← Chapters

အပိုင်း ၅၅

Vol. 4 Ch. 55

အပိုင်း ၅၅

Vol. 4 Ch. 55

“သတိထား” အဲ့ဒီအချိန်မှာ နျဉ်ယိယွမ်က ရုတ်တရက် မတ်မတ်ရပ်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေက မဲမှောင်သွားပြီး အဝေးက မှောင်မိုက်နေတဲ့ တောအုပ်ကို ကြည့်နေသည်။

“ဘာဖြစ်လို့လဲ ဆရာ” ကျောလင်နဲ့ကျုံးဝမ်တို့က ဘာတွေဖြစ်နေလဲဆိုတာ မသိချေ။ သူတို့က ခုခံရန်တော့ အသင့်ပြင်ထားလိုက်ကြသည်။

“သွေးအလင်းသားရဲ” နျဉ်ယိယွမ်က ဘာမှတော့ မပြောချေ။ သူက ခဏလောက် စဉ်းစားလိုက်ပြီး ယူဆလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ” ကျုံးဝမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ သူက ဒါကို မယုံချင်ပါဘူး။

ပုံမှန်အားဖြင့် သွေးအလင်းသားရဲက ခရိုင်(၉)လို အနည်းငယ်စိုစွတ်တဲ့ ရာသီဥတုမျိုးကို မကြိုက်ပါ။ ထို့ကြောင့် ဒီပင်လယ်နက်တောအုပ်ထဲမှာ သွေးအလင်းသားရဲ၏ ခြေရာလက်ရာတောင် မရှိချေ။

သို့သော်လည်း သူတို့ရဲ့ဆရာက မစဉ်းစားဘဲ စကားကို ပြောမည့်သူ မဟုတ်ပါ။ ထို့ကြောင့် သူတို့နှစ်ယောက်လုံး သတိရှိနေကြခြင်းဖြစ်သည်။

သို့သော်လည်း မော့ချူးကတော့ နှလုံးခုန်နှုန်းတွေမြန်နေပါပြီ။ ဒါက မော့ချူးကို ရှာနေတဲ့ ဝိုင်းဝိုင်းဖြစ်မည်။

“ဒီကို ရောက်ပြီ” နျဉ်ယိယွမ်က ရှေ့ဆုံးမှာရပ်လိုက်သည်။ သူ့ရဲ့ရှည်ပြီး ဖြောင့်တောင့်နေသည့် ခန္ဓာကိုယ်က ညအမှောင်ထဲမှာ တောက်ပနေသည်။ “ဂရုစိုက်ကြ”

“ဟုတ်” ကျောလင်နဲ့ တစ်ခြားနှစ်ယောက်က အသံတိုးတိုးလေးဖြင့် ဖြေလိုက်သည်။ သူတို့ရဲ့လက်ထဲက ဒြပ်စွမ်းအင်က အသင့်ဖြစ်နေပါပြီ။

ဟိန်းသံတစ်ခုက မနီးမဝေးကို ရောက်နေပြီ။ ဒါက လုံးဝကို သွေးအလင်းသားရဲဖြစ်မည်။

“နေဦး”

နျဉ်ယိယွမ်နှင့် တစ်ခြားသူတွေက မျှော်လင့်ပြီး အသက်အောင့်ထားကြသည့်အချိန်မှာ မော့ချူးက ရုတ်တရက်ပြောလိုက်သည်။ “တကယ်တော့ ဒါက...”

မော့ချူးက နည်းနည်းတော့ သံသယဖြစ်နေပါသေးသည်။ နောက်ပြီး ဒီပင်လယ်နက်တောအုပ်ထဲမှာ နောက်ထပ်တစ်ခြား သွေးအလင်းသားရဲတစ်ကောင်ရှိနေနိုင်သေးသည်။ သို့သော်လည်း သူမ ဒီရင်းနှီးတဲ့ အသံကို ကြားလိုက်သည့်အခါ ဝိုင်းဝိုင်းဆိုတာ သူမလုံးဝသေချာသွားတော့သည်။

သို့သော်လည်း မော့ချူးစကားမဆုံးခင်မှာဘဲ နျဉ်ယိယွမ်က ဖြတ်ပြောလိုက်သည်။ သူ့ရဲ့ ကြင်လင်ပြီး ငြိမ်သက်နေတဲ့ မျက်လုံးတွေက ငြင်သာမှုအရိပ်အရောင်တွေကို သယ်ဆောင်ထားသည်။ “မကြောက်ပါနဲ့။ ငါ့ရဲ့နောက်မှာဘဲ ရပ်နေလိုက်။ ငါ မင်းကို ဘာမှအဖြစ်ခံမှာမဟုတ်ပါဘူး”

သူ့ရဲ့စကားလုံးလေးတွေက ရိုးရှင်းနေသော်လည်း ခိုင်မာပြီး အင်အားကြီးသည်။

ဒါက ဒီလိုအခြေအနေမှာသာမဟုတ်ဘူးဆိုရင် ကျောလင်က သူ့ဆရာအတွက် လက်ခုပ်တီးပြီး ချီးကျူးနေပါပြီ။ စောစောက သူက နျဉ်ယိယွမ်က တစ်ယောက်တည်းနေလာတာကြာပြီဖြစ်တဲ့အတွက် မိန်းကလေးတစ်ယောက်ကို မဖြည့်ဆီးပေးနိုင်မှာကို စိုးရိမ်နေခဲ့သည်။ သို့သော်လည်း ဒီအကွက်က တော်တော်လေးမြင့်သည်။ မဆိုးပါဘူး။ မဆိုးပါဘူး။

နျဉ်ယိယွမ်ရဲ့ ရိုးသားပြီး စိတ်ဆုံးဖြတ်ထားတဲ့ အကြည့်ကို ကြည့်ပြီး မော့ချူးက ရုတ်တရက် ကြောင်ကြည့်ကြည့်နေသည်။

သူမတုံ့ပြန်လိုက်တဲ့အချိန်မှာ သွေးအလင်းသားရဲက သူတို့ရှေ့မှာရောက်နေပြီ။

အဲ့ဒီ လုံးဝိုင်းနေတဲ့ ခန္ဓာကိုယ် နဲ့ တောက်ပနေတဲ့ အနီရောင်မျက်လုံးတို့က လုံးဝကို ညအမှောင်ထဲမှာ မျက်စိစားစရာဖြစ်နေသည်။ သို့သော်လည်း သူက တစ်ခြားသူတွေကို လျစ်လျူရှုလိုက်ပြီး မော့ချူးဆီကို ပြေးသွားတော့သည်။

သို့သော်လည်း နျဉ်ယိယွမ်က သူမကို ကာကွယ်ရန် ရှေ့မှာရပ်လိုက်သည်။ သွေးအလင်းသားရဲ၏ လှုပ်ရှားမှုကို မှားယွင်းစွာနှင့် တိုက်ခိုက်မှုဆိုပြီး အဓိပ္ပာယ်ကောက်လိုက်သည်။ ထို့ကြောင့် နျဉ်ယိယွမ်က လေဓားအနည်းငယ်ကို ထုတ်လိုက်သည်။

ဖြစ်သွားတာတွေအကုန်လုံးက အလွန်မြန်သည်။ မော့ချူးက မတုံ့ပြန်နိုင်လိုက်ခင်မှာပဲ သားရဲနှင့် လူတို့က တိုက်ခိုက်နေကြပြီ။

“သတိထား” နျဉ်ယိယွမ်၏ လေဓားတွေက အလွန်စွမ်းအားကြီးသည်။ မော့ချူးက အာကာသင်္ဘောပေါ်မှာ အရင်က မြင်ဖူးသည်။ ထို့ကြောင့် ဝိုင်းဝိုင်း ယှဉ်နိုင်ပါ့မလားဆိုတာကို စိုးရိမ်နေသည်။

ကံကောင်းစွာနဲ့ပဲ ဒီအကောင်လေးရဲ့ တုံ့ပြန်မှုက အလွန်မြန်နေတုန်းပင်။ တစ်နည်းနည်းနဲ့ သူက ဘေးကို ‌ရွှေ့ရှောင်လိုက်ပြီး နျဉ်ယိယွမ်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်လိုက်သည်။ လေဓားတွေကို သူတို့ရဲ့ ပစ်မှတ်ကို လွှဲသွားပြီး ဘေးက သစ်ပင်ကို ထိသွားသည်။

သစ်ပင်က လက်ဆေးကန်ကဲ့သို့ ထူသော်လည်း လေဓားအနည်းငယ်လောက်က သူ့ကို ထက်ခြမ်းခွဲလိုက်သည်။ ဒါကို မြင်ပြီး မော့ချူး အသက်ရှူရမှာတောင် မေ့သွားသည်။

“တိုက်နေတာကို ရပ်လိုက်တော့” သူမဘေးနားက ထက်ခြမ်း ကွဲသွားတဲ့သစ်ပင်ကို ကြည့်ပြီး မော့ချူးက ထိတ်လန့်သွားပြီး တစ်ခြားဘာကိုမှ မစဉ်းစားနိုင်တော့ချေ။ သူမက ရိုးရိုးလေး ခေါင်းငုံ့လိုက်ပြီး သွေးအလင်းသားရဲဆီ ပြေးသွားခဲ့သည်။

“ဒီကို မြန်မြန်လာခဲ့” သွေးအလင်းသားရဲဆီကို မော့ချူးပြေးသွားတာကိုကြည့်ပြီး နျဉ်ယိယွမ်က တစ်ပိုင်းသေသွားလောက်အောင် ထိတ်လန့်သွားသည်။ သူက သူမ‌နောက်က မြန်မြန်ပြန်လိုက်လိုက်ပြီး မော့ချူးကို ထိခိုက်သွားမည်ဆိုသဖြင့် လေဓားတွေကို သူလက်ထဲ ပြန်ယူလိုက်သည်။

ကျောလင်နဲ့ ကျုံးဝမ်တို့က မော့ချူးရဲ့လုပ်ပုံကို ကြည့်ပြီး စိတ်ရှုပ်နေကြသည်။ ဒီကောင်မလေး ဘာဖြစ်နေတာလဲ။ သူမအကြောက်လွန်သွားပြီး သေမင်းဆီများ ပြေးနေတာလားမသိဘူး။ သူမက သွေးအလင်းသားရဲရဲ့ ပါးစပ်ကို သွားတိုင်းနေလားမသိဘူး။

သို့သော်လည်း နောက်ထပ်ဖြစ်သွားတာကတော့ သူတို့ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

သွေးအလင်းသားရဲကို အဖွဲ့ချုပ်တစ်ဝှမ်းလုံးသိကြသည်။ မော့ချူးက သွေးအလင်းသားရဲဆီကို ပြေးသွားနေတာက ဒဏ်ရာရသွားနိုင်သည်။ တစ်ကယ်ဆို တစ်ခုခုလွှဲသွားတာနဲ့ သူမရဲ့ အသက်တောင်ဆုံးရှုံးရနိုင်သည်။

သို့သော်လည်း သူတို့ဘာကို မြင်လိုက်ကြတာလဲ။ သူတို့ရဲ့မျက်လုံးတွေက ပြူးထွက်လုမတတ်ပင်။

သွေးအလင်းသားရဲက မော့ချူးကို ထိခိုက်အောင်မလုပ်သည့်အပြင် သူမကို နှစ်သိမ့်နေသည့်ပုံဖြင့် သူရဲ့အမွေးပွမေးစေ့လေးဖြင့် သူမရဲ့ခေါင်းကို ပွတ်သက်နေသည်။

သူရဲ့မျက်နှာဝိုင်းဝိုင်းက ရက်စက်ကြမ်းကြုတ်တဲ့ အသွင်ပျောက်သွားပြီး နူးညံ့၍ နှစ်လိုဖွယ်ကောင်းသည့်ပုံစံဖြစ်နေသည်။ သူတို့သာ ကောင်းကောင်းမသိကြဘူးဆို ဒီနှစ်လိုဖွယ်ကောင်းတဲ့ သတ္တဝါလေးက ဒဏ္ဍာရီလာရက်စက်ပြီး ကြောက်စရာကောင်းတဲ့ သွေးအလင်းသားရဲဆိုတာ ထင်မိကြမည်မဟုတ်ချေ။

ဒါကြီးက လုံးဝကို အဓိပ္ပာယ်မရှိတော့ဘူးလေ။

ကျောလင်ရဲ့ မျက်နှာထားက ကြောင်နေသည်။ သူက တုန်ယင်နေတဲ့လက်တွေနဲ့ ဘေးနားက ကျုံးဝမ်ကို လက်သည်းနှင့် ဆိတ်လိုက်သည်။ “နာလား”

“ကျွတ်စ်” ကျောလင်က တော်တော်လေးအားသုံးလိုက်သည်။ ကျုံးဝမ်က အရမ်းနာသွားပြီး အသက်တော်ပြင်းပြင်းရှူလိုက်သည်။ သူက ကျောလင်ကို စိတ်ဆိုးမာန်ဆိုးစိုက်ကြည့်လိုက်ပြီး “ဘာလို့ ကိုယ့်ဘာကို မလုပ်ကြည့်လဲ”

“အဲ့တော့ နာတယ်ပေါ့လေ” ကျုံးဝမ်ရဲ့ တုံ့ပြန်မှုကို ကြည့်လိုက်ပြီး ကျောလင်က သတိပြန်ကပ်လာသည်။

“ဒီတော့ ဒါကြီးက အိမ်မက်မဟုတ်ဘဲ တကယ်ပေါ့လေ”

သွေးအလင်းသားရဲက လူတွေသတ်တာ ရပ်လိုက်ပြီလား။ ဘာလို့ သားရဲက ဒီလိုကြီး ရင်းနှီး ဖော်ရွေနေရတာလဲ။

သို့သော်လည်း မကြာခင်မှာဘဲ ကျောလင်က သူအတွေးလွန်နေတယ်ဆိုတာကို သိလိုက်ပါသည်။

သွေးအလင်းသားရဲက တကယ်ရင်းနှီးဖော်ရွေနေပါသည်။ သို့သော် ဒါက မော့ချူးတစ်ယောက်တည်းကိုသာ ဖြစ်သည်။ သူတို့ နည်းနည်းလောက် တိုးကြည့်လိုက်တာနဲ့ သွေးအလင်းသားရဲရဲ့ မျက်နှာထားက တင်းမာသွားပြီး ရင့်မာနေသည်။ သူတို့ထဲကမှ နျဉ်ယိယွမ်ကို မကြိုက်ဆုံးဖြစ်သည်။

သူတို့မှာ ရွေးချယ်စရာမရှိခဲ့ပါ။ ဘယ်သူက သူ့ကို သွေးအလင်းသားရဲကို စပြီးတိုက်ခိုက်ပါလို့ တောင်းဆိုနေလို့လဲ။

ဟွန့်။ သွေးအလင်းသားရဲက သူတို့ကို မျက်စောင်းထိုးကြည့်လိုက်ပြီး မော့ချူးဆီကို ပြေးသွားခဲ့သည်။ နောက်ပြီး အချိန်က မှောင်နေပြီ။ ပင်လယ်နက်‌တောအုပ်ထဲမှာ ဆက်သွားဖို့ဆိုတာ ခက်ခဲမည်။ နျဉ်ယိယွမ်နဲ့ တစ်ခြားသူတွေရဲ့ မျက်မှောက်မှာ မော့ချူးက သူမရဲ့ အစာကို မထုတ်ရဲချေ။ သူမက ရွေးချယ်စရာမရှိဘဲ ဝိုင်းဝိုင်းကို တိတ်တိတ်လေး အစာကျွေးကာ နှစ်သိမ့်လိုက်ရသည်။

သူမက ခေါင်းကို မော့ပြီး ညနက်ကောင်းကင်ကို ကြည့်လိုက်သည်။ အဲ့ဒါက ၂၁ရာစုမှာ ဘယ်တုန်းကမှ မရှိခဲ့တဲ့ပုံစံနှင့် လှပနေသည်။

ကြယ်တွေက နက်ပြာရောင်ကောင်းကင်ပြီးကြီးကို လိုက်ကာကာထားသလို ဖြစ်နေသည်။ သူတို့က မှိတ်တုတ်မှိတ်တုတ်နှင့် ကနေကြပြီး တစ်ယောက်ရဲ့တောက်ပနှင့် တစ်ယောက် ရောင်ပြန်ဟပ်နေကြသည်။

မော့ချူးက သွေးအလင်းသားရဲ၏ နူးညံ့ပြီးဖောင်းနေတဲ့ ဗိုက်ပေါ်မှာ စိတ်အေးလက်အေးနဲ့ မှီနေတာကို ကြည့်ပြီး သူမဘေးနာက လူတွေက တော်တော်လေး လက်မခံနိုင်သေးချေ။

သူတို့က အိမ်မွေးတိရစ္ဆာန်တစ်ကောင် မွေးတာကို နားလည်နိုင်သော်လည်း ဒီလို ကြမ်းတမ်းတဲ့ သွေးအလင်းသားရဲကို မွေးတာကတော့ သူတို့စိတ်ထဲ စိတ်ကူးယဉ်ဆန်နေသည်။ နောက်ပြီး အ‌ရေးကြီးတာက သွေးအလင်းသားရဲကတောင် သူမရဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်ချင်နေသည်။ ဒါကြီးက ဘယ်လိုဖြစ်နိုင်မှာလဲ။

ကျောလင်က ခေါင်းမူးသလို ခံစားလိုက်ရသည်။ သွေးအလင်းသားရဲဘေးနားက မော့ချူးကို ကြည့်ပြီး သူက မေ့မျောတော့မလို ခံစားလိုက်သည်။

“တော်လောက်ပြီ” ကျုံးဝမ်က ကျောလင်ရဲ့ပုခုံးကို ပုတ်လိုက်သည်။ တကယ်တော့ သူ့ရင်ထဲက တုန်လှုပ်ချောက်ခြားမှုက မငြိမ်သေးချေ။ သို့သော်လည်း နျဉ်ယိယွမ်၏ တည်ငြိမ်နေသည့်မျက်နှာကို ကြည့်ပြီး သူက ထိန်းလိုက်သည်။

ကြည့်ရတာ သူတို့က မော့ချူးကို လျှော့တွက်မိလိုက်သည့်ပုံပင်။ ဒါကို တွေးပြီး သူတို့ အံ့ဩကြီး ဩသွားသည်။ နောက်ပြီး သူတို့ရဲ့ဆရာကလည်း သာမန်မိန်းကလေးတစ်ယောက်ကို အာရုံဝင်စားနေပါ့မလား။

All Chapters