အပိုင်း ၇၅
Vol. 5 Ch. 75
ကျောင်းတွင်းပြိုင်ပွဲ အပြီးတွင် မော့ချူးရဲ့ဘဝဟာလည်း တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည်။
အတန်းချိန်အတွင်း အခြားသူများရဲ့ မသိမသာ အကြည့်တွေကလွဲရင် ကျန်အရာအားလုံးကို သူမကောင်းကောင်းလက်ခံနိုင်သည်။
ကျောင်းတွင်းပြိုင်ပွဲများ၏ ဆုကြေးများကို တရားဝင် ဖြန့်ဝေခဲ့သည်။ သူမတို့လက်ရှိ နေထိုင်တဲ့အိမ်နဲ့ ဆေးဖက်ဝင် ဆေးပြားတွေအပြင် မော့ချူးကို အံ့အားသင့်ဆုံးအရာကတော့ သူမရရှိထားတဲ့ စာဖတ်ခြင်းအခွင့်ထူးဘဲဖြစ်သည်။
လာရှင်းပြတဲ့သူတွေတောင် နာစမလည်ဖြစ်နေဆဲပင်။ စာဖတ်ခြင်းအခွင့်ထူးကို အရမ်းဂရုစိုက်တဲ့သူတစ်ဦးကို သူတို့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ အခြားဘယ်သူမဆို စာဖတ်ခြင်း အခွင့်ထူးကို ပိုမိုမြင်သာထင်သာရှိသည့်ဆုတစ်ခုနှင့် လဲလှယ်နိုင်လိမ့်မည်ဟု မျှော်လင့် လိုလားတောင့်တကြပေလိမ့်မည်။ ဒါပေမယ့် ဒီလူကတော့ တခြားသူတွေနဲ့မတူပေ။
ခရိုင် 12 တွင်ရှိစဉ်က မော့ချူးက အစားအစာနှင့် စွမ်းအင်ပေါင်းစပ်မှု ပြဿနာကြားမှာ ရုန်းကန်ခဲ့ရကြောင်းကို ဘယ်သူကများ သိနိုင်မှာတဲ့လဲ? မော့ယန်က သူမကို အကြံပြုချက်တစ်ခုပေးခဲ့ကာ အချက်အလက်ရှာဖွေဖို့ စတားနက် စာကြည့်တိုက်ကို သွားခိုင်းခဲ့ပေမယ့်၊ ဝင်ရောက်ခွင့်ဆိုင်ရာ ပြဿနာကြောင့် မော့ချူးဟာအဓိက အချက်အလက်များစွာကို မရနိုင်ခဲ့ပေ။
ဒါက ကောင်းတဲ့ကိစ္စပင်။ ကိုယ်ပိုင်ခလုတ်ခုံ ပေါ်ရှိ ဖြတ်သန်းသွားလာခွင့်ကတ်ကို ကြည့်ရင်း မော့ချူးမှာ မနေနိုင်ဘဲ ရူးကြောင်ကြောင်နဲ့ ရယ်လိုက်သည်။
ဒါ့ကြောင့် အတန်းတက်ပြီး သူမဆရာရဲ့ သုတေသနခန်းကိုသွားတာကလွဲပြီး မော့ချူးဟာ သူမရဲ့စွမ်းအင်အားလုံးကို ဒီနေရာမှာဘဲ မြှုပ်နှံထားသည်။ တခါတရံတွင် သူမက ထမင်းစားဖို့ ဒါမှမဟုတ် အိပ်ဖို့ကိုတောင် မေ့သွားတတ်သည်။ ဒါကိုမြင်တော့ မော့ယန်မှာ မတတ်နိုင်ဘဲ နည်းနည်း စိတ်ပူသွားသည်။
မော့ချူး၏ အသားအရေဟာ မူလက ဖြူစင်ပြီး ကြည်လင်ကာ သူမ၏ အသွင်အပြင်က နွေးထွေးတဲ့ ကျောက်စိမ်းနှင့်တူသည်။ သို့သော် သူမရဲ့ မျက်လုံးအောက်ရှိ မျက်ကွင်းညိုတွေက ပိုလို့တောင် မျက်စိဖမ်းစားနေသည်။
ဝိုင်းဝိုင်းလည်း သည်းမခံနိုင်တော့ပေ။ ရက်ပေါင်းများစွာ ကြာနေဖြစ်သည်။ ချူးလေးမှ အစားအသောက်ကောင်းတွေ ချက်ပြုတ်ဖို့ အချိန်မရှိတာကြောင့် သူယခင်က သိမ်းဆည်းထားတဲ့ အစားအစာတွေကိုသာ စားနေရသည်။ တကယ်လို့ အရင်ကသာဆိုရင် ဝိုင်းဝိုင်းအနေနဲ့ သိမ်းဆည်းထားတဲ့အစားအစာတွေကို ပျော်ပျော်ရွှင်ရွှင်၊ ကျေကျေနပ်နပ်နဲ့ စားနိုင်သေးသည်။ သို့ပေမယ့် အခုတော့ သူ့ရှေ့မှာ မာစတာစားဖိုမှူးရှိတစ်ယောက်ရှိနေတဲ့အတွက် သိမ်းဆည်းထားတဲ့ အစားအစာတွေကို နည်းနည်း ရွံရှာသလိုသူ ခံစားရသည်။
သို့သော်လည်း ဝိုင်းဝိုင်းက စိတ်ဆိုးသွားပေမယ့် မော့ချူးဆီတော့ မချဉ်းကပ်ရဲပေ။
ဘာမှလုပ်လို့မရပေ။ ယခုအချိန်တွင် မော့ချူးက မီးဖိုချောင်ကို ဓာတ်ခွဲခန်းအဖြစ် အသုံးပြုနေသည်။ အကြိမ်ပေါင်းများစွာ အစားအသောက်တွေက ပေါက်ကွဲသည်။ စစ်တက္ကသိုလ်ရှိ အိမ်တွေဟာအရည်အသွေး မြင့်တယ်ဆိုတဲ့အချက်ကြောင့်သာ မဟုတ်ရင် အရင်ကတည်းက ရုတ်ရုတ်သည်းသည်းဖြစ်နေလိမ့်မည်ပင်။
အမှိုက်ပုံးထဲက စွန့်ပစ်ထားတဲ့ အစာတွေကို ကြည့်ရင်း ဝိုင်းဝိုင်း ရင်ထဲမှာ နာကျင်သွားသည်။ ဒါတွေအားလုံးက အရသာရှိတဲ့ အစားအစာတွေဘဲ!
နော့ချူးအတွက် အောင်မြင်တဲ့ ထုတ်လုပ်မှုတစ်ခု ဒါမှမဟုတ် နှစ်ခုရဖို့မှာ မလွယ်ကူပေမယ့် အဲ့ဒါတွေကို ထိခွင့်မပေးချေ။ ဆယ်ရက်တိုလေးအတွင်းမှာပင် ဝိုင်းဝိုင်းရဲ့ မေးနှစ်ထပ်က ကျုံ့ဝင်သွားသည်။ ဒါကတကယ် သနားစရာကောင်းတာဘဲ!
ဒါပေမယ့်လည်း အခုချိန်မှာ မော့ချူးက စွမ်းအင်အစားအစာတွေကို လေ့လာခြင်းတွင် လုံးဝနှစ်မြှုပ်နေသည်။ သူ့အစ်ကိုကြီးရဲ့ စိုးရိမ်ပူပန်မှုနဲ့ အိမ်မွေးတိရစ္ဆာန်လေးရဲ့ မကျေနပ်ချက်တွေကို သူမ သတိမထားမိပေ။
နောက်ဆုံးတာ့ သူတို့ဟာ အကြာကြီး မထိန်းနိုင်တော့ဘဲ မော့ချူးကို ဖျောင်းဖျဖို့ လုပ်ခါနီးမှာဘဲ သူမက အမှန်တကယ်ကိုဘဲ ရပ်သွားသည်။
"ဟူး-" သူမရှေ့က အရသာရှိတဲ့ အစားအစာကို ကြည့်ပြီး မော့ချူးမတတ်နိုင်ဘဲ သက်ပြင်းအရှည်ကြီးချလိုက်သည်။ သူမရဲ့ နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးညွတ်သွားသည်။ သူမ မျက်နှာပေါ်မှ မှုန်ကုပ်ကုပ်အကြည့်က သူမအပြုံးကိုတော့ မဖုံးကွယ်နိုင်ပေ။ အရမ်းပင်ပန်းခဲ့ပေမယ့် ရလဒ်ကတော့ ရှင်းရှင်းလင်းလင်းကိုဘဲ ကောင်းသည်။
ထမင်းစား စားပွဲပေါ်တွင် သပ်သပ်ရပ်ရပ် ချထားသည့် ဓာတ်စွမ်းအင်ကို မြှင့်တင်ပေးနိုင်တဲ့ ဟင်းငါးမျိုးရှိသည်။ ဝိုင်းဝိုင်းက နံဘေးတွင် ထိုင်ဖို့လုပ်လိုက်သည်။ သူက သူ့ရဲ့ အထူးပန်းကန်လုံးကြီးကိုတောင် ယူလာခဲ့သည်။ ဟမ့်! ဒီတစ်ခါတော့ မော့ချူး ဘာပြောပြော ဒီအရသာရှိတဲ့ ဟင်းတွေကို သူသေချာပေါက်စားမှာ!
အဲ့ဒီ ဝိုင်းဝိုင်း ပြည့်ပြည့် မျက်နှာလေးမှာ ခိုင်မာမှုအပြည့်ရှိနေသည်။ အံ့သြစရာကောင်းသည်မှာ၊ အဲ့ဒါက မှော်နယ်ပယ်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအပေါ် ဩဇာရှိတဲ့ပုံပင်။ သို့ပေမယ့် ခေါင်းနည်းနည်း လှည့်ကြည့်လိုက်တော့ အရောင်အသွေးစုံလင်ကာ မွှေးကြိုင်လှတဲ့ စားပွဲပေါ်က ပန်းကန်ငါးချပ်ကို တွေ့လိုက်ရသည်။ အဲ့ဒီမြင့်မြတ်တဲ့ ဟန်ပန်က ချက်ချင်းပျောက်ကွယ်သွားပြီး သူ့ပါးစပ်ကနေ သရေတွေကျလာသည်။
"အာဝူးး-" အနံ့က အရမ်းကောင်းတာဘဲ၊ အဲဒါတွေကို စားချင်တယ်! သွေးအလင်းသားရဲက တောင့်တတဲ့ မျက်လုံးတွေဖြင့် မော့ချူးကို လှည့်ကြည့်လာသည်။ ယခင်ကတော့ အောင်အောင်မြင်မြင်နဲ့ ချစ်ဖို့ကောင်းသည့် သားရဲတိုက်ခိုက်မှုဖြင့် သူမကို ဖြုတ်ချဖို့ ပြင်ဆင်ထားသည်။ အဲဒါက ဒီတိုင်းအတွေးဘဲဖြစ်သည်။
နောက်ဆုံးတော့၊ အနာဂတ် စားနပ်ရိက္ခာထောက်ပံ့မှုက မော့ချူး အပေါ် မူတည်နေသေးသည်။ ဒီပမာဏနည်းနည်းလေးကြောင့်နဲ့ သူမကို မနှောင့်ယှက်တော့ပါချေ။
မော့ချူးက ဝိုင်းဝိုင်းရဲ့ စိတ်တွင်ထဲက စကားအရှည်ကြီးကို မြင်နေရသည်။ သူမရဲ့ နှုတ်ခမ်းထောင့်မှာ ရှိတဲ့ အပြုံးကို ထိန်းထားဖို့ သူမ အကောင်းဆုံး ကြိုးစားလိုက်သည်။ ဒီကောင်လေးက သူမကို ဘယ်လိုပုံစံနဲ့ ကျေနပ်စေမလဲဆိုတာ ကြည့်ရတာပေါ့။
နောက်တော့ မော့ချူးက ဝိုင်းဝိုင်းနဲ့ ပတ်သက်ပြီး သူမရဲ့ နားလည်မှုကို လုံးဝ ပြန်လည် ဆန်းသစ်လိုက်သည်။ ဒီကောင်လေးက စားချင်ရင် ဘာမဆို လုပ်မှာ။
အဲ့ဒီလို အရည်လဲ့နေတဲ့ မျက်လုံးတစ်စုံက မော့ချူးကို မင်သေသေမြင့် စိုက်ကြည့်နေသည်။ သူက မော့ချူး ရင်ခွင်ထဲ ခုန်ဝင်လိုက်သည်။ နောက်တော့ သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ချစ်စရာကောင်းအောင်လုပ်ဖို့ နှုတ်ခမ်း စူလိုက်သည်။ မှော်သားရဲတစ်ကောင်အဖြစ် သူ့ရဲ့အထောက်အထားကို လုံးလုံးလျားလျား နင်းချေလိုက်သည်။ မော့ချူးရဲ့ လက်တွေက ကန့်ထားတာကြောင့်သာ မဟုတ်ရင် ဒီကောင်လေးမှာ လူးလိမ့်နေပေလိမ့်မည်။
"လုံလောက်ပြီ!" မော့ချူးက ဝိုင်းဝိုင်းရဲ့ ခေါင်းကို ပုတ်လိုက်ပြီး အသံထွက် ရယ်လိုက်သည်။ "မြန်မြန်စားတော့!"
နောက်တော့ သူမက မော့ယန်ကို လက်ယမ်းပြလိုက်သည်။ “အစ်ကို၊ လာမြည်းကြည့်။ ဒါတွေအားလုံးက ကောင်းတဲ့အရာတွေပဲ!”
ဝိုင်းဝိုင်း သူ့ကို ကြည့်လာတဲ့အချိန် မော့ယန်က ထိုင်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ စိတ်ကြီးဝင်မှုတွေနဲ့ ပြည့်နှက်နေသည်။ မင်းမြင်လား? ဒီလို အရသာရှိတဲ့ အစားအစာတွေ စားနိုင်တာ ငါ့ကြောင့်ပဲ!
မော့ချူးက သူတို့အတွက် ဒီအစားအစာကို အစကတည်းက ပြင်ဆင်ထားတာကိုတော့ ဝိုင်းဝိုင်းမသိပေ။
ဒီလို ဝီရိယစိုက်ထုတ်ပြီးရလာတဲ့ အစားအစာက ဝိုင်းဝိုင်းပါးစပ်ထဲမှာတော့ ပိုပြီး တော့တောင် အရသာရှိနေသည်။ သူစားတဲ့နှုန်းက ဆယ်ရက်ကျော် မစားသောက်ခဲ့ရတဲ့ ငတ်ပြတ်နေတဲ့ သရဲနဲ့တောင်တူသည်။ မော့ချူးမှာ မတတ်နိုင်ဘဲ ခေါင်းခါလိုက်သည်။
မော့ယန်စားတာက အရမ်းလည်းမမြန်သလို အရမ်းလည်းမနှေးပေ။ ဒါပေမယ့် သူ့ရဲ့ပုံမှန်စားနှုန်းထက်တော့ သိသိသာသာမြန်သည်။
အစပိုင်းမှာ မော့ယန်က 'ကောင်းတဲ့အရာ' ဆိုတဲ့ အဓိပ္ပါယ်ကို နားမလည်သေးပေ။ ဒါပေမယ့် သူ့ဗိုက်မှ လွင့်ပျံလာသည့် လေသံကြောင့် ချက်ခြင်းသဘောပေါက်သွားသည်။ ဤစားပွဲပေါ်ရှိ ဟင်းပွဲအားလုံးက အထူးစားစရာတွေဖြစ်နိုင်သည်။
မော့ချူးရဲ့ ပီတိအပြည့်နဲ့ အကြည့်ကို သူတွေ့လိုက်တဲ့အခါ မော့ယန် သူ့စိတ်ထဲက အတွေးတွေကို အတည်ပြုလိုက်သည်။ သူ မတတ်နိုင်ဘဲ အရမ်းတုန်လှုပ်သွားသည်။ ဒီဟင်းငါးမျိုးထဲမှ တစ်မျိုးကတောင် အဖွဲ့ချုပ်တစ်ခုလုံးကို ထိတ်လန့်သွားစေနိုင်တယ်!
စားသောက်ပြီးသွားတော့ မော့ယန်ရဲ့ စိုက်ပျိုးမှုအဆင့်ဟာ အဆင့် ၇ ကို ချိုးဖျက်သွားတဲ့ အရိပ်အယောင်တွေ ပြလာသည်။
တစ်ဖက်တွင်မူ မော့ချူးက အကြီးမားဆုံး အကျိုးသက် ရောက်တဲ့သူ ဖြစ်လာသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူမဟာ ဒီဟာတွေကို လေ့လာနေတုန်း သူမရဲ့ စိတ်အခြေအနေဟာ ကောင်းမွန်နေပြီဖြစ်သည်။ ယခု သူမဒီစွမ်းအင် အစားအသောက်ကို စားပြီးသည်နှင့်အမျှ အဆင့် ၅ ၏ ကနဦးအဆင့်မှသည် အဆင့် ၅ အထိ တောင်ပံပါတဲ့ ကျားတစ်ကောင်လိုမျိုး တိုက်ရိုက်ထိုးတက်သွားသည်။
သို့သော်လည်း မော့ချူးက ဒီတလော သူမတို့တွေစွမ်းအင်ဓာတ်စာတွေကို မကြာခဏ စားသုံးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ကာ သူမတို့ ခန္ဓာကိုယ်တွေက တဖြည်းဖြည်း စုပ်ယူလာသည့် လက္ခဏာတွေစပြလာသည်။ အဲ့ဒါကတော့ သက်ရောက်မှုတွေက အနာဂတ်တွင် ဒီလောက်အထိ သိသာလာတော့မည်မဟုတ်ပေ။
ဒါတောင် ဒီအစားအစာရဲ့ အာနိသင်တွေက အံ့ဩစရာ ကောင်းနေတုန်းပင်။ ပိုအရေးကြီးသည်မှာ လွန်ခဲ့သည့်ဆယ်ရက်က သုတေသနလုပ်ခဲ့တဲ့ မော့ချူးဟာ စွမ်းအင်အစားအစာ ဖန်တီးခြင်း၏ အဓိကအချက်အချို့ကို ဝိုးတိုးဝါးတား ဆုပ်ကိုင်ထားနိုင်လိုက်သည်ပင်။