← Chapters

အပိုင်း ၆၉

Vol. 5 Ch. 69

အပိုင်း ၆၉

Vol. 5 Ch. 69

ဟန်ရွှမ်က ခေါင်းကုတ်လိုက်ပြီး ရှင်းရှင်းလင်းလင်းကိုဘဲ သူ့စိတ်ကို မပြောင်းနိုင်သေးပေ။ "ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ? လမ်းလွှဲသွားကြမှာလား?"

ချင်ယွဲ့က ခဏလောက် အံ့ဩသွားပေမယ့် ချက်ချင်းပြန်မဖြေလာ‌ပေ။ အဲ့ဒီအစား သူက စိတ်ရှုပ်ထွေးစွာနဲ့ မျက်ခုံးတွန့်ချိုးသွားသည်။

မော့ချူးက သူဘာတွေတွေးနေလဲဆိုတာ နားလည်လိုက်သည်။ ဒီလိုထူးခြားတဲ့ မှော်အပင်ကို သူတို့ဖမ်းမိရင်သူတို့ရဲ့ အမှတ်တွေက အဆမတန် တိုးလာလိမ့်မယ်။ ဒါပေမယ့် သူ့အဖွဲ့သားတွေရဲ့ လုံခြုံရေးအတွက် သူစိုးရိမ်တဲ့အတွက် အကျပ်ရိုက်နေတာဖြစ်သည်။

"ဒီလိုဆိုရင်‌ရောဘယ်လိုလဲ? မော့ယန်နဲ့ ကျွန်မ အရင်သွားကြည့်လိုက်မယ်" မော့ချူးက ဒီမှော်အပင်ကို အရမ်းစိတ်ဝင်စားနေသည်။ ဒါ့အပြင်၊ မှော်အပင်ရဲ့ ခန္ဓာကိုယ်ကိုလည်း သူမမြင်နိုင်သည်။ သူမအတွက် ဒီလိုကိုယ်ဖျောက်ထားတာက အလွယ်လေးပင်။

"ငါတို့ ဒါကို ဘယ်လိုလုပ် လုပ်နိုင်မှာလဲ?" ဒီစကားကိုကြားတဲ့အခါ ချင်ယွဲ့ရဲ့ ထူထဲတဲ့မျက်ခုံးတွေက ပိုတွန့်ချိုးသွားသည်။ စောစောတုန်းက အသင်းက ဒဏ်ရာအပြင်းအထန်ရခဲ့တာ။ မော့ချူးနဲ့ မော့ယန်တို့ဟာ လူနှစ်ယောက်ဘဲ ဖြစ်သည်။ အဲဒါက သူတို့ကို သတ်သေဖို့ မစ်ရှင် လွှတ်လိုက်သလိုပဲ မဟုတ်ဘူးလား? "ငါတို့သွားချင်ကြတယ်ဆိုရင်လည်း အကုန်လုံး အတူတူသွားရင်ရော?"

"ဟုတ်တယ်!" အခြားအဖွဲ့သားများကလည်း သဘောတူကသည်။ အကယ်၍ ဒီလူငယ်နှစ်ဦးကို ဦးဆောင်ခွင့်ပေးလိုက်ကြောင်း အခြားသူတွေသာ သိပါက သူတို့ အရှက်ကွဲပြီး အခြားသူတွေဆီကနေ လှောင်ပြောင်ခံကဖို့ စောင့်နေရတော့မည်။

သူတို့မျက်နှာပေါ်မှ တင်းမာတဲ့အမူအရာတွေကို မြင်လိုက်ရတော့ ‌မော့ချူးရဲ့ ရင်ထဲမှာ နွေးထွေးသွားသည်။ သူမက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ " ဒါဆိုလည်း ကောင်းပြီလေ၊ အားလုံး ပိုပြီးသတိထားကြပါ!"

မှော်အပင်ရဲ့ ကိုယ်ယောင်ဖျောက်နိုင်စွမ်းကို သိထားတာ‌ကြောင့်ဖြစ်မည် လူတိုင်းက စောစောကလိုမျိုး စိုးရိမ်ပူပန်ခြင်း မရှိကြတော့ပေ။ သူတို့အနေနဲ့ ဘယ်ကနေစရမှန်းမသိရုံသာ ဖြစ်သည်။

ယခုအချိန်မှာတော့ မော့ချူးဟာ နေရာတစ်နေရာကနေ ပါဝင်နိုင်နေပြီဖြစ်သည်။ သူမလက်ညှိုးထိုးတဲ့နေရာတိုင်းကနေ ဘုရားသခင်ဆီက အကူအညီကို ရနေတဲ့ပုံပင်။

မှော်အပင်က မ အ ပေ။ မော့ချူးက သူ့ရဲ့တည်ရှိမှုကို ထုတ်ဖော်ခဲ့မှန်း သိသွားပြီး ဒေါသအလွန်ထွက်ကာ သူမကို တိုက်ခိုက်ချင်နေသည်။ ကံမကောင်းစွာနဲ့ပဲ၊ မော့ချူးကတော့ သူ့ရဲ့လုပ်ရပ်တွေကို သတိထားမိနေပြီဖြစ်သည်။ ဒါ့အပြင် မော့ယန်က မော့ချူးဘေးတွင် အမြဲရှိနေတာကြောင့် မှော်အပင်က သူမကို ဘာမှ မလုပ်နိုင်ပါချေ။

တစ်ဖက်မှာ‌တော့ ချင်ယွဲ့ရဲ့ စွမ်းအားဟာလည်း အမှန်တကယ်ကို အားကောင်းလှသည်။ မှော်အပင်ကို မမြင်ရပေမယ့် မော့ချူး အသံပြုလိုက်တာနဲ့ ပစ်မှတ်‌ကိုထိအောင် လျင်မြန်စွာ သူတိုက်ခိုက်နိုင်သည်။

အချိန်ကြာလာသည်နှင့်အမျှ မှော်အပင်ရဲ့ စွမ်းအင်မှာလည်း ထက်ဝက်ကျော်လောက် အလျင်အမြန်ကုန်ခမ်းသွားကာ သူ့ရဲ့ ကိုယ်ယောင်ဖျောက်စွမ်းရည်ကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ပေ။ ကိုယ်ယောက်ဖျောက်နိုင်တဲ့ အသာစီးစွမ်းရည် မရှိတော့တာကြောင့် အဖွဲ့က မှော်အပင်ကို အမြန်ဖယ်ရှားလိုက်သည်။

သေချာပေါက်ကို မှော်အပင်ရဲ့ ထူးခြားလှတဲ့ဝိသေသလက္ခဏာတွေကြောင့် သူတို့ရဲ့ အမှတ်တွေ နှစ်ဆတိုးလာပြီး ထိပ်ဆုံးဆယ်ဖွဲ့ဆီ အမြန်ခုန်တက်သွားခဲ့သည်။

လူတိုင်းက အရမ်းစိတ်လှုပ်ရှားနေကြသည်။ ထိပ်တန်းဆယ်ဖွဲ့ကို မပြောနဲ့ဦး ကျောင်းတွင်းပြိုင်ပွဲတွေ အများကြီးမှာ ပါရင်တောင် ထိပ်တန်း ရာဂဏန်းထဲ မဝင်နိုင်ပါ‌ချေ။ ဒီဟာက မော့ချူးရဲ့ကျေးဇူးကြောင့်မှန်း သူတို့နားလည်ကြပြီး သူမကိုကျေးဇူးတင်ပြီး ဂုဏ်ပြုလိုမှုတွေနဲ့ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လာကြသည်။

"ဒါဆို... ဒီမှော်အပင်ရဲ့ အမြစ်စနစ်ကို ကျွန်မယူလို့ရမလား?" ချင်ယွဲ့ နဲ့ တခြားသူတွေက ဒီမှော်အပင်ကို ခလုတ်ခုံထဲထည့်လိုက်ပြီး အမြစ်ကိုတော့ ပုံမှန်အတိုင်းလွှင့်ပစ်လိုက်ကြသည်။

“ဒါ‌ပေါ့၊ မင်းယူလို့ရတယ်၊ ဒါပေမယ့် အဲ့ဒီအပိုင်းက စွမ်းအင်မရှိဘူး။ ယူသွားရင်တောင် အသုံးမဝင်ဘူး…” ဟန်ရွှမ်က ကြင်နာစွာနဲ့ ပြောလိုက်သည်။ မော့ချူးက အတွေ့အကြုံမရှိဘူးလို့ သူထင်ခဲ့ပေမယ့် မော့ချူးဟာ ချန်ပိုင်ရဲ့တပည့်ဖြစ်ကြောင်း သူအမြန်သတိရလိုက်သည်။ ဒါကြောင့်၊ သူမမှာလည်း အမြစ်ကို သုံးရမယ့်နေရာရှိမှာပင်။ သူက တိတ်တိတ်နေဖို့ ဆုံးဖြတ်လိုက်သည်။

"ရပါတယ် ကျေးဇူးတင်ပါတယ်" မော့ချူးက ဟန်ရွှမ် မူမမှန်ဖြစ်နေတာကို သတိမထားမိဘဲ သူမရဲ့ကိုယ်ပိုင်ခလုတ်ခုံထဲ အမြစ်စနစ်ကို ထည့်လိုက်သည်။

အစက သူမမှာ တုံ့ပြန်မှု မရှိပေမယ့် အမြစ်စနစ်မှထွက်လာသော ရင်းနှီးလှတဲ့ အနံ့ကိုရလိုက်တဲ့အခါမှာ‌တော့ သူမ တစ်ခုခုကိုသတိရသွားသည်။ ဒါက သူမ ရှာမတွေ့ခဲ့တဲ့ ငရုတ်သီးတစ်မျိုးဘဲ!

သူမရဲ့လက်ထဲက အမြစ်စနစ်ကို ဆုပ်ကိုင်ထားပြီး အနံ့ခံလိုက်ရင်း မော့ချူးမှာ အစပ်ကြောင့် မျက်ရည်ကျလုမတတ်ပင်။ ဒါတောင် သူမရင်ထဲက ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။ ငရုတ်သီးနဲ့အရသာများစွာကို ပြုလုပ်နိုင်သည်။ တွေးကြည့်ရုံနဲ့တင် သူမ သရေတွေယိုလာရသည်။

မော့ချူးရဲ့လက်မောင်းပေါ်က သွေးအလင်းသားရဲဟာလည်း မော့ချူးရဲ့ ပျော်ရွှင်မှုကို ခံစားရသလိုမျိုး အကြိမ်အနည်းငယ်လောက် ခုန်ပေါက်လိုက်သည်။

အသေးလေး နင်တော့ကံကောင်းတာပဲ! မော့ချူးက သူ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ သူလည်း သရေယိုနေပြီဆိုတာ သူမသိတာပေါ့!

All Chapters