← Chapters

အပိုင်း ၇၀

Vol. 5 Ch. 70

အပိုင်း ၇၀

Vol. 5 Ch. 70

အရသာရှိလှတဲ့ ဟင်းချက်နည်းမျိုးစုံက မော့ချူးရဲ့စိတ်ထဲတွင် လှည့်ပတ်နေသည်။ အဆုံးမှာတော့ သူမကဝမ်းနည်းတဲ့မူအရာဖြင့် သရေတွေကိုသာ သုတ်နိုင်တော့သည်။ ဒီကျောင်းတွင်းပြိုင်ပွဲကို တခြားဟာတွေထက် အရင်ပြီးအောင် လုပ်လိုက်တာက ပိုကောင်းတယ်။

"ကောင်းပြီ၊ ရှေ့ဆက်ရအောင်!" တစ်ချက်တည်းနဲ့ ထိပ်ဆုံး၁၀ ဖွဲ့ထဲ ဝင်သွားရတဲ့ အောင်မြင်မှုခံစားချက်က အသင်းသားတွေကို အမှန်တကယ် စိတ်အားထက်သန်စေသည်။ တစ်ယောက်ချင်းစီက စိတ်ကြွဆေးသောက်ထားသလိုမျိုး စိတ်အားထက်သန်ကာ တက်ကြွနေကြသည်။

ဒါက သူတို့ကံကောင်းတာကြောင့်လည်းဖြစ်သည်။ သူတို့ခဏလောက်ဘဲ ဆက်လျှောက်ရသေးသည် အကျိုးသက်ရောက်မှုများတဲ့ မှော်သားရဲကို တွေ့လိုက်ရသည်။ အဲ့ဒါက အလယ်အဆင့် 7 တွင်သာရှိပေမယ့် သူ့ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအင်တန်ဖိုးက‌တော့ အတော်မြင့်သည်။ သူတို့ မလှုပ်မရှားရသေးခင်မှာဘဲ မီးတောက်တစ်ခုက ရုတ်တရက်ပျံထွက်လာပြီး မှော်သားရဲကို တိုက်ခိုက်လိုက်သည်။

F*ck! သူတို့သားကောင်ကို တကယ်ကြီး အလုခံနေရတာဘဲ!

သူတို့အနောက် လှမ်းလှမ်းက လူတစ်စုဟာ သူတို့ဆီ ဖြည်းဖြည်းချင်း လျှောက်လာနေတာကို တွေ့လိုက်ရသည်။ ခုနလေးကတင် တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီးက အရှေ့မှာရပ်နေသည်။ သူမရဲ့မျက်နှာသွင်ပြင် နူးညံ့သိမ်မွေ့ပြီး လှပလှသည်။ သူမမျက်နှာက အရမ်းကို စိတ်လှုပ်ရှားစေပြီး မျက်စိကျစရာကောင်းလှသည်။

"ချောင်းဟုန်မိန်" ချင်ယွဲ့က မျက်မှောင်ကြုတ်လိုက်ကာ ရောက်လာတဲ့သူ နာမည်ကို ချက်ချင်း‌ထုတ်ပြောလိုက်သည်။

"ဟမ့်! နင်က ဘယ်သူလို့ထင်လို့လဲ?" ချောင်းဟုန်မိန်က မောက်မာစွာနဲ့ ပြောလိုက်သည်။ သူမက သန်မာပြီး သဘာဝကျကျ ဆွဲဆောင်မှုတစ်မျိုးကို ထုတ်ဖော်ပြသနေသည်။ “ဆိုတော့ ဒါက နင်တို့တွေပေါ့။ ထင်ထားသလိုဘဲ၊ ရန်သူတွေက ဒီလမ်းကျဉ်းမှာလာဆုံနေတာဘဲ"

တကယ်တော့ စစ်တက္ကသိုလ်ရှိ လူတိုင်းဟာ အချင်းချင်းရဲ့ ခွန်အားတွေကို သိရှိကြတဲ့အတွက် သူတို့ရဲ့ သတ်မှတ်ချက်တွေဟာလည်း အတော်လေးကို ပုံသေဖြစ်နေတတ်သည်။ ချောင်းဟုန်မိန်ရဲ့အဖွဲ့ကတော့ ထိပ်တန်းဆယ်ဖွဲ့ထဲမှာ အမြဲတမ်း ပါလေ့ရှိသည်။ အခုတော့ သူတို့မှာ ကြားတောင်မကြားဖူးတဲ့ နံပါတ် 23 အဖွဲ့တစ်ဖွဲ့ဆီကနေ တွန်းချခံခဲ့လိုက်သည်! သူတို့က ဒါကိုဘယ်လိုလုပ် လက်ခံနိုင်ရမှာလဲ?

ခလုတ်ခုံရှိ အဆင့်သတ်မှတ်ချက်တွေက အဖွဲ့တစ်ခုစီ၏ အမှတ်စဉ်နံပါတ်များကိုလည်း ပြ‌ထားသည်။ မော့ချူးနဲ့ တခြားသူတွေရဲ့ အင်္ကျီတွေပေါ်က နံပါတ် 23 ဆိုတာကြီးက အရမ်းမျက်စိဖမ်းစားလှသည်။

"ချောင်းဟုန်မိန်!" ချင်ယွဲ့က ဒေါသကြီးသည်။ သူက မျက်ခုံးပင့်လိုက်ပြီး ခက်ခက်ထန်ထန်နဲ့ မေးလိုက်သည်။ “မင်းမှာငါတို့သားကောင်ကို လုယူဖို့ ဘာအခွင့်အရေးရှိလို့လဲ?”

"ငါ့မှာဘာအခွင့်အရေး ရှိလဲ?" ချောင်းဟုန်မိန်က ပြုံးလိုက်ပြီး သူမရဲ့မျက်လုံးတွေထဲမှာလည်း အထင်သေးမှုတွေနဲ့ ပြည့်နှက်နေသည်။ "ငါလုယူလိုက်ရင်ရော၊ နင်တို့ဘာတတ်နိုင်လဲ?"

ချောင်းဟုန်မိန်ရဲ့အသံထွက်လာတာနဲ့ သူမအနောက်ရှိ အဖွဲ့ဝင်တစ်ချို့က တိုက်ပွဲတစ်ခုလိုမျိုး မှော်သားရဲကို စပြီးတိုက်ခိုက်လာသည်။

"အစ်ကို၊ သွားကြစို့!" မော့ချူးက မှော်သားရဲတိုက်ပွဲပါ ပါနေတဲ့ မော့ယန်ကို တစ်ချက်ကြည့်လိုက်သည်။ ဟမ့် နင်တို့က ငါတို့ကိုလာလျှော့တွက်နေတာဘဲ!

ပြင်းထန်တဲ့တိုက်ပွဲအပြီးမှာတော့ မော့ယန်ဟာ မှော်သားရဲရဲ့သက်ကို လျှပ်တစ်ပြက်အဆုံးသတ်လိုက်သည်။

စစ်တက္ကသိုလ်ရှိအမှတ်များကို နောက်ဆုံးအဆုံးသတ်ခဲ့တဲ့ လူဖြင့်သာ အမှတ်ဖြတ်တာကြောင့် ဒီမှော်သားရဲရဲ့ အမှတ်တွေဟာလည်း သဘာဝအလျောက် မော့ယန်တို့အဖွဲ့ဆီ ရောက်သွားသည်။

ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ ချောင်းဟုန်မိန်ရဲ့မျက်နှာက နည်းနည်း ဆိုးဝါးသွားသည်။ သူမက အကြည့်တွေက အားလုံးအပေါ်ဖြတ်သွားပြီး မော့ချူးဆီမှာအဆုံးသတ်သွားသည်။

"နင်က မော့ချူးလား?"

ချောင်းဟုန်မိန်ရဲ့ မျက်နှာသွင်ပြင်က အကြီးအကျယ်လေးနက်သွားပြီး မော့ချူးကိုကြည့်နေတဲ့ သူမပုံစံဟာလည်း အကဲဖြတ်နေသလိုပင်။

"မော့ချူး၊ အဲဒီ့မိန်းမကို သတိထား" ဒီအချိန်တိုလေးအတွင်းမှာ ဟန်ရွှမ်ဟာ သူ့ရဲ့ယခင်ကဥပေက္ခာပြုမှုတွေကို စွန့်လွှတ်လိုက်ပြီး မော့ချူးအတွက်တောင် စိုးရိမ်ပေးလာသည်။ "ချောင်းဟုန်မိန်က စိုက်ပျိုးရေးဌာနရဲ့ ထိပ်တန်း ၃ ယောက်ထဲမှာပါတယ်။ သူက အဆင့်မြင့်ချန်ပိုင်ရဲ့တပည့် အမြဲတမ်းဖြစ်ချင်ခဲ့တာ!"

"ဒါပေမယ့် တစ်သက်မှာ တစ်ခါသာရတဲ့ အခွင့်အရေးကို မင်းလိုမျိုး ကောင်မလေးတစ်ယောက်က ရုတ်တရက် လုယူသွားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ? စိုက်ပျိုးရေးဌာနက ကျောင်းသားဘယ်လောက်တောင် မင်းကိုအားကျနေကြလဲဆိုတာ ဘယ်သူသိမှာလဲ? ချောင်းဟုန်မိန်လည်း မင်းအပေါ်မှာ အမြင်ကောင်းမရှိလောက်ဘူး!"

"နင့်မှာ ဘယ်လို အရည်အချင်းတွေရှိလဲဆိုတာ ငါတကယ် မတွေ့ဘူး" ချောင်းဟုန်မိန်ရဲ့ မျက်လုံးတွေက နည်းနည်းမြင့်တက်သွားပေမယ့် သူမရဲ့နူးညံ့လှတဲ့အနီရောင်နှုတ်ခမ်းက ထွက်လာတဲ့ စကားလုံးတွေဟာ‌တော့ အထင်အမြင်သေးမှုတွေနဲ့ ပြည့်နှက်နေသည်။

အဆင့်မြင့်ချန်ပိုင်ရဲ့တပည့်ဖြစ်ဖို့ ဒီကောင်မလေးက ဘယ်လိုလှည့်ကွက်တွေ သုံးခဲ့လဲဆိုတာတော့ သူမ မသိပေ။

"ဟက်!" ဒီအမျိုးသမီးက သူမအပေါ် ရန်လိုနေမှန်း မော့ချူးသိပေမယ့် သူမ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။ သူမရဲ့မျက်လုံးတွေက တောက်ပလာကာ "တခြားဟာတွေကိုတော့ ရှင်မသိလောက်ပေမယ့် လက်တွေ့စမ်းသပ်မှုမှာ‌တော့ ကျွန်မအမှတ်ပြည့်ရခဲ့တယ်။ မဟုတ်ရင်လည်း ဆရာကြီးက ကျွန်မမှာ စွမ်းရည်ရှိတယ် ထင်နေလို့များလား?"

All Chapters