← Chapters

အပိုင်း ၆၄

Vol. 5 Ch. 64

အပိုင်း ၆၄

Vol. 5 Ch. 64

စိုက်ပျိုးရေးဌာနက သိပ်မဝေးလှချေ။ နှစ်မိနစ် သုံးမိနစ်လောက်ပဲ လမ်းလျှောက်လိုက်ရသည်။

သူမ နီးသွားတဲ့အခါမှာ လေက အနည်းငယ်လတ်ဆတ်လာပြီးတော့ သူမလည်း ပိုပြီး လန်းဆန်းသွားသည်။

စိုက်ပျိုးရေးဌာန အပေါက်ဝအထက် မီးရောင်မျက်နှာပြင်တွင် တတိယအကြိမ် ရွေးချယ်မှု၏ အကြောင်းအရာကို ရှင်းလင်းစွာ ရေးသားထားသည်။ သူ့ကို အပိုင်းနှစ်ပိုင်းခွဲထားပြီး ရေးဖြေစာမေးပွဲနှင့် လက်တွေ့စမ်းသပ်မှုတစ်ခုစီဖြစ်ပြီး ရမှတ်က ၅၀စီဖြစ်သည်။

သူရောက်သွားတော့ မော့ချူးသည် သူ့ကိုယ်သူ နောက်ပြန်မလှည့်မိအောင် နေလိုက်သည်။ သို့သော် ရေးဖြေစာမေးပွဲမေးခွန်းကို လက်ခံလိုက်ရသည့် ဒီအတွေးက ယိမ်းယိုင်သွားတော့သည်။

"အပင်စိုက်ပျိုးခြင်းအတွက် အဓိကနည်းပညာတွေက ဘာတွေလဲ။"

"အပင်စိုက်တဲ့မြေတွေက ဘာလဲ။"

“ဖြစ်နိုင်တဲ့ စိုက်ပျိုးနည်းတွေကို ရှင်းပြဖို့ မှော်အပင်တစ်ပင်ကို နမူနာအဖြစ် အသုံးပြုပါ။”

...

မော့ချူးလည်း လုံးဝ အံသြသွားသည်။

ဒါတွေက ဘယ်လိုမေးခွန်းတွေလဲ။ အဖြေတွေကို သူမဘယ်လိုသိမှာလဲ!

ဒီလိုပူပြင်းသောနေ့၌ မော့ချူးသည် အေးစက်သော ချွေးများဖြင့် စိတ်မောနေသည်။ သူမဘေးနားက စာရွက်အပြည့် ဖြေနေကြတဲ့လူတွေကို တစ်ချက် လှမ်းကြည့်လိုက်တော့ သူ့စိတ်တွေ ဘာမှမရှိတော့ပေ။

“အားမငယ်နဲ့။ အားမငယ်နဲ့” မော့ချူးက သူမကိုယ်သူမ တိတ်တဆိတ် အားပေးလိုက်သည်။ သူမသည် စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားလည်း အတတ်နိုင်ဆုံး ကြိုးစားကာ မေးခွန်းများကို ဆက်ဖတ်သည်။

အဆုံးမှာတော့ သူမ မေးခွန်းတွေကို ပြန်ကြည့်တဲ့အခါ ပိုလို့တောင် ကြေကွဲစရာကောင်းတာကို တွေ့လိုက်ရသည်။

သူမရဲ့ စာမေးပွဲစာရွက်တွင် ကွက်လပ်များနှင့် အဖြေတိုများဖြင့် ပြည့်နေသည်။ မော့ချူးသည် အရင်က (အမှန်ရွေး)မေးခွန်းများကိုသာ ဖြစ်စေချင်သည်။ သူမက ကံကောင်းပြီး မေးခွန်းအနည်းငယ်ကို မှန်ချင်မှန်နေလိမ့်မည်။ အခုတော့ သူမရဲ့ မျှော်လင့်ချက်အားလုံး ရေစုန်မျောပြီလေ။

သူမ ဘာလုပ်သင့်လဲ။

သူမ မသိလိုက်ခင်ပဲ အချိန်တွေ ကုန်လွန်သွားသည်။

မော့ချူးက သူမ ဘာရေးထားမှန်းတောင် မသိတော့ပေ။ ထို့နောက် ကြောင်တက်တက်ဖြင့် အခန်းစောင့်လက်ထဲသို့ အဖြေလွှာ အပ်လိုက်သည်။

"ချူးလေး မင်း စာမေးပွဲ ဘယ်လိုလဲ" မော့ယန်သည် သူ့ရဲ့ စက် စာမေးပွဲကို ပြီးသွားပြီး အဖွဲ့ချုပ် စစ်တက္ကသိုလ်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။ မော့ချူး ထွက်လာတာကို သူမြင်လိုက်ရတော့ သူ့မျက်လုံးတွေက ချက်ချင်း တောက်ပသွားသည်။ ပုံစံက ၂၁ရာစု ကောလိပ်ဝင်ခွင့် စာမေးပွဲကျင်းပရာနေရာ အပြင်ဘက်တွင် စောင့်ဆိုင်းနေတဲ့ မိဘများအကြောင်း မော့ချူးကို သွားအမှတ်ရစေသည်။ မျက်နှာထားက တကယ်ကို အတူတူပါပင်။

"ဟမ်... သိပ်တော့မကောင်းဘူး" မော့ယန်၏ မျှော်လင့်ချက် အပြည့် မျက်လုံးများကို ကြည့်ရင်း မော့ချူးက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူမသည် အမှန်အတိုင်း မပြောနိုင်သောကြောင့် လိမ္မာပါးနပ်စွာ ညာလိုက်ရသည်။

သို့သော် သူမသည် မည်မျှပင် ညာထားသည်ဖြစ်စေ ရလဒ်များက နောက်ပိုင်းတွင် ထွက်ပေါ်လာပေလိမ့်မည်။

ဒါက ဉာဏ်ရည်ကို စစ်ဆေးတဲ့ စာမေးပွဲတစ်ခုဖြစ်တဲ့အတွက် ရေးဖြေစာမေးပွဲ၏ ရလဒ်များကို လျင်မြန်စွာ ထုတ်ပြန်ခဲ့သည်။ လူတိုင်း၏ ရလဒ်များနှင့် အဆင့်သတ်မှတ်ချက်များကို ဖြေဆိုသူရဲ့ ကိုယ်ပိုင်ခလုတ်ခုံကို အလိုအလျောက် ပေးပို့ထားသည်။

မော့ချူးက အစပိုင်းတွင် အနည်းငယ်မျှော်လင့်ထားသော်လည်း ကြည့်ရှုရန် ခလုတ်ခုံကိုဖွင့်လိုက်သောအခါတွင် သူမ၏နှလုံးသည် ချက်ချင်းအေးစက်သွားသည်— သုညက သူမ၏မြင်ကွင်းတစ်ခုလုံးကို သိမ်းပိုက်သွားခဲ့သည်။

သုည၊ တကယ်ကြီး သုညဖြစ်နေတာပါ။

မော့ချူး အရမ်းပဲထိတ်လန့်သွားသည်။ အရင် သူမဟာ စာတော်တဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့သော်လည်း ယခု သူမသည် တကယ်ကြီး အမှတ် သုည ရခဲ့သည်။ ကွက်လပ်များ အများအပြားကို ဖြည့်ထားသော်လည်း သူမ၏ အဖြေများထဲမှ တစ်ခုမျှ မှန်ကန်ခြင်းမရှိပေ။

သူမ ညည်းတွားနိုင်ခင်ပဲ လက်တွေ့စမ်းသပ်မှုက ချက်ချင်းစတင်ခဲ့သည်။

လူတိုင်းက ကျပန်းနံပါတ်ကိုဆွဲကြပြီး မော့ချူးသည် ပဉ္စမမြောက်ဖြစ်သည်။

ရေးဖြေစာမေးပွဲနှင့် စာရင် အပင်စိုက်ပျိုးမှု လက်တွေ့စမ်းသပ်စစ်ဆေးခြင်းက နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ရမှတ် ၁၀ ကနေ ၂၀ လောက်ပဲက ပုံမှန်ကိုနေဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်က အမှတ် ၆၀ရခဲ့ဖူးတဲ့ ရှိပြီး လူတွေက အဲ့အကြောင်းကို အခုချိန်ထိ ပြောနေကြတုန်းပင်။

ပထမလူအနည်းငယ်က အမှတ်၃၀ တောင်မပြည့်တာကိုတွေ့လိုက်ရတော့ မော့ချူးက သူမရဲ့နှလုံးခုန်သံပြင်းပြင်းနဲ့ ထိတ်လန့်သွားတယ်။

မော့ချူး အလှည့်ရောက်သောအခါ ဘေးတွင် သူမကို ထူးဆန်းသောအကြည့်နဲ့ ကြည့်ကြသည့်သူတွေလည်းရှိနေသည်။

ဒီနှစ်တွေတစ်လျှောက် အပင်စိုက်ပျိုးရေးဌာန၏ ရေးဖြေစာမေးပွဲတွင် အမှတ် သုညမှတ်ကို ဘယ်သူကမှ မရဘူးသေးချေ။ မော့ချူးသည် ဒီတစ်ခေါက်တော့ ကျော်ကြားသူကြီးဖြစ်နေသည်။

မော့ချူးသည် ညွှန်ကြားချက်တွေ ထွက်လာတဲ့အခါ အခန်းထဲသို့ ဝင်လာခဲ့သည်။ “မင်္ဂလာပါ အဖွဲ့ချုပ်စစ်တက္ကသိုလ် စာမေးပွဲကနေ ကြိုဆိုပါတယ်။ အခု အခန်းထဲတွင် မှော်အပင် အမျိုးပေါင်း တစ်ထောင်ကျော်ရှိတယ်။ အပြင်းဆုံးတက်ကြွစေတဲ့ အပင်အမျိုးအစား၁၀မျိုးကို ရွေးချယ်ပါ။ အချိန်ကန့်သတ်ချက်က နာရီဝက်ပါ”

ဘာလဲ?!

အမျိုးအစားတစ်ထောင်ထဲမှ ၁၀မျိုးကို ရွေးမလား? ဒါကတော့ တော်တော်လေးခက်သွားပြီ။

အဖွဲ့ချုပ်စစ်တက္ကသိုလ်ရဲ့ လူသစ်စုဆောင်းခြင်းကို ‘လူလည်ကစားကွင်း’ ဟု အမည်ပြောင်ပေးကြသည်မှာ အံ့သြစရာမရှိပါ။ တကယ်ကို လူလည်ကြလွန်းသည်။

တစ်ခန်းလုံးကို ကြည့်လိုက်တော့ မှော်အပင်တွေနဲ့ ပြည့်နေသည်။ မှော်အပင်တွေက တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မှော်အပင်တိုင်းကို သူတို့ရဲ့ အမှတ်စဉ်နံပါတ်ပါသော အကြည်အဖုံးဖြင့် ဖုံးအုပ်ထားသည်။ ဖြေဆိုသူများက အပြင်ဘက်ကအလင်းမျက်နှာပြင်မှာပေါ်တဲ့ အမှတ်စဉ်နံပါတ်ကို ဖြည့်လိုက်ရန်သာ လိုအပ်ပြီး စနစ်သည် ရလဒ်ကို အလိုအလျောက်ပေးမည်ဖြစ်သည်။

"အသန်မာဆုံးအပင်လား" ပေးထားသော စာမေးပွဲမေးခွန်းကို တွေးရင်း မော့ချူး၏ နှလုံးသားသည် သံသယများ ပြည့်နှက်နေခဲ့သည်။ "ဘယ်မှော်အပင်မျိုးက အသန်မာဆုံးလဲ"

ရေရွတ်နေရင်း မော့ချူးက အလွန်များပြားနေတဲ့ မှော်အပင်များကို စိုက်ကြည့်နေသည်။ ကျောင်းက တော်တော်များများ စုဆောင်းထားသည်။ အမျိုးအစား နှင့် အရေအတွက် အလွန်များသဖြင့် မော့ချူး၏ မျက်လုံးများ ရှုပ်သွားသည်။

မှော်အပင်တိုင်းက ထူးခြားတဲ့ အလှတစ်ခုဆီရှိပြီး ထူးခြားသော အရောင်အသွေးနှင့် တောက်ပမှုတို့ကိုကို သယ်ဆောင်ထားသည်။

မော့ချူးက အခန်းထဲမှာရှိနေတဲ့ ညဏ်ပညာကို ကြည့်လိုက်ရင်း သူမရဲ့ မျက်လုံးတွေကို ပင့်လိုက်သည်။

"အသန်မာဆုံး အပင်က အတောက်ပဆုံးအပင်ဘဲ မလား”

ဒီလိုမတောက်မှုမျိုးကို အခြားဘယ်သူမှ မမြင်နိုင်သော်လည်း အဲ့ဒါက မော့ချူးအတွက် ကိတ်မုန့်တစ်ခုလိုပင်။

ဒါကို သူမ တွေးနေရင်းနဲ့ မော့ချူးက အရှိန်ပြင်းပြင်းနဲ့ ထွက်လာသည်။ အလွန်လျင်မြန်စွာနဲ့ သူမက အတောက်ပဆုံး မှော်အပင်ဆယ်ခုကို တွေ့ရှိခဲ့သည်။ နံပါတ်စဉ်ရေးပြီးတာနဲ့ လှည့်ပြီး အခန်းထဲက ထွက်သွားသည်။

"ဘာလို့သူက ဒီလောက်မြန်နေတာလဲ" သတ်မှတ်ချိန်သည် နာရီဝက်ဖြစ်သော်လည်း မော့ချူးသည် ဆယ်မိနစ်ခန့်သာ အသုံးပြုခဲ့သည်။ သူများတွေ အံ့သြသွားတာ မဆန်းပါဘူး။ သူတို့အားလုံး အချိန်မလောက်ဘူးလို့ ခံစားနေရပေမယ့် ဒီလူက စောစောထွက်လာသည်။

"အိုက်ယာ သူမကတော့ မျက်စိကျစရာ တစ်ချို့ကို ရွေးလိုက်ပါတယ်"

"မှန်ပါတယ်။ သူမရဲ့ ရေးဖြေစာမေးပွဲက သုညဖြစ်နေလို့ လက်တွေ့ စာမေးပွဲမှာ ပါဝင်ရတာက အဓိပ္ပါယ်တော့မရှိလှပါဘူး”

အပြင်မှာ ဆွေးနွေးမှုတွေ ပြင်းထန်လာတာနဲ့အမျှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ "နံပါတ်(၅) မော့ချူးက စာမေးပွဲမှာ ရမှတ်အပြည့်”

ဘာလဲ?

တစ်ခဏတည်းမှာပဲ လူတိုင်းက သူတို့ရဲ့ လျှာတွေကို ဆွဲထုတ်လိုက်သလို ခံစားလိုက်ရသည်။ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။

မဖြစ်နိုင်ဘူး!

စစ်တက္ကသိုလ်၏ စက်များ ချို့ယွင်းနေတာလား။ မဟုတ်ရင် တစ်ယောက်ယောက် အမှတ်ပြည့်ရတဲ့ အခြေအနေ ဘယ်လိုရှိနိုင်မလဲ။

သို့သော် သူတို့သည် ဤအယူအဆကို လျင်မြန်စွာ ပယ်ချခဲ့သည်။ စစ်တက္ကသိုလ်၏ စက်ယန္တရားများအားလုံးသည် အဖွဲ့ချုပ်တွင် ထိပ်တန်းအဆင့်ဖြစ်သည်။ ဒီလိုအမှားမျိုး ဖြစ်ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီလိုမှမဟုတ်ရင် မော့ချူးကိုယ်တိုင်ကပဲ သံသယဖြစ်စရာပါ။

“ပြဿနာရှိတာဖြစ်ရမယ်။ ပြန်စမ်းစစ်ဖို့ တောင်းဆိုပါတယ်။”

"ဟုတ်တယ် ပြန်စမ်းစစ်ဖို့ တောင်းဆိုပါတယ်။" ဘယ်သူက စတောင်းဆိုလိုက်တယ်ဆိုတာကို ဘယ်သူမှ မသိကြပေမယ့် မြန်မြန်ဆန်ဆန်ပဲ လူအုပ်စုကြီးက ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့သည်။

All Chapters