အပိုင်း ၅၃
Vol. 4 Ch. 53
“သူမနိုးဖို့ ဘယ်လောက်ကြာဦးမှာလဲ” နျဉ်ယိယွမ်က မော့ချူးကို လမ်းတစ်လျှောက်လုံး သယ်လာပြီး ကုတင်ပေါ်ကို တင်လိုက်သည်။
“အဲ့ဒါက သူမအပေါ်မှာ မူတည်တယ်။ သူမရဲ့ ခန္တာကိုယ်က အခြေအနေကောင်းရင် မြန်မြန်ပြန်သက်သာလာပြီး မြန်မြန်ပြန်နိုးလာမှာပဲ” နျဉ်ယိယွမ်ရဲ့ ရှားပါးတဲ့ ဂရုစိုက်မှုကို မြင့်တော့ ကျုံးဝမ်က ပိုပြိး အသေးစိတ်ပြောပြလိုက်သည်။ “ဒါပေမဲ့လည်း သူမ မြန်မြန်မနိုးလာဘူးဆိုရင်တောင် ၂နာရီ ၃နာရီအတွင်းတော့ ပြန်နိုးလာမှာပါ”
“အင်း” ဒါကိုကြားပြီး မော့ယန်က ခေါင်းညိတ်လိုက်ပြီး ကုတင်ပေါ်က ကောင်မလေးကို ကြည့်လိုက်သည်။
မော့ချူးရဲ့အသားက အရမ်းဖြူနေပြီး ကျောက်စိမ်းလို ချောမွတ်နေသည်။ နျဉ်ယိယွမ်က ရုတ်တရက် ထိချင်စိတ်ပေါက်လာသည်။ သူမရဲ့အသက်ဝင်နေတဲ့ အနက်ရောင်မျက်လုံးလေးတွေ မှိတ်နေတာက မျက်ခုံးလေးတွေကို ခုံးပြီး ပိုရှည်သွားစေသည်။ သူမရဲ့နှုတ်ခမ်းလေးတွေက သွေးတွေဆုံရှုံးထားသည့်ပုံဖြစ်နေပြီး အကြောင်းတစ်ခုခုကြောင့် သူက သူမအတွက် ရင်နာနေသည်။
“အဟွတ်”ကျောလင်က ချောင်းဆိုးချင်ယောင်ဆောင်လိုက်သည်။ သူခံစားလိုက်ရတဲ့ တုန်လှုပ်မှုက တစ်ဟုန်ထိုးစီးလာသည့် ရေလှိုင်းကြီးအတိုင်းပင်။ သူ့ရဲ့စိတ်ထဲမျာ သူ့ရဲ့ဆရာက အမြဲတမ်း ကြမ်းတမ်းပြီး တင်းကျပ်တဲ့ ယောကျ်ားပါ။ သူက ဘာလို့ ရုတ်တရက်ကြီး နူးညံ့တဲ့ အရူးတစ်ယောက်လို ဖြစ်လာရတာလဲ။
ကြည့်လိုက်ပါဦး ကျွတ် ကျွတ်။ ရှက်တောင်ရှက်လာပြီ။
“ဘာဖြစ်လို့လဲ” နျဉ်ယိယွမ်က သူ့ရဲ့ခေါင်းကို မော့လိုက်ပြီး သူ့မျက်လုံးထဲက သနားကြင်နာမှုတွေကို ဖျောက်လိုက်သည်။ သူရဲ့မျက်နှာက ပြန်တည်သွားသည်။
“ဘာမှ မဟုတ်ပါဘူး” ကျောလင်က သူ့မျက်လုံးထဲက အပြုံးကို ဖုံးထားလိုက်သည်။ သူက သူ့ရဲ့လက်ကို ယမ်းလိုက်ပြီး ကျုံးဝမ်ကို ပုတ်လိုက်သည်။
“ဆရာ...ကျွန်တော် အပြင်သွားပြီး တပ်သားတွေကို သွားစစ်ဆေးကြည့်လိုက်ဦးမယ်။ သူတို့ဘယ်လိုတွေလုပ်နေပြီလဲမသိဘူး”
ဒီတစ်ခါတော့ ကျုံးဝမ်ကလည်း အကူအညီရသည်။ သူက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ် ကျွန်တော်တို့ရှေ့က သွားနှင့်မယ်နော်”
ဆရာကို ဆွဲဆောင်နိုင်တယ်ဆိုတာ ရှားသည်။ နောက်လိုက်တွေအနေနဲ့ သူတို့က ဒီနေရာမှာ ငရှုပ်ဖြစ်နေတယ်ဆိုတာကို မသိရလောက်တဲ့အထိ မကန်းကြသေးချေ။
“အဲ့ဒါဆိုလည်း ကောင်းပြီလေ” နျဉ်ယိယွမ်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
သူတို့ထွက်သွားသည့်အချိန် သူနှင့် မော့ချူးတို့သာ တဲထဲတွင် ကျန်တော့သည်။
ကုတင်ပေါ်မှာ အိပ်နေတဲ့ မိန်းကလေးကိုကြည့်ရင်း နျဉ်ယိယွမ်က ထူးဆန်းတာတစ်ခုခု ခံစားလိုက်ရသည်။ သူတစ်ခါမှ မိန်းကလေးတွေကို ဖက်ဖူးတယ်ဆိုတာမရှိပါ။ ဒါပေမဲ့ ဒီကောင်မလေးက သူရဲ့လက်မောင်းထဲမှာ...ဒါတော်တော်လေးတော့ ခံစားလို့ကောင်းသည်။ သူမက ဘောလုံးသေးသေးလို နူးညံ့သည်။ မွှေးသည်။ တော်တော်လေးလည်း နာခံတတ်သည်။
ဒါကို တွေးပြီး နျဉ်ယိယွမ်က ရုတ်တရက် သူ့လက်တွေ ယားလာသလို ခံစားရသည်။ သူ သတိမထားမိလိုက်ခင်မှာပဲ သူ့ရဲ့ကြမ်းတမ်းပြီး ကြီးမားတဲ့လက်က မော့ချူးရဲ့ပါးပေါ်ရောက်နေပါပြီ။ အဲ့ဒီနူးညံ့နေတဲ့ အသားလေးက စံပယ်ပန်း ပွင့်ဖတ်လေးတွေထက်ကို နူးညံ့သည်။ သတိမထားမိဘဲ သူက နည်းနည်းလောက် ကိုင်ကြည့်နေသေးသည်။
ရုတ်တရက် သူ့ရဲ့လက်တွေတုန်လာသည်။
နျဉ်ယိယွမ်က ရုတ်တရက် တောင့်တင်းသွားပြီး သူ့ရဲ့လက်တွေကို နောက်ကို ပြန်ဆုတ်လိုက်သည်။ သူက ဘာမှမဖြစ်သလိုကြည့်နေလိုက်သော်လည်း သူ့ရဲ့နားရွက်တွေက နီနေသည်။ “မင်း မင်းနိုးပြီလား”
ကုတင်ပေါ်မှာလဲနေတဲ့ မော့ချူးက မျက်လုံးက အနည်းငယ် လှုပ်သွားသည်။ သူမရဲ့ အနက်ရောင်မျက်လုံးတစ်စုံလေး ပွင့်လာပြီပင်။ သူမ လုံးဝနိုးလာတာမဟုတ်သေးသောကြောင့်ဖြစ်မည်။ သူမရဲ့တုံ့ပြန်မှုက နှေးကွေးလေးလံနေသည်။
ဒီအပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ အကြည့်လေးက နျဉ်ယိယွမ်ရဲ့နှလုံးသားကို ပိုပြီး ပျော့ပျောင်းသွားစေသည်။ သူက လက်ထဲကနေ အဟာရဖြေစေးတစ်ခုကို ဖွင့်လိုက်ပြီး သူမက ပါးစပ်ထဲကို ဖြည်းဖြည်းချင်း ထည့်လိုက်သည်။ “မင်းနိုးလာတာတော်သေးတယ်...အရင်ဆုံး တစ်ခုခုလာစားလိုက်ဦး”
ငေးကြည့်နေရင်း မော့ချူးက သတိမထားမိဘဲ သူမရဲ့ပါးစပ်ကိုဖွင့်လိုက်သည်။ သို့သော်လည်း ခါးပြီး ရွံစရာကောင်းတဲ့ အရည်က သူမရဲ့ပါးစပ်ထဲ ဝင်သွားတဲ့အခါ အန်ချင်သည့် လှိုင်းလုံးကြီးတက်လာသည်။
“ဝေါ့” မော့ချူးက အလိုလျောက် သူမပါးစပ်ထဲက အာဟာရဖြေဆေး အကုန်လုံးကို ထွေးထုတ်လိုက်သည်။
“ဆရာ သူမ ဆရာ့ပေါ်ကို အန်ချလိုက်ပြီ”ကျောလင်းက အပြင်ကနေ စိတ်တွေ လှုပ်ရှားပြီး ကြည့်နေသည်။ သူက မြင်ကွင်းကို အံ့သြသွားပြီး သူချောင်းနားထောင်နေတယ်ဆိုတာကို မေ့သွားသည်။ သူ လန့်ပြီး ရုတ်တရက် အော်လိုက်ခြင်းဖြစ်သည်။ မော့ချူး အန်ချလိုက်တာက နျဉ်ယိယွမ်ရဲ့ကိုယ်ပေါ်ဖြစ်ပြီး သူ့ရဲ့အဝတ်အစားတွေ ပေပွသွားသည်။
မော့ချူးက သူမ ပြဿနာရှာလိုက်ပြီဆိုတာကို သိလိုက်တာက ကျောက်လင်ရဲ့ ခက်ထန်စွာအော်လိုက်သည့် အသံကြောင့်လည်းပါသည်။ နျဉ်ယိယွမ်၏ ပေပွနေတဲ့ ခန္တာကိုယ်ကိုကြည့်ပြီး မျက်နှာကြီးတွန့်သွားသည်။
“ကျွန်မတောင်းပန်ပါတယ်။ အဲ့အင်္ကျီတွေ အစားလျော်ပေးပါရစေ”
မော့ချူးက သူမအကယ်ခံခဲ့ရတယ်ဆိုတာကို နောက်ဆုံးတော့ နားလည်သွားပြီ ထြစ်သည်။ သို့သော်လည်း သူမ သူ့ကို ကျေးဇူးမတင်ခင်မှာပဲ သူ့ခန္တာကိုယ်ပေါ်အန်ချလိုက်ပြီ။ ဒါက အရမ်း ကိုးရိုးကားရားနိုင်သည်။
“ရပါတယ်” နျဉ်ယိယွမ်ကတော့ ဘာမှမဖြစ်ပါဘူး။ သူက အာဟာရဖြေဆေးကို မော့ချူးကို ပေးလိုက်ပြီး “ဒါအရင်သောက်လိုက် ငါ အဝတ်သွားလဲလိုက်ဦးမယ်”
“ရပါတယ် မလိုပါဘူး” နျဉ်ယိယွမ်ပေးတဲ့ အာဟာရဖြေဆေးကို ကြည့်ပြီး မော့ချူးရဲ့မျက်နှာက ဖြူရော်သထက် ဖြူရော်သွားသည်။ “ကျွန်မ ဗိုက်မဆာသေးပါဘူး”
“ကလေးလိုလုပ်မနေနဲ့” နျဉ်ယိယွမ်က အနည်းငယ် မျက်မှော်ကြုတ်လိုက်သည်။ သူမရဲ့ ခန္တာကိုယ်တစ်ခုလုံးအားနည်းနေတာကို ဘာလို့မစားရမှာလဲ။
ကလေးလိုပြုမူတယ် ဟုတ်လား။ မော့ချူး ပြောစရာစကားကုန်သွားပါပြီ။ သူမက ၁၇နှစ် ၁၆နှစ် ရှိနေပြီ။ ၂၁ ရာစုမှာဆိုလျှင် အရွယ်ရောက်သူဖြစ်ဖို့ ခြေလှမ်းတစ်လှမ်းသာလိုတော့သည်။ သို့သော်လည်း လူတွေက အသက် ၃၀၀ ကျော်အထိနေတဲ့ အဖွဲ့ချုပ်မှာတော့ သူမက ရှင်းရှင်းလင်းလင်းကြီး ကလေးပဲ။
“တကယ်ကို မလိုလို့ပါ” မော့ချူးက ခေါင်းကို ခါလိုက်ပြီး ဘာမှမတက်နိုင်တော့ဘဲ အမှန်ကို ပြောလိုက်တော့သည်။ “ကျွန်မက အဲ့ဒါနဲ့ဓာတ်မတည့်လို့ပါ။ နောက်ပြီး ကျွန်မမှာ စားစရာပါလာပါတယ်”
“ဓာတ်မတည့်တာ” သူမက အာဟာရဆေးကို ဓာတ်မတည့်တာလား။ နျဉ်ယိယွမ်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူဒီလိုမျိုးအရာကို တစ်ခါမှ မကြားဘူးချေ။ သူက တံခါးအပြင်မှာ ရပ်နေတဲ့ ကျုံးဝမ်ကို လှည့်ကြည့်လိုက်သည်။
ကျုံးဝမ်ကလည်း သိချင်နေတာပါ။ ဒါမျိုးကိုကြားတာ သူ့အတွက်လည်း ပထမဆုံးပင်။ ဒါက နည်းနည်းထူးဆန်တယ်ဆိုပေမဲ့ လုံးဝကြီးမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
“ဟုတ်ပြီလေ” ဒါကိုကြားပြီး နျဉ်ယိယွမ်က အာဟာရဆေးကို ဘေးမှ ချထားလိုက်ပြီး ငြင်ငြင်သာသာပြောလိုက်သည်။ “အဲ့ဒါဆိုလည်း အရင်ဆုံးတော့ ကောင်းကောင်းနားလိုက်ဦး”
“ဟုတ်” မော့ချူးက ပြုံးပြီး ခေါင်းညိတ်လိုက်ကာ သူမရဲ့အနီးအနားကို သိချင်စွာနဲ့ကြည့်လိုက်သည်။ တဲကို ဆောက်ထားတာ သိပ်မကြာသေးပြီး အဆင့်မြင့်ကိရိယာတွေက အဆက်မပြတ် လည်ပတ်နေသည်။ ကံမကောင်းစွာနဲ့ သူတို့က မော့ချူးအတွက် အဆင်တန်ဆာသက်သက်ပါပဲ။
“သက်သာလာပြီလား” နျဉ်ယိယွမ်က သူ့ရဲ့အဝတ်တွေကို မြန်မြန်ဆန်ဆန်လဲလိုက်ပြီး သူက စစ်ယူနီဖောင်းကို ဝတ်လိုက်ပြီး သူ့ရဲ့ သွေးသွယ်ပြီး သန်မာတဲ့ ခန္တာကိုယ်ကို ပုံပေါ်စေသည်။
“ဟုတ် တော်တော်လေး သက်သာလာပါပြီ” မော့ချူးက ခေါင်းကို ညတ်လိုက်ပြီး “နောက်ပြီး ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
သူသာ သူမကို အဲ့ဒီမှာတစ်ယောက်တည်းထားခဲ့ရင် မှော်သားရေတွေရဲ့ အစာဖြစ်သွားဖို့ သိပ်မကြာပါဘူး။
“အဲ့ဒါ ငါတို့မဟုတ်ဘူး” သူတို့ခိုးကြည့်နေတာကို ဆရာတွေ့သွားကတည်းက ကျောလင်က နျဉ်ယိယွမ်ကို မျက်နှာကောင်းရစေရန် လုပ်ပေးဖို့ ထွက်လာတော့သည်။ “မင်းကို တွေ့တဲ့သူက ဆရာပဲ”
“အို့ ရှင်က...” ကျောလင်ကို မြင်ပြီး မော့ချူးက အာကာသင်္ဘောမှာတုန်းက အဖြစ်ကို မှတ်မိသွားသည်။ သူမက နျဉ်ယိယွမ်ရဲ့ ချောမောတဲ့မျက်နှာကို အနီးကပ်ကြည့်လိုက်ပြီး မျက်နှာဖုံးအုပ်ထားတဲ့ ပညာရှင်ဆိုတာကို မှတ်မိသွားသည်။ “ရှင်က အဲ့တုန်းက ဦးလေးပဲ”
“ဖူး” ‘ဦးလေး’လို့ တပ်ခေါ်ခံလိုက်ရတာကို ကြားပြီး ကျောလင်က ရုတ်တရက် ထရယ်တော့သည်။
ဦးလေး? ဒါက သူတို့ဆရာ ဒီလိုဆက်ဆံခံရတာ ပထမဆုံးအကြိမ်ပဲ။ ဒီကောင်မလေးက တော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲ။