← Chapters

အပိုင်း ၇၂

Vol. 5 Ch. 72

အပိုင်း ၇၂

Vol. 5 Ch. 72

"စိတ်မပူနဲ့ ကောင်မလေး" ချင်ယွဲ့က မော့ချူးကို ပျူငှာတဲ့အပြုံးပြုံးပြလိုက်သည်။ သူ့ရဲ့ ပန်ကာလောက်ကြီးတဲ့လက်ကြီးနဲ့ သူမရဲ့ပခုံးကို အားအပြည့်နဲ့ပုတ်လိုက်ပြီး "ငါတို့အားလုံး မင်းကိုယုံတယ် မကြောက်နဲ့!"

ဒီလူက အရမ်း ခွန်အားကြီးသည်။ သူ့ရဲ့ ဒီလိုပုတ်ချက်နဲ့ မော့ချူးမှာ တုန်တုန်ယင်ယင် ဖြစ်သွားကာနဲ့ မြေပေါ် လဲကျသွားလုမတတ်ပင်။ ကံကောင်းထောက်မစွာနဲ့ သူမဘေးရှိ မော့ယန်က သူမကိုအမြန်ထိန်းလိုက်တာကြောင့်ပင်။ မဟုတ်ရင် မော့ချူးတစ်ယောက် အရှက်ရသွားလိမ့်မည်ပင်။

"ဟုတ်တယ်" ချင်ယွဲ့က သူ့လက်ကို အမြန်ပြန်ရုတ်လိုက်သည်။ သူ့မျက်နှာကြီးက ရှားရှားပါးပါး ကိုးရိုးကားရား အယောင်တွေပေါ်လာသည်။ "တောင်းပန်ပါတယ် ငါဂရုမစိုက်မိလိုက်ဘူး" သူဟာ ကြမ်းကြုတ်တဲ့ ကောင်တွေကိုဘဲ နှိမ်နှင်းလေ့ရှိပြီး မော့ချူးဟာ သူ့ခွန်အားကို မခံနိုင်တဲ့ နူးညံ့တဲ့ မိန်းကလေး ဖြစ်နေသေးကြောင်းကို သူသတိမထားမိလိုက်ပေ။

ဒါကိုမြင်လိုက်ရတော့ အနောက်မှာရှိနေတဲ့ ဟန်ရွှမ်က မတတ်နိုင်ဘဲ ပြုံးလိုက်သည်။

ချင်ယွဲ့ကို ဘယ်သူက နှစ်ချက်ရိုက်ခိုင်းလို့လဲ? သူ့ခွန်အားက သူတို့ကို တောင်နဲ့ဖိနေသလိုပင်။ သူတို့ခုခံတဲ့အခါဆို ချင်ယွဲ့က သူ့ရဲ့ ကျွဲလိုမျက်လုံးတွေကို ပြူးကျယ်ကာ သူတို့ကို အားနည်းသွားတဲ့အထိ လက်ချာရိုက်တတ်သည်။ သူ့ကို လူကြီးလူကောင်းတစ်ယောက်ဖြစ်အောင် ပိုပြီးသင်ပေးရဦမှာဘဲ!

ဟား ဟား၊ အခုတော့ သူကိုယ်တိုင် အရူးလုပ်မိတော့မလို့။

"ဟိုကလေး! ဘာရယ်တာလဲ?" ဟန်ရွှမ်က အသည်းအသန်ဘရယ်နေတော့ ချင်ယွဲ့ရဲ့ မျက်လုံးတွေက စူးရှလာပြီး ကြီးမားသော ရိုက်ချက်တစ်ခုက သူ့ခေါင်းဆီ ရောက်လာသည်။ တခဏချင်းမှာပဲ ဟန်ရွှမ်မှာ သူ့တစ်ကိုယ်လုံး မြေကြီးထဲနစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်နှာပေါ်ရှိ အပြုံးကို အမြန်ထိန်းလိုက် လေးနက်တဲ့ပုံစံ ပြောင်းလိုက်သည်။ "ဟုတ်တယ်၊ မော့ချူး၊ စိတ်မပူနဲ့၊ ငါတို့ မင်းကိုအနောက်ကနေ ထိန်းထားပေးမယ်"

ပြောရလျှင် အမှတ်များစွာရဖို့အတွက် သူတို့က မော့ချူးကို မှီခိုရမည်။ သူတို့ရှုံးသွားရင်တောင် ကိစ္စမရှိပါ‌ချေ။ ဒါ့အပြင် မော့ချူးက ချောင်းဟုန်မိန်ထက် ပိုပြီးစွမ်းအားရှိတယ်လို့ သူထင်သည်။

"ကောင်းပြီ၊ ငါတို့လောင်းမှာလား မလောင်းဘူးလား?" ချောင်းဟုန်မိန်က စိတ်မရှည်စွာနဲ့ မျက်ခုံးတွေကိုပင့်လိုက်သည်။ “ဘာတွေစုပြောနေလဲ? အရွယ်ရောက်ပြီးတဲ့ ယောက်ျား‌တွေက မိန်းမတွေလို လုပ်နေကြတယ်”

"လောင်းကြတာပေါ့!" မော့ချူးက တောက်ပ‌နေတဲ့မျက်လုံး‌တွေနဲ့ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။ လူတိုင်းက သူမကို အရမ်းယုံကြည်တဲ့အတွက် လောင်းတဲ့နေရာမှာ ဘာအန္တရာယ်ရှိမှာလဲ။ "ဒါပေမဲ့ ဂရုစိုက်နော်၊ နောက်ကျ ရှုံးသွားမှမငိုနေနဲ့!"

"ဟက်!" ချောင်းဟုန်မိန်က အေးစက်စက်နဲ့ပြုံးလိုက်ပြီး တိုက်ချင်ခိုက်ချင်စိတ်က ချက်ချင်း လောင်ကျွမ်းလာသည်။ "အဲ့ဒါကို ငါက နင့်ကိုပြောသင့်တာ!"

“ပြောလေ” မော့ချူးက ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်ပြီး မေးနည်းနည်းမော့လိုက်သည်။ “ငါတို့ ဘာပြိုင်မှာလဲ?"

"ရိုးရိုးလေးပါ" ချောင်းဟုန်မိန်က သူမရဲ အနီရောင်တောက်တောက် လက်သည်းတွေနဲ့ ဘေးကို ညွှန်ပြလိုက်သည်။ “ဒီမှော်ဒေသမှာ မှော်အပင်တွေက မရှားဘူး။ ငါတို့မှာ ကန့်သတ်အချိန် ဆယ်မိနစ် ရမယ်။ ငါတို့တစ်ယောက်စီတိုင်းက မှော်အပင်ကို သတ်မှတ်ပြီး စွမ်းအင်ပိုရှိတဲ့ မှော်အပင်ကို ဘယ်သူရှာနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"

ဒီလောင်းကြေးက မျှတသည်။ သို့ပေမယ့် သေချာစဉ်းစားကြည့်ပါက မော့ချူးအနေနဲ့ တိတ်တိတ်လေး တစ်ခုခုဆုံးရှုံးတာကို ခံစားလိုက်ရသည်။

ကန့်သတ်ချန် ၁၀မိနစ်ဟာ ချောင်းဟုန်မိန်အတွက်တော့ အတော်အကျိုးရှိသည်။ နောက်ဆုံးမှာ‌တော့ သူမဟာ ကျောင်းတွင်းပြိုင်ပွဲများစွာမှာ ပါဝင်ခဲ့ပြီး ဤပတ်ဝန်းကျင်နှင့်လည်း အထိုက်အလျောက်ရင်းနှီးသည်။ သို့ပေမယ့်လည်း မော့ချူးအတွက်တော့ ဒီပြိုင်ပွဲကို ဝင်ပြိုင်တာက ပထမဆုံးဖြစ်သည်။ 10 မိနစ်အတွင်းမှာ ဒီအခြေအနေကို သူမ ကိုင်တွယ်နိုင်မလားဆိုတာ မသေချာပါချေ။

"ဘာလဲ? အခုမှနောက်ဆုတ်ဖို့ စဥ်းစားနေတာလား?" ချောင်းဟုန်မိန်ရဲ့ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။ သူမရဲ့ လေသံမှာ လှောင်ပြောင်မှု အပြည့်ရှိနေသလို နှိုးဆော်မှုနည်းနည်းလည်းပါဝင်နေသည်။

"ဟမ့်!" ချင်ယွဲ့က အေးစက်စက်နဲ့နှာမှုတ်လိုက်ပြီး သူမကို စိုက်ကြည့်လိုက်သည်။ “မင်းရဲ့ ရည်ရွယ်ချက်တွေကို တခြားသူတွေ မမြင်ဘူးလို့ မထင်နေနဲ့။ မင်းအသက်ဘယ်လောက်ရှိပြီလဲဆိုတာ မသိဘူးလား? မင်းက မော့ချူးလို 16၊ 17 နှစ်အရွယ် ကလေးမလေးတစ်ယောက်ကို အနိုင်ကျင့်ရဲတယ်‌ပေါ့လေ!”

"ချင်ယွဲ့ ပါးစပ်ပိတ်ထားစမ်းပါ!" ချောင်းဟုန်မိန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ အမျိုးသမီးတစ်ဦးဖြစ်သရွေ့ သူမဟာလည်း အသက်အရွယ်နှင့်ဆိုင်တဲ့ ပြဿနာကို အလွန်အကဲဆတ်သူဖြစ်သည်။ တကယ်တော့ ချောင်းဟုန်မိန်ဟာ အသက်သိပ်မကြီးသေးပါချေ။ သူမပုံက အသက် ၃၇ နှစ် ဒါမှမဟုတ် ၃၈ နှစ်အရွယ် လောက်ဖြစ်သည်။ ယခုအချိန်သည် သူမ အရွယ်ရောက်လာပြီ။ သို့ပေမယ့် နူးညံ့သိမ်မွေ့ကာ အပင်ပေါက်လေးဖြစ်သည့် မော့ချူးနှင့် ယှဉ်ပါက သူမကို အသက်ပိုကြီးသည်ဟု သဘာဝအတိုင်း မှတ်ယူနိုင်သည်။

မော့ချူးက နောက်ပြန်လှည့်ကြည့်လိုက်ပြီး သူမ နှုတ်ခမ်းထောင့်က နည်းနည်း ကွေးသွားသည်။ "ရှင်တို့ ကျွန်မကို ယုံလား?"

"ယုံတယ်!" မော့ယန်သည် သူ့ညီမကို ထောက်ခံကြောင်း ပထမဆုံး ထုတ်ပြောလိုက်သည်။ ချင်ယွဲ့နဲ့ အခြားသူ တွေလည်း ပြောလာကြသည်။

“ကောင်းပြီ” မော့ချူးက ခေါင်းလှည့်လိုက်သည်။ သူမရဲ့ အနက်ရောင် မျက်လုံးတွေက ချောင်းဟုန်မိန်ရဲ့မျက်လုံးတွေဆီ တည့်တည့်ကြည့်လိုက်သည်။ "ရှင်ပြောတဲ့အတိုင်း ကျွန်မတို့လုပ်မယ်!"

မော့ချူးအနေနဲ့ ချောင်းဟုန်မိန်၏ အတွေးတွေကို သတိပြုမိသော်လည်း အစီအစဉ်အားလုံးက အကြွင်းမဲ့ ခွန်အားရှေ့တွင် တန်ဖိုးမရှိကြောင်း သူမကိုသက်သေပြမည်ဖြစ်သည်။

"ကောင်းပြီ၊ ဒါဆို အတည်ပြုလိုက်ပြီ!" မော့ချူးရဲ့စကားကိုကြားတဲ့အခါ ချောင်းဟုန်မိန်က မထိန်းနိုင်ဘဲ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြုံးလိုက်သည်။ သူမတော့ အချိန်မှန်နဲ့နေရာမှန်ရခဲ့တာဘဲ။ မော့ချူးလို ကလေးမလေးတစ်ယောက်ကို ဆုံးရလိမ့်မယ်လို့ သူမ မယုံဘူး။

"ဒါပေမယ့် ရှင်တို့တွေက အရှုံးကိုလက်မခံရင် ဘယ်လိုလုပ်မလဲ?" မော့ချူးက သူမရဲ့သံသယတွေကို ရုတ်တရက် ထုတ်ပြောလိုက်သည်။ တကယ်တော့ ချောင်းဟုန်မိန်တို့အဖွဲ့ ရဲ့ စုစုပေါင်း အင်အားဟာ သူမတို့ရဲ့ အဖွဲ့ထက် သာသည်။ အချိန်တန်လို့ သူတို့ရဲ့အရှုံးကို ဝန်ခံဖို့ ငြင်းဆန်ခဲ့မယ်ဆိုရင် ဒီမှာ အချိန်အများကြီး ဖြုန်းခဲ့တာက မတရားဘူးမဟုတ်လား?

ချောင်းဟုန်မိန်က မော့ချူးကို တစ်ချက်ကြည့်လိုက်ပြီး "ကျွတ်စ်! နင်က ကိုယ့်ကိုကိုယ် တကယ် အထင်ကြီးနေတာဘဲ!”

“အာဝူးး–” ဒီအချိန်မှာ ဝိုင်းဝိုင်းရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာပြီး ဘေးဘက်ကို တိုးတိုးလေး အော်ဟစ်လိုက်သည်။ တစ်ယောက်ယောက်ရှိနေတယ်! ဟမ့်၊ တစ်ယောက်ယောက်က ငါ့ကို စိုက်ရဲလောက်အောင် သတ္တိရှိနေတယ်လား!

မော့ချူး ဘေးကို လှမ်းကြည့်လိုက်သည်။ လှုပ်ရှားမှုလုံးဝမရှိတဲ့ပုံပင်။ သေသေချာချာ နားထောင်ကြည့်လိုက်မှ အသက်ရှုသံကို သတိထားမိသည်။ ဒီအသက်ရှူသံဟာ လေသံနဲ့ လုံးဝကိုတစ်သားထဲနီးပါးပင်။ အရင်က အဲဒါကို သူမ သတိမထားမိခဲ့တာ မအံ့သြတော့ဘူး။

"ဘယ်သူလဲ? ထွက်လာခဲ့!" မော့ချူး ရုတ်တရက် ပြောလာတာကြောင့် ရှိနေတဲ့သူတွေအားလုံး အံ့အားသင့်သွားကြသည်။ မော့ချူး ပြောလိုက်တဲ့ဘက်ကိုကြည့်လိုက်ကြတော့ မဝေးလှတဲ့ ကျူပင်တွေနောက်မှ လူတစ်ယောက် အမှန်တကယ် ထွက်သွားတာကို တွေ့လိုက်ရသည်။

"နျဥ်ရှောင်!" ချောင်းဟုန်မိန်ရဲ့မျက်လုံးတွေက ချက်ချင်းငိုတော့မလိုမျိုး ပြူးကျယ်လာသည်။ ဒီလူကို ဒီနေရာမှာ တကယ်ကြီး တွေ့ရလိမ့်မယ်လို့ သူမမထင်ထားပါချေ။

နျဉ်ရှောင်၊ ဒီနာမည်ဟာ စစ်တက္ကသိုလ် အဖွဲ့ချုပ်ရှိ နံပါတ်တစ် အဆင့်မြင့်တစ်ယောက်ဖြစ်သည်။ သူဟာ အဆင့်10 ကို ချိုးဖျက်အောင်မြင်ပြီးသွားပြီဆိုတဲ့ ကောလာဟလတွေလည်း ရှိသည်။ သို့ပေမယ့် ဒီလူကို ရှာရခက်ပြီး သူဘယ်နေရာမှာရှိလဲဆိုတာကိုလည်း အတိအကျ မသိရပါချေ။ ဒါ့အပြင် သူ့အချက်အလက်တွေကိုလည်း အတည်ပြုဖို့ နည်းလမ်းမရှိပါချေ။ ဒါပေမယ့် ဒီတစ်ခေါက် ကျောင်းတွင်းပြိုင်ပွဲမှာ သူတကယ်ကြီး ဝင်ပြိုင်လိမ့်မယ်လို့ သူမ လုံးဝမထင်ထားခဲ့ချေ။

ဒီလူရဲ့နာမည်ကို မသိပေမယ့် မော့ချူးကတော့ ချောင်းဟုန်မိန်ရဲ့လေးစားအံ့အားသင့် နေတဲ့ အမူအရာကို ကြည့်ရင်း ကောက်ချက်ချနိုင်သည်။ သူမ မနေနိုင်ဘဲ သူ့ကိုအကဲဖြတ်လိုက်သည်။ မျိုးရိုးဗီဇပေါင်းစပ်ချင်းကြောင့်ဖြစ်မည် မော့ချူး နိုးလာကတည်းက အခုအချိန်ထိ တွေ့ခဲ့ရတဲ့သူတိုင်းဟာ အရမ်းကြည့်ကောင်းကြသည်။ ဒီလူဟာလည်း ခြွင်းချက်မရှိပေ။ သူ့ရဲ့ မျက်နှာအသွင်အပြင်က နက်ရှိုင်းကာ ပေါ်လွင်နေပြီး သူ့ပုံစံက အရပ်ရှည်ကာ သန်မာသည်။ လူကြားထဲမှာရပ်နေရင်တောင် သူဟာ တကယ်ကို မျက်စိဖမ်းစားနိုင်သည်။

"ဒီပြိုင်ပွဲ အတွက် ကိုယ်က သက်သေခံလုပ်ပေးရင်ရော?" နျဉ်ရှောင်က ရုတ်တရက်ပြောလာသည်။ သူ့ရဲ့အသံခပ်နိမ့်နိမ့်က စပီကာဘောက်ထဲကနေ ထွက်လာသလိုမျိုး လူတိုင်းရဲ့ရင်ထဲကို သိမ်မွေ့စွာနဲ့ ရိုက်ခတ်သွားသည်။

All Chapters