အပိုင်း ၅၂
Vol. 4 Ch. 52
“ငါ မင်းကို လူ၁၀ယောက်အဖွဲ့ဖွဲ့ပြီး ပင်လယ်နက်တောအုပ်ရဲ့ ဒုတိယကွင်းထဲကို ဝင်စေချင်တယ်။ သုံးရက်အတွင်း မင်းစုဆောင်းနိုင်တဲ့ အရင်းအမြစ်တွေရဲ့ တန်ဖိုးရလာဒ်ကို ကြည့်ပြီး မင်းကို အဆင့်သတ်မှတ်ပေးမယ်”
ဒီအသုတ်ရဲ့ အဖွဲ့ချုပ်၏ ထူးချွန်ပြောင်မြောက်တဲ့ တပ်သားတွေကို ကြည့်ပြီး နျဥ်ယိယွမ်ရဲ့အကြည့်တွေက စူးရှ၊ သူ့ရဲ့စကားလုံးတွေက ပြတ်သားပြီးတင်းမာနေသည်။ ပုံမှန်ဝတ် ဝတ်ထားပေမဲ့လည်း တပ်ကျင့်ဝတ်တွေကတော့ မှားလို့မရပေ။ “ငါ အကောင်းဆုံးကိုပဲ မျှော်လင့်တယ်နော် နားလည်ကြလား”
“နားလည်ပါပြီ” တပ်သားတွေက ညီညီညာညာသဘောတူလိုက်ကြပြီး သူတို့ရဲ့ စကားလုံးတွေထဲမှာ စိတ်တက်ကြွမှုနဲ့ ရိုသေလေးစားမှုတွေကို ကြားနိုင်သည်။ သိထားရမှာတစ်ခုက သူတို့ရှေ့မှာရပ်နေတဲ့သူက နှစ်ပေါင်းရာချီအတွင်း အဖွဲ့ချုပ်ရဲ့ အငယ်ဆုံးထိပ်တန်းအရာရှိဖြစ်သည်။
သူ့ရဲ့ ဖြုံစရာကောင်းတဲ့စွမ်းအားနဲ့ စစ်တပ်ထဲကို နျဉ်ယိယွမ်ဝင်လိုက်သည့်အချိန်မှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်သည်။ နောက်တော့ သူက ထူးချွန်ပြောင်မြောက်တဲ့အင်အားကို ပေးသည်။ သွေးတွေ၊ ချွေးတွေ နဲ့ အောင်မြင်မှုတွေကို ဖြတ်ကျော်ပြီး သူက ထိပ်တန်းအရာရှိအဆင့်ကို ရရှိလိုက်သည်။ အခုတော့ နျဉ်ယိယွမ်က တပ်သားမျိုးဆက်သစ်တွေရဲ့ စံပြပုဂ္ဂိုလ် ဖြစ်နေသည်။
အခုတော့ သူတို့က သူကို လူကိုယ်တိုင်တွေ့ရတော့ စိတ်မလှုပ်ရှားသည့်သူ မရှိပေ။ သူတို့ စစ်ဆေးချက်တွေကို ဖြတ်ကျော်နိုင်သည့်တစ်လျှောက် သူတို့က ထိပ်တန်းအရာရှိရဲ့ ဦးဆောင်မှုအောက်ကို ရောက်ရှိသွားမှာဖြစ်ပြီး လူတိုင်းက သူ့တို့လက်သီးတွေကို ကျစ်ကျစ်ဆုပ်ထားလိုက်ကြသည်။ သူတို့နှစ်လုံးထဲက သွေးတွေက တစ်ထိတ်ထိတ်ဖြစ်နေကြသည်။
“ကောင်းတယ်” သူတို့ရဲ့တက်ကြွနေမှုတွေကို ကြည့်ပြီး နျဉ်ယိယွမ်က အသာလေးခေါင်းညိတ်လိုက်သည်။ “အခု မင်းတို့ရဲ့ ပစ္စည်းတွေကိုယူပြီး စတော့”
“ဟုတ်” ဒါကိုကြားပြိး တပ်သားတွေက နောက်လှည့်ကာ အကြောက်အလန့်မရှိ ပင်လက်နက်တောအုပ်ထဲကို ဝင်သွားလိုက်ကြတော့သည်။
နျဉ်ယိယွမ်ရဲ့နောက်က လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်စနေကြသည်။
“ဒီတစ်ခေါက် လူဘယ်နှစ်ယောက်လောက် ငါတို့အဖွဲ့ထဲ ဝင်နိုင်မယ်ထင်လဲ” ကျောလင်က မျက်နှာက ညဏ်များတဲ့ပုံစံနဲ့ သူ့ဘေးနားက ကျုံးဝမ်ကို တွန်းလိုက်သည်။
“ဟူး သူတို့က ငယ်လွန်းသေးတယ်။ သူတို့က ဘာတွေမှမစဉ်းစားဘဲ ပါချင်နေကြတာ။ ဒါပေမဲ့ အဖွဲ့ထဲဝင်ပြီးတာနဲ့ သူတို့ဘယ်လို ဆိုးတာတွေ ကြုံတွေ့ရမလဲဆိုတာတော့ မသိကြဘူး”
“ဟုတ်တယ်” ကျုံးဝမ်က ခေါင်းညိတ်လိုက်ပြီး ကျောလင်ကို အတည်ပေါက်ဖြင့် ကြည့်နေလိုက်သည်။ “မင်းလည်း တော်တော်လေး ဖျက်ဆီးခံရပြီးပြီမလား”
“တောက် မင်းတော့ ကန်းနေတာဖြစ်ရမယ်” ကျောလင်ရဲ့ အပြုံးက ပျောက်ကွယ်သွားသည်။ သူက ကျုံးဝမ်ကို စိုက်ကြည့်လိုက်ပြီး သူ့ရဲ့ခေါင်းကို မော်မော်ကြွားကြွားထောင်လိုက်သည်။ “ငါ့ရဲ့ ချောမောနေတဲ့ မျက်နှာကိုကြည့်စမ်းပါ။ ဘယ်နားက ဖျက်ဆီးခံထားရလို့လဲ”
“တော်ကြတော့” နျဉ်ယိယွမ်က သူတို့ အသေးအဖွဲလေးတွေကို ငြင်းခုန်နေတာကို ကြည့်လိုက်သည်။ “မင်းတို့ အဖွဲ့အတွက် ပြင်ဆင်ပြီးပြီလား”
“စိတ်မပူပါနဲ့ ဆရာ” ကျောလင်က လက်ဖြောက်တီးလိုက်သည်။ သူက ပုံမှန်အားဖြင့် ပျော်ပျော်နေတတ်သည်။ သို့သော် အရေးကြီးသည့် ကိစ္စရပ်များတွင် ရုတ်တရက် အတည်ပေါက်ဖြစ်လာသည်။
“ကျွန်တော် အတည်ပြုပြီးပါပြီ။ သူတို့တစ်ယောက်ချင်းစီတိုင်း အသေးစား မော်နီတာတစ်ခုစီ ဝတ်ထားကြတယ်။ ကျွန်တော် သူတို့ရဲ့ လှုပ်ရှာမှု၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေ၊ ဒြပ်စွမ်းအင်နဲ့ တစ်ခြားအခြေအနေတွေကို မှတ်တမ်းယူနိုင်မယ်လို့ သေချာပါတယ်”
“အင်း” ဒါကိုကြားပြီး နျဉ်ယိယွမ်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ “အဲ့ဒါဆိုရင် သွားပြီးတစ်ချက်လောက်ကြည့်လိုက်ရအောင်”
ရှေ့ထောင့်နားလေးမှာပဲ ခေတ်မီတဲ့ ကိရိယာတွေတပ်ဆင်ထားတဲ့ တဲတစ်လုံးရှိသည်။ အဲ့ဒီကိရိယာတွေက ပင်လယ်နက်တောအုပ်ထဲက တပ်သားတွေရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းယူပြီး နျဉ်ယိယွမ်ရဲ့ ခလုတ်ခုံကို ပေးပို့ပေးသည်။
“မဆိုးပါဘူး” တိုက်ရိုက်လွင့်နေတဲ့ ဗွီဒီယိုထဲက သူတွေရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး ကျောလင်က အနည်းငယ်ခေါင်းညိတ်လိုက်သည်။ “ ဒီတစ်ကြိမ်တော့ ကောင်းမွန်တဲ့မျိုးစေ့လေးတွေ ရှိသေးတယ်”
ဒီအုပ်စု ဝင်သွားတာ ခဏပဲရှိသေးသည်။ သို့သော် သူတို့ထဲက တော်တော်များများက မှော်သားရဲတွေကို အောင်အောင်မြင်မြင်နဲ့ အမဲလိုက်၍ပြီးသွားပြီ။
“စောင့်ကြည့်ကြတာပေါ့” ကျုံးဝမ်က ကျောလင်နဲ့ ပြိုင်ချင်သည့်ပုံပင်။ “နောက်ဆုံမှာရယ်နိုင်ဖို့က အဓိကပဲ။ ဒီအချိန်မှာ စွမ်းဆောင်နိုင်မှုက ဘာအသုံးဝင်လို့လဲ”
“သောက်ကောင် မင်းဘာလို့ငါကို အမြဲတမ်း ကလန့်တိုက်နေရတာလဲ” ကျောလင်က ဆက်လိုက်သည်။ “မင်းကို ပြောမယ်...”
သူစကားမဆုံးခင်မှာပဲ နျဉ်ယိယွမ်က ဝင်ပြောလိုက်သည်။ “မင်းတို့ နှစ်ယောက်ကြည့်ရတာ အားအင်တွေပြည့်နေတဲ့ပုံပဲ။ အဲ့ဒီလိုဆိုရင် စကားစစ်ထိုးမနေဘဲ တိုက်ခိုက်မှုစကေးတွေနဲ့ လေ့ကျင့်ရအောင်လေ”
“မလိုပါဘူး ဆရာ”ဒါကို ကြားပြီး ကျောလင်က ချက်ချင်း ငြင်းလိုက်သည်။ “ကျွန်တော်အခု ဝိညာဉ်စွမ်းအားမကောင်းသလို ခံစားရတယ်။ ထင်တဲ့အတိုင်း အသက်ကြီးလာ...”
ဘယ်သူက သူတို့ရဲ့ဆရာနဲ့ တိုက်မှာလဲ။ ဒါက အချေမှုန်းခံရဖို့ တောင်းဆိုနေသည့်အတိုင်းဖြစ်သည်။
ကံမကောင်းစွာနဲ့ပဲ ဒီအချိန်မှာ နျဉ်ယိယွမ်က ရွေးချယ်စရာမရှိဘဲ ပင်လယ်နက်တောအုပ်ထဲကို တည့်တည့်ကြီး သွားရတော့သည်။
“တကယ်မလိုပါဘူး ဆရာ” ဒီလိုနဲ့ ကျောလင်က အကြောင်းအမျိုးမျိုးပေးပြီး နျဉ်ယိယွမ်ကို ဖျောင်းဖျနေတော့သည်။ “ကြည့်လိုက်လေ ဒါက အချိန်နဲ့ စွမ်းအင်ဖြန်းနေရာရောက်မှာပေါ့ ဟုတ်တယ်မလား...”
ပြောတုန်းဆိုတုန်းပဲ နျဉ်ယိယွမ်က ရုတ်တရက် ရပ်လိုက်သည်။
“ဆရာ ကျွန်တော်ပြောတာ သဘောတူတယ်မလား” ကျောလင်ရဲ့မျက်နှာ အပြုံးတွေနဲ့ပြည့်နေသည်။ နောက်ဆုံးတော့ သူ့ရဲ့ မျက်နှာချောချောလေး မူလအခြေအနေကို ရောက်ရှိသွားပြီ။
“တစ်ယောက်ယောက် ရှိနေတယ်” နျဉ်ယိယွမ်က မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ညာဘက်က မြက်ခင်းတွေဆီ သွားလိုက်သည်။ သူက မြင်ကွင်းကို ကွယ်နေတဲ့ ချုံတွေကို ဘေးကို တွန်းလိုက်သည်။ မိန်းကလေးတစ်ယောက်က အလယ်မှာ လဲနေသည်။ သူတို့ရဲ့နေရာကနေဆိုရင် သူမရဲ့ နောက်ဖက်ပုခုံးကိုသာမြင်ရသည်။
“ဆရာ သတိထားဦးနော်” ကျုံးဝမ်က မသင်္ကာဖြစ်လာပြီး နျဉ်ယိယွမ်ကို တားရန် လက်ကို ရှေ့ကို ထုတ်လိုက်သည်။ “ကျွန်တော် အရင်ဆုံး တစ်ချက်သွားကြည့်လိုက်မယ်လေ”
ဒီတစ်ခေါက် နျဉ်ယိယွမ်ရဲ့ ခရီးစဉ်ကို လျှို့ဝှက်စွာဆောင်ရွက်ခဲ့သော်လည်း ပေါက်ကြားမကြားကို ဘယ်သူက သိမည်လဲ။ ဘာတွေပဲဖြစ်ဖြစ် သူတို့က အန္တရာယ်ကိုတော့ သတိထားရမည်ဖြစ်သည်။
“ရပါတယ်” နျဉ်ယိယွမ်က ကျုံးဝမ်ရဲ့လက်ကို ဖယ်လိုက်ပြီး ရှေ့ကို ဆက်သွားလိုက်သည်။ သူက မြေပြင်ပေါ်မှာ မျောနေတဲ့ မိန်းကလေးကို မလိုက်သည်။ သူမရဲ့နောက်ကျောပုံစံကို တော်တော်လေး ရင်းရင်းနှီးနှီးရှိသည်။ သူက ဒီနှစ်လိုဖွယ်ကောင်းတဲ့ သူမရဲ့မျက်နှာလေးကို တွေ့လိုက်တဲ့အခါ အဲ့ဒီမိန်းကလေးဆိုတာ သေချာသွားသည်။
နောက်က လူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပြီး တစ်ချိန်လုံး တိုးတိုးလေးပြောနေကြသည်။
“ဆရာက ဒီလူဘာ ဘာလို့သိနေတာလဲ” ဝိုး ဒါက သူတို့ဆရာ မိန်းကလေးတစ်ယောက်ကို ငြင်ငြင်သာသာနဲ့ဖက်ထားတာကို တွေ့ဖူးတာ ပထမဆုံးအကြိမ်ပါ။
“အာ... ငါမှတ်မိပြီ။ ဒီကောင်မလေးက ငါတို့ အာကာသာသင်္ဘောမှာတုန်းက ကယ်ခဲ့တဲ့တစ်ယောက်လေ” ကျောဝမ်ရဲ့ အမြင်စွမ်းအားက အရမ်းကောင်းသည်။ သူမမှတ်မိခင် နှစ်ခေါက်လောက်ပဲ ကြည့်လိုက်ရသည်။ အဲ့ဒါကလည်း သူတို့ဆရာက ဒီကောင်မလေးကို လေးနက်တဲ့မျက်နှာထားနဲ့ အထူးအာရုံစိုက်နေလို့ပဲ ဖြစ်သည်။
ကျုံးဝမ် သတိပေးလိုက်တော့ ကျောလင်လည်း မှတ်မိသွားသည်။ “အာ သူမကိုး”
“ကျုံးဝမ်း မြန်မြန်လာပြီး သူမဘာဖြစ်တာလဲ ကြည့်လိုက်” ကျုံးဝမ်ရဲ့ ဆေးကုသမှုနဲ့ ကျောလင်ရဲ့ ချိတ်ဆက်မှုအစွမ်းက အဖွဲ့ချုပ်တစ်ခုလုံးမှာ ထူးချွန်ပြောင်မြောက်လှသည် ဟူ၍ သတ်မှတ်ခံထားရသည်။ အဲ့ဒါကြောင့်လည်း သူတို့က နျဉ်ယိယွမ်ရဲ့ ညာလက်ရုံးတွေအဖြစ် စွမ်းဆောင်နိုင်ကြတာပေါ့။
သို့သော်လည်း ကျုံးဝမ်က ရှိသမျှလူ အမိန့်ပေးလို့ရတဲ့ ပုဂ္ဂိုလ်ထဲမှာ မပါပေ။ တကယ်လို့ ၂၁ရာစုမှာသာဆိုရင် သူက ရာထူးမြင့်အရာရှိ ဒါမှမဟုတ် သမ္မတကိုယ်တိုင်ရဲ့ ကိုယ်ပိုင် သမားတော် ဖြစ်နေမှာပင်။ သူ့ကို ဘေးနာက သာမန်လူတစ်ယောက်အတွက် ဘယ်လိုလုပ် အမိန့်ပေးလို့ရမှာလဲ။
သို့သော်ငြားလည်း နျဉ်ယိယွမ်က ဒီကောင်မလေးကို ကြည့်ပေးဖို့ သူကိုတောင်းဆိုရန် တုံ့ဆိုင်းမနေခဲ့ချေ။ ဒီအမူအရာက သူမ ဒီကောင်မလေးကို ဘယ်လောက်ဂရုစိုက်လဲဆိုတာ ပေါ်လွင်သွားစေသည်။
“စိတ်မပူပါနဲ့ ဆရာ။ ဒီကောင်မလေးက အခြေအနေကောင်းပါတယ်” သေချာစစ်ဆေးပြီးသွားတဲ့နောက်မှာ ကျုံးဝမ်က သုံးသပ်ချက်ကို ပြောလိုက်သည်။ “အဲ့ဒါက သူမရဲ့ ခန္တာကိုယ်က အပန်းလွန်သွားပြီး ဒြပ်စွမ်းအင်တွေရဲ့ ယာယီမောပန်းမှုကြောင့် အခုလိုမော့မျောနေတာ။ သူမ ကောင်းကောင်းနားလိုက်တာနဲ့ နိုးလာတဲ့အခါ ပြန်သက်သာသွားမှာပါ”
“အဲ့ဒါဆိုလည်း ပြန်သွားကြစို့” ဒါကိုပြောပြီး နျဉ်ယိယွမ်က မော့ချူးကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး ရှေ့ကိုခြေလှမ်းလှမ်းလိုက်သည်။
နောက်က လူနှစ်ယောက်ကတော့ သိချင်စိတ်နဲ့ကျန်ခဲ့သည်။ သူတို့ရှေ့က အတွဲကို မြင်ပြီး သူတို့ရဲ့စိတ်ထဲ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသည်။ ဒီအချိန်မှာတော့ သူတို့ ဆရာနဲ့ တိုက်စရာမလိုတော့ဘဲ ဆင်ခြေတွေလည်း ပေးနေစရာ မလိုတော့ပေ။ ဒါက တော်တော်ကြီး ကောင်းတယ်။