အပိုင်း ၆၇
Vol. 5 Ch. 67
နောက်နှစ်ရက်အကြာတွင် မော့ချူးသည် စစ်တက္ကသိုလ်သို့ တရားဝင်ဝင်ရောက်လာကာ စစ်တက္ကသိုလ်အဖွဲ့ချုပ် အတန်း 3030ရဲ့ ကျောင်းသူသစ်ဖြစ်လာသည်။
သို့သော်လည်း သူမမှာ 'ချန်ပိုင်ရဲ့ တစ်ဦးတည်းသော လက်ရွေးစင်တပည့်' ဘွဲ့က သူမ ခေါင်းပေါ်တွင် ရှိနေတာကြောင့် အခြားသူတွေဆီက သူမအပေါ်ပိုအာရုံစိုက်မှုတွေကို မလွဲဧကန်ခံရတော့သည်။
"ဟေး ဟေး အဲဒီကောင်မလေးကို တွေ့လိုက်လား?"
"သူလား? သူ့ကိုကြည့်ရတာ အရမ်းအစွမ်းထက်မယ့်ပုံလည်းမပေါ်ပါဘူး။ အဆင့်မြင့်ချန်ပိုင်က သူ့ကို ဘာလို့ ရွေးခဲ့တာလဲ?"
"ဟုတ်တယ်!"
ထုံးစံအတိုင်း၊ အဲ့ဒီမှာ မော့ချူးထက် အစွမ်းပိုထက်တဲ့သူတွေ ရှိသည်။ သူတို့က မတတ်နိုင်ဘဲ မနာလိုသလိုခံစားရသည်။ တကယ်တော့ သူတို့မှာလည်း ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေ ရှိပေမယ့် အဆင့်မြင့်ချန်ပိုင်ကတော့ သူတို့ကို ကြည့်တောင်မကြည့်ပေ။ အဲ့ဒီအစား ခရိုင် 12 မှ တောသူမ တစ်ယောက်ကို ရွေးခဲ့သည်။ အဲ့ဒါက မျိုချဖို့ခက်တယ်ဆိုတာ သူတို့သိလိုက်ရသည်။
အမြင်ကောင်းမရှိလို့ဆိုပြီး အဆင့်မြင့်ချန်ပိုင်ကို သူတို့အပြစ်မတင်ရဲကြပါချေ။ သူတို့အနေနဲ့ အားလုံးကို မော့ချူးအပေါ်မှာဘဲ အပြစ်ဖို့နိုင်သည်။ သူတို့တွေ သူမကိုဘယ်လိုဘဲကြည့်ကြည့် သူမကို သဘောမကျကြပါချေ။
မော့ချူး ကတော့ စိတ်ထဲမထားပေ။ စစ်တက္ကသိုလ်ကို မဝင်ရခင်တုန်းက ဒီတက္ကသိုလ်ဟာ အဖွဲ့ချုပ်ရဲ့ ထိပ်တန်းတက္ကသိုလ် ဖြစ်လာရတဲ့ အကြောင်းရင်းကို သူမ သဘောပေါက်နားလည်ထားသည်။
သူရဲကောင်းများကို သူတို့ရဲ့ ခွန်အားနဲ့ အကဲဖြတ်တာဟာ ဒီနေရာတွင် စည်းမျဉ်းတစ်ခုအဖြစ် အမြဲတမ်းရှိခဲ့သည်။
စစ်တက္ကသိုလ်က ကျောင်းတွင်းပြိုင်ပွဲတွေကို နှစ်စဉ်ကျင်းပလေ့ရှိသည်။ လူတိုင်းက ကိုယ်ပိုင်အဖွဲ့ဖွဲ့ကာ အမှတ်များများ ရနိုင်ဖို့အတွက် မှော်အပင်များနှင့် မှော်သားရဲများကို ဖမ်းယူရန် မှော်ဒေသတွင်းသို့ ဝင်ရောက်ရမည်ဖြစ်သည်။ အမှတ်များ အဆင့်မြင့်လေလေ၊ သူတို့ခံစားနိုင်တဲ့ အရင်းအမြစ်တွေက ပိုကောင်းလေလေဖြစ်သည်။
ထို့အတွက်ကြောင့် စစ်တက္ကသိုလ် အဖွဲ့ချုပ်တစ်ခုလုံးတွင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေတတ်သည်။ 'အားကြီးသူသာ ရှင်ကျန်မယ်' ဆိုတဲ့ စကားစုကို ဒီနေရာတွင် ကွက်ကွက်ကွင်းကွင်းကို ပြသထားသည်။
"ဘာကြီးလဲ?"
စင်မြင့်ပေါ်က ကထိကကို ကြည့်လိုက်ပြီး မော့ချူး နည်းနည်း အံ့အားသင့်သွားသည်။
ဒီနှစ် ကျောင်းတွင်းပြိုင်ပွဲက သူမတို့တက္ကသိုလ် ၀င်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားသည်။ ကျောင်းအုပ်ကြီးသည် လက်ဝှေ့ယမ်းလိုက်ပြီး၊ ဒီတက္ကသိုလ်ထဲ ရောက်လာတာ ဆယ်ရက်လောက်သာရှိသေးသည့် သူမတို့ အာလူးကြော်အုပ်စုလေးဟာလည်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆရာမက လောလောဆယ် သက်ဆိုင်တဲ့ကိစ္စတွေကို လက်ငင်းရှင်းပြပေးနေသည်။
မော့ချူးမှာ စစ်တက္ကသိုလ်ရဲ့ သံရည်ကျိုနည်းလမ်းကြောင့် မတတ်နိုင်ဘဲ အံ့အားသင့်ခဲ့ရသည်။
အနီးနားရှိ ကျောင်းသားတွေရဲ့ မျက်နှာများပေါ်မှာလည်း စိုးရိမ်တဲ့ အမူအရာများဖြင့် လှုပ်ရှား ဆွေးနွေးနေကြသည်။ နောက်ဆုံးတော့၊ သူတို့ဟာ ကျောင်းစစဝင်ချင်း လိုက်လျောညီထွေဖြစ်မယ့် ကာလကိုတောင် မကျော်လွန်သေးပေမယ့် ဒီလိုမျိုး ကြီးကြီးမားမားပြိုင်ပွဲမှာ ပါရတော့မည်ဖြစ်သည်။ ဒါ့ပြင် ဒါက ဒီနှစ်အတွက် သူတို့ရဲ့အပြူအမူရေးရာနဲ့လည်း ဆက်စပ်နေသေးသည်။ ဘယ်သူက မစိုးရိမ်ဘဲနေမှာလဲ?
ကျောင်းတွင်းပြိုင်ပွဲစည်းမျဉ်းအရ အသင်းတိုင်းဟာ 'တစ်ေယာက် တစ်ယောက်ချင်း' စည်းမျဉ်းကို လိုက်နာရမည်ဖြစ်သည်။ တစ်နည်းဆိုရသော် အဆင့်မြင့်ကျောင်းသားတိုင်းဟာ တစ်ဦးနှင့်တစ်ဦး ဖြည့်စွက်ပေးနိုင်ဖို့အတွက် အဆင့်နိမ့် ကျောင်းသားတစ်ယောက်နဲ့ တွဲရမည်ဖြစ်သည်။
မော့ချူးနဲ့ မော့ယန်တို့ရဲ့ ချို့ယွင်းချက်တွေက ဒီနေရာမှာ ထင်ဟပ်လာသည်။ သူတို့ဟာ ခရိုင် 12 မှ လာတာကြောင့် ခရိုင် 3 က ဘယ်သူ့ကိုမှ မသိကြပါချေ။ အဲ့ဒီအချိန် အခြားသူများမှာ တွဲဖို့လူတွေရှာနေကြပြီဖြစ်သည်။
တစ်ခဏလောက် နှစ်ယောက်သား ဘေးနားမှာ ရပ်နေလိုက်သည်။
"ဟား! ဒီအချိန်မှာ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကိုတောင် ကိုင်ထားသေးတယ်၊ မင်းကိုယ်မင်း အရမ်းတော်နေတယ်လို့ တကယ်ကြီးထင်နေတာလား?"
"ဟုတ်တယ်၊ ခဏနေကျ ငါတို့ဘဲကျန်ခဲ့ရင် သူတို့ကို သင်ခန်းစာပေးရမယ်!"
ကျောင်းစဝင်ကတည်းက မော့ချူးဟာ သိုသိုသိပ်သိပ်နေခဲ့ပြီး လူတွေအနေနဲ့ သူမကို ဝေဖန်ဖို့ လမ်းစရှာမတွေ့ခဲ့ပါချေ။ မော့ချူးကို သဘောမကျတဲ့ ဒီလူအုပ်စုဟာ သူမရဲ့ လက်ထဲက သွေးအလင်းသားရဲကို ဝေဖန်ရန်မှတပါး ရွေးချယ်စရာ မရှိပေ။
မော့ချူးကတော့ အဲ့ဒီစကားလုံးတွေကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် ကြားခဲ့ရသည်။ သူမလက်ထဲရှိ ပေါက်ကွဲတော့မယ့် သွေးအလင်းသားရဲကို မတတ်နိုင်ဘဲ သူမ ထိလိုက်သည်။ ဟင်း၊ သူမ နည်းနည်း ကူကယ်ရာမဲ့သလိုခံစားရတယ်။ သွေးအလင်းသားရဲက သိမ်မွေ့ပြီး အပြစ်ကင်းစင်တဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို့ သူတို့ တကယ်ထင်နေကြတာပဲ။ ကန်းနေကြတာလား?
"ဟေ့ မင်း ငါတို့နဲ့ အဖွဲ့ဖွဲ့ဖို့ ဆန္ဒရှိလား?" ရုတ်တရက် လူတစ်ယောက်က သူတို့ဆီ လျှောက်လာသည်။ သူ့အသံက ကျယ်လောင်တဲ့ ခေါင်းလောင်းသံကြီးလိုပင်။ သူရဲ့သန်မာတဲ့ ခန္ဓာကိုယ်နဲ့ ကြွက်သားအဖုအထစ်တွေက တိုက်ခိုက်ရေးသမား တစ်ယောက်လိုပင်။
ဒါပေမယ့် အဲ့ဒီလူပြောတဲ့လူမှာ မော့ချူးကို မဟုတ်ဘဲ၊ မော့ချူး ဘေးမှာရှိတဲ့ မော့ယန်ကိုဖြစ်သည်။ အဆင့် 7 နားကပ်နေတဲ့ မော့ယန်ရဲ့ ခွန်အားဟာ ကျောင်းသားသစ်တွေကြားတွင် အရမ်းပေါ်လွင်လှသည်။
ချင်ယွဲ့က သူ့ရှေ့ရှိ ကောင်လေးကို အကဲဖြတ်လိုက်သည်။ သူတို့အဖွဲ့ကို စစ်တက္ကသိုလ် အဖွဲ့ချုပ်တွင် ပျမ်းမျှထက်သာလွန်သည်ဟု ယူဆနိုင်သည်။ ဒါကြောင့် သူက မော့ယန်ရဲ့ အရည်အချင်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သဘောကျသွားသည်။ သူ့ဘေးနားက ကောင်မလေးကိုတော့ ဆရာကြီးချန်ပိုင်က သူ့ရဲ့ တပည့်အဖြစ် ခေါ်လာခဲ့ပေမယ့် သူမရဲ့ ခွန်အားကတော့ အားနည်းလွန်းလှသည်။ အဆင့်မြင့်တဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ စစ်တက္ကသိုလ်တွင် စိုက်ပျိုးရေးဌာန၏ အဆင့်၅ ကနဦးအဆင့်ရှိတာက ဘာမှလုပ်မရပါချေ။
မော့ယန်က ဘာမှ မပြောပေ။ သူက သူ့ဘေးနားရှိ မော့ချူးကို တစ်ချက်ကြည့်လိုက်သည်။ သူ့အဓိပ္ပါယ်ကတော့ အရမ်းရှင်းသည်။ အသင်းဖွဲ့ချင်ရင်ရတယ်၊ ဒါပေမယ့် ချူးလေးလည်း သူနဲ့ အတူတူပါရမယ်!
ချင်ယွဲ့ဟာ အားသာချက် အားနည်းချက်များကို သဘာဝအလျောက်သိသည်။ အဆုံးမှာတော့ သူက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ဒီကလေးမလေးက သူတို့ကို အောက်မဆွဲချသရွေ့တော့ သူက သူမကို အင်တင်တင်နဲ့ ခေါ်လာမှာပင်။
ကျောင်းတွင်းပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ဖူးတဲ့ စီနီယာတွေကတော့ ကျောင်းကရှာထားတဲ့ မှော်ဒေသဟာ ကြီးကြီးမားမားမဟုတ်ကြောင်း သဘာဝအလျောက် သိကြသည်။ အရင်းအမြစ်တွေကို ကန့်သတ်ထားတာကြောင့် စောစောဝင်လေ၊ ပိုအကျိုးရှိလေဖြစ်သည်။ အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးတဲ့နောက် သူတို့လည်းမှော်ဒေသဆီ တည့်တည့်သွားလိုက်ကြသည်။
ခရီးစဉ်က အတော်လေး ချောမွေ့တယ်လို့ ယူဆနိုင်ပေမယ့် ဒီအဖွဲ့ရှိလူတွေဟာတော့ မော့ချူးကို အပိုလူတစ်ယောက်လိုဘဲ ဆက်ဆံကြသည်။ သူတို့က သူမကို လှုပ်ရှားခွင့်တောင် မပေးဘဲ မှော်သားရဲ အတော်များများကို ဖယ်ရှားခဲ့သည်။ သူတို့လက်ထဲရှိ Terminal မှာရှိတဲ့ အမှတ်တွေက ဆက်တက်လာပြီး ခဏအတွင်းမှာပဲ အမှတ် 20 ကို အောင်မြင်စွာ ရလိုက်သည်။
အဲ့ဒီအမှတ်တွေကို မှော်အပင်တွေနဲ့ မှော်သားရဲတွေရဲ့ စွမ်းအင်အပေါ် အခြေခံကာ အကဲဖြတ်တာဖြစ်သည်။ အဆင့်မြင့်လေ အမှတ်များလေလေဖြစ်သည်။ မော့ချူးသေချာကြည့်လိုက်တဲ့ အခါမှာတော့ နံပါတ်တစ်မှာရှိတဲ့လူက တကယ်ကြီးကို အမှတ် ၁၀၀ ရှိကြောင်း တွေ့လိုက်ရသည်။ သူမ ရင်ထဲမှာ မတတ်နိုင်ဘဲ တုန်လှုပ်သွားရသည်။ စစ်တက္ကသိုလ်မှာ အဆင့်မြင့်တဲ့သူတွေနဲ့ ပြည့်နှက်နေတာဘဲ!
"ဆက်လျှောက်ရအောင်!" ချင်ယွဲ့က အကောင်ကြီးပြီး ထွားသလိုသူ့ရဲ့ ခွန်အားကိုလည်း လျှော့တွက်လို့မရပါချေ။ သူဟာ အလယ်တန်း အဆင့် ၈ ဖြစ်ပြီး စစ်တက္ကသိုလ် တစ်ခုလုံးတွင် ပျမ်းမျှထက် သာသည်ဟု ယူဆလို့ရသည်။
"ခဏ၊ မသွားကြနဲ့ဦး!" တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့တဲ့ မော့ချူးဆီကနေ ရုတ်တရက် အသံထွက်လာသည်။ "ရှေ့မှာ အန္တရာယ်ရှိတယ်"
"ဘာဖြစ်လို့လဲ?" မော့ယန်က မော့ချူးကို လှည့်ကြည့်လိုက်သည်။ သူမက အဓိပ္ပါယ်မရှိရင် ပြောမှာမဟုတ်ဘူးဆိုတာ သူသိသည်။
ကျစ်! ကျန်အဖွဲ့သားတွေက မော့ချူးရဲ့စကားကို လှောင်ပြောင်ကြသည်။ အန္တရာယ်? မှော်ဒေသမှာပါဆို ဘယ်လို လုပ် အန္တရာယ်ကင်းနိုင်မှာလဲ?
"မြန်မြန် သွားရအောင်!" အဖွဲ့ထဲက လူတစ်ယောက်က လှောင်ပြောင်လာသည် ။"ညီမလေးရေ၊ အန္တရာယ်တွေ့မှာ ကြောက်ရင် ဒီကို မလာသင့်ဘူးလေ"
မော့ချူးကြောင့် နှောင့်နှေးသွားတဲ့ မိနစ်အနည်းငယ်မှာ အခြားအဖွဲ့တစ်ဖွဲ့က သူတို့ကို ကျော်တက်သွားသည်။ အားလုံးက နည်းနည်း စိုးရိမ် သွားကြသည်။ "ဘာလို့ အမြန်မသွားကြတာလဲ? မဟုတ်ရင် ငါတို့ နောက်ကျကျန်ခဲ့လိမ့်မယ်!"
“အား-”
ရုတ်တရက် အရှေ့ကနေ အော်သံတစ်ခုထွက်လာသည်။
ချင်ယွဲ့က မျက်လုံးတွေကို မှိတ်ထားလိုက်ပြီး အာရုံစိုက်လိုက်သည်။ ဒီအသံက အခုတုန်းကသူတို့ကို ကျော်တက်သွားခဲ့တဲ့ အဖွဲ့ထဲက ဖြစ်မှန်း သူအမြန်မှတ်မိသွားသည်။ သူတို့ရဲ့ ခွန်အားက သူတို့ထက်တောင် နည်းနည်းသာတာ! ဒီအချိန်မှာ သူတို့အနေနဲ့ ပြဿနာရှိတဲ့ မှော်သားရဲတချို့နဲ့ တွေ့တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?