← Chapters

အပိုင်း ၈၃

Vol. 6 Ch. 83

အပိုင်း ၈၃

Vol. 6 Ch. 83

မော့ချူးက သူမ အစ်ကိုကြီးရဲ့ သနားစရာကောင်းတဲ့အမူအရာကို မတတ်နိုင်ဘဲ ကြည့်နေလိုက်သည်။ “စိတ်မပူပါနဲ့ အိုးထဲမှာ ငါးတွေ ရှိနေသေးတယ်။ ခဏနေကျရင် အရသာကောင်းအောင် ချက်ပေးမယ်"

မော့ယန်လည်း မော့ချူးရဲ့ အကြည့်ကို နားလည်လိုက်သည်။ သူ့အပြုံးက ပါးစပ်ထောင့်နား မရောက်ခင် သူ့ကိုကြည့်နေတဲ့ ဝိုင်းဝိုင်းက တစ်ခုခုကို သတိထားမိသွားတဲ့ပုံပင်။ နီရဲနေတဲ့ သူမျက်လုံးတွေက ကျဉ်းမြောင်းသွားကာ လှုပ်လှုပ်ရွရွဖြင့် ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ရဲ့အထူးတလည် ပန်းကန်လုံးကြီးကို ကိုင်ထားသည်။ နောက်တော့ မီးဖိုခန်းဆီ တည့်တည့်ပြေးသွားပြီး အိုးထဲက ငါးတွေအားလုံးကို လုယူလိုက်သည်။

ဝိုင်းဝိုင်းရဲ့ လုပ်ဆောင်ချက်တွေက အရမ်းချောမွေ့ကာ လျင်မြန်လှသည်။ မော့ယန်နဲ့ မော့ချူးတို့ တုံ့ပြန်မိချိန်တွင် အသေးလေးက ငါးအားလုံးကို စားလိုက်ပြီဖြစ်သည်။

“အင်း-”သူက ကျေနပ်စွာနဲ့အသံပြုလိုက်ပြီး သူ့ဗိုက်ပူပူကိုထိလိုက်သည်။ ဝိုင်းဝိုင်းရဲ့ မျက်နှာက ဂုဏ်ယူမှုအပြည့်နှင့်ပင်။ ဟမ့်၊ ငါက မင်းထက် အရမ်းမြန်တယ်!

‌ဒါပေမယ့် ဝိုင်းဝိုင်း စိတ်ကျေနပ်ချိန်က သုံစက္ကန့်ထက် ပိုမခံလိုက်ပေ။ သူ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ နှုတ်ခမ်းထောင့်က တွန့်သွားပြီး တစ်ကိုယ်လုံး ကုလားထိုင်ပေါ် ပြုတ်ကျသွားသည်။ သူ့ရဲ့ နည်းနည်း ဖောင်းကားနေတဲ့ ဝမ်းဗိုက်က အထူးတလည်ထင်ရှားနေသည်။

"အိုး အိုး-" နေရတာ သိပ်အဆင်မပြေဘူး။ အရမ်းစားလိုက်မိတယ်။ မျက်နှာပေါ်တွင် မှားသွားတဲ့အကြည့်ဖြင့် ဝိုင်းဝိုင်းက မော့ချူးကို နှစ်ကြိမ်တိုင်တိုင် အော်လိုက်သည်။ သူ့လက်ကိုတောင် ဆန့်ထုတ်လိုက်ပြီး ဖောင်းနေတဲ့ ဗိုက်ကို ဖိလိုက်သည်။ အသံက ဒရမ်တီးနေသလိုပင်။

သူ အရမ်းစားမိသွားလို့လား?

ကုလားထိုင်ပေါ် လဲကျသွားသည့် ဝိုင်းဝိုင်းရဲ့ အားငယ်နေတဲ့ အကြည့်ကို ကြည့်ပြီး မော့ချူး မနေနိုင်ဘဲပြုံးလိုက်မိသည်။ ဒါပေမယ့် သူမက သူ့ဆီသွား လိုက်ပြီးသူ့ဗိုက်ဖောင်းဖောင်းကို ညင်ညင်သာသာနဲ့ ပွတ်ပေးလိုက်သည်။

"အိုး အိုး-" အရမ်းသက်သောင့်သက်သာရှိတာဘဲ။ မော့ချူး ဒီလိုပွတ်ပေးလာ‌လော့ ဝိုင်းဝိုင်းက သူ့ မျက်လုံးတွေကို နည်းနည်းမှိတ်ထားလိုက်သည်။ ဘဝက တကယ်ကို ပြီးပြည့်စုံလွန်းတယ်လို့ ခံစားလိုက်ရသည်။ ဗိုက်ပြည့်တဲ့အထိ စားလိုက်တာတောင် ဗိုက်ကို ပွတ်ပေးမယ့်သူ ရှိတယ်။ ဒါက သုခဘုံပဲ!

ဝမ်းနည်းစွာနဲ့ ဝိုင်းဝိုင်းရဲ့ ဗိုက်ပေါ်ကိုနောက်လက်တစ်ဖက်ရောက်လာသည်။ မတူတဲ့ခံစားချက်က သူ့မျက်လုံးကို ချက်ချင်းပွင့်သွား‌စေသည်။ သေချာကြည့်လိုက်တော့ မော့ယန်က သူ့ဗိုက်ကိုပွတ်‌နေမှန်း သိလိုက်ရသည်။ ဟမ့်! မင်းက ငါ့ကို အခုကျေနပ်အောင်လုပ်နေတာလား?!

"ခဏလောက် အနားယူချင်လား?" ဒါပေမယ့် ဝိုင်းဝိုင်းက သိသိသာသာကိုပဲ အတွေးလွန်နေတာပင်။ မော့ယန်က သူ့ကိုစိတ်ကျေနပ်အောင် လုပ်တာမဟုတ်ပေမယ့် ရှင်းရှင်းလင်းလင်းကို မော့ချူးအတွက် စိုးရိမ်နေတာဖြစ်သည်။ နောက်ဆုံးတော့ ချူးလေးက နေ့ခင်းတစ်ခုလုံး အလုပ်များနေခဲ့ပြီး အားလပ်ချိန်တောင်မရှိပေ။ သူမရဲ့အစ်ကိုကြီး တစ်ယောက်အနေနဲ့ မော့ယန် နည်းနည်းတော့ မတတ်နိုင်ဘဲ နာကျင်ခံစားလိုက်ရသည်။

“အိုး အိုး–” မော့ချူး ပြန်မပြောရသေးခင် ဝိုင်းဝိုင်းက စိတ်မသက်မသာနဲ့ မော့ယန်ရဲ့ လက်ဖဝါးကြီးကို သူ့ခန္ဓာကိုယ်ပေါ်ကနေ တွန်းထုတ်လိုက်သည်။ ဟမ့်၊ မင်းဘာလို့ ခွန်အားတွေ အများကြီး သုံးနေတာလဲ!ဟမ့်!

မော့ယန်က ယောက်ျားလေးဖြစ်သည်။ သူက မော့ချူးလောက် စေ့စေ့စပ်စပ် မလုပ်တတ်‌ပေ။ သူသာ အင်အားနည်းနည်းလောက် သုံးလိုက်ရင် ဝိုင်းဝိုင်းကို စိတ်မကျေမနပ်ဖြစ်သွားစေလိမ့်မည်။

"ရတယ် ညီမလေးလုပ်လိုက်မယ်" မော့ချူးက သူ့အစ်ကိုကြီးကို ပြုံးပြလိုက်သည်။ ဒါကို ပင်ပန်းတယ်လို့ ဘယ်လို မှတ်ယူလို့ရမှာလဲ? ဒါ့ပြင်၊ သူမကသာ ဝိုင်းဝိုင်းရဲ့ စိတ်ကိုတည်ငြိမ်စေနိုင်သည်။

“ကောင်းပြီလေ” ဝိုင်းဝိုင်းဆီက ထူးထူးခြားခြား အကြည့်ခံရတာကြောင့် မော့ယန်လည်း ရပ်လိုက်ပြီး ပန်းကန်တွေ ဆေးကြောဖို့သွားလိုက်သည်။

အဲ့ဒီအချိန်မှာ ဝိုင်းဝိုင်းရဲ့အမူအရာက အေးခဲသွားသည်။ သူ့မျက်နှာဝိုင်းဝိုင်းပေါ်တွင် နာကြင်တဲ့အမူအရာပေါ်လာပြီး နာကြင်စွာနဲ့အော်လိုက်သည်။

" ဝိုင်းဝိုင်း ဘာဖြစ်တာလဲ?" မော့ချူးက သူ့ကို ထိန်းပေးဖို့အမြန်လက်လှမ်းလိုက်သည်။ ဝိုင်းဝိုင်းက အပြင်းအထန် ခံစားနေရတဲ့ပုံပင်။ မျက်နှာပေါ်တွက် သွေးလုံးဝ ဆုတ်သွားကာ သူ့ ခြေထောက်များပင် အားနည်းသွားသည်ဟု ခံစားလိုက်ရသည်။ မော့ချူးရဲ့ လျင်မြန်သည့် တုံ့ပြန်မှုကြောင့်သာ မဟုတ်ပါက၊ သူ မြေပြင်ပေါ်ကျသွားပေလိမ့်မည်။

"ဝိုင်းဝိုင်း?" မော့ချူးလည်း တစ်ခုခု မှားနေကြောင်း သဘောပေါက်သွားသည်။ သွေးအလင်းသားရဲ၏ အစာအိမ်သည် အောက်ခြေမရှိသည့် တွင်းနက်ကြီးဖြစ်သည်။ အနည်းဆုံးတော့ ဒီကောင်လေးကို ဒီလိုမျိုး သူမတစ်ခါမှ မတွေ့ဖူးပေ။ အရင်တုန်းကဆိုရင် သာက တိုဟူးငါးနည်းနည်းနဲ့တင် မလုံလောက်ပေ။ အခု‌တော့အဆင်မပြေစွာနဲ့ ညီးတွားနေရသည်။ အခုလေးတင် ပြဿနာတစ်ခုရှိခဲ့ပေမယ့် ဘာကြောင့်လဲဆို‌တာတော့ သူမ သတိမထားမိပါချေ။

"ဘာဖြစ်လို့လဲ?" မော့ယန်လည်း ရုန်းရင်းဆန်ခတ်ဖြစ်သံက်ု ကြားလိုက်ရပြီး ချက်ချင်း ပြေးသွားလိုက်သည်။

"ဝိုင်းဝိုင်း၊ ထဦး!" မော့ချူးက သူမရင်ခွင်ထဲရှိ ကောင်လေးကို ညင်သာစွာ ပုတ်လိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဝိုင်းဝိုင်းက မေ့မြောသွားသည်။ သူ့ရဲ့ ထွားကျိုင်းသည့် ခန္ဓာကိုယ်လေးက ရံဖန်ရံခါ လှုပ်ရှားသွားကာ သူမရဲ့ ရင်ကို တုန်လှုပ်သွားစေသည်။

"အစ်ကို၊ ညီမလေးတို့ ဘာလုပ်ရမလဲ?" မော့ချူးက မော့ယန်ကို မော့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှုပ်ထွေးနေသည့် အကြည့်တစ်ခု ပေါ်လာသည်။ "ဝိုင်းဝိုင်း အဆင်ပြေရဲ့လား?"

ဒီကလေးလေးဟာ မာနကြီးပြီး လောဘကြီးပေမယ့် မော့ချူးကတော့ သူ့ကိုမိသားစုဝင်အဖြစ် အစောကတည်းက မှတ်ယူထားတာဖြစ်သည်။ သူဒုက္ခရောက်နေတာကို မြင်လိုက်ရတော့ သူမဘယ်လိုမှ စိတ်မပူဘဲ မနေနိုင်တော့ပေ။ “ကျောင်းဆရာဝန်ဆီ သွားပြရင်ရော?"

ဒီအချိန် မော့ချူးရဲ့ ရင်ထဲတွင် ရှုပ်ထွေးနေပြီဖြစ်သည်။ ဒါပေမယ့် မော့ယန်ကတော့ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်ဆဲပင်။ သူက ခေါင်းယမ်းလိုက်ပြီး “မဖြစ်ဘူး!”

ဝိုင်းဝိုင်းရဲ့ မှော်သားရဲလက္ခဏာကို ထုတ်ပြသလိုက်သည်နှင့် ဘယ်လိုကုသမှုမျိုး ခံယူလိုက်ရမလဲဆိုတာ ဘယ်သူသိမှာလဲ? ဒီလိုအန္တရာယ်ရှိတဲ့အရာမျိုးကို လုံးဝလက်မခံနိုင်ပါချေ။

"ချူးလေး ဝိုင်းဝိုင်းကို အခုသယ်လိုက်။ မှော်ဒေသကို အခုချက်ချင်းအမြန်သွားရမယ်"

မော့ယန်သည်လည်း အကူအညီတောင်းဖို့ စိတ်အားထက်သန်နေသည်။ မှော်သားရဲများသည် မှော်ဒေသများကို အချိန်အကြာကြီး မထားခဲ့နိုင်ဟု သူအရင်ကကြားခဲ့ဖူးသည့် စကားတစ်ခွန်းကို ရုတ်တရက် ပြန်သတိရလိုက်သည်။ ဒီလိုမှမဟုတ်ရင် သူတို့ရဲ့ ခန္ဓာကိုယ်မှာလည်း ပြဿနာတွေ ရှိလာလိမ့်မည်ပင်။ ဒါက ဝိုင်းဝိုင်း ရဲ့ လက်ရှိအခြေအနေ ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ အခု စစ်တက္ကသိုလ်မှာတော့ ဘာမှလုပ်လို့ အဆင်မပြေပေ။ မှော်ဒေသကို မြန်မြန်သွားတာက ပိုကောင်းသည်။

“ကောင်းပြီ!” မော့ချူးလည်း သဘောတူလိုက်သည်။ သူမလည်း တဖြည်းဖြည်းနဲ့ တွေးမိလာသည်။ သူမလည်း ဝိုင်းဝိုင်းကို အမြန်သယ်ကာ မောင်းနှင်ခြင်းစက် ပေါ်ကို အမြန် တက်လိုက်သည်။ သူတို့နှစ်ယောက်နဲ့ သားရဲတစ်ကောင်က အနီးဆုံးမှော်ဒေသသို့ အမြန်ဆုံးအရှိန်ဖြင့် ဦးတည်သွားလိုက်သည်။

မော့ချူးက သူမရဲလက်နှစ်ဖက်ကို တင်းတင်းကိုင်ထားရင်း သူမအောက်နှုတ်ခမ်းကို မတတ်နိုင်ဘဲ ကိုက်ထားမိသည်။ "ကျေးဇူးပြုပြီး အဆင်ပြေပါစေ!"

All Chapters