← Chapters

အပိုင်း ၆၁

Vol. 5 Ch. 61

အပိုင်း ၆၁

Vol. 5 Ch. 61

ဇန်န၀ါရီလ ၁ ရက်နေ့သည် အဖွဲ့ချုပ်၏ စစ်တက္ကသိုလ်အတွက် တရားဝင် လူသစ်စုဆောင်းရေးနေ့ ဖြစ်သည်။ အဝင်ဝရဲ့ အပြင်ဘက်မှာ လူတန်းအရှည်ကြီးက စောင့်စားနေကြသည်။

မော့ချူးနှင့် မော့ယန်တို့က တော့ အလယ်အလတ်နေရာလောက်မျာပါ။ သုံးလလောက် ပင်လယ်နက်တောထဲမှာ လက်တွေ့လေ့ကျင့်ပြီးတဲ့နောက် နှစ်ယောက်သမားလည်း အတွေ့အကြုံနဲ့ ခွန်အားတော်တော်လေး တိုးတက်လာပါပြီ။ မော့ယန်က အဆင့်(၆)ရဲ့ နောက်ဆုံးအဆင့်နားဖြစ်နေပြီး အဆင့်(၇)ကို တက်လှမ်းဖို့ တစ်ဆင့်သာလိုပါတော့သည်။ မော့ချူးကတော့ အဆင့်(၅)ထဲကို ရောက်ရှိသွားပြီပင်။ သူတို့နှစ်ယောက်လုံးက စာရင်းသွင်းဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီသည်။

အဖွဲ့ချူပ် စစ်တက္ကသိုလ်ရဲ့ လိုအပ်တဲ့အချက်တွေကို အခြေအနေ သုံးဆင့်ခွဲထားသည်။

ပထမအဆင့်က ရိုးရိုးရှင်းရှင်း အထောက်အထားကို စိစစ်တဲ့ အဆင့်ဖြစ်သည်။

သေနတ်ပစ်စနစ်ကို အဖွဲ့ချုပ်ရဲ့ အဓိကအဝင်ပေါက်မှာ ထားရှိသည်။ လူတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်ခလုတ်ခုံကို ပြထားလိုက်ရုံပါပဲ။ သေနတ်ပစ်စနစ်က သူတို့ရဲ့ ခလုတ်ခုံတွေနဲ့ချိတ်ဆက်ပြီး သူတို့ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိမရှိကို စစ်ဆေးပေးသွားလိုက်မည်။

သတ်မှတ်ချက်အားလုံးနဲ့ ပြည့်စုံတဲ့သူတွေသာ စစ်တက္ကသိုလ်ရဲ့ ဝင်းထဲကို ဝင်ခွင့်ရမှာဖြစ်ပြီး ဒုတိယအဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါသည်။

အဖွဲ့ချုပ်စစ်တက္ကသိုလ်ရဲ့ စုဆောင်းရေးလုပ်ငန်းစဉ်များက အလွန်ရှုပ်ထွေးသော်လည်း သူ့ရဲ့ ပုံမှန်ထက်ကြွယ်ဝတဲ့ ကျင့်ကြံမှုအရင်းအမြစ်တွေနဲ့ အစွမ်းအလွန်ထက်ကြတဲ့ ဆရာတွေရဲ့သင်ပြမှုကြောင့် မရေမတွက်နိုင်တဲ့ အထူးစွမ်းအင်အသုံးပြုသူတွေကို ဆွဲဆောင်သည်။

ဘာရယ်မဟုတ်လာလုပ်နေတဲ့ သူတွေလည်းရှိသေးသည်။ သူတို့က သတ်မှတ်ချက်တွေနဲ့ မကိုက်ညီသော်လည်း သူတို့က ရွေးချယ်ခံရမလားဆိုပြီး မျှော်လင့်ချက်လေးကို ဆုပ်ကိုင်ထားကြသေးသည်။

မော့ချူးရဲ့ ရှေ့ကလူက အဲ့အတိုင်းပါပင်။ သူက အဆင့်(၅)အခြေလောက်မှာရှိပြီး ရုပ်ပိုင်းဆိုင်ရာလည်း သန်မာသည်။ သူ့ရဲ့ အနည်းငယ်ကြီးနေတဲ့ အသက်ကလွဲလို့ သတ်မှတ်ချက်တွေ အားလုံးကို ဖြတ်ကျော်သွားသည်။ သူက အသက်ကန့်သတ်ချက်က ၅၀အထိပဲဆိုတဲ့အချိန်မှာ အသက် ၅၂နှစ် ရှိနေပါပြီ။

“အခြေအနေများ မကိုက်ညီပါ။ အမြန်ဆုံးထွက်သွားပေးပါ” အချက်အလက်ဖတ်ရှိတဲ့စနစ်က ညွှန်ကြားသည့်အသံနှင့် ပြောလိုကသည်။

“ငါက ၂နှစ်လေးပဲ ကြီးတာလေ” ဒီလူက အနည်းငယ်မကျေမနပ်ဖြစ်ပြီး ဘေးက စီမံခန့်ခွဲရေးဝန်ထမ်းကို မင်းနည်းနည်းလောက်လျှော့ပေးလို့ရလား။ နောက်ပြီး စစ်တက္ကသိုလ် လူသစ်စုဆောင်းတာက လွန်ခဲ့တဲ့ နှစ်၃၀ကလေ။ ငါ့အတွက် ဒီလိုအခွင့်အ‌ရေးမျိုးကြုံဖို့က မလွယ်ဘူး”

“စိတ်မကောင်းပါဘူး” သူက ဒီလိုမြင်ကွင်းတွေ ခဏခဏ တွေ့နေရတာဖြစ်တဲ့အတွက် မန်နေဂျာရဲ့ မျက်နှာထားကတော့ မပြောင်းလဲသွားပါ။ “ဒါက ကျောင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေပါ။ ကျွန်တော်တို့လည်း ဘာမှလုပ်လို့မရပါဘူး။"

ဒီလူကတော့ ထပ်ပြောချင်နေသေးသည်။ သို့သော်လည်း သူ့ရဲ့ဘေးနားမှာ အစောင့်တွေက ကျားကြီးတွေ သူတို့သားကောင်ကို ကြည့်သလို စိုက်ကြည့်နေသည်။ နောက်ဆုံးတော့ သူလည်း နာကြည်းစွာနဲ့ ထွက်သွားရတော့သည်။

မော့ချူးနဲ့ မော့ယန်နဲ့ကတော့ ချောချောမွေ့မွေ့ဘဲ ဖြတ်ကျော်သွားတာပေါ့။ သူတို့ စစ်တက္ကသိုလ်ထဲကို ဝင်သွားလိုက်တဲ့အချိန်မှာ နောက်တစ်ခေါက်တောင် မကြည့်လိုက်ရသေးချိန် သူတို့ကို မဲနှိုက်သည့်နေရာကို ခေါ်သွားသည်။

စစ်တက္ကသိုလ်ရဲ့ ဒုတိယအဆင့်ရဲ့ သတ်မှတ်မှုက ဒီလူရဲ့ တကယ့်တိုက်ခိုက်မှုစွမ်းရည်ကို ဖော်ထုတ်ရန်ဖြစ်သည်။ သူတို့ ဘယ်လိုနည်းလမ်းကိုဘဲ သုံးသုံး နောက်ဆုံးမှာ အနိုင်ရနေရင် ဒီဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်မှာပါ။

မော့ချူးက အခန်း ၇ ကို ပေါက်သွားသည်။

လမ်းပြတဲ့သူရဲ့နောက်ကို သူတို့လိုက်သွားလိုက်ကြသည်။ အခန်းထဲမှာလည်း စောင့်နေကြတဲ့သူ တော်တော်များများရှိသည်။

မော့ချူးက ထိုင်စရာခုံတွေ့တာနဲ့ ထိုင်ချလိုက်ပြီး လက်ထဲက သွေးအလင်းသားရဲကို စနေသည်။ အစကတော့ ဝိုင်းဝိုင်းကို ဒီကို ခေါ်ခဲ့ဖို့ သူမ မရည်ရွယ်ထားပေ။ ဒါပေမဲ့လည်း ဒီအကောင်လေးက သူအထားခံခဲ့ရတော့မယ်ဆိုတော့ ချက်ချင်း မပျော်ရွှင်ဖြစ်သွားသည်။ သူက ဝုန်းဒိုင်းကျဲပြီး အိမ်ကိုဖြိုပစ်မယ်လို့ ခြိမ်းခြောက်တော့သည်။ အဲ့ဒါနဲ့ သူမလည်း သူ့ကို အတူတူခေါ်ခဲ့ရတော့သည်။

“တောက် ဒီလို အခါသမယကို အိမ်မွေးတိရစ္ဆာန်ခေါ်လာတယ်ဆိုတော့ ဦးနောက်ပဲ မပါတော့ဘူးလား” သိသိသာသာ မော့ချူးရဲ့လုပ်ရပ်က တစ်ချို့ကို အာရုံလာစေသည်။ သပ်သပ်ရပ်ရပ်နဲ့ ဝတ်စားထားတဲ့ မိန်းမတစ်ယောက်က မော့ချူးကို အထင်သေးသည့်ပုံစံဖြင့်ကြည့်သည်။ ဟွန့်... ဒီလိုလူမျိုးက စစ်တက္ကသိုလ်ကို ရှောက်ရဲသေးတယ်။ သူမက တကယ်ပဲ ဒီနေရာက ခွေးတွေ၊ ကြောင်တွေအကုန်ခေါ်လာလို့ရတယ် ထင်နေလားမသိဘူး။

မော့ချူးကတော့ သူမကို ပြန်တုနေဖို့ အချိန်မရှိပါဘူး။ အဲ့ဒီအချိန်မှာ သူတို့က သူမနာမည်စာရင်းကို ခေါ်လိုက်ပြီ။ ဒါက စစ်ဆေးချက်မှာ ပါဝင်ဖို့ သူမ အလှည့်ကျရောက်လာပါပြီ။

အခန်းတံခါးပွင့်သွားတာနဲ့ လှေကားထစ်ကို တွေ့လိုက်ရသည်။ လှေကားပေါ်တက်သွားလိုက်သည့်အခါ မြင့်မားတဲ့ကွင်းတစ်ခု ကိုတွေ့လိုက်ရသည်။

ကွင်းရဲ့တစ်ဝက်ခြမ်းကို အနက်ရောင်အဝတ်ကြီးနဲ့ ဖုံးထားတော့ သူမ အဲ့ဘက်ခြမ်းကို မမြင်နိုင်ပါ။ ဒီပုံစံကို ကြည့်ရတာ ဟိုဘက်ခြမ်းကလူက သူမနဲ့ ယှဉ်ပြိုင်ရသူဖြစ်လိမ့်မည်။

အနက်ရောင်အဝတ်ကြီးကို ဆွဲချလိုက်တဲ့အချိန် မော့ချူးက ကွင်းမြင့်ပေါ်ရပ်လိုက်သည်။

အနီးအနားက ပွဲစဉ်ကိုကြည့်နေတဲ့မြင်ကွင်းက သူတွေကနေ အိုး အား အသံတွေထွက်လာသည်။ သူမက မော့ကြည့်လိုက်သည်။ ဒီတစ်ခါပြိုင်ဘက်က အဆင့်(၆)ရှိတဲ့ မှော်သားရဲကြီးပင်။

All Chapters