← Chapters

အပိုင်း ၈၂

Vol. 6 Ch. 82

အပိုင်း ၈၂

Vol. 6 Ch. 82

မော့ချူးက နဖူးကို ကူကယ်ရာမဲ့စွာနဲ့ ပွတ်လိုက်သည်။ ဝိုင်းဝိုင်း၏ အရိုင်းဆန်တဲ့ အစွမ်းသတ္တိကို သူမ တွေးမိသွားသည်။ ဒီကောင်လေးသာ အပြင်ထွက်ရင် ဒီသံဇလုံတင်မကဘူး မီးဖိုချောင်စားပွဲအားလုံး ကွဲသွားလိမ့်မည်ပင်။

"မေ့လိုက်ပါတော့" မော့ချူးက ခဏလောက်စဥ်းစားလိုက်ပြီး ရှေ့ကို တိုးကာ ဝိုင်းဝိုင်း လက်တွေပေါ်က ပိတ်စကို ဖယ်ရှားဖို့ပြင်လိုက်သည်။ တခြားနည်းကို တွေးတာ ပိုကောင်းမယ်။

"အာ ဝူးးးး-" မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ?

ဝိုင်းဝိုင်း မပျော်တော့ပေ။ သူ့လက်နှစ်ဖက်ကို သူ့နောက်ကျောမှာ ချက်ချင်း ဝှက်လိုက်သည်။ ပဲပိစပ်တွေ ချေတဲ့ဂိမ်းက အရမ်းစိတ်ဝင်စားဖို့ကောင်းတာ။ မော့ချူးက ဂျမ်းကိုဘယ်လိုလုပ် ရပ်နိုင်ရတာလဲ?

မော့ချူးမှာ သူ့ကိုတားလို့မရတဲ့ အဆုံးမှာေတာ့ သူ့ကိုလုပ်ခွင့်ပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။

ဝိုင်းဝိုင်း၊ ဒီကောင်လေးက ဒါကို စွဲလန်းနေတဲ့ပုံပင်။သူက နာရီဝက်ကျော်လောက် အချိန်ယူလိုက်ရသည်။ သံဇလုံဆယ်လုံးနီးပါးကို ဖျက်ဆီးပြီးသွားတော့ သူကအားကို ကောင်းကောင်းသုံးနိုင်သွားသည်။ ပဲပိစပ်တွေကို အခွံချွတ်ပြီး အပိုင်းပိုင်း‌ချေလိုက်သည်။ ဇလုံကတော့ လုံးဝအကောင်းတိုင်း ရှိနေသေးသည်။

မိုက်လိုက်တာ! အပြင်းအထန် ကြိုးစားပြီးတဲ့နောက်မှာတော့ သူတို့တွေ ပဲနို့ရလာသည်။

မော့ချူးမှာ နည်းနည်း အားကိုးရာမဲ့သွားသလို ခံစားလိုက်ရသည်။ တို့ဟူးပူတင်းလုပ်ရတာ အရမ်းခက်တာ။

မနက်ဖြန်အချိန်ရရင် အွန်လိုင်းပေါ်မှာ ပဲနို့စက်ကို မှာရမည်။ ဒါကိုတွေးမိပြီး မော့ချူးရဲ့ရင်ထဲတွင် ဝမ်းနည်းမှုတွေနဲ့ပြည့်သွားသည်။ အဖွဲ့ချုပ်တွင် စားနပ်ရိက္ခာရှားပါးတာကို မပြောနဲ့ဦး အရေးကြီးဆုံးအချက်ကတော့ သူတို့မှာ ချက်ပြုတ်ဖို့ ပစ္စည်းတွေတောင်မရှိပေ။ နည်းနည်းပိုရှုပ်ထွေးတဲ့ မီးဖိုနဲ့ ပဲနို့စက်ဆို မပြောနဲ့‌တော့။ သူမ လက်ရှိသုံးနေတဲ့ အိုးနဲ့ဒယ်အိုးတွေကိုတောင် အထူးတလည် စိတ်ကြိုက်ပြင်ဆင်ထားတာဖြစ်သည်။

ဒါတွေအားလုံးက မော့ယန်ကို ကျေးဇူးတင်ရမည်။ မော့ချူးက မီးဖိုချောင်သုံး ပစ္စည်းတွေကို လုပ်တတ်တဲ့သူမဟုတ်ပေ။ သူ မသိတဲ့ အရာများစွာရှိပေမယ့် မော့ယန်က အရည်အချင်းရှိတဲ့သူဆိုတာကို‌တော့ သူမ လက်ခံရမည်။ မော့ချူးက ပုံစံလေးနည်းနည်း ပြောပြပြီးတာနဲ့ မော့ယန်က သူ့ဘာသာသူ ဒီဇိုင်းဖန်တီးကာ စိတ်ကြိုက်လုပ်နိုင်သည့်ဆိုင်သို့ ပို့ပေးသည်။

ဒါပေမယ့် အံ့ဩစရာတော့မရှိပေ။ မော့ယန်က နည်းပညာသုံး မီးဖိုချောင်သုံး ပစ္စည်းတွေကို မဆိုထားနှင့် ရှုပ်ထွေးတဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို မိနစ်ပိုင်းအတွင်း ဖန်တီးနိုင်သည်။

ဝိုင်းဝိုင်းရဲ့တာဝန်ပြီးသွားတော့ ကျန်တာတွေက မော့ချူးတာဝန်ပင်။

ဝိုင်းဝိုင်း ကြိုးစားလုပ်ထားတဲ့ ပဲနို့ကို အိုးထဲ အရင်ဆုံးလောင်းထည့်လိုက်ပြီး မီးပြင်းပြင်းနဲ့ ကျိုလိုက်သည်။ ပွက်ပွက်ဆူလာတဲ့အခါ အောက်မှာ မကပ်နေစေဖို့ ဇွန်းတစ်ချောင်းနှင့် အဆက်မပြတ် မွှေပေးရသည်။ ဆူလာတဲ့အခါ မီးကိုချက်ချင်းပိတ်ပြီး ၈၀ ဒီဂရီစင်တီဂရိတ်လောက်အထိ အအေးခံရသည်။

တိုဟူးမလုပ်ခင် ပဲနို့အပေါ်တွင် ရှနေသည့် ပဲဖတ်တွေကို ဖယ်ထုတ်ရမည်ဖြစ်သည်။ မဟုတ်ပါက အရသာကို ထိခိုက်သွားလိမ့်မည်ပင်။ နောက်တော့ မော့ချူးက ယခင်က လုပ်ထားသည့် ဆားကို ရေနွေးပူပူတွင် အရည်ကျိုပြီး ပဲနို့ထဲ ဖြည်းဖြည်းချင်း ရောထည့်လိုက်သည်။ နောက်တော့ ပဲနို့က တဖြည်းဖြည်း တင်းလာပြီး တို့ဟူးပူတင်းပုံ တဖြေးဖြေး ပေါ်လာတဲ့အခါ အိုးအဖုံးကိုပိတ်ပြီး ၁၅ မိနစ်ခန့် မီးအေးအေးနဲ့ နှပ်ထားလိုက်သည်။

အဲ့ဒီအချိန်မှာ မော့ချူးက ငွေပုန်းငါးကို ကိုင်တွယ်ဖို့ လုပ်လိုက်သည်။ သူမသည် ယခင်က ဒီအရာကို အကြိမ်အနည်းငယ် ပြုလုပ်ဖူးတာကြောင့် သူမဘလုပ်ရတာ အဆင်ပြေသည်။ သူမက စားလို့မရတဲ့ အပိုင်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လှီးဖြတ်လိုက်ပြီး ငါးအသားတွေကို ပါးပါးလှီးလိုက်ကာ သန့်စင်အောင် ဆေးကြောလိုက်သည်။

နောက်တော့ ရေနွေးတည်လိုက်ပြီး သွေးအညှီတွေကို ဖယ်ထုတ်ဖို့အတွက် အသားတွေကို ရေထဲထည့် ပြုတ်လိုက်သည်။ အဲ့ဒါတွေ ဖယ်ထုန်ပြီးသွားတော့ ရေအေးဖြင့် ဆေးကြောလိုက်သည်။

အိုးကို ရေဆေးပြီးသွားတော့ ဆီတစ်ဇွန်းအပြည့်ထည့်လိုက်သည်။ နောက်တော့ လှီးထားတဲ့ ငရုတ်သီးနဲ့ ရေမှော်ပင်တွေကို ထည့်လိုက်သည်။ မွှေကြော်ပြီးသွားတော့ အသားလွှာတွေကို ထည့်ပြီး အကြိမ်အနည်းငယ် မွှေလိုက်သည်။ ထို့နောက် ရေထည့်ကာ နှစ်မိနစ် သုံးမိနစ်လောက် ဆူအောင်တည်လိုက်သည်။

မော့ချူးက အချိန်ကို ကောင်းကောင်းထိန်းချုပ်နိုင်သည်။ တစ်ဖက်မှာ တို့ဟူးပူတင်းက အဆင်သင့်ဖြစ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ အိုးကိုဖွင့်ကြည့်လိုက်တော့ နူးညံ့လှတဲ့ အဖြူရောင် တို့ဟူးပူတင်းကို သဘောကျစရာကောင်းအောင် တွေ့လိုက်ရသည်။

သူမက တို့ဟူးကို အမြန်ထုတ်ကာ ပူနေတုန်းတွင် အတုံးသေးသေးလေးများ လှီးဖြတ်လိုက်သည်။ ထို့နောက် ငါးအိုးထဲထည့်ကာ နောက်ထပ်နှစ်မိနစ်၊ သုံးမိနစ်ခန့်တည်လိုက်သည်။ အချိန်က သိပ်မကြာရပေ။ မဟုတ်ပါက တို့ဟူးတွေ ပျော်ကျသွားပြီး နူးသွားလိမ့်မည်။

နောက်ဆုံးတွက် အရသာတိုးစေဖို့ ဆားအနည်းငယ်ဖြူးလိုက်တော့ တို့ဟူးငါးဟင်းက ပြီးသွားသည်။

မော့ချူးက ဟင်းပွဲပြင်ဆင်နေတုန်းမှာ အိုင်ဒီယာအသစ်ရလိုက်သည်။ သူမက တိုဟူးကို အောက်ခြေမှာ ထားလိုက်ပြီး နူးညံ့တဲ့ ငါးအတုံးတွေကို အပေါ်မှ တင်လိုက်သည်။ နောက်ဆုံးမှာ သူမက အပေါ်က‌နေ ရေညှိတွေကို ဖြူးလိုက်သည်။ အကျိုးသက်ရောက်မှုက လုံးဝပြီးပြည့်စုံသည်။

ဒါပေမယ့် ဝိုင်းဝိုင်း အတွက်တော့ ခက်ခဲသည်။ ကောင်လေးက စားပွဲပေါ်ထိုင်လိုက်တာနဲ့ မျက်လုံးပြူးကျယ်ကျယ်နဲ့ လုပ်ထားတဲ့ တို့ဟူးပူတင်းကို ရှာကြည့်လိုက်သည်။ သို့ပေမယ့် လှည့်ပတ်ကြည့်ပြီးတဲ့နောက်မှာ ဘာမှ သူ မတွေ့ပေ။ မတတ်နိုင်ဘဲ သူနည်းနည်း ပူပန်မိသွားသည်။ သူက တိုးတိုးလေး ညည်းတွားလိုက်ပြီး သူအမြဲစားချင်နေတဲ့ အသားတွေကိုတောင် ဂရုမစိုက်တော့ပေ။

"ဒီမှာ!" မော့ချူးကသူ့ကို မစတော့ပေ။ သူမက တို့ဟူးအချို့ကို ထုတ်လိုက်သည်။ နူးညံ့သည့် တို့ဟူးဖြူကို ငါးဟင်းရည်ဖြင့် ဖုံးအုပ်ထားသည်။ အရောင်က အရမ်းလှလွန်းလို့ ဝိုင်းဝိုင်းတောင် အကျယ်ကြီးအော်လိုက်သည်။

သူက ပူတင်းတစ်တုံးကို သူ့ခြေသည်းနဲ့ဆွဲပြီး စားဖို့လုပ်လိုက်သည်။ ဒါပေမယ့် တိုဟူးက အရမ်းနူးညံ့နေမယ်လို့ သူ မမျှော်လင့်ထားပါချေ။ ဝိုင်းဝိုင်း ကုပ်ယူလိုက်တာကြောင့် တိုဟူးက အပိုင်းပိုင်းကွဲသွားသည်။

သူ့လက်ထဲမှာ ကျန်နေတဲ့ တို့ဟူးအပိုင်းအစတွေကို ကြည့်ရင်း ဝိုင်းဝိုင်းမှာ ရှားရှားပါးပါး စက္ကန့်ပိုင်းလောက် ထိတ်လန့်သွားသည်။ နောက်တော့ သူက မော့ချူးကို မော့ကြည့်လိုက်သည်။ စိတ်ဆိုးနေတဲ့ အကြည့်နဲ့ပင်။ မော့ချူးက ရယ်လိုက်ပြီး သနားသွားသည်။ တို့ဟူးကို မကြိုက်လို့လား? ဒီလိုပုံမျိုးဖြစ်ဖို့ လိုလို့လား?

ဘေးမှာရှိနေတဲ့ မော့ယန်လည်း နည်းနည်းသွေးဆောင်ခံလိုက်ရသည်။ အစတုန်းကတော့ အစားအသောက်ကို သူသိပ်ဂရုမစိုက်ပေ။ ပြဿနာကတော့ မော့ချူးက အရသာရှိတဲ့ အစားအစာတွေကို ခဏခဏ ချက်တတ်သလို၊ အချိန်တိုအတွင်းမှာ သူ့စံနှုန်းတွေကို နှိမ့်ချဖို့ကသဘာဝအလျောက် ခက်ခဲလှသည်။

အနံ့ခံရင်း မော့ယန်က ဝိုင်းဝိုင်း ဘေးမှာ ထိုင်ချလိုက်သည်။ သူက တူကိုကိုင်ကာ မြည်းကြည့်ဖို့လုပ်လိုက်တဲ့အချိနိ ဝိုင်းဝိုင်းရဲ့ ခြိမ်းခြောက်နေတဲ့ အကြည့်ကို တွေ့လိုက်ရသည်။ အရမ်းအေးစက်နေတာဘဲ!

ဒါကို ချူးလေးက ငါ့အတွက် အထူးတလည်လုပ်ထားပေးတာ။ ဒါတွေအားလုံးက မင်းအပိုင်မဟုတ်ဘူး! အမုန်းဆုံးလူသား၊ ပျောက်ကွယ်သွားစမ်းပါ!

မော့ယန်က တစ်ကိုက်လောက် ကိုက်လိုက်ချင်ပေမယ့် ဝိုင်းဝိုင်းရဲ့ မီးတောက်နေတဲ့အကြည့်ကို သည်းမခံနိုင်တော့ပေ။ နောက်ဆုံးတော့ သူလည်း ရွေးချယ်စရာမရှိတော့ဘဲ ဒေါသတကြီးနဲ့ ထရပ်လိုက်ရသည်။ ဝိုင်းဝိုင်းက တိုဟူးငါးဟင်းတစ်အိုးလုံး အရည်တစ်စက်မှမကျန်တဲ့အထိ စားပစ်လိုက်တာကို သူကူကယ်ရာမဲ့စွာနဲ့ ကြည့်နေခဲ့ရသည်။ ဒီကလေးက တကယ် အမျက်ချောင်းချောင်းထွက်နေတာဘဲ။

All Chapters