← Chapters

အပိုင်း ၆၀

Vol. 4 Ch. 60

အပိုင်း ၆၀

Vol. 4 Ch. 60

ရက်အနည်းငယ်သာ ရှိသေးသော်လည်း ပင်လယ်နက်တောအုပ်ကတော့ မော့ချူးနဲ့ မော့ယန်တို့အတွက် လေးနက်တဲ့ ထင်မြင်ချက်ကို ချန်ထားပေးခဲ့သည်။ အခု သူတို့အဲ့ဒီအကြောင်းကို တွေးလိုက်တဲ့အခါ တစ်ခုခုကို သိလိုက်ရသလိုမျိုးပါ။

တစ်ဖက်မှာတော့ ဝိုင်းဝိုင်းက အရသာရှိတာတွေကိုပဲ အာရုံရသည်။ သူတို့ပြန်ရောက်စဘဲ ရှိသေးတာကို သူက မော့ချူးကို သူရသင့်တာအတွက် ပြောနေပြီ။

“အာဝူး အာဝူး” သွေးအလင်းသားရဲ၏ ရေတွေစိုရွှမ်းနေတဲ့ မျက်လုံးကြီးတွေက မကျေနပ်မှုတွေကို ဖော်ပြနေသည်။ သူပြောချင်တဲ့ပုံက မင်း ငါ့အတွက် အရသာရှိတာ တစ်ခုခုချက်သင့်နေပြီ။ ဒီမှာဆာနေရတာ လွန်ခဲ့တဲ့နှစ်ရက်လုံးပဲ။

သူက ပတ်ခုန်နေပြီး ဆိုဖာကို ကြမ်းကြမ်းတမ်းတမ်းလုပ်နေသည်။ မောချူးက ဒီအကောင်သေးသေးလေးကို ချလိုက်သည်။ သေစမ်း။ ခုန်နေတာရပ်လိုက်တော့ မဟုတ်ရင် ဆိုဖာ ဆုတ်ပြဲသွားလိမ့်မယ်။

ဗိုက်ဆာနေတာလား။ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဝိုင်းဝိုင်းရဲ့အလေးချိန်နဲ့ဆို အစားမစားဘဲ ၁ပတ်၊ ၂ပတ်လောက်နေနိုင်ရလိမ့်မည်။

သို့သော်လည်း ဒီတစ်ချိန်မှာ ဒီအကောင်လေးက သူတို့ကိုကူညီခဲ့သည်။ မဟုတ်ရင် သူတို့ ဒီလို မြန်မြန် ဖွတ်သစ်ပင်ရဲ့လက်ကနေ လွတ်မည်မဟုတ်ပေ။

ဒါကို တွေးပြီး မော့ချူးက ဝိုင်းဝိုင်းရဲ့ခေါင်းလေးကို ပုတ်လိုက်သည်။ သူမက သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ မီးဖိုချောင်ထဲကို လျှောက်သွားလိုက်သည်။

သူမ ယူလာခဲ့တဲ့ ဝက်ဝံရိုင်းအသားကို မတို့ရသေးပေ။ အခုတော့ ချက်ပြုတ်ဖို့ အချိန်ကြပြီလေ။

ဝက်သားဟင်းနှင့် ပတ်သက်လာလျှင် ချက်ပြုတ်ဖို့ နည်းလမ်းအများကြီးရှိသည်။ နောက်ပြီး ဝက်ဝံရိုင်းက ကြီးသည်။ သူမက စားလို့မရတဲ့အပိုင်းတွေကို ဖယ်ပစ်လိုက်မည်ဆိုရင်တောင် ၃ပုံ၂ပုံလောက်နီးပါး ကျန်ခဲ့ဦးမည်။

မော့ချူးက ဝက်နံရိုးတစ်ပိုင်းကို ယူလိုက်သည်။ သူ့ကို အသားတစ်လွှာ အဆီတစ်လွှာ ခွဲလိုက်သည်။ ဒါမျိုးက ဝက်သားနှပ်အတွက် သင့်တော်သည်။

အချိန်တွေကုန်သွားတာနဲ့အမျှ မော့ချူးရဲ့ ဓားကိုင်တဲ့စကေးကလည်း တက်လာသည်။ သူမက သန့်ရှင်းနေတဲ့ ဝက်ဗိုက်သားတွေကို သုံးစင်တီမီတာလောက်ရှိတဲ့ အတုံးတုံးလေးတွေ လုပ်လိုက်သည်။ ထို့နောက် သူမက ရေမှော်တွေကို လှီးဖြတ်လိုက်သည်။

ပြီးတော့ မီးကိုမွှေးလိုက်သည်။ ပထမဆုံး အိုးထဲကို ရေအေးထည့်လိုက်ပြီး လှီးထားတဲ့ အသားကို ထည့်လိုက်သည်။ သူမက ပါဝင်ပစ္စည်းတွေကို မဖယ်မှီ ၃မိနစ်လောက် ပြုတ်ထားလိုက်သည်။ နောက်ပြီး သူမက အသားရဲ့မျက်နှာပြင်ကို ရေနွေးနွေးနဲ့ ဆေးချလိုက်သည်။ ရေကိုဖယ်ထားလိုက်ပြီး နောက်ပြန်အသုံပြုရန်ထားလိုက်သည်။

ထို့နောက် သူမက ပဲဆီနဲ့ သကြားအနည်းငယ်ထည့်လိုက်သည်။ ပြုတ်ထားသည့် ဝက်ဗိုက်သားကို အိုးထဲထည့်လိုက်ပြီး အသားရဲ့မျက်နှာပြင်ပေါ်သကြားများစိမ့်ဝင်သွားစေရန် မြန်မြန်မွှေလိုက်သည်။ ဆားထည့်လိုက်သည်။ သူမက ရေမှော်ပင်တွေထည့်လိုက်ပြီး မွှေနေလိုက်သည်။ အသားရဲ့အရောင်ပြောင်းလာတာကို တွေ့လိုက်တဲ့အခါ သူမက ဝက်သားကို ဖုံးသွားလောက်တဲ့ ရေပမာဏနဲ့ ထည့်လိုက်သည်။ ပွက်လာတဲ့အခါ သူမက မီးအပူကို လျှော့လိုက်သည်။ အဖုံးဖုံးထားပြီး တစ်နာရီလောက် နူးထားလိုက်သည်။ နောက်ဆုံးတော့ သူမက လုံးဝကျပ်သွားအောင် မီးအပူကို မြှင့်လိုက်သည်။

“အာဝူး အာဝူး” ဟင်းနံ့က အရမ်းမွှေးနေသည်။ မော့ချူးက ဟင်းကို ယူလာတာနဲ့ ဝိုင်းဝိုင်း ရူးသွပ်သွားတော့သည်။ သူက ခုန်ပေါက်ပြီး တောင်ပြေးမြောက်ပြေး လုပ်နေသည်။

အနီရောင်အသားနှပ်ရဲ့ အနံ့က အရမ်းထူးခြားသည်။ တောက်ပနေတဲ့ အရောင်နဲ့ လူတစ်ယောက်ရဲ့ စားချင်စိတ်ကို ပေးစွမ်းနိုင်သည်။

မော့ချူးက ဝိုင်းဝိုင်းအတွက် သီးသန့် ပန်းကန်လုံးအကြီးကြီးကို ထုတ်လိုက်သည်။ ပန်းကန်လုံးရဲ့ ဝင်ဆံ့မှုက အိုးတစ်ဝက်လောက်ရှိသည်။ သူမက ဝိုင်းဝိုင်းရဲ့ ပန်းကန်ထဲကို အသားတုံး တော်တော်များများကို ထည့်လိုက်သည်။ ကျန်တာကတော့ မော့ယန်နဲ့ သူမအတွက်ဖြစ်သည်။

မော့ချူးဘာမှ မပြောခင်မှာဘဲ မော့ယန်က ပန်းကန်လုံးကို ယူလိုက်သည်။ သူကလည်း ထမင်းကို ပြင်ဆင်ထားလိုက်ပြီး မော့ချူးနဲ့ စားဖို့ စောင့်နေသည်။

“ကောင်းလား” မော့ချူးက အဖြေမလိုပါဘူး။ သူမက မော့ယန်ရဲ့ ကျေနပ်နေတဲ့ မျက်နှာထားနဲ့ ဝိုင်းဝိုင်းရဲ့ ပန်းကန်ထဲက မြန်မြန်ပျောက်သွားတဲ့ အသားတုံးတွေကို ကြည့်ပြီးကို အဖြေကရပြီးသားပါ။ သူမ မပျော်ဘဲ မနေနိုင်တော့ပါ။ သူမကလည်း တူနဲ့ အသားတုံးတစ်တုံးယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

ဒါအနီရောင်အသားနပ်က ပါးပေမဲ့ မကြွပ်ပါဘူး။ သူက ဝပေမဲ့ အဆီများပါဘူး။ အဲ့ဒါက ၂၁ရာစုက ဝက်သားဟင်းတွေထက် အနံက ပိုမွေးသည်။

သူတို့သုံးယောက်လုံးက ဝက်သားတစ်အိုးလုံးကို နာရီဝက်အတွင်း ကုန်အောင်စားလိုက်ကြသည်။ ဒါတောင်မှ အာသာမပြေကြသေးပေ။

...

တစ်ဖက်မှာတော့ နျဉ်ယိယွမ်က ပျော်ရွှင်မနေချေ။

ပူပြင်းနေတဲ့ နေရောင်အောက်မှာ တပ်သားအားလုံးက ဖြောင့်ဖြောင့်ရပ်ပြီး ဒုက္ခခံနေကြရသည်။

သူတို့ရဲ့နဖူးက ချွေးတွေပေါက်ပေါက်ကျပြီး မြေကြီးပေါ်ကို ချွေးစက်ကျသွားသည့်အသံတောင် ကြားနိုင်သည့်ပုံ။

“ရွေးချယ်မှုက ပြီးသွားပြီ” နျဉ်ယိယွမ်က ငြင်ငြင်သာသာပြောလိုက်သည်။

ဒီစကားက တပ်သားတွေရဲ့ ခန္ဓာကိုယ်ကို ဖြောင့်မတ်သွားစေသည်။ သူတို့က သတိမထားမိလိုက်ပဲ နောက်ကျောကို ဆန့်လိုက်သ်ည။

“အခုတော့ ရလာဒ်တွေကို ကြေညာတော့မယ်” နျဉ်ယိယွမ်က မျက်နှာအနေအထားတွေကို တစ်ချက်ကြည့်လိုက်ပြီး ဆက်လိုက်သည်။ “မင်းတို့တစ်ယောက်မှ အရွေးချယ်မခံရဘူး”

သူပြောတာပြီးသွားတာနဲ့ တပ်သားတွေရဲ့ မျက်နှာအမူအရာပြောင်းသွားသည်။ သို့သော်လည်း သူတို့က ကောင်းကောင်းမွန်မွန် လေ့ကျင့်သင်ကြားပေးထားခံရသူတွေပါ။ ဒါကြောင့် သူတို့ရဲ့အမူအရာကို ချက်ချင်းပဲ ပြန်ထိန်းလိုက်သည်။

“မင်းတို့က စစ်တပ်အမျိုးမျိုးက လက်ရွေးစင်တွေမို့လို့ မင်းတို့ကို မင်းတို့ ဟုတ်လှပြီထင်နေကြတာလား” နျဉ်ယိယွမ်ရဲ့ မျက်လုံးတွေမဲမှောင်သွားပြီး သူ့ရဲ့ လေသံက တင်းမာနေသည်။ “အဲ့ဒါကြောင့် ငါ့အမိန့်ကို ဂရုမစိုက်ဘဲ ပင်လယ်နက်တောအုပ်ရဲ့ အဓိကကွင်းထဲကို ခွင့်ပြုချက်မရှိ ဝင်သွားကြတာလား”

“မင်းတို့ကိုယ်မင်းတို့ အကောင်းတစ်ကာ့ အကောင်းဆုံးတွေ ထင်နေကြတာလား။ အဲ့ဒါကြောင့် ဘာအန္တရာယ်ကိုမှ ဂရုမစိုက်ကြတာလဲ။ အခုထိ ငါ့ရဲ့အသင်းထဲကို ဝင်ချင်နေကြတုန်းလား”

“ငါမင်းတို့က အကြံပေးလိုက်မယ်။ စဉ်းတောင်မစဉ်းစားနဲ့”

“ငါမင်းတို့ အသင်းအစား ရှက်မိတယ်။ မင်းတို့ကို မင်းတို့ ဖျက်ဆီးရုံတင်မကဘူး တခြားသူတွေကိုလည်း နာကျင်စေလိုက်သေးတယ်”

နျဉ်ယိယွမ်က ဒီလို ကြမ်းတမ်းတဲ့စကားတွေကို ပြောခဲသော်လည်း ဒီတစ်ခေါက် သူတို့ရဲ့မဆင်မခြင်လုပ်ရပ်ရဲ့ ရလာဒ်က ဒီတစ်ကြိမ်တွင် ပြင်းထန်လွန်းလှသည်။

တပ်သား ၁၀ယောက်မှာ တစ်ဝက်သေသွားပြီ။ ဒီလို ပေးဆပ်မှုမျိုးကို ရှောင်ရှားသင့်သည်။ သို့သော်လည်း သူတို့ရဲ့ မာနက ဒီလို အဖြစ်အပျက်ကို ဖန်တီးလိုက်ခြင်းဖြစ်သည်။

ဘယ်သူမှ စကားမပြောကြဘဲ လေထုကြီးက ကြောက်စရာကောင်းလောက်အောင်ကို တိတ်ဆိတ်နေသည်။

တော်တော်လေး ကြာပြီးတဲ့နောက်မှာ ကျောလင်က ရှေ့ကို တစ်လှမ်းတိုးပြီး ပြောလိုက်သည်။ “ဟုတ်ပြီ။ ရွေးချယ်ပွဲက ပြီးသွားပြီ။"

“မင်းတို့အရွေးမခံရပေမဲ့ ဒီရက်ပိုင်းမင်းတို့ကိုစောင့်ကြည့်ပြီး တကယ့်တိုက်ပွဲကနေ မင်းတို့ရဲ့အားနည်းချက်တွေကို အကျဉ်းချုပ်ပြီးပြီ။ အချက်အလက်တွေကို မင်းတို့ရဲ့ကိုယ်ပိုင်ခလုတ်ခုံတွေနဲ့ ခလုတ်ခုံရဲ့ယူနစ်တွေဆီကိုလည်း ပို့ပေးပြီးသွားပြီ။ မင်းတို့ အနာဂတ်မှာတိုးတက်နိုင်မယ်လို့ မျှော်လင့်ပါတယ်”

“ကားရောက်ပြီ။ ငါတို့ ပင်လယ်နက်တောအုပ်ထဲကထွက်တော့မယ်။ အခု တန်းဖြုတ်”

“ဟုတ်” တညီတညာတည်း ဖြေပြီးသွားတဲ့နောက် သူတို့က စည်းစနစ်တကျ ပြေးထွက်လာကြသည်။ နောက်နည်းနည်း‌လောက်ကြာတော့ သူတို့ရဲ့ အရိပ်ယောင်တောင် မရှိခဲ့တော့ပေ။

“ဆရာ ကျွန်တော်တို့လည်း သွားဖို့အချိန်တန်ပါပြီ” ကျောလင်က အကုန်လုံးကို သိမ်းဆည်းပြီးသွားပြီ။

နျဉ်ယိယွမ်က ဟိုဟိုဒီဒီကြည့်လိုက်သည်။ သူ့ရဲ့မျက်လုံးတွေအနည်းငယ် မဲမှောင်သွားသည်။ သူတို့ ထွက်သွားပြီးတာနဲ့ သူဘယ်ချိန်...

“စိတ်မပူပါနဲ့ ဆရာ” ကျုံးဝမ်က နျဉ်ယိယွမ်ရဲ့ အမူအရာကို ကောင်းကောင်းနားလည်သည်။ သူ့မျက်လုံးတွေက သိသာပြီး အသံကို ပေါ့ပါးစွာနဲ့ ပြောလိုက်သည်။

“ကျွန်တော်ပြန်လာတုန်းက မော့ယန်နဲ့ စကားနည်းနည်းပြောဖြစ်သေးတယ်။ သူပြောတာ သူတို့က စစ်တက္ကသိုလ် ခေါ်ယူမှုမှာ ပါဝင်ဖို့ ပြင်ဆင်နေတာတဲ့။ အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ပြန်တွေ့ရမှာပါ”

All Chapters