← Chapters

အပိုင်း ၇၇

Vol. 6 Ch. 77

အပိုင်း ၇၇

Vol. 6 Ch. 77

"ကောင်းပြီ ဘယ်တော့လောက်ဖြစ်မယ်လို့ထင်လဲ?" မော့ချူးလည်း မြင်လောက်ရင် မော့ယန်လည်း သေချာပေါက် သိမှာပင်။ သူက ဒါကိုလက်ခံလိမ့်မည်ပင်။ ဒီအတောတွင်းမှာ ချင်ယွဲ့က သူတို့နှစ်ယောက်ကို အများကြီး ဂရုစိုက်ပေးခဲ့တာကြောင့် ဒီလိုအရေးမကြီးတဲ့ကိစ္စတွေကို သူ မငြင်းလိုက်ပေ။

"တကယ်လား? မင်း၊ မင်း သဘောတူလိုက်တာလား?" ဒါကိုကြားတော့ ချင်ယွဲ့က အရမ်းဝမ်းသာသွားသည်။ ဒီဟာအတွက် သူတုန့်ဆိုင်းနေတာကြာပြီဖြစ်သည်။ ဒီဟာကိုတောင်းဆိုဖို့ သူ သတ္တိအများကြီး စုထားရတာဖြစ်သည်။

နောက်ဆုံးတော့ သူနဲ့မော့ယန်တို့သိကြတာ တစ်‌လလောက်တောင် မရှိသေးတဲ့အတွက် ဒါကို မော့ယန်အနေနဲ့ငြင်းဖို့ဆိုတာက ကျိုးကြောင်းသင့်သည်။ ဒါပေမယ့် မော့ယန်က တကယ်ကြီး အဆင်သင့်လက်ခံလိုက်မယ်လို့ သူ မမျှော်လင့်ထားပါချေ။

"ပြီးသွားပြီ အစ်ကိုချင်!" အဲ့ဒီစကားကို ကြားတော့ ချင်ယွဲ့တင် ပျော်သွားတာမဟုတ် ဟန်ရွှမ်လည်း အရမ်းစိတ်လှုပ်ရှားသွားသည်။

“ကောင်းပြီ၊ ငါတို့ပြင်ဆင်မှုတွေ လုပ်ရမယ်။ အဝတ်အစား၊ ပြင်ဆင်ဖို့နဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လက်လွှတ်ခံနိုင်ဘူး”

သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ဆို ကျောင်းဝင်းက လူမှုရေးဆိုင်ရာစုစည်းပွဲကိုတောင် မပြောနဲ့ဦး အဖွဲ့ချုပ်ရဲ့ အမျိုးသားညီလာခံကို တက်ရောက်ဖို့တောင် အရည်အချင်း ပြည့်မီလိမ့်မည်။

ချင်ယွဲ့က သတိအမြန်ပြန်ဝင်လာပြီး ဆက်ပြောလိုက်သည်။ “အချိန်က သဘက်ခါမနက်လောက်ဖြစ်လိမ့်မယ်။ အချိန်ကျရင် နေရာကို မင်းရဲ့ခလုတ်ခုံဆီ ပို့ပေးလိုက်မယ်"

"ကောင်းပြီ ကျွန်‌တော်သိပြီ" မော့ယန် ခေါင်းညိတ်လိုက်သည်။ "ဒါပေမယ့် ဒီလောက်တောင် အလျင်လိုနေတာလား?"

ဒီလိုအချိန်တိုလေးအတွင်းမှာ သရုပ်ပြဖို့အတွက် ပြင်ဆင်ဖို့ဆို သူလုံးဝအလုပ်ရှုပ်နေလိမ့်မှာ!

"ဒါပေါ့!" ကိုယ်ပိုင်အတွေးထဲ နစ်ဝင်နေတဲ့ ဟန်ရွှမ်က ရုတ်တရက် ခိုင်မာတဲ့အမူအရာနဲ့ ခေါင်းမော့လာသည်။

“အခုဘဲ လှုပ်ရှားကြရင်ရော? အကြာကြီးနှောင့်နှေးရင် မိန်းကလေးတွေကို တခြားတစ်ယောက်က ယူသွားလိမ့်မယ်!"

ဤသည်မှာ နှစ်ပေါင်းများစွာ သူတို့သင်ယူခဲ့ရသည့်သင်ခန်းစာတွေနှင့် ဒီအချစ်ရေးတိုက်ပွဲက မတူပေ။ အသာစီးရရန် ပထမဦးဆုံး လှုပ်ရှားရမည်ဖြစ်သည်။ အားလုံးက မျက်စိတစ်မှိတ်အတွင်းမှာဘဲ မူတည်နေတာ!

"ဒါဆို အချိန်ကျရင် ကျွန်မရောလာပြီး တစ်ချက်ကြည့်ကြည့်ရမလား?" မော့ချူးက အပြုံးနဲ့ပြောလာသည်။ မော့ယန်ရဲ့ ညီမတစ်ယောက်အနေနဲ့ သူ့ရဲ့ပထမဆုံး Mecha သရုပ်ပြပွဲကို ဘယ်လိုလုပ် လက်လွတ်ခံရမှာလဲ?

"ကောင်းတာပေါ့!" ဒါကိုကြားတော့ ဟန်ရွှမ်က ချက်ချင်းပြုံးကာ ခေါင်းညိတ်လိုက်သည်။ မော့ချူးသာ ရောက်လာမယ်ဆိုရင် သူတို့ရဲ့သရုပ်ပြပွဲမှာ ကိုးရိုးကားရား ဖြစ်မနေလောက်တော့ဘူး။

“ဂါး ဂါး -” စားသောက်ပြီးလို့ နေ့လယ်တစ်ရေးအိပ်ရာက‌နေ နိုးလာတဲ့ ဝိုင်းဝိုင်က ခုန်ထွက်လာသည်။ ချင်ယွဲ့နဲ့အခြားလူတွေကို မြင်လိုက်ရတော့ သူ နှုတ်ခမ်းထောင့်က မဲ့သွားသည်။ ဒီရုပ်ဆိုးဆိုးလူသားတွေက ဘယ်လိုလုပ် ဒီမှာရှိနေကြတာလဲ? သူ့ကို အစားအစာပေးတဲ့သူကို လုယူဖို့ ဒီမှာရှိနေကြတာများလား?

ဒီလိုလုပ်လို့မရဘူး! ဒါကိုတွေးမိပြီး ဝိုင်းဝိုင်းက ချက်ချင်းဆိုသလိုပဲ၊ လှုပ်ရှားလိုက်သည် - သူက မော့ချူးရင်ခွင်ထဲ တိုက်ရိုက်ခုန်ဝင်လိုက်ပြီး ရှေ့ကလူနှစ်ယောက်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်...

“အင်း၊ နောက်ကျနေပြီ။ ငါတို့ အရင်ပြန်ကြရင်ရော?" သူတို့မှာ လုပ်စရာတွေ အများကြီးရှိသေးသည်။ သူတို့မှာ အချိန်ဖြုန်းဖို့ မရှိသလို အကြောင်းတစ်ခုခုကြောင့် ချင်ယွဲ့ကတော့ မော့ချူးရဲ့ အိမ်မွေးတိရစ္ဆာန်က သူ့ကို ရွံမုန်းတဲ့စိတ်နဲ့ ကြည့်နေသလို ခံစားရသည်။ အမ်း၊ သူအတွေးလွန်သွားတာနေမှာ!

နေ့တစ်ဝက်မပြည့်ခင်မှာဘဲ စစ်တက္ကသိုလ်၏ စနစ်တွင် သူတို့ရဲ့ Mecha သရုပ်ပြပွဲ သတင်းကို တင်လိုက်သည်။

" ကျောင်းမင်းသားလေးအသစ် မော့ယန်ရဲ့ ပထမဆုံး Mecha သရုပ်ပြပွဲ၊ ဘယ်လိုလုပ် လက်လွတ်ခံမှာလဲ?"

"စံချိန်တင်ခဲ့သူ အသစ်ကို တွေ့ချင်ပါသလား?အဆင့်မြင့်ချန်ပိုင်ရဲ့ လက်ရွေးစင်တပည့်ကို တွေ့ချင်ပါသလား? မနက်ဖြန် Mecha သရုပ်ပြပွဲမှာ အားလုံးရှိနေပါမယ်!"

အဆိုပါ ထွင်လုံး နှစ်ခုကို တင်လိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် လူအများရဲ့ အာရုံစိုက်မှုကို ခံလိုက်ရသည်။ အချိန်တိုလေးအတွင်းမှာဘဲ ဒီပို့စ်က စာရင်းရဲ့ထိပ်ဆုံးကို ရောက်လာသည်။

အခြားနည်းလမ်းမရှိပါချေ။ အဲ့ဒီအချိန်အတွင်းမှာ မော့ချူးက စွမ်းအင်ဓာတ်စာ သုတေသနထဲတွင် နှစ်မြှုပ်နေခဲ့တာဖြစ်သည်။ အတန်းတက်တာကလွဲလို့ သူမကို မတွေ့ရပါချေ။ မော့ယန်က သူမကို စိတ်ပူတာကြောင့် သဘာဝအလျောက် သူ့ညီမလေးရဲ့ဘေးမှာဘဲ ရှိနေတတ်သည်။

ဒါကြောင့် သူတို့နှစ်ယောက်က လူတိုင်းရဲ့မျက်စိရှေ့တွင် ပျောက်ကွယ်လုနီးပါးပင် ဖြစ်ခဲ့သည်။ ဒီအချိန်မှာ သူတို့ရဲ့ ကျော်ကြားမှုက အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။ မတွေ့ရလေလေ၊ လူတိုင်းက စူးစမ်းလိုစိတ်များလေလေ ဖြစ်သည်။

ဒီလိုအခွင့်အရေးရဖို့ဆိုတာ မလွယ်တာကြောင့် လူတိုင်းက သဘာဝအတိုင်း လက်လွှတ်မခံကြပေ။ သူတို့ကချက်ချင်း ဝိုင်းအုံလာကြပြီး နာရီဝက်မပြည့်ခင်မှာပဲ Mecha သရုပ်ပြပွဲ အတွက် လက်မှတ်တွေ အကုန်လုံး အလုအယက်ဝယ်သွားကြသည်။ ဒါတင်မကပေ၊ ဒီ Mecha သရုပ်ပြပွဲ အတွက် လက်မှတ်တွေကို အွန်လိုင်းမှာ ဈေးမြင့်မြင့်ပေးပြီး ဝယ်သူတွေတောင် ရှိသည်။ သူတို့ရဲ့ငွေတွေကို အများကြီးသုံးတဲ့နည်းက ချင်ယွဲ့ နဲ့ တခြားသူတွေရဲ့ ရင်ကို တုန်လှုပ်သွားစေသည်။

ဟန်ရွှမ်က ပိုလို့တောင်ဝမ်းနည်းသွားသည်။ အဲဒီတုန်းက လက်မှတ်တချို့ကို သိမ်းထားဖို့ သူဘာလို့မစဉ်းစားမိခဲ့တာလဲ? အခုချိန် သူသာရောင်းလိုက်ရင် ပိုက်ဆံတွေအများကြီး ရလာမယ်ဆိုတာ သေချာပေါက်ပဲ။

သို့ပေမယ့် အံ့သြစရာတော့ မရှိပါချေ။ မော့ယန်နဲ့ မော့ချူးတို့ရဲ့ နာမည်နဲ့တင် စစချင်းမှာဘဲ ထိုးတက်သွားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားပါချေ။ ဒီရလဒ်က သူတို့မျှော်လင့်ထားတာထက် လုံးဝကျော်သွားလိမ့်မယ်လို့ ဘယ်သူသိထားမှာလဲ?

ပြန်စဉ်းစားကြည့်လိုက်တော့ သူတို့လည်း အလားတူ Mecha သရုပ်ပြပွဲကို လုပ်ခဲ့ဖူးသည်။ မရေမတွက်နိုင်တဲ့ အရောင်းမြှင့်တင်ရေး လုပ်ငန်းတွေကို လုပ်ခဲ့ကြပေမယ့် နောက်ဆုံးတော့ တစ်ယောက်မှ မလာခဲ့ကြပေ။ အဲ့ဒီအချိန်တုန်းက ခါးသီးမှုကို ပြန်တွေးကြည့်မိတော့ မတတ်နိုင်ဘဲ သူတို့မျက်ရည်ကျမိတော့သည်။ ဟမ့်! ဒီတစ်ခေါက်တော့ သူတို့ အကြီးအကျယ် ပြန်လာပြီ!

"အစ်ကိုချင်၊ အဲ့ဒါဆို အဝတ်အစားဝယ်ဖို့ စတားနက်ကို အရင်သွားရမှာလား?" Mecha သရုပ်ပြပွဲဟာ အလွန်ရေပန်းစားလာတာကို မြင်လိုက်ရတဲ့အတွက် ဟန်ရွှမ်ရဲ့ ယုံကြည်ချက်ကလည်း ချက်ချင်း တိုးလာခဲ့သည်။ ဆိုရိုးစကားအတိုင်း လူတစ်ယောက်ဟာ ကြည့်ကောင်းဖို့အတွက် သူ့အဝတ်အစားပေါ်မှာ မူတည်တယ်။ သူ့ကိုယ်သူ နည်းနည်း ပိုကြည့်ကောင်းအောင် မလုပ်ရင် မိန်းကလေးတွေရဲ့ သဘောကျမှုကို ဘယ်လိုလုပ် ရနိုင်မှာလဲ?

"ခဏနေဦး၊ အခုမသွားနဲ့ဦး" ချင်ယွဲ့က ဟန်ရွှမ်ကို လှမ်းဆွဲထားလိုက်သည်။ ခုနက ကိစ္စကို သူ မမေ့သေးဘူး! "ငါတို့အရင် လက်ဝှေ့ထိုးကျင့်ကြမလား?"

ဟန်ရွှမ်ရဲ့အမူအရာက ချက်ချင်းဘဲ အေးခဲသွားသည်။ "ကျေးဇူးပြုပြီး ဟင့်အင်း! အစ်ကိုချင်!”

“ပေါက်တတ်ကရ ပြောနေတာရပ်လိုက်၊ ဒီကိုလာခဲ့!" ချင်ယွဲ့က ငြင်းဆိုခွင့်မပေးဘဲ ဟန်ရွှမ်ကိုဆွဲကာ လေ့ကျင့်ရေးခန်းဆီ လျှောက်သွားလိုက်သည်။ တခြားအဖွဲ့သားတွေက အခြေအနေကိုမြင်ပြီး အမြန်ပြေးသွားကြသည်။ ခဏနေကျ ချင်ယွဲ့က စိတ်ပြောင်းပြီး သူတို့ကိုသာ ‌ဆွဲခေါ်သွားရင် သူတို့လွတ်မှာမဟုတ်ဘူး!

"ကျွန်တော်မှားသွားပါတယ် ဟုတ်ပြီလား? အစ်ကိုချင်! ဖြည်းဖြည်းလို့!" လေ့ကျင့်ရေးခန်းမှ တိုးတိုးတိတ်တိတ် အသံအချို့ ထွက်ပေါ်လာခဲ့သည်။ "ဟေး၊ မျက်နှာကိုတော့ မထိနဲ့!"

မိန်းကလေးတွေကို လိုက်ဖို့ သူ့မျက်နှာကို လိုသေးတယ်!

All Chapters