← Chapters

အပိုင်း (၈၈)

Vol. 6 Ch. 88

အပိုင်း (၈၈)

Vol. 6 Ch. 88

"အရသာရှိတဲ့ အစားအသောက်တွေ စားချင်သေးလား?" မော့ချူးက ဝုန်းဒိုင်းကျဲချင်နေတဲ့ အသေးလေးကို သူ့ရဲ့အားနည်းချက်နဲ့ ကိုင်ကာ မေးလိုက်သည်။ "မြေခွေးပျံနဲ့ဆို မင်းအတွက် ပိုအရသာရှိတဲ့ အစားအသောက်တွေငါလုပ်ပေးနိုင်တယ်"

ဒါကိုကြားတော့ ဝိုင်းဝိုင်းက သူ့ကိုယ်သူ အားတင်းကာ စိတ်ကောင်းထားလိုက်ပြီး မြေခွေးလေးကို တစ်ချက်ကြည့်လိုက်သည်။ သူခေါင်းမော့လိုက်ပြီး သူ့မျက်လုံးတွေထဲမှာ သံသယတွေ ပြည့်နှက်သွားသည်။ လက်ရှိအခြေအနေအရဆို အရသာရှိတဲ့ အစားအသောက်တွေကို ဘယ်လိုရှာနိုင်မှာလဲ?

မြေခွေးပျံလေးလည်း စိတ်ရှုပ်သွားသည်။ သူတို့မြေခွေးပျံတွေက အစားအစာရှာတဲ့နေရာမှာ အရည်အချင်းမရှိတဲ့အတွက် သူက မော့ချူးကို ဘယ်လိုကူညီနိုင်မှာလဲ?

"ကောင်းပြီ၊ အချိန်ကျရင် နင်တို့သိလာလိမ့်မယ်" မော့ချူးက သူတို့ကို အရင်ခန့်မှန်းခိုင်းထားလိုက်ပြီး မော့ယန်ဘက်လှည့်လိုက်ကာ "အစ်ကို၊ ညီမလေးအစ်ကို့ကို ကူခိုင်းထားတဲ့ ကွန်ရက် စက်ပြီးသွားပြီလား?"

"ပြီးသွားပြီ" မော့ယန်က ခေါင်းညိတ်လိုက်ကာ သိချင်စိတ်နဲ့မေးလိုက်သည်။ "ကွန်ရက် စက်နဲ့ ညီမလေးက ဘာလုပ်ချင်လို့လဲ?"

မော့ချူး မျက်လုံးတွေက တောက်ပလာပြီး အပြုံးနဲ့ရှင်းပြလိုက်သည်။ "အစ်ကို၊ စတားနက်မှာ ဆိုင်ဖွင့်ပြီး ညီမလေးလုပ်ထားတဲ့ အစားအသောက်တွေကို ရောင်းချင်တယ်လို့ မပြောခဲ့ဘူးလား?"

"အိုး၊ သဘောပေါက်ပြီ" မော့ယန်က သူမဘာကိုဆိုလိုလဲဆိုတာ အမြန်သဘောပေါက်လိုက်သည်။ "စဖို့အဆင်သင့်ဖြစ်ပြီလား?"

စတားနက်ထဲ ဝင်ရောက်ဖို့ နည်းလမ်းနှစ်မျိုးရှိသည်။ တစ်နည်းမှာ အစိုးရအဖွဲ့ချုပ်မှ ပံ့ပို့ပေးထားသည့် ကွန်ရက်ဖြင့် အသုံးပြုရသည်ဖြစ်ကာ ဒုတိယနည်းကတော့ ကိုယ်တိုင်လုပ် အင်တာနက်အသုံးပြုခွင့်ကိရိယာဖြင့် ဖြစ်သည်။ နောက်ပိုင်းတွင် ‌ဝင်ရောက်အသုံးပြုမှု မြန်နှုန်းနှင့် လုံခြုံရေးက ပိုမိုမြင့်မားလာပြီး ကိုယ်တိုင်လုပ် ကွန်ရက်စက်ပစ္စည်းများကို အသုံးပြုသူအရေအတွက် တိုးလာသည်။ လွန်ခဲ့တဲ့ ဆယ်နှစ်ကစာရင်းဇယားများအရ လူပေါင်း သန်း၃၀ကျော်က ကိုယ်တိုင်လုပ် ကွန်ရက်စက်ကို အသုံးပြုနေကြပြီဖြစ်သည်။

"ဟုတ်တယ်" မော့ချူးက ခေါင်းညိတ်လိုက်သည်။ ဒါမတိုင်ခင် သူမရဲ့အတွေးတွေက ၂၁ရာစုမှာ ပိတ်မိနေဆဲပင်။ သူမသာ ဒီလိုမျိုး တစ်ခုခုကို စတားနက်မှာဖန်တီးလိုက်ပါက ဒီအကြောင်းကို တစ်ယောက်ယောက်သာ သိသွားပါက ကြောက်စရာကောင်းလာလိမ့်မယ်လို့ သူမထင်ခဲ့သည်။ သို့ပေမယ့် ကိုယ်တိုင်လုက်ကွန်ရက်ကိရိယာတစ်ခုရှိကြောင်း သူမ သိလိုက်ရတော့ ချက်ချင်း စိတ်အေးသွားရသည်။

တစ်ယောက်ယောက်က သူတို့အပေါ် မကောင်းတဲ့ရည်ရွယ်ချက်တွေ ထားမယ်ဆိုရင် သူတို့တွေအနေနဲ့ လူပေါင်း သန်း၃၀၊ ၄၀ကြားမှာ လိုက်ရှာရမှာ!

ဒီပရောဂျက်က အရမ်းကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။ တစ်ခုသိထားရမှာက အဖွဲ့ချုပ်၏ စုစုပေါင်းလူဦးရေမှာ သန်း ၁၀၀ နီးပါးလောက်ရှိသည်။ ဒီရှာဖွေမှုတွင် လူဦးရေတစ်ဝက် နီးပါးလောက် ပါဝင်သည်။ ဘယ်သူ့မှာများ ဒီလိုများပြားလှတဲ့ လူအင်အားရှိမှာလဲ? သူတို့သာ ဂရုမစိုက်ရင် လူထုရဲ့ဒေါသကိုအလွယ်တကူ ခံရလိမ့်မည်ပင်။

ဒါ့အပြင်၊ သူတို့က စစ်တက္ကသိုလ်ရဲ့ ကျောင်းသားတွေဖြစ်သည်။ အဖွဲ့ချုပ်၏ ကာကွယ်ပေးမှုအောက်တွင် ဘယ်သူမှ သူတို့ကိုဆန့်ကျင်ကြောင်း ပွင့်ပွင့်လင်းလင်းလုပ်ရဲမှာမဟုတ်ပေ။ ဆိုင်တစ်ဆိုင်ဖွင့်ရန် ပြင်ဆင်ဖို့အတွက် အခုက အကောင်းဆုံးအချိန်ပင်။

သို့ပေမယ့်၊ ဒီအစားအသောက်တွေက သာမာန်အစားအသောက်တွေ မဟုတ်ပေ။ ဒါက မော့ချူးလုပ်ထားသည့် အထူးတလည် အစားအသောက်တွေဖြစ်သည်။ အကျိုးသက်ရောက်မှု အကောင်းဆုံး ပြသနိုင်ဖို့အတွက် အစားအသောက်တွေက လက်ဆတ်နေဖို့လိုအပ်သည်။ ဒါ့ကြောင့်၊ လမ်းပန်းဆက်သွယ်ရေးက ပြဿနာကြီး ဖြစ်လာသည်။

သူမ လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ပြဿနာတက်နေတာဖြစ်သည်! ဒီမြေခွေးပျံက ရုတ်တရက်ပေါ်လာပြီး သူမပြဿနာကို ဖြေရှင်းပေးလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ?

ဒါ့ကြောင့်၊ ဒီမြေခွေးလေးက မသိလိုက်ဘာသာနဲ့ ပစ္စည်းပို့တဲ့နေရာကိုယူလိုက်ရသည်။

ဒါကိုတွေးကြည့်လိုက်တော့ မော့ချူးမှာ သွေးတွေပွက်ပွက်ဆူလာသလို ခံစားလိုက်ရသည်။ သူမရဲ့ ကိုယ်ပိုင်အွန်လိုင်းရှော့ကို ချက်ချင်း စလိုက်ချင်သည်။

"ကောင်းပြီ၊ သွားကြစို့!" ချူးလေးရဲ့ စိတ်မရှည်တဲ့အကြည့်ကိုကြည့်ရင်း မော့ယန် မနေနိုင်ဘဲ ရယ်လိုက်မိသည်။ "အိမ်ပြန်ရောက်ရင် အစ်ကိုညီမလေးနဲ့ အတူလုပ်ပေးမယ်"

မော့ချူး မျက်နှာမှာ တိုက်ခိုက်လိုစိတ်တွေ ပြည့်နှက်လာကာ ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ!"

ဝိုင်းဝိုင်းက မော့ချူး ရင်ခွင်ထဲ သက်သောင့်သက်သာနဲ့ လှဲနေသညိ။ သူက ဘယ်ညာကြည့်လိုက်ပေမယိ့ သူတို့နှစ်ယောက် ဘာလုပ်နေလဲဆိုတာကိုတော့ နားမလည်ပါချေ။ သူတို့က ကျောက်ပုဇွန်စားကြမယ့်ပုံလည်းမဟုတ်တာကို ဘာလို့ အရမ်းစိတ်လှုပ်ရှားနေကြတာလဲ?

ရုတ်တရက်၊ မော့ယန်က သူ့အနောက်ရှိ မြေခွေးပျံကို ကြည့်လိုက်ကာ နည်းနည်းစိုးရိမ်သွားသည်။ ဒီမြေခွေးလေးက မသေးပေ။ လူကိုယ်တစ်ဝက် အရွယ်လောက်ရှိသည်။ သူ့ကို ဘယ်လိုပြန်ခေါ်သွားမှာလဲ?

သူဒီအကြောင်း မော့ချူးကို ပြောလိုက်တော့ မော့ချူးလည်း မတတ်နိုင်ဘဲ လန့်သွားသည်။ ဟုတ်သားပဲ၊ ခုနတုန်းက သူမအရမ်းပျော်နေမိပြီး ဒီပြဿနာကိုလုံးဝ မစဉ်းစားမိလိုက်ပေ။ သူမပစ္စည်းတွေ လိုက်ပို့ရမယ့်အချိန်တိုင်း ဒီမှော်ဒေသမှာ မြေခွေးပျံကို သူမ အမြဲတမ်း လာပြေးရှာလို့မရဘူးလေ!

"အာဝူးး-" ဝိုင်းဝိုင်းက ဉာဏ်ကောင်းသည်။ သူက မြေခွေးပျံကို နှစ်ခါလောက် အသံပြုလိုက်သည်။ ရုတ်တရက်ဘဲ မြေခွေးပျံလေးက လက်ဖဝါးအရွယ်ကိုယ်ကိုချုံ့လိုက်သည်။ အခုကျ ပိုလို့တောင်ချစ်စရာကောင်းသွားသည်။ မော့ချူးက မြေခွေးလေးကို ချီတော့မယ့်အချိန် သူမ ရင်ခွင်ထဲက တစ်ယောက်က လုံးဝမပျော်မရွှင် ဖြစ်နေမှန်း သဘောပေါက်လိုက်သည်။

ဒါကြောင့် မော့ချူးလည်း ရိုးရိုးရှင်းရှင်းဘဲ မြေခွေးလေးကို ဝိုင်းဝိုင်းလက်ကြားထဲ ထည့်လိုက်သည်။

မြေခွေးပျံလေးက ပိုသေးသွားတော့ ဝိုင်းဝိုင်းရဲ့ သုံးပုံနှစ်ပုံအရွယ်လောက်သာ ရှိတော့သည်။ ဝိုင်းဝိုင်းလည်းသူ့ကို ရင်ခွင်ထဲ ထည့်ထားသလိုဖြစ်သွားသည်။

အရင်ဆုံး၊ အသေးလေးက မပျော်မရွှင်ဖြစ်သွားသည်။ နောက်တော့ သူ့လက်ကြားထဲက မြေခွေးလေးက နူးညံ့ပြီး နာခံတာကို ခံစားလိုက်ရတော့ သူက မကန့်ကွက်တော့ပေ။ သူက တစ်ခါတစ်ခါ မြေခွေးလေးရဲ့ အမွှေးကို ဆွဲလိုက် သူ့နောက်ကျောက တောင်ပံကိုဆွဲလိုက် လုပ်နေသည်။

သို့ပေမယ့်၊ မြေခွေးလေးရဲ့ ပုံစံက အရမ်းနူးညံ့သည်။ ဝိုင်းဝိုင်းဆီကနေ အနိုင်ကျင့်ခံရပြီးနောက်မှာ သူကဘမှမပြောရဲပေ။ သူက စိုစွတ်နေတဲ့ မျက်လုံးလေးတွေကို တစ်ဖျပ်ဖျပ်ခတ်နေပုံက အရမ်းသနားစရာကောင်းလှသည်။ ဝိုင်းဝိုင်းကလည်း လူဆိုးလေးဖြစ်သည်။ မြေခွေးလေးရဲ့ ညှိုးငယ်တဲ့အကြည့်ကို မြင်လိုက်ရတော့ သူက မရပ်လိုက်ရုံတင်မက ပိုပြီးတော့တောင် ကြမ်းကြမ်းတမ်းတမ်း စနောက်လိုက်သေးသည်။

တစ်ဖက်မှာတော့၊ မော့ချူးမှာ‌ မနေနိုင်တော့ပေ။ သူက ဝိုင်းဝိုင်းကို ခပ်မာမာလေး ဆူလိုက်သည်။ ဒီတော့မှ သွေးအလင်းသားရဲလေးက သူ့ကိုယ်သူ နည်းနည်းထိန်းလိုက်သည်။ ဒါကြောင့်၊ မြေခွေးပျံလေးက မော့ချူးကိုကျေးဇူးတင် တွယ်တာသလိုကြည့်လိုက်သည်။ ဒီကောင်မလေးကို ကြည့်တာက ပိုကောင်းသေးတယ်။ ကြမ်းတမ်းတဲ့ သွေးအလင်းသားရဲနဲ့မတူဘူး သူမက အရမ်းကြင်နာတာ!

မော့ယန်က မောင်းနှင်စက်ကို အရမ်းမြန်မြန်မောင်းနှင်လိုက်သည်။ နာရီဝက်လောက်မှာ သူတို့တွေ စစ်တက္ကသိုလ်ရှိ လုံးချင်းအိမ်သို့ပြန်ရောက်လာသည်။

စောစောက မော့ချူးအတွက် ရိက္ခာတွေကို ဝိုင်းဝိုင်းကပေးခဲ့သည်။ အခုတော့ သူမလည်း ရွေးချယ်စရာမရှိတော့ဘဲ ဟင်းပွဲနည်းနည်းချက်လိုက်သည်။ သူမက ဓာတ်ပုံလှလှ နည်းနည်းလောက် ရိုက်လိုက်ပြီး websiteမှာ တင်လိုက်သည်။ နောက်တော့ သူမရဲ့ခလုတ်ခုံကို နှိပ်လိုက်ပြီး သူမရဲ့အွန်လိုင်းရှော့ပေါ် သက်ရောက်မှုရှိရအောင် မိတ်ဆက်ဖို့ စဉ်းစားလိုက်သည်။

မော့ချူး ချက်ထားတဲ့ ဟင်းပွဲအနည်းငယ်တွေကတော့ အားလုံး ဝိုင်းဝိုင်းနဲ့ မြေခွေးလေးရဲ့ပါးစပ်ထဲရောက်သွားသည်။ ဒီလိုအရသာရှိတဲ့ အစားအသောက်မျိုး သူစားဖူးတာ ပထမဆုံးအကြိမ်ပင်။ မြေခွေးလေးက ဝိုင်းဝိုင်းရဲ့ စိတ်ပုတ်တာကို ဂရုမစိုက်တော့ဘဲ သတ္တိတွေစုက အစားအသောက်တွေကို ဆွဲယူနေတော့ စားပွဲဝိုင်းက ရုတ်ရုတ်သဲသဲဖြစ်နေသည်။

"အစ်ကို၊ ညီမလေးတို့ရဲ့ ဆိုင်နာမည်ကို ဘယ်လိုစဉ်းစားထားလဲ?" ဒီ အရေးကြီးဆုံးမေးခွန်းမှာ မော့ချူး အကြပ်ရိုက်နေရသည်။ သူမ နာမည်တွေ စဉ်းစားခဲ့ပေမယ့် ပယ်လိုက်သည်။ သူမက မော့ယန်ကို အကြံဉာဏ်တောင်းလိုက်သည်။

"ညီမလေးလုပ်တဲ့ အစားအသောက်တွေက ဒြပ်စင်စွမ်းအင်ကို ဖြည့်တင်းပေးတယ်။ သက်ရောက်မှုကလည်း ဒီစိတ်ဝိညာဉ်အားဖြည့်ဆေးတွေထက် ပိုကောင်းတယ်" မော့ယန်က သူ့ညီမလေးရဲ့ နူးညံ့တဲ့ဆံပင်တွေကို ပွတ်လိုက်ပြီး "နာမည်ပေးရမယ်ဆိုရင် ချူးလေး ဆိုတဲ့နာမည်က ကောင်းမယ်လို့ထင်တယ်"

ဒါကိုကြည့်တာနဲ့တင် သူက လုံးဝကို ညီမရူး ဆိုတာသိနိုင်သည်!

မော့ချူးမှာ သူ့စကားကြောင့် ဉာဏ်အလင်းရသွားသည်။ သူမရဲ့နှုတ်ခမ်းထောင့်တွေ တွန့်ကွေးသွားပြီး webpage ပေါ် စာလုံးနည်းနည်းရိုက်ထည့်လိုက်သည်။

နောက်ဆုံးမှာ 'စိတ်ဝိညာဉ် စားသောက်ဆိုင်' ကို တရားဝင် ဖွင့်လှစ်လိုက်သည်! ဒီဟာက ဖက်ဒ‌ရေးရှင်းသမိုင်းမှာ အမှတ်အသား ဖြစ်လာမှာကို သူတို့မသိခဲ့ပါချေ!

All Chapters