အပိုင်း ၅၉
Vol. 4 Ch. 59
နောက်ဆုံးမှာတော့ မော့ချူးက နျဉ်ယိယွမ် သူမကို ချီခွင့်မပြုခဲ့ပါ။ အဲ့ဒီအစား သူမက သွေးအလင်းသားရဲ၏ အပေါ်မှ ထိုင်လိုက်သွားသည်။
ဝိုင်းဝိုင်း ဒီကောင်လေးက လူကဲခတ်တော်တော်လေး တော်သည်။ နျဉ်ယိယွမ်က မော့ချူးရဲ့ရှေ့မှာ ဆောင့်ကြောင့်ထိုင်လိုက်ကတည်းက သူက ချက်ချင်းဘဲ မော့ချူးရဲ့ရှေ့မှာ ရပ်ချလိုက်သည်။
နှစ်ယောက်ထဲက ရွေးရမယ်ဆိုရင် မော့ချူးက သွေးအလင်းသားရဲကိုပဲ ရွေးရမှာပဲလေ။
“အာဝူး အာဝူး” သို့သော်လည်း ဒီအကောင်လေးက ကန့်သတ်ချက်ကို မသိခဲ့ပါဘူး။ တစ်ခါတစ်ခါ သူက နျဉ်ယိယွမ်ကို မျက်စောင်းဖြင့်ကြည့်သည်။ ဟွန့် မင်းက ငါ့ရဲ့စားဖိုမှူးကို ဖြတ်ခုတ်ဖို့ကြိုးစားနေတာလား။ ငါ သူမကို တွေ့ဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာကိုရော သိရဲ့လား။ ငါ မင်းအတွက် စကားနှစ်လုံးရှိတယ်။ လုံးဝမဖြစ်နိုင်ဘူး။
ကျုံးဝမ်က ထောင့်နားမှာ ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေပြီး သူ့ရဲ့ဆရာကို ကြည့်နေလိုက်သည်။ သူရဲ့ ချောမောတဲ့မျက်နှာက ချက်ချင်းငိုင်ကျသွားပုံက နည်းနည်းတော့ ရယ်ချင်စရာကောင်းသည်။
သူလုပ်ပေးနိုင်တာကတော့ ဘာမှမရှိပါဘူး။ သူက အမြဲတမ်း အေးစက်နေပြီး ဩဇာလွှမ်းတဲ့ သူရဲ့ ဆရာက ကလေးမလေးတစ်ယောက်ကို မှော်သားရဲတစ်ကောင်နဲ့ လုပြီးရှုံးသွားတဲ့ ပုံစံကို တွေးပြီး ပြုံးလိုက်သည်။
အရေးကြီးတဲ့အချက်က ဒါက ကလေးမလေးတစ်ယောက်အတွက် ယှဉ်ပြိုင်ခြင်းပင်။ ဒါပေမဲ့ နောက်ဆုံးတော့ သူရှုံးနိမ့်သွားခဲ့သည်။
ကျုံးဝမ်က မော့ချူးကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဆရာအတွက် သက်ပြင်းချလိုက်သည်။ ဟူး။
မော့ချူးက သွေးအလင်းသားရဲရဲ့ ကိုယ်ပေါ်မှာ မတ်မတ်ကြီးထိုင်နေသည်။ သူ့ရဲ့ကျောပြင်က အမွှေးထူတဲ့ အလွှာတွေက သိုးမွေးကော်ဇော်ကြီးလို နူးညံ့နေသည်။ သက်သောင့်သက်သာရှိလွန်းသိအတွက် မှေးတောင် မှေးလိုက်ချင်သည်။
ရုတ်တရက် မော့ချူးက သူမရဲ့မျက်လုံးတွေကို လက်နဲ့အုပ်လိုက်သည်။ တစ်ခုခုက အလင်းပြန်နေပြီး သူမကို ထိုးနေသည်။
ဒါကိုမြင်ပြီး သွေးအလင်းသားရဲက သူ့ရဲ့လက်ကြီးတွေကို မြှောက်လိုက်ပြီး ဘေးမှာ မြက်တွေထားလိုက်သည်။
ဒင် ဒေါင်
အသံနဲ့အတူ ရွှေရောင်တောက်နေတဲ့ အရာတစ်ခု ပြုတ်ကျသွားသည်။
နျဉ်ယိယွမ်က ငုံ့ကြည့်လိုက်ပြီးတော့ သူ့ရဲ့မျက်နှာထားက ချက်ချင်းပြောင်းလဲသွားသည်။
“ဒါက...” ကျုံးဝမ် မျက်လုံးများ မှေးသွားသည်။ “ဒါက အဖွဲ့ချုပ်ရဲ့ စစ်ရေး သင်္ကေတပဲ”
စစ်တပ်ရဲ့သင်္တေတက ကြယ်ငါးပွင့် ပုံသဏ္ဌာန်ပါ။ အနီရောင်နောက်ခံကို ရွှေသတ္တုပြားအလွှာဖြင့် ဖုံးအုပ်ထားသည်။ နီရဲနေတဲ့သွေးစွန်းနေရုံမှတပါး သူက အလွန်လက်ရာမြောက်နေဆဲပင်။
“သူတို့ တစ်ခုခုဖြစ်ခဲ့တာနေမှာ” ကျုံးဝမ် စစ်တပ်တံဆိပ်ကို သူ့ရဲ့လက်ထဲမှာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီးတော့ နျဉ်ယိယွမ်ကို ကြည့်နေလိုက်သည်။
“သွားကြစို့” နျဉ်ယိယွမ်ကတော့ အများကြီးဘာမှ မပြောချေ။ သို့သော် သူ့ရဲ့မျက်နှာထားက ပိုပိုမှောင်မဲလာပြီး ခြေလှမ်းတွေကလည်း ပိုပိုမြန်လာသည်။
သူတို့က စစ်တံဆိပ်ရဲ့လမ်းအတိုင်းကို သွားလိုက်ကြသည်။ ၇မီတာ၊ ၈မီတာလောက်လျှောက်ပြီးတဲ့နောက်မှာ သူတို့က တော်တော်လေးပြင်းတဲ့ သွေးနံ့ကို ရလိုက်ကြသည်။ အဲ့ဒါက သူတို့ရှူရှိုက်စရာမလိုဘဲ နှာခေါင်းထဲတန်းဝင်သွားလောက်အောင် ပြင်းထန်နေသည်။
နျဉ်ယိယွမ်က လမ်းလျှောက်နေတာရပ်လိုက်ပြီး စပြေးတော့သည်။ သွေးအလင်းသားရဲက ဒီလူသားက သူနဲ့ပြိုင်နေတယ်ထင်ပြီးတော့ သူကလည်း စပြေးတော့သည်။ တစ်ဖက်မှာတော့ ကျုံးဝမ်က ကျန်နေရစ်ခဲ့သည်။
“အစ်ကို” သူတို့နီးလာတဲ့အချိန်မှာ မော့ချူးက ရုတ်တရက် မော့ယန်ကို တွေ့လိုက်ရသည်။ သူက သစ်ကိုင်းတွေနဲ့ တော်တော်လေး ရှုပ်ရှုပ်ထွေးထွေးဖြစ်နေသည်။ သို့သော်လည်း သူ့ရဲ့ အနည်းငယ်ဖြူဖျော့နေတဲ့မျက်နှာကလွဲလို့ အခြေအနေဆိုးတဲ့ပုံတော့ မဟုတ်ချေ။
အဲ့ဒီတော့မှာ မော့ချူးလည်း သက်ပြင်းချလိုက်တော့သည်။ သူမက ဘေးကိုကြည့်လိုက်ပြီး ရုတ်တရက် ကြောင်ကြည့်နေသည်။
ဒီမြေမှာ လတ်ဆက်နေတဲ့သွေးတွေ ခြောက်ပြီး လွှမ်းနေသည်။ သွေးတွေရဲ့အနံ့က သူတို့ကို ငရဲရောက်နေသလို ခံစားစေလိုက်ရသည်။
အနီးနားမှာ လူသေအလောင်းတစ်ချို့ကို တွေ့လိုက်ရသည်။ သူ့တို့ ခန္ဓာကိုယ်က သွေးတွေက ခြောက်သွေ့နေပြီး အရိုးတွေကို ဖုန်းထားတဲ့ အရေပြားတွေသာကျန်ခဲ့တော့သည်။ ဒါတောင်မှ သူတို့ရဲ့မျက်နှာက အကြောက်တရားတွေကို မြင်နေရသေးသည်။ သူတို့ရဲ့မျက်လုံးတွေက ပြူးကျယ်နေတာက မလိုလားမှုတွေကို ဖော်ပြနေသည့်အတိုင်းပါ။
ဒီမှော်အပင်က ဘယ်လိုအမျိုးအစားပါလိမ့်။ တကယ်ကို အစွမ်းထက်လွန်းတာပဲ။
မော့ချူး အလည်တည့်တည့်ကို ကြည့်လိုက်သည့်အခါ သူမ ကြက်သေသေသွားတော့သည်။
အဖွဲ့ချူပ်မှာ နေလာတာကြာပြီး သူမရှင်းရှင်းလင်းလင်းသိလိုက်တာက မှော်သားရဲတွေက အလွန်စွမ်းကြပြီး မှော်အပင်တွေကလည်း တကယ့်ကောင်တွေဆိုတာ သိလိုက်ရသည်။
သို့သော်လည်း သူမရဲ့ ရှေ့မှာရှိနေတာက ဘယ်လိုဟာကြီးလဲ။ ခန္ဓာကိုယ်အပေါ်ပိုင်းက ဖွတ်ကြီးဖြစ်နေပြီး အောက်ပိုင်းက သစ်ပင်ပင်စည်ကြီးဖြစ်နေသည်။
“သူတို့ကို အရင်ကယ် နျဉ်ယိယွမ်ကလည်း ပုံပျက်နေတဲ့ မှော်အပင်ကို မြင်သည်။ သူက စက္ကန့်အနည်းငယ်လောက် ကြောင်ကြည့်နေပြီး သစ်ကိုင်းတွေနဲ့ အကျပ်ရိုက်နေကြတဲ့ တပ်သားတွေကို ကယ်ဖို့ ချက်ချင်းပဲ လှည့်လိုက်သည်။
အစာတွေအများကြီး တွေ့လိုက်ရတဲ့အခါ ဖွတ်အပင်က ပိုပြီးတောင် စိတ်လှုပ်ရှားလာသည်။ သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းက သစ်ကိုင်းတွေကို ဖြန့်ကျက်လိုက်ပြီး သူတို့ကို တိုက်ခိုက်တော့သည်။
သူ့ရဲ့အပေါ်ပိုင်းက လက်သည်းတွေက သစ်ကိုင်းတွေကြားက တပ်သားတွေကို ယူပြီး ပါးစပ်ထဲကို ထည့်လိုက်သည်။ တစ်ကိုက်ကိုက်လိုက်ရုံနဲ့ ခန္ဓာကိုယ်က ပွင့်ထွက်သွားသည်။ မော့ချူးက ဝါးနေတဲ့အသံနဲ့ အသားကို ကိုက်ဖြတ်နေတဲ့ အသံတွေကိုတောင် ကြားရသည်။
“အား”
သနားစရာအလွန်ကောင်းတဲ့ အော်သံက တောတစ်ခုလုံးကို ဟိန်းသွားစေသည်။
ဖွတ်သစ်ပင်ကတော့ စိတ်ထဲရှိတဲ့ပုံ မပေါ်ချေ။ တကယ်တော့ သူက ပျော်နေသည့်ပုံတောင်ပေါက်သည်။ သူ့ရဲ့ မေးစေ့အောက်က အနည်းငယ်ပေပွသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာဘဲ တပ်သားက အရိုးခြောက်အဖြစ်ပြောင်းသွားသည်။
သစ်ပင်ရဲ့ အံ့ဖွယ်ခွန်အားကို တွေ့လိုက်ရတော့ သူတို့ခန္ဓာကိုယ်တွေ အေးစက်သွားကြပြီး တက်နိုင်သလောက် မြန်မြန်လှုပ်ရှားကြတော့သည်။
နျဉ်ယိယွမ်ကတော့ အသန်မာဆုံးပါ။ သူက ဖွတ်သစ်ပင်ကိုပဲ တိုက်ခိုက်ဖို့ အာရုံစိုက်ထားသည်။ သူ့ရဲ့ လေဓားတွေက မလွဲခဲ့ပါ။ သူတို့ ဖွတ်သစ်ပင်ရဲ့ခန္ဓာကိုယ်ကို ထိမိသွားတဲ့အချိန်မှာ ဒဏ်ရာအနည်းငယ်တော့ ချန်ထားခဲ့သေးသည်။
သို့သော်လည်း နှစ်မိနစ်အတွင်းမှာဘဲ အဲ့ဒီဒဏ်ရာတွေက ပျောက်ပြီး ပြန်ကုစားလိုက်သည်။ ဒါကြီးက တော်တော်ကြောက်စရာကောင်းသည်။
ဒီလိုနဲ့ ဖွတ်သစ်ပင်ကြီးက နှိမ်နင်းလို့မရဖြစ်နေသည်။
နျဉ်ယိယွမ် အာရုံလွှဲထားတာကို အသုံးချပြီး မော့ချူးနဲ့ ကျုံးဝမ်တို့က သစ်ကိုင်းတွေကြားက မော့ယန်နဲ့ တစ်ခြားတပ်သားတွေကို ကယ်ခဲ့ကြသည်။
“အစ်ကို အဆင်ပြေရဲ့လား” မော့ချူးက သူမ နီးနီးကပ်ကပ်ကြည့်လိုက်သည့်အခါ တုန်လှုပ်သွားသည်။ သစ်ကိုင်းတွေက အလွန်ကြပ်စွာညစ်ထားသည်။ သွေးတွေထွက်နေရုံတင်မကဘဲ တစ်ချို့အရိုးတွေကို မြင်နေရတော့သည်။
“အဆင်ပြေပါတယ်” မော့ယန်က သူ့ရဲ့လက်ကို ယမ်းလိုက်သည်။ မော့ချူး လုံးဝမထိခိုက်ထားတာကို ကြည့်လိုက်ပြီး သူက သက်ပြင်းချလိုက်သည်။
“မော့ချူး မင်းသူတို့ကို ကြည့်ထားလိုက်ဦး” ကျုံးဝမ်က ပြောလိုက်ပြီး နျဉ်ယိယွမ်ကို ကူညီဖို့ သွားလိုက်သည်။
သူတို့နှစ်ယောက်ရဲ့တိုက်ခိုက်မှုတွေက ပိုပိုပြီး ကြမ်းလာသည်။ သူတို့ရဲ့ ဒြပ်စွမ်းအင်တွေက ဖွတ်သစ်ပင်ကို တိုက်ခိုက်နေတဲ့အချိန်မှာ ရေလှိုင်းများသကဲ့သို့ပင်။ သူတို့က သူ့ရဲ့ခန္ဓာကိုယ်ကို မရေမတွက်နိုင်တဲ့ ဒဏ်ရာတွေပေးပြီး သွေးတွေပန်းထွက်စေသည်။
သို့သော် ဖွတ်သစ်ပင်ကတော့လုံးဝကို ဂရုမစိုက်ချေ။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဒဏ်ရာတွေရဲ့တစ်ဝက်ကျော်ကျော်လောက်က ပြန်ကောင်းသွားသည်။
တစ်ဖက်မှာတော့ နျဉ်ယိယွမ်နဲ့ ကျုံးဝမ်တို့က အားအင်တွေလျော့ကျလာသည်။ သို့သော်လည်း သူတို့က အံကိုကြိတ်ကာ ကြံ့ကြံ့ခံထားသည်။
“အသုံးမဝင်ဘူး” မော့ယန်က ကြည့်ပြီး စိုးရိမ်စွာနဲ့ အော်လိုက်သည်။ “ကျွန်တော်တို့ သူ့ကိုတိုက်ခိုက်ဖို့ ကြိုးစားကြည့်ပြီးသွားပြီ။ ဒါပေမဲ့ သူ့ရဲ့ ပြန်ကောင်းလာနိုင်တဲ့အစွမ်းက အရမ်းသန်တယ်”
အဲ့ဒါကြောင့်မို့လို့လည်း သူတို့က ဒီမှာပိတ်မိနေပြီး နောက်ဆုံးတော့ ဒြပ်စွမ်းအင်တွေ ကုန်သွားကြကာ မျှော်လင့်ချက် မဲ့နေကြတော့သည်။
မော့ချူးက ဒီခုန်ပျံနေကြတဲ့ သစ်ကိုင်းတွေနဲ့ အလှုပ်ရှုပ်နေသည်။ သူမအဲ့ဒါကို ကြားလိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ ဒါကြီးက ဖြေရှင်းလို့ရတဲ့ နည်းလမ်း မရှိတော့ဘူးလား။
အဲ့ဒီအချိန်မှာဘဲ သွေးအလင်းသားရဲက ရှေ့ကို ပြေးသွားလိုက်သည်။ ဘယ်သူမှ ဘာမှမတုံ့ပြန်နိုင်လိုက်ချိန်မှာဘဲ သူက ဖွတ်ခန္ဓာကိုယ်နဲ့ သစ်ပင်ပင်စည်နဲ့ ဆက်ထားနဲ့နေရာကို ကိုက်ချလိုက်သည်။ သူ့ရဲ့သွားတွေက အရမ်းထက်ပြီး ပြင်းထန်တော့ လတ်ဆတ်နေတဲ့ သွေးတွေပန်းထွက်လာသည်။
“ဂီး ဂီး” ဖွတ်သစ်ပင်က စူးစူးဝါးဝါးအော်လိုက်သည်။ သူက သွေးအလင်းသားရဲကို ယမ်းခါဖို့ အဆက်မပြတ်ကြိုးစားနေသည်။ သို့သော်လည်း ဝိုင်းဝိုင်းကတော့ မြေကြီးကို အခြေခိုင်ခိုင်နေထားပြီး လုံးဝကို မလှုပ်ချေ။
“မြန်မြန်ဆုတ်” နျဉ်ယိယွမ်က သွေးအလင်းသားရဲက ဖွတ်အပင်ရဲ့အားနည်းချက်ကို သိမယ်ဆိုတာ မသိခဲ့ချေ။ သို့သော် သူတို့ကတော့ ဒီအခွင့်အရေးကို ထွက်ပြေးဖို့ အသုံးချရလိမ့်မည်။
ဖွတ်သစ်ပင် တိုက်ခိုက်နိုင်တဲ့ ပိုင်နက်ကလည်း အကန့်အသတ်ရှိသည်။ သူတို့ ပြန်ဆုတ်နိုင်သရွေ့ စိတ်ပူစရာမလိုတော့ပေ။
မော့ချူးနဲ့ တစ်ခြားသူတွေ ခပ်ဝေးဝေးရောက်သွားတာကို တွေ့လိုက်တော့ သွေးအလင်းသားရဲလည်း နောက်ဆုံးတော့ ကိုက်ထားတာကို လွှတ်လိုက်သည်။ ဖွတ်သစ်ပင်တုံ့ပြန်နေတာကို စောင့်မနေတော့ဘဲ သူက အလင်းကဲ့သို့ အမြန်ဆုံးပြန်ပြေးတော့သည်။