သူမရဲ့စွမ်းအင်အဆင့်က မမြင့်ပေမဲ့ ဒြပ်စွမ်းအင်က အလွန်သန့်စင်နေသည်။ အဲ့ဒီမွှေနေတဲ့ အနံ့က ဝိညာဉ်သစ်ပင်ကို အဝေးကနေ ဆွဲဆောင်နေသည်။ အဲ့ဒါကြောင့်မလို့ သူက အပြင်ဘက်ကွင်းအထိ သူ့ရဲ့အကိုင်းတွေကို ဆန့်လာခြင်းဖြစ်သည်။ ဒါတွေအားလုံးက ဒီသားကောင်ကို ဖမ်းဖို့အတွက်ပါပဲ။ သူသာ သူမရဲ့ အသွေးအသားကို စုပ်ယူလိုက်လျှင့် ပိုမြင့်တဲ့ အဆင့်အထိ ကျင့်ကြံမှုကို ရရှိသွားမှာဖြစ်သည်။

ဒီလို အရသာရှိတဲ့အရာကို မြည်းပြီးတဲ့နောက်မှာ ဝိညာဉ်သစ်ကိုင်းတွေက လေထဲမှာ ပျော်ရွှင်မှုကို ဖော်ပြသည့်အတိုင်း ကခုန်နေကြသည်။

အဲ့ဒီအချိန်မှာ မော့ချူးက နည်းနည်းမူးဝေနေပြီဖြစ်သည်။ အဲ့ဒါက သူမ မီတာ၂၀၀၀ အပြေးပြိုင်ပွဲကို ဗိုက်ဟောင်းလောင်းနဲ့ ပြေးနေရသလိုပဲ။ သူ့ရဲ့ခန္တာကိုယ်တစ်ခုလုံး အားအင်ချိနဲ့နေသည်။ သူမသာ စိတ်လျှော့လိုက်မယ်ဆိုရင် သောချာ‌ပေါက် သတိလစ်သွားတော့မှာပါ။

မူးဝေနေတဲ့အချိန် သစ်ပင်ရဲ့ညာဘက်အခြမ်းကနေ အဝိုင်းကြီးတစ်ခုက အဖြူရောင်ဖျော့ဖျော့ကို ထုတ်လွှတ်နေတာမျိုး တွေ့လိုက်ရသည်။

မော့ချူးက မျက်ခုံးတွေ ပင့်လိုက်မိသည်။ မော့ချူးက ခြေဖျားထောက်လိုက်ပြီး သူမရဲ့ခန္တာကိုယ်ကို မယုံကြည်နိုင်လောက်အောင် လှည့်ချလိုက်သည်။ သူမက အဝိုင်းကြီးကို တစ်ကိုက်ကိုက်လိုက်သည်။ သူမမှာ ဝါးနေဖို့အချိန်မရှိဘဲ ချက်ချင်းပဲ မျိုချလိုက်သည်။

ဟွန့် သူမသေသွားတယ်ဆိုရင်တောင် သူ့ရဲ့အသားရဲ့ အစိတ်အပိုင်းကြီးကြီးကိုတော့ ကိုက်ရမှာပါ။

“ရှီး ရှီး”

မော့ချူးရဲ့ရုတ်တရက် ကိုက်လိုက်မှုကြောင့် ဝိညာဉ်သစ်ပင်က သူမကို ချက်ချင်းလွှတ်လိုက်သည်။ သူ့ရဲ့အကိုင်းတွေက အဆက်မပြတ် တုန်နေကြပြီး အပေါ်တက်လိုက် အောက်ကို ကျလိုက်ဖြင့် အနာကြီးနာပြီး အော်ဟစ်နေကြသည့်အတိုင်းဖြစ်သည်။

အဲ့ဒီအသံက မော့ချူးကို အနည်းငယ် အသိကပ်လာစေသည်။ သူမ တစ်ခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ပါဘူး။ သူမက မြေပြင်ပေါ်ကနေ ရုန်းကန်စွာထလိုက်ပြီး ရှေ့ကို ယိုင်တိယိုင်တိုင် လျှောက်သွားတော့သည်။

သူမ ဘယ်လောက်ထိ ပြေးနေရဦးမလဲဆိုတာ သူမ မသိပါဘူး။ သူမရဲ့ခြေလှမ်းတွေ နှေးကွေးသွားတဲ့အချိန်မှာ သူမသိလာတာက သူမရဲ့ဝမ်းဗိုက်ကနေ လောင်ကျွမ်းနေသလိုနာကျင်နေတယ်ဆိုတာပါပဲ။ အဲ့ဒါက တစ်ယောက်ယောက်က အထဲထဲမှာ မီးညှိလိုက်သည့်အတိုင်းပင်။ ပိုပိုပြီး ပြင်းလာပြီး လောင်ကျွမ်းနေသည်။

အဲ့ဒါတင်မဟုတ်သေးဘဲ လောင်ကျွမ်းသည့်နာကျင်မှုက တစ်ခြားနေရာတွေကို ပျံ့နှံ့သွားသည်။ မော့ချူး အော်ချလိုက်ချင်လောက်အောင် နာကျင်သည်။

သို့သော်လည်း သူမရဲ့အသံကို မှော်သားရဲတွေကို ဆွဲဆောင်မည်စိုးရိမ်သဖြင့် ကြိတ်မှိတ်ပြီး ထိန်းထားလိုက်သည်။ သူမက သွေးတွေထွက်ပြီး မြေပြင်ကို စီးကျနေတဲ့အထိ သူမရဲ့နှုတ်ခမ်းတွေကို ကိုက်ထားလိုက်သည်။

မော့ချူးက နာကျင်မှုကို အံတုပြိး နောက်ထပ်ခြေလှမ်းအနည်းငယ်လောက် ရှေ့ကိုဆက်လျှောက်လိုက်သေးသည်။ နောက်ဆုံးမှာ မခံနိုင်တော့ဘဲ လဲကျသွားသည်။

နာလိုက်တာ။ အရမ်းနာတာပဲ။

မော့ချူးက သူမရဲ့ ဗိုက်ကို ကိုင်ထားသည်။ သူမရဲ့ခေါင်းကနေ ချွေးစီးချွေးပေါက်တွေ ကျလာသည်။ သူမရဲ့ခန္တာကိုယ်တစ်ခုလုံးပြာတွေအဖြစ် လောင်ကျွမ်းသွားတော့မည့်အတိုင်း မီးအပူကို ခံစားလိုက်ရသည်။ သူမရဲ့ ချွေးပေါက်တွေအကုန်လုံး ပူလောင်နေပြီး တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ စိုရွှဲနေသည်။

တစ်ယောက်ယောက်သာ မော့ချူးရဲ့ ဒီအခြေအနေကို မြင်ရလိုက်ရမြင် ပြောစရာမရှိလောက်အောင် တုန်လှုပ်သွားကြမှာသေချာသည်။

သူမက မြေပေါ်မှာ လဲလျောင်းနေပြီး သူမရဲ့ခန္တာကိုယ်က ဘောလုံးတစ်လုံးလို လူးလိမ့်နေသည်။ တောက်လောင်နေတဲ့ အနီရောင်အလင်းတစ်ခုက ဖောက်ထွင်းမြင်နေရတဲ့ အလင်းတစ်ခုလိုဖြစ်နေပြီး သူမရဲ့ခန္တာကိုယ်ကို ရစ်ခြုံထားသည်။

မော့ချူးက စောစောက မြိုချလိုက်တဲ့ အဖြူရောင်အဝိုင်းက ဝိညာဉ်သစ်ပင် နှစ်ပေါင်းများစွာစုစောင်းလာတဲ့ အရေးကြီးတဲ့အရာဆိုတာကို မသိပါဘူး။ သူကလည်း မော့ချူးဆီကနေ ဒီလိုချေမှုန်းခံလိုက်ရမယ်လို့ မမျှော်လင့်ထားပေ။ သူက အဆင့်(၇)မှာရှိနေပြီး စွမ်းအင်အရင်းအမြစ် ကြီးကြီးမားမား ရဖို့ရန်အတွက် အထူးစွမ်းအင်အသုံးပြုသူတွေရဲ့ အသွေးနဲ့အသားကို အများကြီး စားသုံးခဲ့သည်။ မော့ချူးက ဘယ်လိုလုပ်ဒီလောက်အများကြီးကို သူမခန္တာကိုယ်သေးသေးလေးနဲ့ တစ်ခါတည်း စားလိုက်နိုင်မှာလဲ။

ကံကောင်းစွာနဲ့ သွေးအလင်းသားရဲ့က သူမရဲ့ ခံနိုင်ရည်ကို ချဲ့ပေးတဲ့ နတ်ဘုရားသစ်သီးကို ပေးထားတဲ့အခံရှိသေးသည်။ မဟုတ်ရင်တော့ မော့ချူးက အလွန်များပြားတဲ့ စွမ်းအင်တွေကြောင့် ပေါက်ကွဲသွားတော့မှာပါ။

သို့သော်လည်း အခုတော့ တောင့်ခံနိုင်ဖို့အတွက် သူမရဲ့ကိုယ်ပိုင်စွမ်းအားကိုပဲ မှီခိုရတော့မှာပါ။

“နာလိုက်တာ” မော့ချူးက သူမရဲ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ကိုက်ထားသည်။ စိတ်ထဲမှာတော့ ဝိညာဉ်သစ်ပင်ကို မရေမတွက်နိုင်လောက်ကို ကျိန်ဆဲနေသည်။ “စောင့်နေပါ... ငါဒီကိစ္စကိုရှင်းပြီးတာနဲ့ မင်းကို ၁၀ ဆ ပြန်ခံစားရအောင် လုပ်ပစ်မယ်မှတ်။ ငါ ငါ မင်းကို သတ်ပစ်မယ်မှတ်”

အချိန်အကြာကြီး မော့ချူးက သူမရဲ့ခန္တာကိုယ်လောင်ကျွမ်းနေသလို ထပ်ကာထပ်ကာ ခံးစားရသည်။ နာကျင်တာရပ်သွားတဲ့အချိန် ခန္တာကိုယ်က ထုံနေပြီ။

နောက်ဆုံးတော့ အနီရောင်အလင်းက ပျောက်သွားပြီး စွမ်းအင်တွေက မော့ချူးရဲ့ခန္တာကိုယ်ထဲကို ဝင်ရောက်လာကာ သူမရဲ့ခံနိုင်စွမ်းတွေကို ထပ်ကာထပ်ကာ အတားအဆီးမရှိ လှည့်ပတ်သွားနေတော့သည်။

အဲ့ဒါပြီးတဲ့နောက် မော့ချူးက အရမ်းကို မောပန်းကျသွားပြီ။ သူမရဲ့ ဒြပ်စွမ်းအင်တွေက ဝိညာဉ်သစ်ပင်ဆီကနေ ခြောက်ခမ်းနေအောင် စုပ်ခံလိုက်ရသည်။ အခုတော့ အရမ်းကို အားနည်းနေပြီ။ မော့ချူးက လဲကျသွားတော့မည့်အချိန်မှာ လူအရိပ်အယောင်လေး တွေ့လိုက်ရသည်။ သူမက အရမ်းဝမ်းသာသွားပြီး အော်လိုက်သည်။“ကယ်ကြပါဦး... ကယ်ပါဦး”

All Chapters