← Chapters

အပိုင်း ၅၆

Vol. 4 Ch. 56

အပိုင်း ၅၆

Vol. 4 Ch. 56

မော့ချူးကတော့ သူမဘေးနာက လူတွေဘာတွေးနေလဲဆိုတာကို မသိချေ။ သူမက သွေးအလင်းသားရဲပေါ်မှာ လှဲပြီး ကောင်း‌ကောင်းအိပ်သွားတော့သည်။

သူမနိုးလာသည့်အချိန်တွင် ကောင်းကင်က တောက်ပနေပြီ။ အဲ့ဒီတော့မှ သတိထားမိလိုက်တာက သူမက မြက်ပေါ်ကနေ တဲထဲက ကုတင်ပေါ်ကို ရွှေ့ခံထားရပြီး စစ်ကုတ်အင်္ကျီကို နွေးနွေးထွေးထွေး ခြုံထားသည်။

“နိုးပြီလား” စူးရှတဲ့ယောကျ်ားတစ်ယောက်အသံက ဘေးကနေထွက်လာသည်။

သူမက အသံကို ကြားလိုက်သည့်အခါ နျဉ်ယိယွမ်နှင့် မျက်လုံးချင်းဆုံသွားသည်။ သူတို့နှစ်ယောက်က တော်တော်လေးကို နီးနေကြသည်။ အဲ့ဒီတော့မှ မော့ချူးက နျဉ်ယိယွမ်ရဲ့ မျက်စံတွေက အပြာရောင်၊ နက်ရှိုင်းပြီး ကြင်လင်နေသည်ဆိုတာကို သိလိုက်သည်။ အသားကပ် အဖြူရောင်စစ်ဝတ်စုံက သူ့ရဲ့ ‌တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ပုံပေါ်စေသည်။ ကြွက်သားတွေက ယောကျ်ားလေးများမှာသာရှိနိုင်တဲ့ ဆွဲဆောင်မှုတို့ကို ပေးနေသည်။

“အင်း” မော့ချူးက အောက်ကိုငုံ့လိုက်ပြီး နေရခက်သည့်ပုံစံဖြင့် အဖြေကို ပြောလိုက်သည်။ သူမက စစ်ကုတ်အင်္ကျီကို ယူလိုက်ပြီး သူ့ကို ပေးလိုက်သည်။

“အင်္ကျီအတွက် ကျေးဇူးတင်ပါတယ်”

“ရပါတယ်”နျဉ်ယိယွမ်က မော့ချူးကို ကြည့်လိုက်ပြီး တစ်ခြားဘာမှ ထပ်မပြောတော့ချေ။ သူက ကုတ်င်္ကျီကို လှမ်းယူလိုက်သည်။ သူမရဲ့ လက်ချောင်းလေးများက သူ့ရဲ့ လက်ကလေးများနှင့် ထိမိလိုက်သည့်အခါ နွေးပြီး နူးညံ့နေသည်။

အဲ့ဒီအချိန်မှာ တဲထဲက လေထုက နည်းနည်းတစ်မျိုးဖြစ်သွားသည်။

“အာဝူး အာဝူး” သွေးအလင်းသားရဲက ကိုးရိုးကားရားနိုင်တဲ့ အခြေအနေကို ဖြူခွင်းရန်အော်လိုက်သည်။ သူအထဲကို ဝင်လိုက်သည့်အချိန်မှာ ဒီစိတ်အနှောက်အယှက် ဖြစ်စရာကောင်းတဲ့လူက မော့ချူးကို အနှောက်အယှက်ပေးနေတာကို တွေ့လိုက်ရသည်။ သူက ခြေနှစ်ချောင်းကို မြှောက်၊ ခုန်လိုက်ကာ မော့ချူးပေါ်ကို မှီလိုက်သည်။ သူက နျဉ်ယိယွမ်ကို သတိဝိရီယနှင့် ကြည့်လိုက်သည်။

နျဉ်ယိယွမ်အတွက် သားရဲတစ်ကောင်ဆီကနေ ဒီလိုမကြိုက်ခြင်းကို ခံရတာ ပထမဆုံးအကြိမ်ပါ။ သူ့ရဲ့မျက်လုံးတွေက မဲမှောင်သွားပြီး သွေးအလင်းသားရဲကို ပြစ်ဒဏ်ပေးချင်သည့်ပုံဖြင့် စိုက်ကြည့်လိုက်သည်။

“အာဝူး အာဝူး” သူက နျဉ်ယိယွမ်ရဲ့ အကြည့်ကိုတွေ့လိုက်သည့်အခါ သွေးအလင်းသားရဲ ချက်ချင်းဒေါသတွေပေါက်ကွဲသွားသည်။ သူ့ရဲ့လုံဝိုင်းနေတဲ့မျက်လုံးတွေက အရင်ကထက် တော်တော်လေးပိုပြီး ပြူးကျယ်လာသည်။ ဟွန့် ဒီလိုအကြည့်မျိုးကို ငါဘယ်တုန်းကမှ မရှုံးဖူးဘူး။

မော့ချူးက ဒီမြင်ကွင်းကို ဘေးနားက ကြည့်ကာ ရယ်ချလိုက်တော့သည်။ သူက သွေးအလင်းသားရဲရဲ့ အမွေးကို ပွတ်သက်ပေးက နှစ်သိမ့်ပေးလိုက်သည်။ “ဟုတ်ပြီ အရူးလျှောက်လုပ်မနေနဲ့တော့။ သွားဖို့ အချိန်တန်ပြီ”

ဒါကို မေ့ချူးက ပြောလိုက်သည့်အခါ နျဉ်ယိယွမ်က ကြောင်ကြည့်ကြည့်နေသည်။ “သွားတော့မှာ?”

“ဟုတ်” မော့ချူးက ခေါင်းညိတ်လိုက်ပြီး ငြင်သာစွာရှင်းပြလိုက်သည်။ “ကျွန်မ ဒီမှာ တစ်ရက်တောင် ရှိသွားပြီ။ အစ်ကိုက သေချာပေါက် စိတ်ပူနေတော့မှာ။ သူကို မြန်မြန်ရှာပြီး တွေ့ရဦးမယ်”

“ဒါပေမဲ့ မင်းတစ်ယောက်တည်းလေ” နျဉ်ယိယွမ်က မျက်မှောင် အနည်းငယ်ကြုတ်လိုက်သည်။ သူရဲ့ အသံက စိုးရိမ်မှုတွေနဲ့ ပြည့်နေသည်။ “ပင်လယ်နက်တောအုပ်က ကြီးမားရုံတင်မကဘူး အန္တရာယ်တွေနဲ့ ပြည့်နေတာ။ ဒီနေရာမှာ တစ်ယောက်ယောက်ကို ရှာဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး။ ဒီလိုဆိုရင်ရော။ မင်းဒီမှာပဲ နှစ်ရက်ထပ်စောင့်လိုက်။ အဲ့အချိန်ရောက်လာရင် ငါ မော့ယန်ကို ရှာဖို့ မင်းနဲ့လိုက်ခဲ့မယ်”

“မဟုတ်တာပဲ။ ရှင်လည်း လုပ်စရာတွေရှိသေးတယ်လေ” မော့ချူးက သူ့ဘေးနားက သွေးအလင်းသားရဲရဲ့ခေါင်းကို အသာလေးပုတ်လိုက်ပြီး “နောက်ပြီး ဒီအကောင်လေးလည်း ကျွန်မနဲ့ အတူတူရှိသေးတယ်လေ”

“ဒါပေမဲ့...”

“ဆရာ တစ်ခုခုဖြစ်နေပြီ” ကျောလင်က အပြင်ကနေရပ်နေလိုက်ပြီး နျဉ်ယိယွမ်ရဲ့ မဆုံးသေးတဲ့စကားကို ဖြတ်ပြောလိုက်သည်။ သူ့ရဲ့မျက်နှာက စိုးရိမ်မှုတွေနဲ့ပြည့်နေသည်။

“ဘာဖြစ်လို့လဲ”

“ကျွန်တော်တို့ တပ်သား ၁၀ယောက်နဲ့ အဆက်အသွယ်ပြတ်သွားပြီ” ကျုံးဝမ်ကလည်း နောက်ကနေလိုက်ခဲ့ပြီး အကြောင်းအရာကို အတိုချုပ်ရှင်းပြလိုက်သည်။

ပုံမှန်အားဖြင့် ဒီမှော်ဒေသထဲမှာ အဆင့်မြင့် နည်းပညာပစ္စည်းတွေကို အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ချေ။ သို့သော်လည်း သူတို့မှာ အဖွဲ့ချုပ်ကနေ ထုတ်ထားတဲ့ နောက်ဆုံးပေါ် အသေးစား ကိုယ်စားစက်ရှိနေပြီ။ သူက မှော်ဒေသရဲ့ သံလိုက်စက်ကွင်းတွေကို ယာယီအနှောက်အယှက်ပေးပြီး ရိုးရှင်းတဲ့ ကိရိယာတွေကို အသုံးပြုလို့ရစေသည်။

“မစိုးရိမ်ပါနဲ့” နျဉ်ယိယွမ်က ဒီအခြေအနေမှာ အလွန်တည်ငြိမ်သည်။ သူက သူ့ရဲ့ ကြီးကျယ်ခန်းနားတဲ့ အရည်အချင်းတွေကို အစွမ်းကုန်ထုတ်လိုက်သည်။ “ချက်ချင်း သူတို့နဲ့နောက်ဆုံးဆက်သွယ်လို့ရတဲ့ နေရာကို ခြေရာခံလိုက်”

“ဟုတ်” ကျောလင်က အများကြီးမပြောချေ။ သူက နောက်ကိုလှည့်ထွက်သွားပြီး ကိရိယာတဲထဲကို သွားလိုက်သည်။ သူက အကြိမ်အနည်းငယ် လိုက်ကြည့်နေတဲ့အချိန် အစိမ်းရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး တဲရဲ့အလယ်ကို ဖြန့်ကျက်လိုက်သည်။

မျက်နှာပြင်ရဲ့ ပုံအရည်အသွေးက ရှင်းလင်းပြတ်သားနေသည်။

သူတို့ရှေ့မှာပေါ်လာသည့် လူအနည်းငယ်က တပ်သားအနည်းငယ်ဖြစ်ကြသည်။ သူတို့က အတန်းလိုက်ရပ်နေကြသည်။ သူတို့နဲ့မျက်နှာချင်းဆိုင်မှာတော့ ၂မီတာရှည့်တဲ့ သားရဲကြီးက သူတို့ကို စိုက်ကြည့်နေသည်။ မျက်လုံးများက ကြီးပြီး ဆာလာနေသည့် အရိပ်အရောင်တွေကို မြင်နေရသည်။

အခြေအနေက အရမ်းသိသာနေပါပြီ။ နောက်ပြီးတော့က ပြင်းထန်နေတဲ့ တိုက်ပွဲပါပဲ။ ဒီတပ်သားအုပ်စုက သနားညှာတာမှု နည်းနည်းမှ မပြချေ။ တစ်ယောက်ပြီး တစ်ယောက် သူတို့ရဲ့ ဒြပ်စွမ်းအင်တွေက မီးပန်းဖောက်နေသည့်အတိုင်းပါ။ သူတို့ မှော်သားရဲကို ထိသွားသည့်အချိန် လတ်ဆတ်နေတဲ့ သွေးတွေပန်းထွက်လာသည်။ မော့ချူးက ဘေးကနေကြည့်နေပြီး သူမမြင်နေရတာကို နည်းနည်းကြောက်လာသည်။

နောက်ဆုံးတော့ မှော်သားရဲကြီးက သူတို့ကို မယှဉ်နိုင်ချေ။ သူက တယိမ်းတယိုင်နှင့် ပြေးတော့သည်။ ပုံမှန်အားဖြင့် ဘယ်တပ်သားကမှ သူတို့သားကောင်ပြေးသွားတာကို ထိုင်ကြည့်နေမှာမဟုတ်ချေ။ သူတို့ကလည်း ချက်ချင်းနောက်က လိုက်တော့တာပေါ့။

မြင်ကွင်းက အဲ့ဒီနေရာကစပြီး ဝါးလာသည်။ ၂စက္ကန့် ၃စက္ကန့်ကြာသွားသည့်အခါ မြင်ကွင်းက ဖြတ်ခနဲရပ်သွားပြီး လုံးဝကိုအနက်ရောင်ကြီး ဖြစ်နေသည်။

“ဆရာ ဘယ်လိုထင်လဲ” ကျောလင်ရဲ့မျက်လုံးတွေက အနည်းငယ် မဲမှောင်နေသည်။ ဒါက အဖွဲ့အသေးစားလေးဖြစ်ပြီး သူတို့ရဲ့အင်အားကလည်း သာမန်တော့မဟုတ်ချေ။ သူတို့အကုန်လုံး ဘယ်လိုဖြစ်လို့ တစ်ချိန်ထဲမှာ အဆက်အသွယ် ပြတ်သွားရတာလဲ။ သူတို့ကို ခြေရာခံလို့တောင် မရတော့ချေ။

နျဉ်ယိယွမ်က ခဏတာ ဘာမှမပြောသေးချေ။ သူက မြင်ကွင်းကို ပြန်ဖွင့်လိုက်ပြီး အသေးစိတ်ကို ဂရုတစိုက်ကြည့်နေလိုက်သည်။ နောက်တော့ သူပြောလိုက်တာက

“မင်းသူတို့ ဘယ်မှာလဲဆိုတာ မြင်လိုက်လား”

ဒါကိုကြားပြီး ကျောလင်နဲ့ ကျုံးဝမ်တို့က မြင်ကွင်းရဲ့ဘေးနားက ပတ်ဝန်းကျင်ကို စကြည့်တော့သည်။ နောက်ဆုံးတော့ ကျုံးဝမ်က ချီတုန်ချတုန်နဲ့ပြောလိုက်သည်။ “ ဒါ...က ကြည့်ရတာ ဒုတိယကွင်းရဲ့နယ်စပ်”

“ဟုတ်တယ်” နျဉ်ယိယွမ်၏အသံက လေးနက်နေသည်။

“ကြည့်ရတာက သူတို့ အဓိကကွင်းထဲကို ဝင်မိသွားတဲ့ပုံပဲ”

“ဘယ်လို” ဒါကိုကြားပြီး ကျောလင်က ထိတ်လန့်စွာနဲ့ အော်လိုက်သည်။

ပင်လယ်နက်တောအုပ်ရဲ့အဓိကကွင်းက ချွင်းချက်မရှိ လုံးဝကို အန္တရာယ်များလွန်းသည်။ ကျွမ်းကျင်ပညာရှင်တွေတောင် ဝင်သွားပြီး ဘယ်တော့မှပြန်မထွက်လာနိုင်တဲ့သူတွေရှိသည်။ သူတို့သေလား ရှင်လားဆိုတာကို ဘယ်သူမှ မသိကြချေ။ အဲ့ဒါကြောင့်လည်း နျဉ်ယိယွမ်က သူတို့ကို အဓိကကွင်းအနီးနား အမဲလိုက်တာကို တားမြစ်ထားသည်။ ဒီတပ်သားအုပ်စုက ဒီလို အဆင်အခြင်မဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားမည်နည်း။ သူတို့က ဒီလို အဓိကကွင်းထဲကို တိုးဝင်သွားရဲတာပဲ။

“ဒီကောင်တွေ ပြဿနာရှာနေကြတာပဲ” အမြဲလိုလိုငြင်သာနေတဲ့ ကျုံးဝမ်တောင် ခပ်တိုးတိုး အပြစ်တင်လိုက်သည်။

သို့သော်လည်း ဒါက သူတို့ကို ဆူနေရမည့်အချိန်မဟုတ်ချေ။ ပိုအရေးကြီးတာက သူတို့က တပ်သားတွေရဲ့ အသက်ကို ကာကွယ်ရတော့မည်။ လေ့ကျင့်နေတဲ့ တပ်သားတစ်ယောက်ချင်းဆီတိုင်းက အဖိုးအရမ်းတန်သည်။ အဘယ်ကြောင့်ဆိုသော် အဖွဲ့ချုပ်က သူတို့ကို ပျိုးထောင်ရန် မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကို အသုံးပြုထားသောကြောင့်ဖြစ်သည်။ သူတို့ ဒီနေရာမှာ ဒီလိုတော့ သေသွားလို့မရချေ။

နျဉ်ယိယွမ်က မဆိုင်းမတွ ဆုံဖြတ်ချက်ချလိုက်သည်။ “ကျောလင် မင်းက ဒီနေရာကို စောင့်ခဲ့၊ ကျုံးဝမ် မင်းက ငါနဲ့လိုက်ခဲ့”

“နေပါဦး” မော့ချူးက ဘေးနားကနေရပ်လိုက်သည်။ သူမရဲ့မျက်နှာသေးသေးလေးက အနည်းငယ်ဖြူရော်နေသည်။ သို့သော်သူမရဲ့ အသံက ခိုင်မာနေသည်။ “ကျွန်မလည်း ရှင်တို့နဲ့လိုက်ခဲ့မယ်”

“မော့ချူး ဒါက...” နျဉ်ယိယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက သူမကို ဖျောင်းဖျတားမြစ်ဖို့လုပ်လိုက်သည့်အချိန် မော့ချူးရဲ့ ခိုင်မာနေတဲ့ အသံက ကြားဖြတ်လိုက်သည်။ “ကျွန်မ အကိုလည်း အဲ့ထဲမှာပဲ”

နျဉ်ယိယွမ်နဲ့ တစ်ခြားသူတွေက ပုံထဲက တပ်သားတွေကို သတိထားမိလိုက်သည်။ မော့ချူးက ပုံထဲက ရုပ်လုံးတစ်ခု ဖြတ်ခနဲသွားတာကို တွေ့လိုက်သည်။ အဲ့ဒါက နည်းနည်းဝါးနေသော်လည်း သူမ အဲ့ဒါက မော့ယန်ဆိုတာကို အတည်ပြုနိုင်သည်။

နျဉ်ယိယွမ်ရဲ့ အတည်ပြုမှုသာ မှန်မည်ဆိုလျှင် မော့ယန်ကလည်း ပင်လယ်နက်တောအုပ်ရဲ့ အဓိကကွင်းထဲကို ဝင်သွားခဲ့မှာဖြစ်သည်။

All Chapters