← Chapters

အပိုင်း ၈၀

Vol. 6 Ch. 80

အပိုင်း ၈၀

Vol. 6 Ch. 80

ချင်ယွဲ့ကတော့ ဝမ်းနည်းနေတုန်းပင်၊ အဲ့ဒီအချိန် အမျိုးသမီးတစ်ယောက် ချင်ရှန့်ကို ကြည့်ကာရဲတင်းစွာနဲ့ လှုပ်ရှားလာသည်။

“ဟေး ရှင်က တကယ်ကြည့်ကောင်းတာ၊ ဘာလို့ ကျွန်မကို မလိုက်တာလဲ?" ယောင်မန်ဝမ်သည် mecha ဌာနတွင် မီးတောက်လို အလှတရားကြောင့် နာမည်ကြီးသည်။ သူမရဲ့ သွယ်လျတဲ့ အသွင်အပြင်က ကောက်ကြောင်းများဖြင့် sexy ကျကာ သွေးဆူစေသည်။

ချောင်းဟုန်မိန်၏ ချစ်စရာကောင်းသည့် အသွင်အပြင်နှင့် ယှဉ်ပါက သူမကတော့ တောင့်တောင့်ဖြောင့်ဖြောင့်နှင့် ထက်မြက်လှသည်။ ဒါပေမယ့် ဒီစကားတွေကို သူမပြောလာတဲ့ အခိုက်အတန့်မှာ‌တော့ မော့ချူးရဲ့မျက်လုံးတွေမှာ ထွက်ကျလုနီးပါးပင်။ ဒီလို ဘော့စ်အမျိုးသမီး အတုအယောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ဒီကိုယ်ရည်ကိုယ်သွေးက လှပတဲ့အသွင်အပြင်နှင့် လုံးဝလိုက်ဖက်မှုမရှိနေပေ။

ပါဝင်ပတ်သက်သူ ချင်ရှန်းကတော့ လုံးဝမတုံ့ပြန်လာသလို ယောင်မန်ဝမ်ရဲ့စကားကို လုံးဝမကြားလိုက်သလိုပင်။ သူ့ခြေလှမ်းတွေကိုတောင် မရပ်လိုက်ပေ။

အသံတိတ် ရှုတ်ချခြင်းတွေက အမြဲတမ်းရှိ‌တတ်သည်။ ယောင်မန်ဝမ်က အခြားသူတွေဆီကနေ အမြဲတမ်း နှိမ့်ချခံရသည်။ သူမ ရုတ်တရက် ဒီလိုအရှက်ရသွားတဲ့အခါမှာ‌တော့ သူမရဲ့ အမူအရာက မတတ်နိုင်ဘဲ မည်းမှောင်သွားသည်။ "အဲ့ဒီမှာ ရပ်လိုက်!"

ချင်ရှန့်ကတော့ ကျေနပ်သလိုနဲ့ ရှေ့ကို ဆက်လျှောက်သွားသည်။ ယောင်မန်ဝမ်က အံကြိတ်လိုက်ပြီး "ရှင့်ကိုပြောမယ်၊ ကျွန်မရဲ့ ဗီဇအဆင့်က B အဆင့်ပဲ"

ချင်ရှန့် မတုံ့ပြန်‌ရသေးခင်မှာဘဲ ပတ်ဝန်းကျင်ရှိ လူတွေက ပေါက်ကွဲထွက်သွားသည်။

အချိန်အတော်ကြာတဲ့အထိ၊ ယောင်မန်ဝမ်ရဲ့ ဗီဇအဆင့်ကို ဘယ်သူမှ မသိကြပေ။ ဒီနေ့ သူမကိုယ်တိုင် ထုတ်ပြောလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာတုံး ? ပြီးတော့ ရှားပါး B အဆင့်တဲ့!

အချိန်တစ်ခုအထိ၊ လူအများက ချင်ရှန့်ကို အားကျစွာနဲ့ ကြည့်လာကြသည်။ ယောင်မန်ဝမ်ကို လောဘတကြီး အကဲဖြတ်နေကြတဲ့သူအချို့ပင် ရှိသေးသည်။

မျိုးရိုးဗီဇအဆင့် B အဆင့်?

ဒါကဘာကြီးလဲ?

မော့ချူးကတော့ ဒီစကားတွေက ဘာကိုဆိုလိုလဲဆိုတာ လုံးဝနားမလည်ပါချေ။ သူမက ဒီအချက်အလက်တွေကို စစ်ဆေးကြည့်ဖို့ ကိုယ်ပိုင်ခလုတ်ခုံနဲ့ ရှုပ်နေသည်။

၂၁ရာစုနှင့် မတူသည့်အချက်မှာ ပြည်ထောင်စု ဖက်ဒရေးရှင်း နိုင်ငံသားများသည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်ရှိရန် လူတွေကိုသာ လိုအပ်သည် ။ ပိုအရေးကြီးသည်မှာ လူအားလုံး၏ မျိုးရိုးဗီဇအဆင့်လည်းလိုအပ်သည်။ အမျိုးသားနှင့် အမျိုးသမီးတို့၏ မျိုးရိုးဗီဇအဆင့်မြင့်လေ၊ မျိုးဆက်သစ်များ ပိုမိုထူးချွန်လေဖြစ်သည်။

ဒီအတွက်ကြောင့် အမျိုးသမီးတွေ မျိုးရိုးဗီဇ မြင့်လေ၊ သူမသည် လူကြိုက်များလေလေဖြစ်သည်။ သို့ပေမယ့်အမျိုးသမီးအဖွဲ့ချုပ်မှ အရေအတွက်ဟာ နည်းပါးရုံသာမက သူတို့၏ မျိုးရိုးဗီဇအဆင့်ဟာလည်းမမြင့်‌ပေ။

အမျိုးသမီး မျိုးရိုးဗီဇအများစုမှာ D အဆင့်သာရှိသည်။ C အဆင့်အထက်အမျိုးသမီးကိုမူ လက်ချိုးရေတွက်လို့တောင်ရသည်။ ဗီဇအဆင့် B အဆင့်ရှိ အမျိုးသမီးတစ်ဦးနဲ့ ဆုံရင်တော့ ကံကောင်းခြင်းတစ်ခု ဖြစ်မှာ အသေအချာပင်။

ယေဘုယျအားဖြင့်ပြောရလျှင်၊ ဦးနှောက်မှာ ချို့ယွင်းချက်မရှိသရွေ့ မျိုးရိုးဗီဇ B-အဆင့် ရှိသည့် အမျိုးသမီးကို ဘယ်အမျိုးသားမှ ငြင်းပယ်မည် မဟုတ်ပေ။ ၂၁ရာစုမှာ‌တောင်မှ အလှလေး၏ သွေးဆောင်မှုကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

မော့ချူးလည်း သူမရဲ့မျိုးရိုးအဆင့်ကို အရမ်းစိတ်ဝင်စားနေသည်။ သို့ပေမယ့် သူမ အရွယ်ရောက်သည့်အခါမှသာ တိတိကျကျ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ဒါကြောင့် သူမရဲ့ သိချင်စိတ်ကို ခဏလောက် ဘေးဖယ်ထားလိုက်သည်။ သို့ပေမယ့် နောက်ဆုံးတော့ ယောင်မန်ဝမ်ရဲ့ စိတ်ကြီးဝင်မှုက ဘယ်ကလာလဲဆိုတာကို သူမ နားလည်လိုက်သည်။

"ဘယ်လိုလဲ? ရှင် ကျွန်မနောက်လိုက်ချင်လား?" ယောင်မန်ဝမ်က လွှမ်းမိုးချုပ်ကိုင်ဟန်ဖြင့် မေးလိုက်ရာ မော့ချူးကိုတောင် ယောက်ျားနဲ့ မိန်းမ နေရာပြောင်းပြန်လှန်လိုက်တယ်လို့ ထင်ယောင်ထင်မှား ဖြစ်သွားစေသည်။

ချင်ရှန့်က စကားမပြောသေးပေ။ ယောင်မန်ဝမ်ကိုတောင် မမြင်သလိုပင်။ သူက သူမကို လေလိုမျိုးဆက်ဆံပြီး လုံးဝကိုလျစ်လျူရှုထားသည်။

"ဟေ့ ဒီကောင် ဦးနှောက်ပျက်စီးနေပြီထင်တယ်" ချင်ရှန့်ရဲ့ သဘောထားကို မြင်တဲ့အခါ ယောက်ျားလေးအများစုမနေနိုင်ဘဲ သက်ပြင်းချကြသည်။ ဖြစ်နိုင်ရင် ချင်ရှန့်နေရာမှာ သူတို့ဘဲအစားထိုးလိုက်ချင်သည်။

“သေချာပေါက်ကို ရူးနေတာဘဲ၊ ရှင်းပြစရာတောင်မလိုဘူး!" ဒါကတော့ မျိုးရိုးဗီဇ B အဆင့်ရှိ စစ်သည်တစ်ဦးဖြစ်သည်။ သူမကို ဒီလိုမျိုး စွန့်လွှတ်လိုက်ရရင် သူ့တစ်သက်လုံး နောင်တရနေလိမ့်မည်။

"မှန်တယ်။ ငါသာဆိုရင် ချက်ချင်း သဘောတူပစ်လိုက်မယ်!”

"ဟားဟား မင်းရဲ့ရုပ်ကိုလည်းကြည့်ဦး၊ သူနဲ့ ယှဉ်လို့တောင် မရဘူး!"

"မင်းကိုယ်မင်း ‌ေ_ာက်သူငယ်ချင်းလို့ပြောနေတာလား? ဘာလို့ ငါ့ကို အရှက်ခွဲနေတာလဲ?"

အနောက်ကနေ နားထောင်နေတဲ့ မော့ချူးကတော့ တော်တော်လေး ပျော်နေသည်။ ဒီတော့ စစ်တက္ကသိုလ်မှာ ပုန်းကွယ်နေတဲ့ စိတ်ဝင်စားစရာ လူတွေအများကြီး ရှိနေတာဘဲ။

"ရှင် ဘာကိုဆိုလိုတာလဲ?" ယောင်မန်ဝမ်ဟာ ရုပ်ရည်ချောမောပြီး ပုံရိပ်ကောင်းလည်းရှိသည်။ ဝံပုလွေများကာ အသားနည်းသည့် ဤစစ်တက္ကသိုလ်တွင် သူမက အမြဲတမ်း ဖူးဖူးမှုတ်ခံထားရသည်။ အခု ချင်ရှန့်ရဲ့ သဘောထားနဲ့သူမ ရင်ဆိုင်လိုက်ရတော့ သူမ ဘယ်လိုလုပ် ဒေါသမထွက်ဘဲနေမှာလဲ? သူမရဲ့ မျက်နှာက နီမြန်းလာသည်။

"ဟက်!" ဒါကိုမြင်တော့ ချင်ရှန့်က နောက်ဆုံး သူ့ပါးစပ်ကို ဖွင့်လာသည်။ အရင်ဆုံး သူက ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။ "အမှန်အတိုင်းပြောရရင် မင်းလိုလူတွေကို ငါတကယ်မကြိုက်ဘူး"

ချင်ရှန့်၏ ရိုးရှင်းတဲ့ စကားတစ်ခွန်းမှာ ဆီပူအိုးထဲ ရေတစ်ဇလုံ လောင်းထည့်လိုက်သလိုမျိုး ဆူပွက်သွားစေသည် ။

"F*ck! ဒီညီအစ်ကိုက အံ့သြစရာပဲ!”

"မျိုးရိုးဗီဇ B အဆင့်ရှိတဲ့လူကို မင်းက မကြိုက်ဘူး? မျိုးရိုးဗီဇ A-အဆင့် ရှိတဲ့ မိန်းကလေးကို ရှာဖို့ စီစဉ်နေတာလား?"

အဖွဲ့ချုပ်တစ်ခုလုံးတွင် မျိုးရိုးဗီဇ A အဆင့်ရှိသည့် အမျိုးသမီး အရေအတွက်သည် ဂဏန်းသုံးလုံးအထက် မပိုပေ။ သူတို့အားလုံးက နိုင်ငံတော်ဘဏ္ဍာအဆင့် တွေဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ယောက်သာ ကြီးကြီးမားမား ပံ့ပိုးကူညီမှု မပေးပါက မျိုးရိုးဗီဇA အဆင့်ရှိသည့် အမျိုးသမီးတစ်ဦးနှင့် နီးစပ်ဖို့ဆိုတာတွေးကြည့်ဖို့တောင်ရမည်မဟုတ်ပေ။ ဒီလိုဖြစ်ဖို့ စိတ်ကူးယဉ်နေတာပဲ!

"ဟင်းး၊ ဒါက နေ့ခင်းကြောင်တတာင် အိပ်မက်မက်နေတာဘဲ။ အရမ်းလှတယ်!" ချင်ရှန့်က ရုပ်ရည်အတော်ကြည့်ကောင်းပေမယ့် မျိုးရိုး‌ဗီဇ A အဆင့်ရှိသည့် အမျိုးသမီးတစ်ဦးကို သူ၏ရုပ်ရည်နှင့် အားကိုးရုံဖြင့် ဖမ်းဆုပ်ဖို့တာ မဖြစ်နိုင်ပေ။

ချင်ရှန့်ကို အရည်အသွေးကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့ ငတုံးတစ်ယောက်အဖြစ် လူတိုင်းက လျှို့ဝှက်စွာ ခွဲခြားနေကြတုန်းမှာ ရုတ်တရက် ရင်းနှီးတဲ့အသံတစ်ခုကိုကြားလိုက်ရသည်။

"ချင်ရှန့်၊ ငါ့တို့တွေ့ဆုံပွဲကို မေ့သွားတာလား? ငါ မင်းကို စောင့်နေတာကြာပြီ!"

အားလုံးက အသံကြားရာဘက်ကို လှည့်ကြည့်လိုက်တော့ ဌာနမှူး၊ စစ်ထူရှို့ဖြစ်နေသည်။

ကျောင်းမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ဖြတ်သန်းပြီးတဲ့နောက်မှာ၊ မော့ချူးတစ်ယောက် ဒီလူဟာလည်း ဆန်းကြယ်တဲ့သူဖြစ်မှန်း သဘောပေါက်လိုက်သည်။ ကြီးကြီးမားမား ပွဲတစ်ခုမရှိရင် သူ့ကိုတွေ့ရမှာမဟုတ်ပေ။ အခြားသူတွေလည်း ဌာနမှူးရဲ့ စရိုက်ကိုသိကြသည်။

ခုတုန်းက ဌာနမူးရဲ့အသံမှာ လေးစားမှုအရိပ်အယောင်တွေပါနေသည်။ ဒီလူက အဆင့်တစ်ခုရှိတာများလား?

All Chapters