← Chapters

အပိုင်း ၆၅

Vol. 5 Ch. 65

အပိုင်း ၆၅

Vol. 5 Ch. 65

"အဘိုးကြီး နောက်ဆုံးတော့ ပြန်လာပြီပေါ့" စိုက်ပျိုးရေးဌာန၏ ဒါရိုက်တာ စစ်ထူရှို့သည် သူ့ရှေ့မှ လူကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေသည်။

"ဘာလို့လဲ အနားယူလို့မရဘူးလား” ချန်ပိုင်က ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ သူ့မျက်နှာကို ကြည့်ရုံနဲ့ အသက် ၁၅၀ နီးပါးရှိနေပြီဆိုတာ မခန့်မှန်းနိုင်ချေ။ သို့သော် သူ့တွင် တည်ငြိမ်သော စိတ်ထားရှိကြောင်းကိုတော့ ပြောနိုင်သည်။

"လာ ခင်ဗျားဘယ်လိုလဲ" စစ်ထူရှို့က မျက်ခုံးပင့်လိုက်ပြီး "ခင်ဗျား မှော်ဒေသမှာ ထပ်ကစားနေတုန်းလား?"

ချန်ပိုင်သည် လက်ရှိစိုက်ပျိုးရေးလောကတွင် နံပါတ်တစ်ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရနိုင်သည်။ သူသည် အပင်စိုက်ပျိုးခြင်းနှင့် ပတ်သက်၍ ထူးခြားဆန်းသစ်သော အမြင်ရှိသည်။ တကယ်တော့ အဖွဲ့ချုပ်မှာ ပထမဆုံး သာမာန်အပင်ကို သူကိုယ်တိုင် စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ ဤသာမန်အပင်၏သက်တမ်းသည် တစ်နှစ်သာရှိသော်လည်း၊ ဤတစ်ခုတည်းကပင် ချန်ပိုင်ကို ပလ္လင်ပေါ်သို့ မြှင့်တင်ပေးရန် လုံလောက်သည်။

သို့သော်လည်း ဒီလူက ကျော်ကြားမှုနှင့် ကြွယ်ဝမှုတို့ကို မရှာဖွေခဲ့ပေ။ သူသည် နတ်ဆိုးအပင်၏ ကြီးထွားမှုကို အနီးကပ်စောင့်ကြည့်ရန် မျှော်လင့်ကာ အမျိုးမျိုးသော နတ်ဆိုးဒေသများကြားတွင် မကြာခဏ ခရီးသွားခဲ့သည်။ ထို့ကြောင့် စိုက်ပျိုးရေးလောကမှ ထိပ်တန်းလူတစ်ချို့မှလွဲ၍ သူ့ရုပ်သွင်အမှန်ကို အခြားသူများကလည်း သူ့နာမည်ကို ကြားဖူးရုံမျှဖြစ်ပြီး မမြင်ဖူးကြပေ။

"ခင်ဗျားလည်းဒီကိုရောက်နေပြီဆိုတော့ လအနည်းနည်းလောက်နေပြီး ကျောင်းသားတွေကို စာလေးဘာလေး သင်ဦးလေ” စစ်ထူရှို့သည် ချန်ပိုင်ကို ကျောင်းသို့ အမြဲပို့ဆောင်လိုသော်လည်း မအောင်မြင်ခဲ့ပေ။ အခုလည်း အဲ့ဒါကို ပြန်တွေးဖို့ မမေ့ခဲ့ချေ။

"မလုပ်ပါနဲ့!" ဒါကိုကြားတော့ ချန်ပိုင်က ခေါင်းကို အမြန်ခါလိုက်သည်။ "ဒါကို ငါစိတ်မဝင်စားဘူးဆိုတာ မင်းလည်းသိရဲ့သား။"

နှစ်ယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောကြပြီး ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရသည်။

စစ်ထူရှို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရင်းနှီးဆုံးသူငယ်ချင်းနဲ့ သွားတွေ့မယ်လို့ ပြောထားပြီးသား ဖြစ်သည်။ ပုံမှန်အားဖြင့် ဘယ်သူမှ သူ့ကို လာမနှောင့်ယှက်ကြပေ။ "လာ ဘာကိစ္စရှိလို့လဲ"

"ကျောင်းအုပ်ကြီး ဆရာ့ကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်ဗျ" လာတဲ့သူကတော့ ရွေးချယ်ရေးတာဝန်ခံ ဆရာဖြစ်ပြီး သူ့မျက်နှာမှာ ရှက်ရွံ့မှု အရိပ်အမြွက်တွေကို မြင်နေရသည်။ "စိုက်ပျိုးရေးဌာရဲ့ ရွေးချယ်မှုစစ်ဆေးပွဲကို ရပ်ခိုင်းနေကြလို့ပါ"

“ဘာကွ” စစ်ထူရှို့ မျက်ခုံးကို ပင့်လိုက်သည်။ "ဘာတွေဖြစ်နေတာလဲ"

"လက်တွေ့စမ်းသပ်မှုမှာ အမှတ်အပြည့်ရထားတဲ့ ပြိုင်ပွဲဝင်တစ်ယောက်ရှိတယ်။ အားလုံးက...” ထိုလူက သူ့စကားမဆုံးခင် ချန်ပိုင်က ထရပ်လိုက်သည်။ သူ့မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ "လက်တွေ့မှာ တစ်ယောက်ယောက်က အမှတ်အပြည့်ရခဲ့တာလား"

ချန်ပိုင်သည် လက်တွေ့စမ်းသပ်မှု၏ အကြောင်းအရာနှင့် ရင်းနှီးသူတစ်ဦးဖြစ်သည်။ ထို့ကြောင့် စာမေးပွဲ၏ အခက်အခဲကို ရှင်းရှင်းလင်းလင်းကြီးသိသည်။ အမှတ်ပြည့်မပြောနဲ့ တစ်ခုလေးတောင် မှန်အောင်ဖြေနိုင်ဖို့က မနည်းလုပ်နေရသည်။

ခဏလောက်ကြာတော့ ချန်ပိုင်ရဲ့ မျက်လုံးတွေက သိချင်စိတ်တွေ ပြည့်နက်နေသည်။ သူက စစ်ထူရှို့ကိုကြည့်ပြီး "သွားကြည့်ရအောင်"

အခုအချိန်တွင် အပင်စိုက်ပျိုးရေးဌာနမှာ ရှုပ်ရှုပ်ဖြစ်နေပါသည်။ ဆန္ဒပြမှုတွေက တစ်ခုပြီးတစ်ခုထပ်နေတော့သည်။

တစ်ဖက်မှာတော့ မော့ချူးက မကြားချင်ယောင်ဆောင်နေသည်။ သူမသည် သူမလက်ထဲတွင်ရှိသော အိမ်မွေးတိရစ္ဆာန်လေးနှင့် ပျော်ရွှင်စွာ ကစားနေသည်။ မော့ယန်၏ ရှည်လျားသော သူ့ရဲ့ ခန္ဓာကိုယ်နဲ့ အုပ်ထိန်းသူကဲ့သို့ ဘေးတွင် ရပ်နေသည်။

"ဘာတွေဖြစ်နေတာလဲ" ဤမြင်ကွင်းကိုမြင်သောအခါ စစ်ထူရှို့သည် မျက်မှောင်ကြုတ်သွားသည်။ သူကအော်ပြောလိုက်တော့ မြင်ကွင်းက ချက်ချင်းငြိမ်သွားသည်။

“ကောင်းပြီ” ဒါကိုမြင်တဲ့အခါ စစ်ထူရှို့၏ အမူအရာက ပြေလျော့သွားသည်။ လမ်းပြလူကို လှည့်ကြည့်လိုက်သည်။ "ပြောပါဦး ဘာတွေဖြစ်နေတာလဲ"

စိုက်ပျိုးရေးဌာနမှ ဌာနမှူးက သူ့ကို ကိုယ်တိုင်ကိုယ်ကျ ခေါ်သောအခါတွင် အဲ့ဒီလူသည် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူ့မျက်နှာမှာ နီမြန်းနေသော်လည်း အဖြစ်အပျက်တစ်ခုလုံးကို ရှင်းလင်းစွာ ရှင်းပြသည်။

"ဒါဆို မော့ချူးက လက်တွေ့စမ်းသပ်မှုမှာ ခိုးချတယ်လို့ သံသယရှိတာပေါ့"

စစ်ထူရှို့၏ နောက်တွင်ရှိနေသည့် ချန်ပိုင်သည် ထောင့်ကနေနေ၍ မော့ချူးကို စူးစူးစိုက်စိုက် ချောင်းကြည့်နေသည်။

နောက်တစ်ခုက သူ နှစ်ပေါင်းများစွာ နေထိုင်လာတဲ့အတွက် ချန်ပိုင်ဟာ လူတွေကို အကဲခတ်တဲ့နေရာမှာ အတော်လေး တော်သည်။

ကောင်မလေးက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေသည်။ သူမ၏ မျက်လုံးများသည် ကြည်လင်နေပြီး သူမ၏ သွယ်လျသော နောက်ကျောသည် ဖြောင့်စင်းနေ၏။ ဘယ်လိုပဲကြည့်ကြည့်၊ သူမက ခိုးချမည့်လူမျိုး မဟုတ်ပေ။

“ဟုတ်ပါတယ်” အဲ့ဒီလူက ခေါင်းညိတ်လိုက်သည်။ "လက်တွေ့စမ်းသပ်မှုတုန်းက ဗီဒီယိုကို ထုတ်ပြဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"

စာမေးပွဲခန်းတွင် ဗီဒီယိုများကို ရရှိနိုင်ဖို့အတွက် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားသည်။

“ဒါက…” စစ်ထူရှို့သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ရိုးရိုးသားသား ပြောရရင် မော့ချူးကို သူပထမဆုံးတွေ့တုန်းက အရမ်းအံ့သြသွားသည်။ ဒီမိန်းကလေးက အသက် ၁၆ နှစ် ၁၇ နှစ်ပဲ ရှိသေးသည်။ အမှတ်ပြည့်ရဖို့ နေနေသာသာ မှော်အပင် ထောင်ပေါင်းများစွာကိုတောင် မှတ်မိနိုင်ပါ့မလား။ ဒါပေမဲ့လည်း သူက မော့ချူးရဲ့ ဗီဒီယိုကို ပေါ့ပေါ့ဆဆ မချပြလိုက်နိုင်ပါပေ။ နောက်ပြီး ဒါက သူမရဲ့ ဂုဏ်သတင်းနဲ့လည်း သက်ဆိုင်သည်။

"ရပါတယ် ချပြလိုက်ပါ" ထိုအချိန်တွင် မော့ချူးသည် ရုတ်တရက် ခေါင်းမော့ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

မကြောက်မရွံ့သောအကြည့်သည် အခြားသူများကို အနည်းငယ် စိတ်ရှုပ်ထွေးစေခဲ့သည်။ သူမရဲ့ အရည်အချင်းပေါ်မူတည်ပြီး အမှတ်ပြည့် ရတာဖြစ်နိုင်ပါ့မလား။

မကြာမီတွင် မော့ချူး၏ လက်တွေ့စာမေးပွဲက ဗီဒီယိုကို လူသိရှင်ကြား ထုတ်ပြခဲ့သည်။ ချန်ပိုင်မျှော်မှန်းထားသလိုပဲ ဘာပြဿနာမှ မရှိချေ။ အရာအားလုံးက ပုံမှန်ပင်။

ဤအခိုက်အတန့်တွင် လူအုပ်၏ သံသယများ လုံးဝ ကင်းစင်သွားသည်။ မော့ချူးကို ကြည့်လိုက်သော မျက်လုံးများက ထိတ်လန့်မှုအပြည့်နှင့် ဖြစ်သည်။ သူမက အံ့သြစရာကောင်းလွန်းသည်။

မှော်အပင်တစ်ပင် နှစ်ခုကို ရွေးမိခြင်းက ကံကောင်းခြင်းဖြစ်နိုင်သော်လည်း အပင်၁၀ပင်လုံးကို ရွေးချယ်နိုင်ခြင်းသည် သူမ၏ ကျွမ်းကျင်မှုတစ်ခုသာဖြစ်သည်။

"သမီးလေး ဒီမှော်အပင်တွေကို ဘာလို့ ရွေးခဲ့တာလဲဆိုတာ ပြောပြပေးလို့ရမလား" ချန်ပိုင်သည် မော့ချူးဘက်သို့ လျှောက်သွားကာ သူ့လေသံက သိချင်စိတ်များ ပေါ်လွင်နေသည်။

“ဟမ်…” မော့ချူးသည် အမှန်တရားကို ထုတ်ဖော်မပြောနိုင်ဘဲ “အဲ့ဒါက ခံစားချက်တစ်ခုလိုပဲ” ဟုသာ ပြောလိုက်သည်။

“ခံစားချက်... ?” မော့ချူး၏ ကြည်လင်သော မျက်လုံးများကို ကြည့်လိုက်ရာ ချန်ပိုင်သည် အတွေးထဲနစ်မျောနေသကဲ့သို့ တစ်ခုခုကို ရေရွတ်နေသည်။

အဖွဲ့ချုပ်သည် မှော်အပင်များကို အချိန်အတော်ကြာ သုတေသနပြုခဲ့သော်လည်း အဖြေများစွာ မရရှိခဲ့ပေ။ ဒါတောင်မှ နှစ်စဉ် ဘီလီယံနဲ့ချီတဲ့ ဖက်ဒရယ် ဒင်္ဂါးပြားတွေကို အဲ့ဒီသုတွေသနတွေဆီမှာ ရင်းနှီးမြှုပ်နှံထားဆဲပါ။ တစ်နေ့မှာတော့ သူတို့ဟာ ပုံမှန်အပင်တွေဆီကို ပြန်ရောက်နိုင်လိမ့်မယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြတာကြောင့်ဖြစ်သည်။

သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်တော့ ချန်ပိုင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။ "မင်း ငါ့ဆီက သင်ယူချင်စိတ်ရှိလား"

ထိုအချိန်၌ တပည့်တစ်ယောက်လောက် မွေးရန် စိတ်ကူး ရုတ်တရက် ပေါ်လာပြီး ထိုစကားကို ထွက်လိုက်သည်။

“အိုး…” မော့ချူး အနည်းငယ် အံ့အားသင့်သွားသည်။

"ရှင်က အဖွဲ့ချုပ် စစ်တက္ကသိုလ်က ဆရာလား"

“အမ်…” ချန်ပိုင်၏ မျက်နှာသည် အေးခဲသွားသည်။ စစ်ထူရှို့ရဲ့ နောက်ကနေ ရယ်မောနေသော အကြည့်ကို ခံစားမိရင်း နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

ဘေးနားက စုံစမ်းသူတွေက နည်းနည်းတော့ မျက်မှောင်ကြုတ်လိုက်သည်။ စိုက်ပျိုးရေးဌာနရှိ ဆရာများ၏ အကြောင်းကို နားလည်ရန်က စာမေးပွဲမစမီ သူတို့လုပ်ရမည့် အိမ်စာများလိုဖြစ်နေသည်။ ဒီလူကိုတော့ သူတို့မသိဘူး။ သူက အခုလေးတင် ငှားထားတဲ့ ပါမောက္ခအသစ်ဖြစ်မလား။

လူတိုင်းက သူ့ကို အထင်ကြီးတဲ့ပုံမရှိပေ။ သို့သော် မော့ချူးသည် ချက်ချင်ပဲ ခေါင်းညိတ်ပြကာ ပြုံးလိုက်သည်။ “လုပ်တာပေါ့”

စစ်ထူရှို့ပင် အံ့သြသွားမိသည်။ မော့ချူးသည် ချန်ပိုင်ရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို သိပြီးပြီဟု သူထင်ခဲ့သည်။ သို့သော် သူမရဲ့ပုံစံက မသိသေးသည့်အတိုင်းဖြစ်နေသည်။

"ကောင်းပြီ ဒါဆို မင်းကို ငါ့တပည့်အဖြစ် သတ်မှတ်လိုက်ပြီ။"

သူပြောပြီးသည်နှင့်ပင် စိတ်လှုပ်ရှားနေသော အမျိုးသမီးအသံက “မင်းက ချန်ပိုင်ရဲ့ တပည့်ပဲ မဟုတ်လား။ ကျွန်မကိုလည်း လက်ခံဖို့ စဉ်းစားပေးနိုင်မလား။"

တစ်ခဏအတွင်းမှာပဲ ဒီစကားလုံးတွေက အကြီးအကျယ် တုန်လှုပ်မှုကို ဖြစ်သွားစေသည်။

All Chapters