← Chapters

အပိုင်း ၇၄

Vol. 5 Ch. 74

အပိုင်း ၇၄

Vol. 5 Ch. 74

"မဖြစ်နိုင်ဘူး!" ဟန်ရွှမ် နဲ့ တခြားသူတွေ အံ့သြကြတဲ့အချက်တွေနဲ့ ယှဉ်ရင် ချောင်းဟုန်မိန်မှာ သူမရှေ့ကအမှန်တရားကို မယုံနိုင်ပေ။ ခုနတုန်းက သူမဘယ်လောက်တောင် သက်သောင့်သက်သာ မရှိခဲ့လဲဆိုတာကို ပြန်တွေးလိုက်ရင်း အခုက မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင်။ “မဖြစ်နိုင်ဘူး၊ ဒီစွမ်းအင်မီတာက တစ်ခုခုမှားနေတာ”

နျဉ်ရှောင်ရဲ့ အေးစက်တဲ့ မျက်လုံးတွေကို သူမတွေ့လိုက်ရတဲ့အခါ ချောင်းဟုန်မိန်မှာ ကျန်တဲ့စကားတွေကို ဆက်မပြောနိုင်တော့ပေ။ အမှန်တော့ နျဉ်ရှောင်ဟာ အမြဲတမ်းမျှတပြီး မွန်မြတ်တယ်ဆိုတာ သူမကောင်းကောင်းသိသည်။ သူက ဘယ်လိုလုပ် မော့ချူးကိုယ်စား လိမ်ပေးမှာလဲ?

"အခုတော့ ရလဒ်က လုံးဝရှင်းလင်းသွားပြီ" မော့ချူးကတော့ အခုလေးတင် သူမ ဘယ်‌‌လောက်ထိ တုန်လှုပ်အောင် လုပ်ခဲ့လဲဆိုတာကို သတိမထားမိပေ။ "ကျွန်မတို့ရဲ့လောင်းကြေးကို ဖြည့်ပေးသင့်တယ်နော်"

ချောင်းဟုန်မိန်မှာ ထိတ်တုန်လှုပ်နေရာကနေ သတိပြန်မဝင်လာသေးပေမယ့် မော့ချူးရဲ့စကားကို ကြားတဲ့အခါမှာတော့ သူမသည် ထပ်ပြီးအပြင်းအထန် ထိုးနှက်ခံလိုက်ရပြန်သည်။

"ဘာလဲ? ရှင်ငြင်းမှာတော့ မဟုတ်ဘူးမလား?" မော့ချူးက မျက်လုံးတွေကို နည်းနည်းမှေးကျဉ်းလိုက်ပြီး ချောင်းဟုန်မိန်ရဲ့စကားတွေကို ပြန်ပြောလိုက်သည်။

နျဉ်ရှောင်သာ ရပ်မနေရင် ချောင်းဟုန်မိန်တစ်ယောက် တကယ် ငြင်းလိုက်ချင်သည်။ ဒါက အမှတ်တစ်ရာကျော်သည်။ ဒါဟာ သူတို့ရဲ့နောက်နှစ် အရင်းအမြစ်တွေကို ထောက်ပံ့ပေးနိုင်လိမ့်မည်။

ဘေးနားရှိ အေးစက်တဲ့ မျက်နှာထားနဲ့ နျဉ်ရှောင်ကြောင့်ချောင်းဟုန်မိန်မှာ ကိုးရိုးကားရား မလုပ်တော့ပေ။သူမက အံကိုကြိတ်ကာ အဖွဲ့အတွင်းရှိ အမှတ်များအားလုံးကို ချင်ယွဲ့နဲ့ အခြားသူတွေဆီ လွှဲပေးလိုက်သည်။ သူမရဲ့ မျက်လုံးပြူးကြီးနှစ်လုံးနဲ့ မော့ချူးကို စိုက်ကြည့်လိုက်သည်... ကောင်မလေး နင်ဒါကိုမှတ်ထားတာကောင်းမယ်!

မော့ချူးကတော့ စိတ်ထဲမထားပေ။ ခလုတ်ခုံထဲက သူမရဲ့ အမှတ်တွေ တိုးလာတာကို ကြည့်ရင်း ပျော်ရွှင်နေသည်။

ဒီအမှတ်တွေနဲ့ သူတို့ဟာ ထိပ်ဆုံးငါးဖွဲ့ထဲ ဝင်သွားသည်။ ဒီအခိုပ်အတန့်မှာ လူတိုင်းက ဝက်ဝံကို ရှာတွေ့သွားသလိုမျိုး ဝမ်းသာသွားကြသည်။

ချင်ယွဲ့ဟာ သူ့ဘေးနားက မော့ချူးနဲ့ မော့ယန်တို့ကိုကြည့်ရင်း သူဆုံးဖြတ်ချက်ချတာ မှန်သွားတယ်လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ သူက တကယ်ဘဲ ကံကောင်းတဲ့ ကြယ်တစ်စင်းကို မရည်ရွယ်ဘဲ တူးခဲ့မိတာဖြစ်သည်။

ကျောင်းတွင်း ပြိုင်ပွဲ ပြီးဆုံးသွားတော့ သူတို့အဖွဲ့ဟာ မြင်းနက်တစ်ကောင်ဖြစ်လာသည်။ မော့ချူးရဲ့ နာမည်ဟာလည်း စစ်တက္ကသိုလ်တစ်ခွင် တဖန်ပဲ့တင်ထပ်လာသည်။

ဒါပေမယ့် မော့ချုးကတော့ ဒီဟာတွေကို ဂရုမစိုက်အားပေ။ သူမလက်ထဲက ငရုတ်သီးကိုကြည့်ရင်း သရေတွေ ယိုလာရသည်။

သူတို့က လက်ရှိမှာစစ်တက္ကသိုလ်ရှိ လွတ်နေသည့်အိမ်ငယ်လေးတစ်လုံးတွင် နေကြသည်။ ဒါဟာ ဒီတစ်ခေါက် ကျောင်းတွင်းပြိုင်ပွဲမှ ရတဲ့ ဆုကြေးတွေထဲက တစ်ခုဟုလည်း ယူဆလို့ရသည်။

နောက်ဆုံးတော့ ခရိုင် ၃ရဲ့သုံးစွဲနိုင်မှုအဆင့်မှာ အရမ်းမြင့်သည်။ သူတို့မှာ သူနို့နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ရွှေ့လာလို့ရတဲ့ ဒီလိုနေရာလေးရလာပြီဖြစ်သည်။

မီးဖိုချောင်ထဲမှာ မော့ချူးက သူမလက်ထဲရှိ ငရုတ်သီးကို အရူးတစ်ယောက်လိုကြည့်‌နေသည်။ အစပ်နည်းနည်းနဲ့ ကျောက်ပုဇွန်၊ အသားပြုတ်၊ သူမတော့ မစောင့်နိုင်တော့ဘူး!

မော့ချူးမှာ ကိုယ်ပိုင်ခလုတ်ခုံထဲက‌နေ ကျောက်ပုဇွန်ကို ထုတ်ဖို့ မစောင့်နိုင်တော့ပေ။ ခရိုင် ၉ ကိုသွားတုန်းက သူမ ရခဲ့တာတွေက ၂၁ ရာစုနဲ့ ယှဉ်ရင် ပိုကြီးသည်။

မော့ချူးက ကျောက်ပုဇွန်တွေကို ဂရုတစ်စိုက်နဲ့ တစ်ကောင်ချင်းစီမကိုင်တွယ်ခင် ရေနဲ့ အကြိမ်ရေတချို့လောက် အရင်ဆေးလိုက်သည်။ သူမရဲ့ ဘယ်လက်က ပုဇွန်ရဲ့ နောက်ကျောက်ဘက်ကို ညှစ်ထားပြီး စားလို့မရတဲ့ အပိုင်းကို ဓားသုံးကာ ဖယ်ထုတ်လိုက်သည်။ ဒီအဆင့်ပြီးသွားတော့ မော့ချူးမှာ ပင်ပန်းလွန်းလို့ ချွေးတွေပါပြန်လာရသည်။ ဒါပေမယ့်လည်း ဒါက အရသာရှိတဲ့အစားအသောက်စားချင်တဲ့ သူမကို မတားဆီးနိုင်ပါချေ။

နောက်ဆုံး ကျောက်ပုဇွန်တွေကို ဆေးပြီးသွားတော့ သူမက အဲ့ဒါတွေကို ရေအသန့်ထဲ စိမ်ထားလိုက်သည်။ ၁၀ မိနစ်နေတော့ ထုတ်လိုက်ပြီး ရေသွန်လိုက်သည်။

ဒီအချိန်မှာ မော့ချူးက ရေညှိတွေကို ထပ်ဆေးလိုက်ပြီး အပိုင်းပိုင်း လှီးလိုက်သည်။ ငရုတ်သီးတွေကိုလည်း အပိုင်းသေးသေး လှီးလိုက်သည်။

သူမက ပဲဆီကို ဒယ်အိုးထဲ ထည့်ပြီး မီးပြင်းပြင်းနဲ့အပူပေးလိုက်သည်။ သူမက ငရုတ်သီးထည့်လိုက်ပြီး မီးလျှော့လိုက်သည်။ ငရုတ်သီးက လိမ္မော်ရောင်သန်းလာတဲ့အခါ မီးကိုပြောင်းလိုက်ပြီး အနံ့ထွက်လာတဲ့အခါ ရေညှိကိုထည့်လိုက်သည်။

နောက်တော့ ကျောက်ပုဇွန်ကို အိုးထဲထည့်လိုက်ပြီး ဆားနည်းနည်းနဲ့ မိနစ်နည်းနည်းလောက် မွှေကြော်လိုက်သည်။ ရေနွေးနည်းနည်းထည့်ပြီး အဖုံးဖုံးလိုက်ကာ အရသာ အဆင်သင့်ဖြစ်တဲ့အထိ မီးအေးအေးနဲ့ ဆူအောင်တည်လိုက်သည်။ ဆယ်မိနစ်ကျော် ဟင်းရည်ခမ်းလာတော့ မီးပြင်းပြင်းပြောင်းလိုက်ကာ ဆားထည့်ပြီး မွှေကြော်လိုက်သည်။ ဒီလိုနဲ့ဘဲ ကျောက်ပုဇွန် မွှေကြော်က ချောချောမွေ့မွေ့နဲ့ ပြီးသွားသည်။

‌မော့ချူးက တောဝက်သားပိုင်း အကြီးကြီးကို ထုတ်လိုက်ပြီး အသားပြားအဖြစ် လှီးလိုက်သည်။ သူမက အဲ့ဒါကို ဆားနဲ့ တစ်ဖက်ကို မိနစ်၂၀လောက် နှပ်ထားလိုက်သည်။

နောက်တော့ ဂေါ်ဖီထုပ် နည်းနည်းကို လှီးလိုက်သည်။ သူမက အဲ့ဒါကို ရေနွေးဖြောလိုက်ပြီး ပန်းကန်လုံးအကြီး တစ်ဖက်မှာ ထားလိုက်သည်။

အိုးကိုဆေးပြီးသွားတော့ ဆီထည့်ကာ အပူပေးလိုက်ပြီး နှပ်ထားတဲ့ အသားပြားကို ထည့်လိုက်သည်။ သူမက အသားပြားကို အရောင်ပြောင်းလာတဲ့အထိ မွှေကြော်လိုက်သည်။

သူမက အိုးထဲမှာ ဆီတချို့ ချန်ထားလိုက်ပြီး အနံမွှေးလာတဲ့အထိ ကြော်လိုက်သည်။ ရေနည်းနည်းထည့်ပြီးသွားတော့ ဆားနည်းနည်းထည့်လိုက်ကာ ရေခမ်းသွားတဲ့အထိ စောင့်လိုက်သည်။ သူမက အသားတွေမကပ်သွားရအောင် တူသုံးကာ နည်းနည်းခွါလိုက်သည်။

နောက်တော့၊ ရေနွေးဖြောထားတဲ့ ဂေါ်ဖီထုပ်ကို ထည့်လိုက်ပြီး ငရုတ်သီးများများ ဖြူးလိုက်သည်။ နောက်တော့ ဆီကိုနောက်အိုးတစ်လုံးထဲ လောင်းထည့်လိုက်ပြီး အပူပေးလိုက်ကာ အသားပြားပေါ် လောင်းလိုက်သည်။ ဝှီးကနဲ မွှေးပျံ့တဲ့အနံ့က လေထဲမှာပြည့်နှက်သွားသည်။

ဟင်းပွဲနှစ်ခု ပြီးသွားတာနဲ့ မွှေးကြိုင်တဲ့ရနံ့က ပြန့်နှံ့သွားပြီး အရသာဖုလေးတွေကို လှုပ်ခတ်သွားကာ ‌သရေယိုလာစေသည်။

စားပွဲပေါ်က အနီရောင်ပန်းကန် နှစ်ချပ်ကို ကြည့်ပြီး မော့ချူးက နောက်ဆုံးတော့ တုံ့ပြန်လိုက်သည်။ မော့ယန်က ဒီလိုအရသာလေးလေးကို လက်ခံနိုင်ပါ့မလား? ဝိုင်းဝိုင်းကတော့ အစားသမားဆိုတော့ စိတ်ပူစရာမလိုဘူး။ အစားအစာဖြစ်နေသရွေ့ ဝိုင်းဝိုင်းက အကုန်လက်ခံနိုင်တယ်။

ဒါပေမယ့် မော့ချူးကို အံ့အားသင့်သွားစေတာက မော့ယန်ရဲ့ အစပ် လက်ခံနိုင်မှုမှာ အလွန်မြင့်မားနေခြင်းဖြစ်သည်။ မော့ယန်က သူ့ပါးစပ်ထဲကို အနီရောင်အသားအမြောက်အမြား ထည့်လိုက်သည်။ နဖူးမှာ ချွေးနည်းနည်းထွက်ရုံကလွဲပြီး ဘာမှ ထူးထူးခြားခြား မရှိပေ။

သူနဲ့ယှဥ်ရင် ဝိုင်းဝိုင်းကတော့ အခြေအနေ မကောင်းပါချေ။ အစကတော့ စားပွဲပေါ်က အနီရောင်အသားတွေကို မြင်တဲ့တဲ့အခါ သူက စပ်စုမိသေးသည်။ တစ်ကိုက်ကိုက်ကြည့်လိုက်တာနဲ့ ချက်ချင်းဘဲ မျက်ရည်ထွက်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဲ့ဒါက အရမ်းစပ်ကြောင်း သိသာသည်။

ဒါတောင် ဒီကောင်ငယ်လေးက သူ့ခြေသည်းမှာ ကုပ်ထားတဲ့ ကျောက်ပုဇွန်ကို မချပေ။ သူက တစ်ခါတစ်ခါ မော့ချူးနဲ့ တခြားသူတွေကို သူ့အစားအသောက် ခိုးသွားမှာ စိုးတဲ့ပုံစံနဲ့ ကြည့်ကြည့်နေသည်။

မော့ချူး ကိုယ်တိုင်လည်း သူမဘာသာမြည်းကြည့်လိုက်သည်။ ဒီအရသာက ပါးစပ်ထဲ ဝင်လာတာနဲ့ လျှာက မျိုချချင်လာသည်။

ဒီအသားပြားနှပ်ရဲ့အရသာမှာ 'စပ်ပြီး လတ်ဆတ်တဲ့ ရနံ့' ရသည်။ အစပ်အရသာက လတ်ဆတ်ပြီးနူးညံ့တဲ့ အသားနဲ့ ပေါင်းစပ်စားသွားတဲ့အခါ အရသာက ဆန်းသစ်သွားသည်။ ဒါပေမယ့် မော့ချူးက ဂေါ်ဖီထုပ်ကိုကြိုက်သည်။ ဂေါ်ဖီထုပ်ရဲ့ရနံ့နဲ့ အစပ်ရဲ့ ဆန်းသစ်မွှေးကြိုင်တဲ့ရနံ့က အရသာအသစ်ကို ပေးစွမ်းနေသည်။

ဝိုင်းဝိုင်းကတော့ မော့ချူးရဲ့ လက်ဖဝါးအရွယ် ငါးကျားကို ပိုကြိုက်သည်။ ဒီကောင်လေးက ငါးကို သူ့ပါးစပ်ထဲ တိုက်ရိုက်ထည့်လိုက်သည်။ တုန်ခါနေတဲ့အသံနဲ့အတူ ပါးစပ်ပြန်မဖွင့်ခင် သူ့ပါးစပ်မှာ နည်းနည်းလောက် ထုံသွားပြီး အနီရောင်အခွံကြီးက ထွက်ကျလာသည်။ သူ မော့ချူးကို သေချာကြည့်လိုက်တော့ ဘာအသားမှမကျန်တော့ပေ။ စားလိုက်တာအပြောင်ပင်။

နောက်ဆုံးတော့ ဝိုင်းဝိုင်းရဲ့ဗိုက်ထဲ ငါးဟင်းအားလုံးနီးပါးဝင်သွားသည်။ အရသာက သူ့ကိုချွေးပြန်စေပေမယ့် သူ့မျက်နှာက ပျော်ရွှင်မှုကိုတော့ ဖုံးလို့မရချေ။ အရသာရှိတဲ့ အစားအသောက်နဲ့ဆို ကမ္ဘာကြီးတစ်ခုလုံးက ပိုပြီး သာယာလာမှာ။

All Chapters