← Chapters

အပိုင်း ၆၃

Vol. 5 Ch. 63

အပိုင်း ၆၃

Vol. 5 Ch. 63

စင်အောက်က ဖောင်းကားနေတဲ့ ပုံရိပ်ကိုတော့ မည်သူမျှမတွေ့ကြပေ။

“အာဝူး” မော့ချူးရောက်လာတာကို မြင်‌တော့ ဝိုင်းဝိုင်းချက်ချင်း ခုန်တက်လာလိုက်သည်။ တစ်ချက်ခုန်လိုက်ပြီး မော့ချူး ရင်ခွင်ဆီကို တန်းရောက်သွားသည်။ သူက အနည်းငယ် လေ့ကျင့်ထားသည့်ပုံအတိုင်း။ မဟုတ်လျှင် ဒီလိုတိကျတဲ့ လှုပ်ရှားမှုမျိုးကို ရနိုင်မည်မဟုတ်ပေ။

ငါတော်တယ်မလား။ ဝိုင်းဝိုင်းက သူ့ကို ချီးကျူးတာ ခံချင်နေသည်။ သူ့ရဲ့ခေါင်းသေး‌သေးလေးက မော့နေပြီး သူ့ရဲ့ ဝိုင်းစက်ပြီးနီနေတဲ့ မျက်လုံးတွေက မော့ချူးကို တစ်ချက်ခိုးကြည့်လိုက်သည်။ ဟွန့်။ ဒီတစ်ချိန်တော့ သူက သူ့ရဲ့ပုံရိပ်ကို ပညာရှင်တစ်ယောက်အနေနဲ့ ထိန်းသိမ်းခဲ့သည်။

“ဒါပေါ့ ဝိုင်းဝိုင်းက အတော်ဆုံးပဲ” မော့ချူးက ရေးရေးလေးပြုံးလိုက်သည်။ သူမက လက်နှင့် သူ့ရဲ့ဗိုက်ကို ငြင်ငြင်သာသာလေး ပွတ်‌ပေးလိုက်သည်။ ဒီအကောင်လေးရဲ့ မောက်မာတဲ့ပုံရိပ်က ချက်ချင်းပဲ ကျိုးပဲ့သွားသည်။ သူ့က မော့ချူးရဲ့ ရင်ခွင်ထဲမှာလှဲနေပြီး သူမ ပွတ်သက်ပေးတာခံနေသည်။ အိုး သူတော်တော်နေလို့ကောင်းနေသည်။

အရင်က ပင်လယ်နက်တောအုပ်ထဲမှာ ဝိုင်းဝိုင်းရဲ့ အရှိန်အဝါက အဝေးက အဆင့်(၈)သားရဲကို တောင် ကြောက်မြီးကုပ်ပြီး ပြေးသွားရတာကို မော့ချူးတွေ့လိုက်ရသည်။

မော့ချူးက သူမဘေးနားမှာ အလွန်ကြီးမားတဲ့ အဆင့်(၈)မှော်သားရဲကြီး ရောက်နေတဲ့အခါ အကြောက်လွန်ပြီး ဒူးတွေတောင်တုန်နေတာကို မှတ်မိပါသေးသည်။ သူမက သေတော့မည်လို့ ထင်လိုက်သည်။ သို့သော်လည်း အဲ့ဒီ အဆင့်(၈)သားရဲကြီးက သူတို့ကို တိုက်ခိုက်တဲ့လှုပ်ရှားမှုကို တစ်ခုလေးတောင်မလုပ်ခဲ့ချေ။ အဲ့ဒီအစား မှော်သားရဲက မော့ချူးလက်ထဲက သွေးအလင်းသားရဲကို တစ်ချက်ကြည့်လိုက်သည်။ အဲ့ဒီနောက် အကြမ်းဖက်သမားတစ်ယောက်က ရဲအရာရှိတစ်ယောက်နဲ့ တွေ့လိုက်ရတဲ့အတိုင်း ဝှီးခနဲ့ပြေးတော့ မော့ချူးလည်း ကြောင်ကြည့်ပြီး ကျန်နေခဲ့တော့သည်။

သူမက ရွေးချယ်ပွဲ ဒုတိယအဆင့်ရဲ့ စည်းမျဉ်းတွေက ဘာစည်းမျဉ်းမှ မရှိဘူးဆိုတဲ့ အချက်ကို နားလည်သည်။ မင်းနိုင်နေသရွေ့ အောင်မြင်တယ်လို့ သတ်မှတ်မှာပဲ။ ဒါက အကြောင်းအရင်း ဖြစ်နေကတည်းက မော့ချူးမှာ အားကောင်းတဲ့ စာမေးပွဲ ခိုးချဖို့ကိရိယာ ဝိုင်းဝိုင်းက သူမလက်ထဲမှာရှိနေသည်။ ဒါကြောင့် သူမလည်း သူမကိုယ်တိုင် လုပ်နေစရာမလိုတော့ပါပေ။

သို့သော်လည်း လူတိုင်းကတော့ စင်ပေါ်က အဖြစ်အပျက်ကို အံ့ဩပြီးကြည့်နေကြသည်။

“ဟေး တောသူမ” မော့ချူးက အခန်း ၇ကို ပြန်ရောက်လာပြီး ထွက်တော့မည်အလုပ်မှာ ခုဏက မောက်မာတဲ့ကောင်မလေးက ရောက်လာသည်။ မင်း ခုဏ‌လေးက သုံးလိုက်တဲ့ နည်းပညာက လျို့ဝှက်နည်းပညာမလား။ ငါ့ကို ရောင်းစမ်း ကြိုက်တဲ့ဈေးပြောလိုက်”

တစ်ခြား ဒြပ်စွမ်းအင်တွေထက် အဖွဲ့ချုပ်မှာ ထူးခြားတဲ့စွမ်းအင်တွေကို ထုတ်လုပ်နိုင်တဲ့သူတွေလည်း ရှိသေးသည်။ ဥပမာအနေဖြင့် တစ်ချို့ သိုင်းနည်းပညာတွေနဲ့ လှုပ်ရှားမှု နည်းပညာတွေကို လျှို့ဝှက်နည်းပညာဆိုပြီး သတ်မှတ်သည်။ မော့ချူးက ခုလေးတင်ပဲ စင်ပေါ်မှာ လျှို့ဝှက်နည်းပညာကို ရှင်းရှင်းလင်းလင်းပဲ ထုတ်သုံးလိုက်တာပါ။

မော့ချူးက မျက်ခုံးတွေကို ပင့်လိုက်သည်။ “ငါ ဘာလျှို့ဝှက်နည်းပညာမှ မသုံးလိုက်ဘူး”

“ငါ့ကို မလိမ်နဲ့” ဒါကိုကြားပြီး ကောင်မလေးက မဲ့ပြလိုက်သည်။ သူမက ကိုယ့်အတွက် ဘယ်ဟာကကောင်းလဲဆိုတာ မသိတဲ့ အရူးတစ်ယောက်ကို ကြည့်နေတဲ့ပုံစံနဲ့ မော့ချူးကို ကြည့်လိုက်သည်။ “ငါပြောပြီးပြီလေ နင်ကြိုက်တဲ့ဈေးပြောလိုက်တာနဲ့ ငါက နင်ကို အခုချက်ချင်းပိုက်ဆံကို တန်းပေးလိုက်မှာ”

“ဟား” မော့ချူးက ရယ်လိုက်သည်။ အခုတော့ ဘယ်သူက အရူးလဲဆိုတာ သိသာနေပြီ။

ဒါက လျို့ဝှက်နည်းပညာ မဟုတ်ပါပေ။ ဟုတ်ခဲ့ရင်တောင် ဒီလိုကောင်မလေးမျိုးကို ဘယ်သူကရောင်းမှာလဲ။

မှော်သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ။

ဆိုလိုတာက သူမမှာ မကုန်ခမ်းနိုင်တဲ့ မှော်ဒေသကနေ အရင်းအမြစ် အထောက်အပံ့တွေရှိတာပဲ။ အဲ့ဒါကို အခြေခံပြီး သူမရဲ့ ကြွယ်ဝမှု၊ ခွန်အားတွေက တော်တော်လေးတိုးတက်လာမည်။ ဒီလို ဥဥပေးတဲ့ ရွှေကြက်မကို ဘယ်သူက ရောင်းချင်မှာလဲ။

“ဟေး” ကောင်မလေးက မျက်မှောင်ကြုတ်လိုက်ပြီး မော့ချူးကို ရပ်ခိုင်းဖို့ လက်ကိုပြင်လိုက်သည်။ သူမက မာမာထန်ထန်အော်လိုက်သည်။ “ဘာဖြစ်နေတာလဲ။ ဒီမှာ ငါပြောလို့မပြီးသေးဘူးလေ။ နင့်ကို ဘယ်သူက သွားခိုင်းသေးလို့လဲ”

“အို့” မော့ချူး ဘာမှ မပြောရသေးခင်မှာဘဲ ဝိုင်းဝိုင်းက စိတ်မရှည်တဲ့ အသံပေးလိုက်သည်။ အဲ့ဒီ အေးစက်နေတဲ့အကြည့်နဲ့ ချွန်ထက်နေတဲ့သွားတွေက ကောင်မလေးကို တအားကြောက်သွားစေပြီး သူမ မသိလိုက်ဘဲ နောက်ကို ပြန်ဆုတ်လိုက်သည်။ သူမရဲ့ နှလုံးက ရင်ဘက်ထဲကနေ ဖောက်ထွက်တော့မည့်အတိုင်းပင်။

ဝိုင်းဝိုင်းက ဒီမိန်းမကို မကြိုက်နေတာကြာပါပြီ။ သူမရဲ့ ခန္ဓာကိုယ်က ပြင်းတဲ့ရနံ့က သူကို ဆက်တိုက်ဆက်တိုက် အိပ်ငိုက်စေသည်။ နောက်ပြီး သူမက အဲ့ဒီအနံ့ကို ကြွားချင်နေသေးသည်။ ဟွန့်။ သူက ငါ့ကို ဝယ်ချင်နေတာလား။ ငါလို အဖိုးဖြတ်လို့မရတဲ့ ရတနာကိုလေ။

ကောင်မလေးက သူ့ရဲ့ရင်ဘက်ကို ပုတ်လိုက်ပြီး မော့ချူးနားကို မသွားရဲတော့ချေ။ အို့ တကယ်ပါပဲ။ ဘာလို့ ဒီတောသူမ မွေးထားတဲ့အကောင်က အဲ့လောက်ကြောက်ဖို့ကောင်းနေတာလဲ။ နည်းနည်းမှ နာခံမှုမရှိဘူး။ ဈေးပေါတဲ့ထဲကပဲ ဖြစ်မှာ။

သို့သော်လည်း ကောင်မလေးက မော့ချူးကို နှောက်ယှက်ချင်စိတ်မရှိတော့ပေ။ သူမ စင်ပေါ်တက်ရဲ့မည့် အလှည့်ရောက်ပြီပင်။ သူမ ဘာမှပြောချိန်မရလိုက်ဘဲ စင်ပေါ်ကို မြန်မြန်ဆန်ဆန် တက်လိုက်ရသည်။

အဲ့ဒီတော့မှ မော့ချူးလည်း သွေးလင်းသားရဲကို လက်ထဲပွေ့ပြီး ကောင်းကောင်းလျှောက်သွားတော့သည်။

မော့ယန်က တံခါးအပြင်ကနေ စောင့်နေသည်။

မော့ချူးနှင့် ယှဉ်လိုက်လျှင် မော့ယန်က ပို၍ကံကောင်းသည်။

သူက အခန်း ၃ကို ကျသည်။ သူ့ရဲ့ ပြိုင်ဘက်က အရင်အသုတ်က အဆင့်(၇)အစောပိုင်း စီနီယာတစ်ယောက်ဖြစ်သည်။

သို့သော်လည်း မော့ယန်ရဲ့ စွမ်းအားကလည်း မသေးလှချေ။ သူတို့နှစ်ယောက်ရဲ့ စွမ်းအင်ကွာခြားမှုကလည်း မများချေ။ နောက်ပြီး မော့ယန်က လက်တွေ့တိုက်ပွဲများတွင် အတွေ့အကြုံများသည်။ ထို့ကြောင့် သူက ဒီတိုက်ပွဲကို မြန်မြန်ပဲ အဆုံးသတ်နိုင်လိုက်သည်။

မော့ချူးနှင့် မော့ယန်၏ အောင်မြင်မှုက အရမ်းမြန်သည်။ သူတို့က မနက်ဖြန်တောင် စောင့်နေစရာမလိုတော့ဘဲ တတိယအဆင့်ကို အခုပဲ ပါဝင်လို့ရပြီ။

အဖွဲ့ချုပ်စစ်တက္ကသိုလ်မှာ ဒြပ်စွမ်းအင်၊ စက်နဲ့ ကျင့်ကြံမှု ဆိုပြီး အဓိကမေဂျာ၃မျိုးရှိသည်။

စစ်တက္ကသိုလ်ကို ဝင်တဲ့ဘယ်သူမဆို အဲ့ဒီသုံးမျိုးထဲက နှစ်မျိုးကို ရွေးရသည်။ တစ်ခုက သူတို့ရဲ့ အဓိကဘာသာရပ်ဖြစ်ပြီး တစ်ခုက အရံဖြစ်သည်။

တတိယအဆင့်က သူတို့ရဲ့ စက်နဲ့ အပင်ကျင့်ကြံမှုစွမ်းရည်ပေါ်မူတည်သည်။ ဒါကို အတန်းခွဲမည့် စာမေးပွဲလို့လည်း သတ်မှတ်ကြသည်။

မော့ယန်က စက်ကို ရွေးချယ်လိုက်သည်။ သူက တစ်ခါမှ မလုပ်ဖူးသော်လည်း စတားနက်ပေါ်မှာ အကြိမ်ပေါင်းများစွာလေ့ကျင့်ခဲ့ဘူးသည်။ အဲ့ဒီ လေနဲ့တူတယ့် ပျော်ရွှင်မှုမျိုးနဲ့ အားကောင်းတဲ့ တိုက်ခိုက်မှုစွမ်းရည်တို့က ယောကျ်ားလေးအများစုကို ကြိုက်နှစ်သက်စေသည်။

အဖွဲ့ချုပ်စစ်တက္ကသိုလ်ရဲ့ ရွေးချယ်ပွဲသုံးဆင့်လုံးကို လျှို့ဝှက်ထားတဲ့အတွက် မော့ချူးက ဒါကို တွေ့လိုက်တဲ့အခါ သူမ ဆွံ့အသွားသည်။ သူမက အရံဘာသာရပ်ကို ရွေးချယ်ဖို့ ကျန်ရှိနေသေးသည်။

... စက်? ဘာကြီးလဲ။ မော့ချူးက အဲ့ဒါအကြောင်းကို လုံးဝမသိပါဘူး။

သူမ နိုးထလာအကတည်းက ဒီပတ်ဝန်းကျင်ရဲ့ အသိပညာတွေကို သူမမှာ ခက်ခက်ခဲခဲနဲ့ လိုက်စုဆောင်းနေရသည်။ နောက်ပြီး ဒြပ်စွမ်းအင်ကို လေ့ကျင့်တာနဲ့ အရသာရှိတာတွေကို လိုက်ရှာနေရတာနဲ့ ဆိုတော့ ဒီ စက် ဆိုတာကိုကြီး သူမအာရုံစိုက်ဖို့ အချိန်မရှိပေ။

သူမလုပ်နိုင်တာ ဘာမှမရှိပါဘူး။ လမ်းတစ်ဝက်ရောက်မှလည်း လက်မလျှော့ချင်ပါဘူး။

သူမက အပင်ကျင့်ကြံခြင်းအကြောင်း ဘာမှမသိသော်လည်း သူက စက်ထက်စာရင် တော်သေးသည်။ မော့ချူး အသက်ပြင်းပြင်းရှူလိုက်ပြီး သူမရဲ့ ခြေဖဝါးကို မကာ အပင်ကျင့်ကြံမှုအဖွဲ့အစည်းဘက်ကို လျှောက်သွားလိုက်သည်။

All Chapters