← Chapters

အပိုင်း ၈၁

Vol. 6 Ch. 81

အပိုင်း ၈၁

Vol. 6 Ch. 81

ချင်ယွဲ့ နှင့် အခြားသူများ၏ Mecha သရုပ်ပြမှုဟာ ကြီးကြီးမားမား အောင်မြင်သည်ဟု ယူဆနိုင်သည်။ အနည်းဆုံးတော့ စစ်တက္ကသိုလ်မှာ ရေပန်းစားလာသည်။ စစ်တက္ကသိုလ်ရဲ့တရားဝင်ဝဘ်ဆိုဒ်ကို ဖွင့်လိုက်တာနဲ့ ပို့စ်တွေရဲ့ ၈၀% က အဲဒါကို ဆွေးနွေးနေတတ်ကြသည်။

သို့သော်လည်း ချင်ယွဲ့၊ ဟန်ရွှန်နှင့် အခြားသူတွေကတော့ မပျော်ရွှင်နိုင်ပေ။ အမှန်ပင်၊ ဒီသရုပ်ပြပွဲဟာ တကယ့်ကို အပြင်းအထန် ဆွေးနွေးမှုတွေ အများကြီး ဖြစ်စေခဲ့ပေမယ့် အဓိက အချက်ကတော့ လူတိုင်းရဲ့ အပြင်းအထန် ဆွေးနွေးမှုရဲ့ ဦးတည်ချက်ဟာ သူတို့နဲ့ မပတ်သက်ပါပေ။ ဆန့်ကျင်ဘက်အနေနဲ့ ဒါဟာ လုပ်ရိုးလုပ်စဉ်သပ်သပ်သာ ဖြစ်သည်။ တစ်ဖက်တွင်မူ ချင်ရှန့် ခဏလောက်ဘဲ ပေါ်လာ‌ပေမယ့် လူတိုင်း၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြစ်လာခဲ့သည်။

ဖိုရမ်ပေါ်မှ ဆွေးနွေးမှုသည် သူတို့၏ ထူးချွန်ပြောင်မြောက်လှသည့် mecha သရုပ်ပြမှုအကြောင်းမဟုတ်သလို သူတို့၏ ကျွမ်းကျင်လှတဲ့ mecha လုပ်ဆောင်မှုအကြောင်းလည်း မဟုတ်ပါချေ။ အဲ့ဒီအစား၊ ယောင်မန်ဝမ်ကို ချင်ရှန့် ငြင်းခဲ့သည့် ဇာတ်လမ်းတစ်ခုလုံးအကြောင်းဖြစ်သည်။

အဲ့ဒီအချိန်တုန်းက မြင်ကွင်းကို ကွက်ကွက်ကွင်းကွင်း ပြန်လည်ဖော်ပြသည့် ပို့စ်များပင် ရှိသေးသည်။ မတူညီတဲ့ဘက်ကနေ ချက်ရှန့်၏ အထောက်အထားကို မှန်းဆနေကြတဲ့ ပို့စ်တွေလည်း ရှိသည်။ အမှန်တော့၊ ယနေ့ခေတ်ကြီးတွင် ရုပ်ရည်ကြည့်ကောင်းပြီး မျိုးဗီဇမြင့်သည့် ယောက်မန်ဝမ်ကဲ့သို့ အမျိုးသမီးတစ်ဦးကို ငြင်းပယ်ရဲသည့် ယောက်ျားအများကြီး မရှိပေ။ သို့ပေမယ့်လူထုကတော့ စိတ်သက်သာရာရသွားကြသည်။ အနည်းဆုံးတော့ ယောက်ျားချင်းပြိုင်ပွဲမှာ တစ်ယောက်လျော့သွားတာပေါ့ မဟုတ်ဘူးလား?

မော့ချူးမှာ အင်တာနက်ပေါ်တွင် ခေတ်စားနေသည့် ပို့စ်တွေကို အာရုံစိုက်ဖို့ အချိန်မရှိပါချေ။ နှုတ်ခမ်းစူနေသေးတဲ့ သူမရှေ့မှ ဝိုင်းဝိုင်းကိုကြည့်ရင်း သူမ မတတ်နိုင်ဘဲ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ သူမက သူ့ကို Mecha သရုပ်ပြပွဲ မခေါ်သွားတဲ့အတွက် စိတ်ဆိုးနေတာဖြစ်သည်။

"ဟမ့်! "

"ဟမ့်! အပြင်ထွက်သွားတာ ငါ့ကိုတောင် မခေါ်ဘူး! မင်းငါ့ကိုအိမ်မှာ တစ်ယောက်တည်း ထားခဲ့တယ်!"

ဝိုင်းဝိုင်းရဲ့ မျက်နှာပြည့်ပြည့်ကြီးက မည်းမှောင်သွားပေမယ့် ရေစက်လို မျက်လုံးတွေက မကျေနပ်ချက်အရိပ်အယောင်တွေ ပြနေသည်။

“ကောင်းပြီ” မော့ချူးက စိတ်ရင်းမှန်နဲ့ တောင်းပန်လိုက်သည်။ “ဒီတစ်ခါ ငါမှားသွားတယ်။ နောက်တစ်ခါကျ ငါသွားလေရာ နင့်ကိုသေချာပေါက် ခေါ်သွားမယ် ဟုတ်ပြီလား?"

ဒါကိုကြားတော့ ဝိုင်းဝိုင်းက သူ့ရဲ့ ထွားကျိုင်းတဲ့ ခန္ဓာကိုယ်ကို မော့ချူးဘက် လှည့်လိုက်သည်။ သူက လက်ကို နားမှာကာလိုက်ပြီး 'ငါအရမ်းစိတ်ဆိုးနေတယ်၊ ငါ့ကိုစကားလာမပြောနဲ့!' လို့ပြောနေသလိုပင်။

သူ့ရဲ့ စိတ်ကြီးဝင်နေတဲ့ အသွင်အပြင်လေးကို ကြည့်ပြီး မော့ချူးမှာ သူမ မျက်နှာပေါ်က အပြုံးကို မထိန်းလိုက်နိုင်ပေ။ သူမက သူ့ခေါင်းကို ပွတ်သပ်လိုက်ပြီး ညင်ညင်သာသာနဲ့ မေးလိုက်သည်။ “ငါတို့ နင်အကြိုက်ဆုံး ကျောက်ပုဇွန် ချက်ကြရင်ရော?"

မော့ချူးရဲ့ စကားကိုကြားတော့ ဝိုင်းဝိုင်းရဲ့ မျက်လုံးလေးတွေက တောက်ပလာသည်။ သူခေါင်းညိတ်တော့မယ့်အချိန်မှာဘဲ ရုတ်တရက် တုန့်ဆိုင်းသွားသည်။ သူက မှော်ဒေသက အုပ်ချုပ်သူ အာဏာရှင်တစ်ဦးလေ။ ဒီလိုရိုးရှင်းတဲ့ အရသာတစ်ခုနဲ့ အနိုင်ပိုင်းခံရမှာလဲ?

ဒါကြောင့် ဝိုင်းဝိုင်းက ခေါင်းကို ဘေးဘက်လှည့်လိုက်သည်။ ဟမ့်! သွေးဆောင်မှုကို ငါ ပြတ်ပြတ်သားသား တွန်းလှန်ရမယ်!

ဟက်! အနောက်မှာရပ်နေတဲ့ မော့ယန်က မျက်ခုံးပင့်လိုက်ပြီး တိုးတိုးလေး ရယ်လိုက်သည်။ ဝိုင်းဝိုင်းက ဒီတစ်ခေါက်တော့ ဒီလောက်ထိ စိတ်ပိုင်းဖြတ်နိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ထားပါ‌ချေ။ ကျောက်ပုဇွန်နဲ့တောင် သူ့ကို မ‌ရွေ့နိုင်ဘူး။ သူတကယ့် စိတ်ဆိုးနေတာဘဲ။

မော့ယန်က တိုးတိုးလေး ရယ်လိုက်ပေမယ့် ဝိုက်းဝိုင်းက သိလိုက်သည်။ သူကနီရဲတောက်တောက် မျက်လုံးတွေနဲ့ မော့ယန်ကို စူးစူးဝါးဝါး လှည့်ကြည့်လိုက်သည်။ သူ့ လည်ချောင်းကနေ ဟိန်းသံ တိုးတိုးထွက်လာသည်။ 'မင်း ငါ့ကို လာရယ်နေတာလား? ဘာရယ်စရာရှိလို့လဲ!'

“အဟမ်း–” မော့ယန်လည်း ဝိုင်းဝိုင်းရဲ့အကြည့်ကို မခံနိုင်တော့ပေ။ သူက ချောင်းဟန့်လိုက်ပြီး ခြေလှမ်းနည်းနည်း နောက်ပြန်ဆုတ်လိုက်သည်။

“ကောင်းပါပြီ၊ လိမ်လိမ်မာမာနေ စိတ်မဆိုးပါနဲ့” အသေးလေးက ပေါက်ကွဲတော့မှာကို မြင်လိုက်ရတော့ မော့ချူးက ရှေ့ကို အမြန်သွားကာ သူ့ကိုဖက်လိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ “ဒါဆို နင့်အတွက် စားစရာအသစ်တစ်ခု လုပ်ပေးမယ်။ အကိုကြီး မပေးစားဘူး၊ နင် တစ်ယောက်တည်း စားရမယ်၊ ဘယ်လိုလဲ?"

ဝိုင်းဝိုင်းက ဒီအကြံကို အရမ်းသဘောကျသွားတာ သိသာသည်။ သူ့မျက်လုံးကြီးတွေကို အကြိမ်အနည်းငယ်လောက် တဖျပ်ဖျပ်ခတ်လိုက်ပြီး ခဏလောက်စဉ်းစားလိုက်ပြီးမှ နောက်ဆုံးတော့ ခေါင်းညိတ်သဘောတူလိုက်သည်။

သဘောတူတယ်!

အဆုံးမှာ ဝိုင်းဝိုင်းက မော့ယန်ကို စိတ်ကြီးဝင်တဲ့အကြည့်နဲ့ ကြည့်ဖို့မမေ့ပေ။ ဟမ့်! မစားရဘဲ ပေးကြည့်နေလိုက်မယ်! နင်တော့ အသေစားချင်နေမှာ!

ဒီတစ်ခါတော့ မော့ချူးက ငါးပဲငပိလုပ်ချင်သည်။

လတ်ဆတ်ပြီး နူးညံ့တဲ့ ပဲငပိက နူးညံ့တဲ့ငါးအသားနှင့် လိုက်ဖက်ပြီး လတ်ဆတ်တဲ့ အစပ်အရသာနှင့် ပေါင်းစပ်လိုက်ရင် အရသာက သေချာပေါက် ကောင်းလိမ့်မည်ပင်။

ငရုတ်သီးနဲ့ ငါးတွေရှိပေမယ့် ပဲငပိလုပ်ဖို့ လိုသေးသည်။

မော့ချူးက ကိုယ်ပိုင်ခလုတ်ခုံကနေ ပဲပိစပ်အချို့ကို ထုတ်လိုက်ပြီး ရေစိမ်လိုက်သည်။ ၂၁ ရာစုရှိ ပဲပိစပ်များနှင့် ယှဉ်ပါက အဖွဲ့ချုပ်၏ ပဲပိစပ်များမှာ အတော်လေး သေးသည်။ နာရီဝက်လောက်အကြာ ရေစိမ်လို့ပြီးတော့ ပဲတွေ ပျော့သွားသည်။

"ဝိုင်းဝိုင်း လာကူပါဦး!" ပဲပိစပ်စိမ်ထားတဲ့ရေကို သွန်ပြီးသွားတော့ မော့ချူးက ဇလုံကိုချကာ အပြုံးမျက်လုံးတွေနဲ့ သွေးအလင်းသားရဲကို လက်ပြလိုက်သည်။ ဒီနေရာမှာ ပဲနို့ညှစ်တဲ့ စက်မရှိတာကြောင့် သူမအနေနဲ့ အခြားနည်းလမ်းကို စဉ်းစားရသည်။ ဝိုင်းဝိုင်းရဲ့ ထူးကဲလှတဲ့ စွမ်းအားကို သူမ မြင်ဖူးတာကြောင့် အခုတော့ သူ့ကိုအသုံးချလို့ရပြီဖြစ်သည်။

ဝိုင်းဝိုင်းက မျှော်လင့်တကြီးနဲ့ သူ့လက်ဖဝါးထူထူတွေကို ပိတ်စအထပ်လိုက် မပတ်ခင် မော့ချူးကို ဆေးကြောခွင့်ပေးလိုက်သည်။

"အာဝူး-" မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ?

ဖက်ထုပ်လို ထုပ်ထားတဲ့ သူ့လက်နှစ်ဖက်ကို ကြည့်ရင်း အသေးလေးရဲ့ ပြူးကျယ်နေတဲ့ မျက်လုံးတွေက သံသယတွေနဲ့ ပြည့်နှက်လာသည်။

“လာခဲ့၊ ဝိုင်းဝိုင်း၊ ဒီပဲတွေကို ချေပေး။ အပိုင်းတွေများလေ ပိုကောင်းလေဘဲ။ ပဲငပိကို အောင်မြင်အောင် လုပ်နိုင်မလား မလုပ်နိုင်ဘူးလားဆိုတာ နင့်အပေါ်မှာ မူတည်တယ်”

မော့ချူးက အရေးကြီး အလုပ်တစ်ခုကို တာဝန်ပေးလိုက်သလိုမျိုး ဝိုင်းဝိုင်းရဲ့ပခုံးကို ပုတ်လိုက်သည်။

ဒါကိုကြားတော့ ဝိုင်းဝိုင်းလည်း မတတ်နိုင်ဘဲ ခေါင်းကို လေးလေးပင်ပင် ညိတ်ပြလိုက်သည်။ ချစ်စရာ လက်သီးထပ်လေးတွေက ဇလုံထဲက ပဲပိစပ်တွေကို အစွမ်းကုန် ချေပစ်လိုက်သည်။

ဖောင်း!

ပဲပိစပ်က သိပ်မကျေသွားပေ။ ဒါပေမယ့် သံဇလုံကတော့ အပိုင်းပိုင်းကွဲသွားသည်။

“ဘယ်လို…”

ဝိုင်းဝိုင်းရဲ့ စိတ်ကြီးဝင်နေတဲ့ အကြည့်ကိုကြည့်ရင်း မော့ချူးမှာ မတတ်နိုင်ဘဲ နည်းနည်း မှင်တက်သွားသည်။ ဒါက သူမ လိုချင်တာဘဲ မဟုတ်ဘူးလား?

All Chapters