← Chapters

အပိုင်း ၇၃

Vol. 5 Ch. 73

အပိုင်း ၇၃

Vol. 5 Ch. 73

အပိုင်း ၇၃

ဒါကိုကြားတော့ ချောင်းဟုန်မိန်ရဲ့ မျက်လုံးများက တောက်ပသွားသည်။ သူမမျက်ခုံးပင့်ကာ နျဉ်ရှောင်ကို ကြည့်လိုက်သည်။ သူမရဲ့အရိုးထဲက ချစ်ခင်မှုတွေက ရုတ်တရက် ပေါက်ကွဲထွက်လာတော့မယ့်ပုံပင်။ သူမရဲ့အနီရဲရဲနှုတ်ခမ်းတွေက နည်းနည်းဟသွားပြီး ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုတစ်ခု ရှိနေသည်။ "တကယ်လား? အဲဒါဆို အရမ်းကောင်းတာပေါ့!"

မော့ချူးဟာလည်း မိန်းကလေးဖြစ်ပေမယ့် အဲ့ဒီစကားကိုကြားတဲ့အခါ သူမရဲ့ အရိုးထဲကနေအားနည်းသွားသလို ခံစားလိုက်ရသည်။ သူမ ချောင်းဟုန်မိန်ကို လှည့်ကြည့်လိုက်သည်။ ဒီလိုရိုးရှင်းတဲ့စကားတစ်ခွန်းလေးနဲ့ ပရောပလုပ်တတ်တဲ့သူဖြစ်ဖို့က တကယ့်အရည်အချင်းဘဲ။

ဘေးမှာရပ်နေတဲ့ နျဉ်ရှောင်က သူ့အပေါ် ချောင်းဟုန်မိန်ရဲ့ ဖော်ရွေတဲ့သဘောထားကို သတိထားမိတဲ့ပုံပင်။ ချောမောလှတဲ့ မျက်နှာကတော့ တည်ငြိမ်ဆဲပင်။ “မင်းတို့ အဆင်သင့်ဖြစ်ပြီလား? အဆင်သင့်ဖြစ်ရင် အချိန်စမှတ်မယ်"

နျဉ်ရှောင်ဆီက လုံးဝလျစ်လျူရှုခံထားရတဲ့ ချောင်းဟုန်မိန်မှာ တိုက်ခိုက်တာ ပိုရဲတင်းလာသည်။ သူမက ရှေ့ကို နှစ်လှမ်းတိုးကာ မျက်လုံးကြီးတွေနဲ့ စူးစူးရှရှ ကြည့်လိုက်သည်။ သူမက သူမရဲ့ ခန္ဓာကိုယ်ကို လိမ်လိုက်ပြီး သူမရဲ့ နူးညံ့တဲ့ ပုံစံက ပိုပိုပြီးနွဲ့လျလာသည်။ "အင်း၊ ကျွန်မတို့ အဆင်သင့်ဖြစ်ပါပြီ"

"ကျွန်မရောဘဲ" မော့ချူးက နျဉ်ရှောင်ကို အပြုံးပါးပါးလေးနဲ့ ခေါင်းညိတ်ပြလိုက်သည်။

ယုတ္တိရှိရှိပြောရရင် သာမန်အမျိုးသမီးတစ်ယောက်သာ ကိုယ်ဟန် အနေအထား အမျိုးမျိုးနဲ့ ချောင်းဟိန်မိန်ရဲ့ ဘေးမှာ ရပ်နေမယ်ဆိုရင် သူမရဲ့အလှဟာ သေချာပေါက် ဖိနှိပ်ခံရမှာပင်။ ဒါပေမယ့် မော့ချူးရဲ့ ပြေပြစ်ပြီး မထူးခြားနားတဲ့ စိတ်နေသဘောထားကတော့ ပေါ်လွင်နေသည်။

"အချိန်စမှတ်ပြီ!"

နျဉ်ရှောင်ပြောပြီးတာနဲ့ မော့ချူးက မီတာ ၈၀၀အပြေးသမားလိုမျိုး အားနဲ့ ချက်ချင်းပြေးထွက်သွားသည်။

သူမ ဒီအလောင်းအစားကို လက်ခံရဲမှတော့ သဘာဝအေလျာက် သူမမှာ အားကိုးစရာတစ်ခုရှိသည်။

အချိန်အတော်ကြာပြီးတဲ့နောက်မှာ မော့ချူးက တိတ်တိတ်လေး သုံးသပ်နေသည်။ မှော်အပင်အမျိုးအစားတိုင်းမှာ မတူညီတဲ့ တောက်ပတဲ့အရောင်တွေ အမျိုးမျိုးရှိကြသည်။ ပိုတောက်ပလေ၊ မှော်အပင်ရဲ့ အသက်စွမ်းအား ပိုအားကောင်းလေဖြစ်ကာ၊ မှော်အပင်ရဲ့အရောင်က ပိုတောက်လေ၊ စွမ်းအင်ပိုများလေပင်။

သူတို့စကားပြောနေကြတဲ့အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး မော့ချူးက ပတ်ပတ်လည်ရှိ မှော်အပင်‌တွေ အကဲခတ်လိုက်ပြီး အာမအခံနိုင်ဆုံးအဖြစ် အရောင်ပိုတောက်တဲ့ အပင်တစ်ခုကို အမိအရမှတ်ထားလိုက်သည်။ ဒါပေမယ့်၊ ဆယ်မိနစ်ကျန်သေးတာမို့ သူမက သဘာဝအလျောက် နောက်ထပ် နည်းနည်းလောက် လိုက်ကြည့်လိုက်သည်။

အခြားတစ်ဖက်မှာ‌တော့ ချောင်းဟုန်မိန်က သူမရဲ့ပုံမှန်အတွေ့အကြုံကို အခြေခံကာ မှော်အပင်များနှင့် အစွမ်းထက်ဆုံး အပင်များရှိရာသို့ အဖွဲ့ချုပ်ရဲ့စွမ်းအင်စကင်နာတာကို သုံးကာ တစ်ခုပြီးတစ်ခုစစ်ဆေးနေသည်။

သူတို့နှစ်ယောက်ရဲ့ လုပ်ရပ်တွေက သူတို့အနောက်မှာရှိတဲ့ အဖွဲ့သားတွေရဲ့ မျက်လုံးထဲကို သဘာဝအလျောက်ရောက်သွားသည်။

ချောင်းဟုန်မိန်ရဲ့လုပ်ရပ်များကို သူတို့နားလည်နိုင်ပေမယ့် မော့ချူးကတော့ စွမ်းအင်စကင်နာကို မသုံးပေ။ ဒီလိုမျိုးလိုက်ကြည့်နေပြီး သူမက ဘာလုပ်ဖို့ကြိုးစားနေတာလဲ?

"ဟက်! မင်းရဲ့ကလေးမလေးက အနိုင်ရဖို့မျှော်လင့်ချက်မရှိဘူးလို့ ခံစားမိလား?" ဒါကိုမြင်တော့ ချောင်းဟုန်မိန် ရဲ့အဖွဲ့ကမနေနိုင်ဘဲ လှောင်ပြောင်လာသည်။ “အဲ့ဒါကြောင့် သူက အရမ်းအလေးမထားတာဘဲ။ သူက ကြုံရာတွေ့တဲ့အပင်ကို ခူးဖို့ကြိုးစားနေတာလား?"

ရိုးရိုးသားသားပြောရရင် မော့ချူးလိုမျိုး ကိုယ့်မျက်လုံးနဲ့ ဒီတိုင်း လိုက်ကြည့်ပုံကို ဘယ်သူကမှ မမြင်ဖူးပါချေ။ ဘာကိရိယာမှ မသုံးတာက အလုပ်ဖြစ်ပါ့မလား?

“ကျစ်! မင်းကဘာသိလို့လဲ?" ဟန်ရွှမ်ရဲ့ နှလုံးခုန်သံကမြန်နေပေမယ့် သူ့စိတ်ထဲမှာ‌တော့ လက်မလျော့သေးပေ။ “‌မော့ချူးက ချန်ပိုင်ရဲ့ တပည့်ပဲ။ သူ့ရဲ့ နည်းလမ်းတွေက သဘာဝအတိုင်းကို ထူးခြားတယ်။ မင်းလို သာမန်လူက ဘယ်လိုလုပ်နားလည်မှာလဲ"

တစ်ဖက်လူက ပြောစရာစကားမဲ့သွားသည်။ သူက အေးစက်စက်နဲ့ နှာမှုတ်လိုက်ပြီး သူမတို့နှစ်ယောက်ဘက်ကိုကြည့်ဖို့ လှည့်လိုက်သည်။

ဆယ်မိနစ်။ အရင်တုန်းကတော့ အဲ့ဒါက မျက်စိတစ်မှိတ်လောက်ဘဲ ကြာသည်။ အခုကတော့ အတော်လေးကို ကြာလှသည်။

နောက်ဆုံးတော့ အချိန်ကုန်သွားသည်။ သူတို့နှစ်ယောက်လုံးက စွမ်းအင်အပြည့်ရှိတယ်လို့ ခံစားမိတဲ့ မှော်အပင်တွေကို ရွေးပြီးသွားပြီဖြစ်သည်။

"အတူတူသွားကြည့်ရအောင်" နျဉ်ရှောင်က ကပြောလာတော့ အားလုံးက သူ့နောက်ကနေ လိုက်သွားကြသည်။ နောက်ဆုံးမှာတော့ ဒီဟာက သူတို့ရဲ့ အမှတ်တွေနဲ့ သက်ဆိုင်နေတာကြောင့် သဘာဝအလျောက် သူတို့လည်း သတိထားနေကြသည်။

ချောင်းဟုန်မိန် မှော်အပင်ရွေးခဲ့တဲ့နေရာက သူတို့နဲ့ပိုနီးတာ‌ ကြောင့် သူမဆီ အရင်သွားလိုက်ကြသည်။

သူ့ရဲ့တရားမျှတမှုကိုပြသဖို့အတွက် နျဉ်ရှောင်က ကိုယ်တိုင်ကိုယ်ကျရှေ့တိုးကာ တိုင်းတာဖို့ စွမ်းအင်မီတာကိုယူလိုက်သည်။ အရမ်း မြန်မြန်နဲ့ စွမ်းအင်မီတာက စွမ်းအင်တန်ဖိုးကို ပြလာသည် — ၁၄၀!

"အရမ်းကောင်းတယ်!" ဒီစွမ်းအင်တန်ဖိုးကိုမြင်တဲ့အခါ၊ ချောင်းဟုန်မိန်ရဲ့အဖွဲ့၀င်တွေက ချက်ခြင်းစိတ်လှုပ်ရှားလာကြသည်။

အဖွဲ့ချုပ်ရဲ့ စွမ်းအင်တန်ဖိုးအမြင့်ဆုံး မှော်အပင်တောင်မှ ၂၀၀ ဘဲရှိတာကို သိထားကြသည်။ ပုံမှန်အားဖြင့်ဆို စွမ်းအင်တန်ဖိုး ၁၀၀ ရှိတဲ့ မှော်အပင်တစ်ပင်ကိုတွေ့ဖို့ဆိုတာရှားသည်။

ချောင်းဟုန်မိန်လည်း အရမ်းစိတ်လှုပ်ရှားနေသည်။ ဒီမှော်အပင်ရဲ့ စွမ်းအင်တန်ဖိုးကို တိုင်းတဲ့အချိန်တုန်းက သူမအနေနဲ့ ဒီမှော်အပင်ရဲ့စွမ်းအင်တန်ဖိုးဟာ ဒီလောက်ထိမြင့်လိမ့်မယ်လို့ သူမမျှော်လင့်ထားပေ။ ကောင်းကင်ဘုံက အမှန်တကယ်ကို သူမဘက်မှာ ရှိနေတဲ့ပုံပဲ။

"အပျော်မစောပါနဲ့ဦး!" ဟန်ရွှမ်က သူတို့တို့ယုံကြည်ချက်ရှိနေကြတဲ့ အမူအရာကို ကြည့်ရင်း မတတ်နိုင်ဘဲ နှုတ်ခမ်းကိုက်လိုက်သည်။ "ရလဒ်က အခုထိ မသေချာသေးဘူး!"

"ဘာလဲ? မော့ချူးက စွမ်းအင်တန်ဖိုး ပိုမြင့်တဲ့အပင်ကို ရှာတွေ့နိုင်မယ်လို့ နင်ကထင်နေတာလား?" ချောင်းဟုန်မိန်က သရော်လိုက်သည်။

ဟန်ရွှမ်က သူ့ပါးစပ်ကို အကြိမ်ကြိမ်ဖွင့်လိုက်ပေမယ့် မငြင်းနိုင်ပေ။ နောက်ဆုံးတော့ သူ့ကိုယ်တိုင်‌တောင် မယုံနိုင်တော့ဘူး။ ချောင်းဟုန်မိန် ရှာတွေ့ခဲ့သည့် မှော်အပင်၏ စွမ်းအင်တန်ဖိုးဟာ အလွန်မြင့်မားတာကြောင့် သူတို့အနေနဲ့ အနိုင်ရနိုင်ချေနည်းသည်။

"သွားကြရအောင်" နျဉ်ရှောင်က သူတို့ရန်ဖြစ်နေတာကို ဂရုမစိုက်ဘဲ မော့ချူးရှိတဲ့ဘက်ဆီ တည့်တည့် သွားလိုက်သည်။

မော့ချူးက အပြင်းအထန် ပြေးခဲ့တာကြောင့် မောဟိုက်နေသေးသည်။ သူတို့ အနားကပ်လာတာကို မြင်တော့ သူမရဲ့ မျက်လုံးတွေက တောက်ပသွားသည်။ သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး "ဒီမှာ မြန်မြန်လာကြ!"

"တချို့တချို့တွေက ကိုယ့်ကိုကိုယ် အရှက်ခွဲဖို့ ဆန္ဒရှိနေတဲ့ပုံဘဲ" မော့ချူးရဲ့ စိတ်လှုပ်ရှားနေတဲ့အကြည့်ကို မြင်လိုက်ရတော့ ချောင်းဟုန်မိန်က မနေနိုင်ဘဲ ထေ့ငေါ့လိုက်သည်။

နောက်ဆုံးတော့၊ မော့ချူး ရွေးချယ်ထားတဲ့ မှော်အပင်ရဲ့ စွမ်းအင်တန်ဖိုးကို စစ်ဆေးဖို့ အချိန်ကျပြီ။ ချင်ယွဲ့တို့အဖွဲ့မှာ အသက်ရှူအောင့်ထားကြပြီး ရင်တဒိတ်ဒိတ်ခုန်နေသည်။

နျဉ်ရှောင် တစ်လှမ်းချင်း ချဉ်းကပ်လာတာကို ကြည့်ရင်း အချိန်တွေက နှေးနေသလိုပင်။

နောက်ဆုံးတော့ နျဉ်ရှောင်က သူ့လက်ထဲရှိ စွမ်းအင်မီတာကို မှော်အပင်ဆီ ပြောင်းလိုက်တဲ့အခါ သူလုံးဝကို အံ့ဩသွားသည်။

မြေပြင်အနေအထားကြောင့် စွမ်းအင်မီတာပေါ်ရှိ နံပါတ်တွေကို အားလုံးမမြင်ရပေ။ သူတို့အားလုံး စိတ်လှုပ်ရှားနေကြပေမယ့် သူ့ကိုတော့ မတိုက်တွန်းရဲပါ‌ချေ။

မော့ချူးက သူမကိုယ်သူမ ယုံကြည်မှုရှိသည်။ ဒီမှော်အပင်က သူမမြင်ဖူးသမျှထဲတွင် အရောင်စုံဆဲ့မှော်အပင်ဖြစ်သည်။ ဒါပေမယ့် နျဉ်ရှောင်ရဲ့အမူအရာကိုမြင်လိုက်ရတဲ့အခါမှာ‌တော့ သူမမတတ်တိုင်ဘဲ စိတ်ပူသွားရသည်။ "ရလဒ်က ဘယ်လိုလဲ?"

ဒါကိုကြားတော့ နျဉ်ရှောင်က ဘာမှပြန်မပြောပေ။ သူက မော့ချူးကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုတ်လိုက်ကာ စွမ်းအင်မီတာကို သူတို့ဆီပေးလိုက်သည်။

ချင်ယွဲ့က စွမ်းအင်မီတာကို ယူလိုက်တာနဲ့ သူ့အဖွဲ့သားတွေပါ ဘေးနာဝိုင်းလာသည်။ စွမ်းအင်မီတာပေါ်က ဂဏန်းတွေကို တွေ့လိုက်ရတဲ့အခါ အားလုံးအံ့အားသင့်သွားကြသည်။ သူတို့ပုံက လေတိုက်တာတောင် မလှုပ်တဲ့ မြေနီနဲ့လုပ်ထားတဲ့ စစ်သူရဲကောင်းတွေလိုပင်။

ချောင်းဟုန်မိန်က သေချာပေါက်ကို သူမနိုင်မယ်လို့ တွေးထားသည်။ ဒါပေမယ့် သူတို့ရဲ့ အဲ့ဒီပုံစံက်ိုမြင်လိုက်ရတဲ့အခါမှာ‌တော့ သူမလည်း နည်းနည်း စိတ်မသက်မသာဖြစ်သွားသည်။ သူမ မသိစိတ်ကနေ ရှေ့ကိုနှစ်လှမ်း လှမ်းလာပြီး သူတို့ထဲက တစ်ယောက်ကို တွန်းထုတ်လိုက်ကာ ချင်ယွဲ့လက်ထဲမှ စွမ်းအင်မီတာကိုယူလိုက်ပြီး သူမမျက်လုံးတွေက ချက်ချင်းဘဲ ပြူးကျယ်သွားသည်။ သူမက မယုံနိုင်စွာနဲ့ အော်ပြောလာသည်။ "၂၂၀!"

"မဟုတ်ဘူး၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

ပထမဆုံးအနေနဲ့ ဟန်ရွှမ်တစ်ယောက် သူရဲ့အတွေးတွေဟာ ချောင်းဟုန်မိန်နဲ့ အတူတူဘဲလို့ ခံစားမိလိုက်သည်။ မော့ချူးရဲ့ စွမ်းဆောင်နိုင်စွမ်းက အတော်ကြောက်စရာကောင်းသည်။ သူရှာတွေ့ခဲ့တဲ့ ဒီမှော်အပင်ရဲ့ စွမ်းအင်တန်ဖိုးက နှစ်ရာနဲ့ နှစ်ဆယ်တောင်မှ မြင့်တယ်!

ဒါက ဘာကိုဆိုလိုတာလဲ?

မော့ချူးက အရင်စံချိန်ကို တိုက်ရိုက်ချိုးဖျက်လိုက်ပြီး မှော်အပင်အတွက် စွမ်းအင်တန်ဖိုးအသစ်ကို ဖန်တီးလိုက်တာဘဲ!

ဒီဟာတစ်ခုတည်းကိုပဲ အခြေခံရရင် မော့ချူးက သူ့ နာမည်ကို 'ဌာနချုပ်ကသမိုင်း' မှာတောင် ချန်ထားနိုင်တော့မှာဘဲ!

ဘုရား၊ ဒါက နတ်ဘုရား အစစ်အမှန်ပဲ! ကျေးဇူးပြုပြီးတော့ ငါ့ရဲ့ကိုးကွယ်မှုကို လက်ခံပေးပါ!

All Chapters