← Chapters

အပိုင်း ၆၆

Vol. 5 Ch. 66

အပိုင်း ၆၆

Vol. 5 Ch. 66

"အဆင့်မြင့်" ဟူသည် အဖွဲ့ချုပ်တွင် ဆရာအဆင့်ရှိသူကို ရိုသေလေးစားမှုအရ ပေးထားသည့်ဘွဲ့ဖြစ်သည်။ အဖွဲ့ချုပ်တစ်ခုလုံးတွင် ဒီဘွဲ့ကိုရဖို့ အရည်အချင်းပြည့်မီသူ ဆယ်ဦးထက်မနည်းရှိပြီး ချန်ပိုင်လည်း ပါဝင်သည်။

"အို ဘုရားရေ၊ ဒါက တကယ်အဆင့်မြင့် ချန်ပိုင်လား?"

"မြန်မြန် မြန်မြန် ငါ့ကို ဆွဲဆိတ်ကြည့်၊ ငါအိပ်မက်မက်နေတာလား ကြည့်ပါဦး!"

စိုက်ပျိုးရေးဌာနရှိ လူတွေအတွက်တော့ ချန်ပိုင်ဟာ တိမ်တိုက်တွေထဲရှိ အဝေးတစ်နေရာမှ နတ်ဘုရားတစ်ပါးဖြစ်သည်။ ဒီနေ့မှာ သူက သူတို့ရဲ့အဆင့်ဆီ အမှန်တကယ် ရောက်လာလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ?

သူတို့ ဒါကို တွေးကြည့်လိုက်တော့၊ အားလုံးက တက်ကြွကာ စိတ်လှုပ်ရှားလာကြသည်။ လူတိုင်းရဲ့မျက်နှာဟာ နီမြန်းနေပြီး မျက်လုံးများက တောက်ပလာသည်။ သူတို့က ချန်ပိုင်ကို ဆာလောင်နေတဲ့ ဝံပုလွေတစ်ကောင်လို ကြည့်နေကြသည်။ သူ့ကို ခုန်အုပ်ပြီး သူကအစစ်လား အတုလားဆိုတာ စစ်ဆေးဖို့ မစောင့်နိုင်တော့ပေ!

အားလုံးက ချန်ပိုင်ကို တခဲနက်ကြည့်နေကြသည်။ သူ့မှာ သူတို့ကို မမြင်ချင်ယောင်ဆောင်လို့ မရတော့ပေ။ သူက အားလုံးကို နည်းနည်း ခေါင်းညိတ်ပြလိုက်ပြီး သူ့အထောက်အထားကို အသိအမှတ်ပြုလိုက်သည်။

“ဝိုးးး–” ချန်ပိုင်ရဲ့ သေးသေးဖွဲ့ဖွဲ့ လှုပ်ရှားမှုတွေကြောင့် စိတ်လှုပ်ရှားနေတဲ့ နောက်ထပ်လှိုင်းလုံးတစ်ခု ဖြစ်သွားသည်။

ဒီတုံ့ပြန်မှုက 21 ရာစုရှိ နာမည်ကြီးတွေနောက် လိုက်ကြတဲ့သူတွေ‌ထက် ပိုဆိုးသည်။

မော့ချူးက အံ့အားသင့်သွားပေမယ့် မော့ယန်ကတော့ သူ့ရဲ့စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ပေ။ ချူးလေးက ချန်ပိုင် ဘယ်သူလဲဆိုတာ မသိမှန်း သူသိသည်။ သူက အပင်စိုက်ခြင်းကို သိပ်စိတ်မဝင်စားပေမယ့် ချန်ပိုင်ရဲ့နာမည်ဟာတော့ လူသိများနေဆဲဖြစ်သည်။ ဒီကနေတောင် ချန်ပိုင်ရဲ့ဩဇာတိက္ကမကို မြင်နိုင်သည်။

အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်သွားသည်ကို မြင်လိုက်ရတဲ့တော့ စစ်ထူရှို့က အခြေအနေကို ထိန်းဖို့ ရှေ့ကိုအမြန်တိုးသွားသည်။ သူ့မျက်လုံးတွေက နည်းနည်း. ဉာဏ်များလှသည်။ "လူတိုင်းမြင်တဲ့အတိုင်းပဲ ချန်ပိုင် ဟာ ငါတို့စိုက်ပျိုးရေးဌာနရဲ့ ဧည့်သည်ပါမောက္ခတစ်ယောက် တရားဝင်ဖြစ်လာပါပြီ"

သူသာ တပည့်တစ်ယောက်လိုချင်လျှင် ချန်ပိုင်အနေနဲ့ စစ်တက္ကသိုလ်မှာ အနည်းဆုံး ရာထူးတစ်ခုရှိရမည်ဖြစ်သည်။ ဘွဲ့တစ်ခု ရရမယ်။ အရင်တုန်းကတော့ ဒီလူအိုကြီးဟာ လာဖို့ ဆန္ဒမရှိပေမယ့် အခုတော့ သူ့ဘက်က လက်ဦးမှုယူ လိုက်ပြီမလား? စစ်ထူရှို့က ဒါကို တွေးမိလိုက်ပြီး ပိုလို့တောင် ချိုချိုသာသာနဲ့ပြုံးလိုက်သည်။

“ဒါပေမယ့် အခုအချိန်မှာတော့ စိုက်ပျိုးရေးဌာနကို အောင်အောင်မြင်မြင်နဲ့ ဝင်ရောက်နိုင်လား မဝင်ရောက်နိုင်ဘူးလားဆိုတာကိုတော့ မင်းတို့ရဲ့တတိယအကြိမ် စစ်ဆေးမှု ရလဒ်အပေါ်မှာ မူတည်ပါလိမ့်မယ်”

ကျောင်းအုပ်ကြီးရဲ့ မျှော်မှန်းချက်အတိုင်း စစ်ထူရှို့က ကိစ္စရပ်တစ်ခုလုံးကို ရိုးရှင်းတဲ့စကားလုံး နည်းနည်းလောက်သုံးကာ မူလလမ်းကြောင်းဆီ ပြန်လည်တည့်မတ်ပေးလိုက်သည်။

"ကလေးမ ငါ့ကို တစ်ခုခုကူညီပေးလို့ရမလား?" ချန်ပိုင်ကတော့ ပြင်ပကိစ္စတွေအပေါ် လုံးဝထိခိုက်ခြင်းမရှိပါချေ။ သူက စိတ်အားထက်သန်မှုအပြည့်ဖြင့် မော့ချူးကို ကြည့်နေသည်။

"ကူညီရမှာလား?" မော့ချူး အနည်းငယ် ထိတ်လန့်သွားပြီး နောက်တော့ အပြုံးဖျော့ဖျော့ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “ရပါတယ်"

"အရမ်းကောင်းတယ်!" ဒါကိုကြားတော့ ချန်ပိုင် ရဲ့ မျက်လုံးတွေ ချက်ချင်း တောက်ပလာသည်။ စိုက်ပျိုး ရေးဌာနမှာ သူလှည့်ပတ်လမ်း လျှောက်ဖို့မစောင့်နိုင်တော့ဘူး။ သူက အဲ့ဒီကို ပြေးသွားလုမတတ်ပင်။ သူက မော့ချူးကို သူ့နောက်လိုက်မမှီမှာစိုးပြီး အချိန်နဲ့အမျှ လှည့်လှည့်ကြည့်နေသည်။

မော့ချူးသည် စိုက်ပျိုးရေးဌာန ဘယ်လောက်ထိကြီးမားလဲဆိုတာမသိပေမယ့် ပိုင်ချန် မရပ်သွားခင် မိနစ်သုံးဆယ်နီးပါးလောက် လမ်းလျှောက်လာရသည်။

သူမရှေ့တွင် နေရောင်အောက်၌ အနည်းငယ်ပြိုးပြိုးပြက်ပြက်လက်နေတဲ့ သတ္တုတံခါးတစ်ခုရှိသည်။

“ဒါက ငါ့ဓာတ်ခွဲခန်းဘဲ” ချန်ပိုင်က မော့ချူးကို တိုးတိုးလေးရှင်းပြသည်။ သူ့ရဲ့ သွယ်လျတဲ့ လက်ဖဝါးက တံခါးကို ဖိလိုက်တာနဲ့ တံခါးဟာ ချန်ပိုင်ရဲ့ လက်ဖဝါးရာအတိုင်း အထဲကို နစ်သွားသည်။ မျိုးရိုးဗီဇသော့ကို ဖွင့်လိုက်ပြီးတော့ တံခါးကို တွန်းဖွင့်လိုက်သည်။

ချန်ပိုင်ရဲ့ ခြေလှမ်းအတိုင်းလိုက်ပြီး ဝင်လာလိုက်တဲ့အခါမှာတော့ မော့ချူးတစ်ယောက် အံ့အားသင့်သွားသည်။

ဒီဟာကို ဓာတ်ခွဲခန်းလို့ ခေါ်ရမယ့်အစား စမ်းသပ်မှုဆိုင်ရာ သီးခြားအဖွဲ့အစည်းတစ်ခုဟု ဆိုလျှင် ပိုကောင်းပေလိမ့်မည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် အဆုံးမရှိပေ။

လမ်းငယ်တစ်ခုက အမည်းရောင်မြေကို နှစ်ခြမ်းခွဲထားသည်။ အထဲတွင် မှော်အပင် အမျိုးမျိုး ရှိသည်။ စမ်းသပ်ခန်းအတွင်းရှိ ထောင်ပေါင်းများစွာသော မှော်အပင်တွေကို ယခု လက်ရှိ မှောင်အပင်တွေနဲ့ နှိုင်းယှဥ်ပါက သေးနုပ်သွားရသည်။

“ဒီမှာရှိတဲ့ မှော်အပင်တွေ အားလုံးကို မှော်ဒေသအသီးသီးကနေ ပြန်ပြောင်းစိုက်ထားတာမို့ အတော်လေး ပြည့်ပြည့်စုံစုံရှိတယ်" ချန်ပိုင်က ပြုံးပြီး မျှော်လင့်နေတဲ့အကြည့်နဲ့ မော့ချူးကို လှမ်းကြည့်လိုက်သည်။ "ကြည့်ကြည့်၊ ဒီထဲမှာ အသန်မာဆုံး အပင်တချို့ကို ကူရွေးပေးလို့ ရမလား?"

ချန်ပိုင် စိုက်ပျိုးခဲ့တဲ့ သာမန်အပင်တွေဟာ အသက်ရှင်နိုင်မှုနည်းတာ‌ကြောင့် နောက်ဆုံးတွင် သေဆုံးသွားခဲ့ကြသည်။ ဒါကြောင့် သူသည် အဲ့ဒါတွေအစား ပိုမိုသန်စွမ်းတက်ကြွတဲ့ မှော်အပင်တွေနဲ့ အစားထိုးဖို့ အမြဲပြင်ဆင်နေခဲ့တာဖြစ်သည်။

သို့သော်လည်း ပြဿနာရဲ့ အဓိကအချက်မှာ အဖွဲ့ချုပ်၏ လက်ရှိနည်းပညာဖြင့် မှော်အပင်များရဲ့ ရှင်သန်မှုတန်ဖိုးကို ဆုံးဖြတ်ဖို့ နည်းလမ်းမရှိတာကြောင့် ဖြစ်သည်။ ဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်ကြောင့် ချန်ပိုင်ဟာ တတိယအကြိမ် စာရင်းသွင်းမှုအတွက် ဒီလိုမျိုး မေးခွန်းကိုထုတ်ခဲ့ခြင်းဖြစ်သည်။

ဒီစကားကိုကြားလိုက်ရတော့ မော့ချူးမှာ မသိစိတ်ကနေ တံတွေး မျိုချလိုက်ရင်း မျက်လုံးတွေ ပြူးကျယ်သွားသည်။

ဘုရားရေ! ဒီနေရာမှာ အနည်းဆုံး မှော်အပင် 10,000 လောက်တောင် ရှိလောက်တယ်။ ဒီလိုမျိုးဆို အားလုံးကို သူမ ဘယ်လိုလုပ်မြင်နိုင်မှာလဲ?

ချန်ပိုင်လည်း သူ့ရဲ့ လုပ်ရပ်ဟာ နည်းနည်း ပြင်းထန်လွန်းတယ်ဆိုတာ သိသည်။ သူကမတတ်နိုင်ဘဲ ‌သူ့လက်နှစ်ဖက်ကို ပွတ်ကာ အားနာတဲ့လေသံနဲ့ ပြောလာသည်။ "ဒုက္ခအရမ်းများတယ်ဆိုရင်လည်း မေ့လိုက်ပါ"

စစ်ထူရှို့လည်း အနောက်ကနေ လိုက်လာသည်။ ဒီမြင်ကွင်းကိုကြည့်ပြီး သူလည်းမနေနိုင်ဘဲ ခေါင်းခါလိုက်သည်။

သူ့သူငယ်ချင်းကောင်းက အပင်စိုက်တဲ့နေရာမှာ အာရုံစိုက်လွန်းသည်။ ဒီလောက် အရေးကြီးတဲ့ တာဝန်ကို သူမဆီ မပေးခင် ဒီမိန်းကလေး မော့ချူးရဲ့ အသက်ကိုတောင် သူတွေးမိရဲ့လား? ဒါ့ပြင် ဆရာက ကိုယ့်တပည့်အပေါ် အရမ်းနှိမ့်ချနေတာကို မြင်‌တောင်မြင်ဖူးကြရဲ့လား?တစ်ကမ္ဘာလုံးမှာ နည်းနည်းလောက်ဘဲ ရှိလိမ့်မယ်!

"ကိစ္စမရှိပါဘူး" မော့ချူးက ပြုံးကာ ခေါင်းခါလိုက်သည်။ သူမက ဆရာပိုင်ချန်အပေါ် ရိုသေလေးစားတဲ့ သဘောထားကို သူမအမြဲတမ်း ထိန်းသိမ်းထားသည်။

“ဒါပေမယ့် မှော်အပင်တွေ အများကြီးဆို‌တော့၊ အခုလောလောဆယ် အဲ့ဒါတွေအားလုံးကို တစ်ချိန်ထဲမှာ မမြင်ရမှာစိုးတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ? ကျွန်မ မနက်ဖြန်နဲ့ နောက်တစ်နေ့ပါ လာခဲ့မယ်ဆိုရင်ရော? ရွေးလို့ပြီးသွားရင် ကျွန်မဆရာ့ကို လာပြောပြပေးပါ့မယ်။ အဆင်ပြေလားဟင်?"

စစ်တက္ကသိုလ် အဖွဲ့ချုပ်၏ လူသစ်ခေါ်ယူသည့်ကာလဟာ စုစုပေါင်း သုံးရက် ကြာမြင့်မည် ဖြစ်သည်။ မော့ချူးအနေနဲ့ ချန်ပိုင်လိုအပ်သည့် မှော်အပင်များကို ရှာဖွေဖို့ ဒီကြာချိန်ကို အသုံးပြုနိုင်သည်။

"ဒါပေါ့၊ ရတာပေါ့!" ဒါကိုကြားတော့ ချန်ပိုင်က ချက်ချင်းဆိုသလို ဝမ်းသာအားရ ပြုံးလိုက်သည်။ “ဒါဆို မင်းရဲ့မျိုးရိုးဗီဇဖွဲ့စည်းပုံကို နောက်မှ တံခါးသော့မှာ ထည့်လိုက်မယ်။ မင်းဘာသာ လာလို့ရတာပေါ့၊"

"မင်း ဒီကောင်မလေးကို အရမ်းယုံနေတာလား?" မော့ချူးထွက်သွားတာကို ကြည့်ပြီးတော့ စစ်ထူရှို့က သူ့ဆီ လျှောက်သွားကာ သူ့လေသံက နည်းနည်း ချဉ်တူးလာသည်။

သူက သဘောထားကွဲလွဲမှု စိုက်ပျိုးဖို့မဟုတ်ချေ။ သူနဲ့ ချန်ပိုင်တို့ဟာ နှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးလာခဲ့ကြတာဖြစ်သည်။ ဒီကောင်က တံခါးမှာ သူ့ရဲ့ မျိုးရိုးဗီဇတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး ထည့်ဖို့တောင် ဘာမှ မပြောဘဲ ဓာတ်ခွဲခန်းကိုတောင် ရတနာတစ်ခုလို ဖုံးကွယ်ထားခဲ့သည်။ အခုကျတော့ သူက တပည့်တစ်ဦးကို လက်ခံလိုက်ပြီး ချက်ချင်းဘဲ သူ့ဓာတ်ခွဲခန်းထဲ ဝင်ခွင့်ပြုလိုက်သည်။ ဒါက စစ်ထူရှို့ကို ဒေါသထွက်သွားစေသည်။

“မင်းဘာပြောနေလဲဆိုတာ ကြည့်ပါဦး။ ငါ့တပည့်ကို ငါဘယ်လိုလုပ် မယုံရမှာလဲ?" ချန်ပိုင်က အခုချိန်မှာ ဆရာအဖြစ်နဲ့ အရမ်းကိုသတိရှိနေသည်။ သူ့ခန္ဓာကိုယ်က ဖြောင့်မတ်နေပြီး သူ့စကားတွေကလည်း ဂုဏ်ယူမှုအပြည့်နဲ့ပင်။

“ကောင်းပြီလေ!” စစ်ထူရှို့က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နှုတ်ခမ်းမဲ့သွားသည်။ “ငါ့ကိုလာမကြွားနေနဲ့။ ငါ့မှာလည်း တပည့်တွေ ရှိတယ်”

"ဘယ်သူက မင်းကို ကြွားနေလို့လဲ?" ချန်ပိုင်က ကျိတ်ရယ်လိုက်ပြီး မော့ချူးရဲ့ ထွက်သွားတဲ့ ပုံရိပ်ကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်သည်။ "စစ်ထူ၊ ဘာဖြစ်လို့လဲတော့ မသိဘူး၊ ဒါပေမယ့် ငါ့ရဲ့ ဒီတပည့်က အနာဂတ်မှာ သေချာပေါက် ကြီးကျယ်ခမ်းနားတဲ့ အရာတစ်ခုကို လုပ်နိုင်လိမ့်မယ်လို့ ငါ ခံစားမိတယ်!"

All Chapters