← Chapters

အပိုင်း ၅၇

Vol. 4 Ch. 57

အပိုင်း ၅၇

Vol. 4 Ch. 57

နောက်ဆုံးတော့ နျဉ်ယိယွမ်လည်း မော့ချူးရဲ့တောင်းဆိုမှုကို မငြင်းဆန်နိုင်တော့ဘဲ ပင်လယ်နက်တောအုပ်ရဲ့အဓိကကွင်းထဲကို ခေါ်လာရတော့သည်။

မော့ချူးက ပင်လယ်နက်တောအုပ်ထဲကို တစ်ခါမှ မရောက်ဖူးချေ။ သို့သော် သူမ ဒီနေရာကို ခြေချလိုက်တော့မှဘဲ ကွာခြားမှုကို သဘောပေါက်သွားသည်။

အုံ့ဆိုင်းသည့် တောအုပ်နှင့် ယှဉ်လိုက်လျှင် ဒီနေရာက ပိုအေးစက်ပြီး ကြောက်စရာကောင်းသည်။ သူမ မြင်တွေ့နိုင်တာတွေအားလုံးက နေနဲ့ကောင်းကင်ကို ဖုံးအုပ်ထားတဲ့ သစ်ပင်အမြင့်ကြီးတွေပဲဖြစ်သည်။ သူတို့ကြားမှာ ရစ်နွယ်နေတဲ့ အစိမ်းရောင်နွယ်ပင်တွေတော့ရှိသည်။ ဒါက စက်တင်ဘာလကြီးပါ။ ဒါပေမဲ့ နွေးထွေးမှုနည်းနည်းမျှမရှိချေ။ နေရောင်တစ်ပြောက် နှစ်ပြောက်သာ မြင်နိုင်သည်။

“ခြေလှမ်းတွေ သတိထား” ဒီနေရာက အမြဲတမ်း လူသူမရှိ။ လျှောက်လမ်းတောင် မရှိသောကြောင့် မော့ချူးနဲ့ ကျန်သူတွေက ဆူးခြုံတွေကြား ရုန်းကန်ပြီး လျှောက်ကြရသည်။

နျဉ်ယိယွမ်က ရှေ့ဆုံးမှာ ရပ်နေသည်။ သူ့ရဲ့ ရှည်လျားတဲ့ ခန္ဓာကိုယ်က သူမကို ကာကွယ်ပေးသည်။ ကျုံးဝမ်ကတော့ နောက်ဆုံးမှာဖြစ်ပြီး သူက နည်းနည်းလေးတောင် စိတ်မအေးနိုင်ချေ။ သူက ဘေးဝဲရာကို စိုးရိမ်ထိတ်လန့်စွာနဲ့ ကြည့်နေသည်။

“အာဝူး” သွေးအလင်းသားရဲကတော့ သူတို့ရဲ့ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသားမကျပါဘူး။ သူက ဘယ်ခုန်လိုက်၊ ညာခုန်လိုက် သူ့ရဲ့ ပိုင်နက်ထဲမှာ ပျော်မြူးနေသည့်အတိုင်း စိတ်အေးလက်အေးပင်။

သွေးအလင်းသားရဲကြောင့်ပဲလား နျဉ်ယိယွမ်ကြောင့်ပဲလားတော့ မသိ သူတို့တော်တော်လေး ခရီးပေါက်သည်ထိတိုင် တိုက်ခိုက်မခံရသေးချေ။

ဒါတောင်မှ သူတို့ခရီးတွင်တာ တော်တော်လေးနှေးသည်။ သူတို့ နေ့တစ်ဝက်ကိုမှ မီတာ ၃ထောင်၊ ၄ထောင် အနည်းငယ်လောက်သာ ရောက်သေးသည်။ သစ်ပင်အမြင့်ကြီးတွေနဲ့ စိမ်းစိုနေတဲ့ ဒီနေရဦမှာ သူတို့ကို လူအုပ်စုကြီးက ဝိုင်းထားသလို ခံစားရသည်။ သူတို့ နည်းနည်းတော့ မွန်းကြပ်သည်။

စောစောလေးလောက်က သူတို့ အအေးဓာတ်ကို နည်းနည်းခံစားလိုက်ရသည်။ သို့သော်လည်း နေ့လည်တွင် နေက တောက်ပစွာ ထွန်းလင်းနေသောကြောင့် တောအုပ်တစ်ခုလုံး ပြုတ်ခံထားရသည့်အတိုင်းဖြစ်သည်။ တော်တော်လေးကို ပူပြင်းသည်။

“တစ်ခုခုလွဲနေပြီ” နျဉ်ယိယွမ်က ရုတ်တရက် ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

မော့ချူးက နဖူးက ချွေးကို သုတ်ကာမေးလိုက်သည်။ “ဘာဖြစ်လို့လဲ”

“ကြည့်လိုက်” နျဉ်ယိယွမ်က သူ့နားကသစ်ပင်တစ်ပင်ကို စူးရှစွာစိုက်ကြည့်လိုက်ပြီး ညွှန်ပြလိုက်သည်။ “ငါတို့ ဒီနေရာကို လွန်ခဲ့တဲ့ ၁နာရီလောက်က ရောက်ခဲ့ပြီးပြီ”

ဟာ? နျဉ်ယိယွမ် ညွှန်ပြလိုက်သည့် သစ်ပင်ကို ကြည့်ပြီး မော့ချူးက နည်းနည်းမူးဝေသလို ခံစားလိုက်ရသည်။ ဘာလို့ သူမအတွက် သစ်ပင်တိုင်းက အတူတူလိုဖြစ်နေရတာလဲ။ ဘာမှ သိပ်မကွာသလိုပါပဲ။

ဖြစ်နိုင်တာက ‌ယောကျ်ားလေးတွေက ထူးခြားတဲ လမ်းခရီးအမြင်နဲ့ မွေးဖွားလာတာကြောင့် ဖြစ်မည်။ နျဉ်ယိယွမ် ဖော်ပြလိုက်သည့်နောက်တွင် ကျုံးဝမ်ကလည်း တစ်ခုခုလွှဲနေတာကို ချက်ချင်း သဘောပေါက်လိုက်ပြီး “ဟုတ်တယ် ဆရာ”

“ဒါဆို ကျွန်မတို့က တစ်ပတ်လည်နေတာပေါ့” မော့ချူးက ဒါကဘာကို ဆိုလိုလဲဆိုတာ တန်းသဘောပေါက်လိုက်သည်။

“အမှန်ပဲ” ကျုံးဝမ်က နျဉ်ယိယွမ်ကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ “ကျွန်တော်တို့ တစ်ခြားတစ်ဖက်ကို လျှောက်ကြည့်ရအောင်လေ”

နောက်ထပ်တစ်နာရီကြာတော့ သူတို့ ဒီသစ်ပင်ကိုပဲ မြင်ရပြန်ပြီ။

“ငါတို့တော့ တကယ်ကြီး လမ်းပျောက်နေပြီ” မော့ချူး ခေါင်းကိုက်သည်။ သူမ ဘယ်ကိုသွားရမှန်းမသိတော့ချေ။

“ဟူး ဟူး” သူတို့အကြာကြီး လမ်းလျှောက်နေကြတာလား စိုးရိမ်နေကြတာလားတော့ မသိပေမဲ့ နောက်က ကျုံးဝမ်ကတော့ မောဟိုက်နေပြီ။

“အဆင်ပြေရဲ့လား” မော့ချူးက သိချင်ပြီး နောက်ကိုလှည့်လိုက်သည်။

“အဆင်ပြေပါတယ်” ကျုံးဝမ်က ပြုံးပြလိုက်သော်လည်း သူ့ရဲ့မျက်နှာက အနည်းငယ်ဖြူရော်နေသည်။

နျဉ်ယိယွမ်ကလည်း စိတ်ပူလာပါပြီ။ သူတို့ဒီမှာသာ နောက်ထပ် ၁မိနစ်လောက် ဆက်နေလိုက်မယ်ဆိုရင် တပ်သားတွေနဲ့ မော့ယန်တို့က အန္တရာယ်ကျရောက်နေလောက်ပြီ။

“ရှေ့ဆက်ချင်သေးလား” မော့ချူးက ခလုတ်ခုံထဲက ရေကို ထုတ်လိုက်ပြီး နှစ်ယောက်ကို ပေးလိုက်သည်။

“ဆက်ကြတာပေါ့” နျဉ်ယိယွမ်က ရေကို တစ်လုတ်ထဲနှင့် သောက်လိုက်ပြီး နဖူးက ချွေးကို သုတ်ကာ တစ်ခြားလမ်းကြောင်းကို သွားကြည့်သည်။

တော်တော်ကြာအောင် လျှောက်ပြီးတဲ့နောက်မှာ နျဉ်ယိယွမ်လဲ အနည်းငယ် ပင်ပန်းလာသည်။ သူက တော်တော်လေးကို မောဟိုက်နေသည်။

သူတို့ဘေးက သွေးအလင်းသားရဲကတော့ မြေပြင်ပေါ်ပစ်လဲသွားပြီ။ သူ့ရဲ့တစ်ကိုယ်ကို ချွေးတွေနဲ့ ပူအိုက်နေသည်။

အဲ့ဒီအချိန်မှာပဲ နျဉ်ယိယွမ်က တစ်ခုခုလွဲနေပြီဆိုတာကို သတိထားမိလိုက်သည်။

သူက သူ့ရဲ့ကိုယ်ပိုင်ခွန်အားကို ရှင်းရှင်းလင်းလင်းသိသည်။ တစ်မနက်မပြောနဲ့ သူတို့နှစ်ရက်လောက် လမ်းလျှောက်ရင်တောင် သူက မောပန်းမှာ မဟုတ်ပါဘူး။

နောက်ပြီး သူက ကျုံးဝမ်ကို ကြည့်လိုက်သည်။ သူက မြေပြင်ပေါ်ဒူးထောက်ထားသည်။ သူ့ရဲ့မျက်နှာက ဖြူရော်ပြီး သူ့ရဲ့ခေါင်းက ချွေးတွေပြည့်နေသည်။ ဒီနောက်လိုက်လေးက အားနည်းတယ်လို့ထင်ရသော်လည်း သူ့ရဲ့သန်မာမှုကတော့ အထင်သေးလို့မရပါ။ ဘာလို့သူက အခု သေချာပေါက် ပြဿနာကတော့ ရှိနေရမယ်။ ဒီလောက်အားနည်းနေရတာလဲ။

နျဉ်ယိယွမ်က မျက်ခုံးတွေကို ပိုပြီး တင်းကြပ်စွာ ကြုတ်ထားလိုက်သည်။ သူက မောတာကို ထိန်းထားလိုက်ပြီး သူ့ရဲ့ခေါင်းကို အတွေးထဲ နှစ်မြုပ်ထားလိုက်သည်။

တော်တော်လေးကြာပြီးတဲ့နောက်မှာ သူက ခေါင်းထောင်လိုက်သည်။ သူ့မျက်နှာ ပြန်တည်ငြိမ်သွားပြီး သူ့ရဲ့ မျက်လုံးတွေကလည်း တည်ငြိမ်နေသည်။ ဒါကမဟုတ်မှလွဲရော... သူတို့က ဆွဲငင်အား သစ်ပင်ပိုင်နက်ထဲကို ခြေခြလိုက်တာလား။

“ဆွဲငင်အားသစ်ပင်” ကျုံးဝမ်က နျဉ်ယိယွမ်ရဲ့ ထင်မြင်ချက်ကို ကြားပြီး တုန်လှုပ်သွားသည်။

သူတို့က ဒီသစ်ပင်ရဲ့နာမည်ကို အရင်ကပဲ ကြားဖူးပြီး တစ်ခါမှ ကိုယ်တွေ့မကြုံဖူးချေ။ သူတို့ ဒီလိုနေ့မှာ ကြုံတွေ့ရလိမ့်မယ်လို့ ထင်ထားမိမှာ မဟုတ်ပေ။

ဆွဲငင်အားသစ်ပင်က အလွန်ထူးခြားတဲ့ မကောင်းဆိုးဝါးအပင်ဟု ကောလဟာလတွေရှိသည်။ သူက ဘာတိုက်ခိုက်မှုစွမ်းအင်မှ မရှိသော်လည်း သူ့ရဲ့ ပိုက်နက်အတွင်း အလွန်ထူးခြားတဲ့ သံလိုက်စက်ကွင်းကိုတော့ ထုတ်လွှတ်ပေးနိုင်သည်။

တစ်ယောက်ယောက်က ခြေချသွားလိုက်သည်နှင့် သူတို့က ခန္ဓာကိုယ်က မသိမသာ အားနည်းလာပြီး စိတ်ကလည်း ကသိကအောက်ဖြစ်လာမည်။

တစ်ယောက်ယောက်က သူတို့ရဲ့ ခန္ဓာကိုယ်မှာ သတ္တုပန်းကန်ပြားကြီး လည်ပင်းဆွဲထားရမလို ဖြစ်နေလိမ့်မည်။ ပထမဆုံး တစ်ယောက်တည်းပါပဲ နောက်တော့ စုပုံလာမည်။ အဲ့ဒီပုဂ္ဂိုလ်က လုံးဝကို မောကျသွားတဲ့အချိန်မှာ ဆွဲငင်အားသစ်ပင်က သူ့ကို မြေကြီးပေါ်ဆွဲချသွားပြီး သူ့ရဲ့ မြေဩစာအဖြစ် ပြုလုပ်လိုက်မည်ဖြစ်သည်။

ပိုပြီးကြောက်စရာကောင်းတာကတော့ ဆွဲငင်အားသစ်ပင်က ဘယ်လိုပုံမျိုးလဲဆိုတာ ဘယ်သူမှ မသိတာပါပဲ။ များသောအားဖြင့် မင်းတို့ ရှာတွေ့သွားတဲ့အချိန်ဆို လုံးဝနောက်ကျသွားပြီ။

ဆွဲငင်အားသစ်ပင်နဲ့ ပတ်သက်တဲ့ အချက်အလက်ကို သေဆုံးသွားတဲ့ စစ်သားတစ်ယောက်ရဲ့ ကိုယ်ပိုင်ခလုတ်ခုံမှ ရယူခဲ့သည်။

နျဉ်ယိယွမ်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးနောက် မော့ချူးကတော့ အလွန်ကို ကြောက်လန့်သွားခဲ့သည်။

အဓိကကွင်းကို ကန့်သတ်နေရာအဖြစ်သတ်မှတ်ထားတာ မဆန်းတော့ဘူး။ သူတို့ဝင်သွားတာဖြင့် မကြာသေးဘဲ ဒီလို စွမ်းအားကြီးတဲ့ မှော်အပင်နဲ့ ကြုံတွေ့နေရပြီ။

“နေပါဦး” ကျုံးဝမ်က လေးလေးလံလံနဲ့ ပြောလိုက်ပြီး သူ့ရဲ့တစ်ကိုယ်လုံးက ချွေးတွေနဲ့ စိုရွှဲနေသည်။ သူက မော့ချူးကို အံ့ဩသည့်ပုံစံဖြင့်ကြည့်လိုက်ပြီး “မင်းကရော ဘာလို့ဘာမှမဖြစ်တာလဲ”

ဒါအမှန်ပါပဲ

မော့ချူးက ကျုံးဝမ်ပြောမှ သတိထားမိလိုက်သည်။ သူမက ဆွဲငင်အားသစ်ပင်ရဲ့သက်ရောက်ခြင်းကို မဟုတ်ရတဲ့ အဖွဲ့ထဲက တစ်ဦးတည်းသောသူပင်။ သူမက ခြေတွေလက်တွေကို လှုပ်ကြည့်လိုက်တော့ ဘာပြဿနာမှ မရှိနေချေ။

“ဒါကောင်းတာပေါ့” ကျုံးဝမ်က အနည်းငယ်သက်သာရာရသွားသည်။ မော့ချူးက ဘာလို့ ဆွဲငင်အားသစ်ပင်ရဲ့ သက်ရောက်မှုကို မခံရလည်း မသိပေမဲ့ ဒါက သူတို့အတွက်တော့ သတင်းကောင်းပါပဲ။ အနည်းဆုံးတော့ လူတစ်ယောက်က လှုပ်နိုင်သေးတယ်ဆိုတော့ သူတို့ဒီနေရာမှာ ပိတ်မိနေမှာမဟုတ်ဘူး။

“နေဦး” နျဉ်ယိယွမ်က ထဖို့ ခက်ခဲနေသည်။ သူက မော့ချူးကို သူ့ရဲ့နောက်မှာ ကာကွယ်ထားဆဲပင်။ သူက သက်ပြင်းရှူလိုက်ပြီးတော့ ဆက်လိုက်သည်။ “ငါတို့အားလုံး လဲကျနေပြီဆိုတော့ ဆွဲငင်အားသစ်ပင်က ငါတို့နဲ့ အနီးနားမှာရှိနေတဲ့ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်”

“ဆရာ” ကျုံးဝမ်က သူ့ကို ခွင့်မပြုတဲ့ပုံနဲ့ကြည့်လိုက်သည်။ သိထားဖို့တစ်ခုက တစ်ယောက်ယောက်က ဆွဲငင်အား သစ်ပင်ပိုင်နက်ထဲ ခြေချလိုက်တာနဲ့ အကောင်းဆုံး လုပ်ဆောင်နိုင်တာက ငြိမ်ငြိမ်လေးနေလိုက်ဖို့ပဲ။ မဟုတ်ရင် သူတို့လှုပ်ရှားလေ‌လေ ပိုပြီး နစ်လေလေပါပဲ။

“ငါ ဒါနဲ့ ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်ကြီးရနေတယ်” နျဉ်ယိယွမ်က ဘာမှဆက်မပြောတော့ပါဘူး။

သူက သူ့ရဲ့နောက်က မော့ချူးကို ကြည့်နေသည်။ သူမက အဆင့်(၄)ဆိုရင်တောင် အဓိကကွင်းအတွက် အရမ်းငယ်နေသေးသည်။

All Chapters