အပိုင်း ၇၁
Vol. 5 Ch. 71
ချောင်းဟုန်မိန်ရဲ့ နည်းနည်းကြမ်းတမ်းသည့် အသွင်အပြင်၊ သဘောထားနှင့်ယှဉ်ပါက မော့ချူးဟာ ချောတယ်လို့ ယူဆလို့ရသည်။ ဒါပေမယ့် မော့ချူး ပြုံးလိုက်တဲ့အခါမှာတော့ သူမက ပွင့်လန်းလာစ ပန်းလေးတစ်ပွင့်လိုမျိုး အရမ်းဆွဲဆောင်မှုရှိလှသည်။ နွေဦးလေပြည်ထဲမှာ ရေချိုးနေရသလိုမျိုး လူတွေကို ခံစားရစေသည်။
မော့ချူးကတော့ သူမရဲ့စကားလုံးတွေက တစ်ဖက်လူကို ထိခိုက်သွားစေမှန်း မသိလိုက်ပေ။
ချောင်းဟုန်မိန် စစ်တက္ကသိုလ်ကို စဝင်တုန်းက သူမဟာ ရေးဖြေစာမေးပွဲမှာ အမှတ်ပြည့်ရခဲ့ပြီး လက်တွေ့စစ်ဆေးမှုမှာတော့ နောက်ဆုံးအဆင့် ရခဲ့သည်။ ဒါပေမယ့် သူမရဲ့ ရလဒ်နှစ်ခုကို ပေါင်းလိုက်တဲ့အခါမှာတော့ သူမဟာ စစ်တက္ကသိုလ်ကို ဝင်ရောက်နိုင်ခဲ့သည်။
ချောင်းဟုန်မိန် အမူအရာက ချက်ချင်းဘဲ မည်းမှောင်လာသည်။ "နင့်ကိုဒီလောက်ထိ တော်မယ်မှန်း ငါမထင်ထားဘူး!"
သူမရဲ့လှပတဲ့ မျက်နှာပေါ်တွက် ဆိုးယုတ်တဲ့ အရိပ်အယောင်တွေ ပေါ်လာသည်။ "ဘယ်သူမဆို စကားလုံးလှလှလေးတွေ ပြောတတ်တယ်၊ ဒါပေမယ့် နင်ကတော့ အမြဲတမ်းကံကောင်းနေမှာမဟုတ်ဘူး!"
ချောင်းဟုန်မိန်ရဲ့ အထင်မှာတော့ မော့ချူးတစ်ယောက် လက်တွေ့စစ်ဆေးမှုတွက် အမှတ်ပြည့်ရခဲ့ခြင်းမှာ ကံကောင်းသွားတာကြောင့်လို့ ထင်ခဲ့သည်။ သို့ပေမယ့် အဲ့ဒီထဲမှာပါဝင်တဲ့ အခက်အခဲတွေကိုတော့ သူမ မစဉ်းစားမိခဲ့ပေ။ တကယ်တော့၊ ဘယ်လောက်ဘဲ အရမ်းကံကောင်းနေပါစေ၊ မှောင်အပင်တွေကို ဆယ်ကြိမ်ဆက်တိုက် မှန်အောင်ရွေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါချေ။
"ရှင့်ကို စိတ်ပျက်မိသွားစေမှာစိုးပါရဲ့" မော့ချူးရဲ့နှုတ်ခမ်းတွေက နည်းနည်းကော့တက်သွားသည်။ သူမရဲ့ လှပတဲ့ မျက်နှာလေးက အလင်းအလွှာတစ်ခုဖုံးလွှမ်းနေသလိုပင်။ "ကျွန်မရဲ့ကံက အမြဲကောင်းနေတာလေ"
"ဟုတ်လား?" အဲ့ဒါကိုကြားတော့ ချောင်းဟုန်မိန်က ရုတ်တရက် ပြုံးလိုက်ပြီး "မင်း အရမ်းယုံကြည်ချက်ရှိနေတယ်ဆိုတော့ ငါတို့တွေ အလောင်းအစား လုပ်ကြရင်ရော ဘယ်လိုလဲ?"
အလောင်းအစား? ဘာကိုလောင်းမှာလဲ]
"ဘာလဲ? မလုပ်ရဲဘူးလား?" မော့ချူးရဲ့မျက်ခုံးတွေကြားက တုံ့ဆိုင်းမှုကို မြင်လိုက်ရတော့ ချောင်းဟုန်မိန်က မတတ်နိုင်ဘဲ ကျိတ်ရယ်လိုက်သည်။
"ဘာလောင်းချင်တာလဲ?" မော့ယန်က ဘေးမှာရပ်နေသည်။ သူ့ရဲ့ချောမောလှတဲ့မျက်နှာက ထွားကြိုင်းလှတဲ့ အမျိုးသားတွေကြားမှာ ထင်ရှားနေသညိ။
"မင်း သူ့အတွက် ဆုံးဖြတ်ချက်ချ ပေးနိုင်လား?" မော့ယန်ရဲ့ချောမောလှတဲ့မျက်နှာကို ကြည့်ရင်း ချောင်းဟုန်မိန်ရဲ့ မျက်လုံးတွေက အမှန်တကယ်တောက်ပလာသည်။
"ကောင်းပြီ သူလုပ်နိုင်တယ်!" မော့ချူးက ရှေ့ကို ခြေလှမ်းနည်းနည်းလှမ်းလိုက်ပြီး ချောင်းဟုန်မိန်ရဲ့ ရွံရှာဖွယ်အကြည့်ကို ပိတ်ဆို့လိုက်သည်။
အဖွဲ့ချုပ်တွင် အမျိုးသမီးတွေက အမျိုးသားတွေထက် အမြဲတမ်း နည်းပါးတာကြောင့် အမျိုးသမီး အများအပြားရဲ့ ချိုမြိန်တဲ့ စိတ်နေစိတ်ထားက တိုးပွါးလာတတ်သည်။ ချောင်းဟုန်မိန်ဟာလည်း သူတို့ထဲက တစ်ယောက်ဖြစ်သည်။
“ကောင်းပြီလေ" မော့ချူးရဲ့ ကြည်လင်တဲ့ မျက်လုံးများနှင့် ဆုံသွားတော့ ချောင်းဟုန်မိန်က မတတ်နိုင်ဘဲ ပြုံးလိုက်သည်။သူမရဲ့ လှပတဲ့မျက်နှာအသွင်အပြင်က ပိုလို့တောင် လှပလာသည်။ “နင်တို့အသင်းပေါ်မှာ အမှတ်တွေနဲ့လောင်းမယ်၊ ဘယ်လိုလဲ? လုပ်ရဲလား မလုပ်ရဲဘူးလား?"
အမှတ်တွေ?
ဒါကိုကြားတော့ မော့ချူး တကယ် အံ့အားသင့်သွားသည်။ ချောင်းဟုန်မိန်မှာ ဒီလို အကြံအစည်မျိုး ပေါ်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။
“မှော်အပင်တွေမှာ ဘယ်သူက ပိုအရည်အချင်းရှိလဲဆိုတာပြိုင်ရအောင်"
"နင်ရှုံးသွားရင်၊ နင်တို့ရဲ့လက်ရှိအမှတ်တွေကို ငါတို့ဆီ နာနာခံခံနဲ့ လွှဲပေးရမယ်။ ငါတို့ရှုံးရင်လည်း ဒီလိုဘဲ။ ဘယ်လိုလဲ? လောင်းရဲလား?"
"ယေး!" ချောင်းဟုန်မိန်ရဲ့အသံတိတ်သွားတာနဲ့ တပြိုင်နက် မော့ချူးတို့ဘက်ကလူတွေတင်မက သူတို့ဘက်က လူတွေကပါ အံ့အားသင့်သွားကြသည်။ "တကယ်လို့... "
"တကယ်လို့... ဘာဖြစ်လဲ?!" ချောင်းဟုန်မိန်က ပြောလာတဲ့လူဘက်ကိုလှည့်ကာ စိုက်ကြည့်လိုက်သည်။ "ဒီကောင်မလေးကို ငါဆုံးရှုံးမယ်လို့ နင်ထင်နေတယ်လို့ လာမပြောနဲ့!"
ဒါကအမှန်ပင်။ ချောင်းဟုန်မိန်ဟာ စိုက်ပျိုးရေးဌာနတွင် ထူးချွန်ထက်မြက်တဲ့သူဖြစ်သည်။ နူးညံ့တဲ့ကလေးမလေး မော့ချူးနဲ့ ယှဥ်ပါက သူတို့ဟာ ယခင်အတိုင်း သဘာဝအလျောက် ယုံကြည်ထားသည်။
အဆုံးမှာ ချောင်းဟုန်မိန်က မျှားခေါ်ဖို့လည်း မမေ့ပေ။ "သေချာစဉ်းစားနော်၊ ငါတို့နိုင်ရင် နင်တို့ရဲ့အမှတ်တွေကို ငါတို့ဆီ လွှဲပေးရမယ်။ ထိပ်တန်းဆယ်ယောက်မပြောနဲ့၊ ထိပ်တန်းငါးယောက်နဲ့လည်း ပြဿနာမရှိဘူး"
ဒါကိုကြားတော့ သူတို့အဖွဲ့သားတွေက မြင်နိုင်ရလောက်အောင် ထိတ်လန့်သွားကြသည်။ ကန့်ကွက်တာကို သူတို့မကြားပါချေ။
“ဟင့်အင်း၊ ကျွန်မ ဒီဟာကိုမလောင်းဘူး…” ဒါဟာမော့ချူးဘက်က ယုံကြည်မှု မရှိတာမဟုတ်ပင်။ ဒီဟာကသူတို့အဖွဲ့ရဲ့ နေ့တစ်ဝက်လောက် ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်ဖြစ်သည်။ အဲ့ဒါကို သူမက ဘယ်လိုလုပ် လောင်းတဲ့နေရာမှာ ပေါ့ပေါ့ပါးပါးသုံးနိုင်ရမှာလဲ?
"ကောင်းပြီ! ဒီလောင်းကြေးကို ငါတို့လက်ခံတယ်" မော့ချူး ငြင်းလို့မပြီးခင်မှာဘဲကျယ်လောင်တဲ့ အမျိုးသားအသံက အရင်ထွက်လာသည်။
မော့ချူး လှည့်ကြည့်လိုက်တော့ ချင်ယွဲ့ဖြစ်နေသည်။