အပိုင်း ၈၉
Vol. 6 Ch. 89
"ဟားဟား-" ပုံမှန်အတိုင်း၊ ကျောလင်က စတားနက်ပေါ်မှာ သတင်းတွေ လိုက်ကြည့်နေတာဖြစ်သည်။ ရုတ်တရက် သူ တစ်ခုခုကို တွေ့သွားပြီး ရယ်သံထွက်လာသည်။ "အားယိုး၊ ဒါက အရမ်းရယ်ရတာဘဲ!"
အထိန်းအကွပ်မဲ့ ရယ်သံက ဘေးမှာအလုပ်လုပ်နေတဲ့ ကျုံးဝမ်ကို သွားသက်ရောက်သည်။ ထိုင်ခုံပေါ်လှဲချလိုက်တဲ့ သူ့သူငယ်ချင်းကိုကြည့်ရင်း ကျုံးဝမ်မှာ မနေနိုင်ဘဲ သူ့နဖူးပေါ် လက်တင်လိုက်မိသည်။ "ဘာတွေ့လိုက်လို့လဲ?"
ဒီကောင်ရယ်နေတဲ့ပုံက လေဖြတ်နေတဲ့အတိုင်းပဲ!
"မြန်မြန်၊ တစ်ချက်ကြည့်ကြည့်" ကျုံးဝမ် မမေးလိုက်ရင်တောင် ကောင်းဦးမယ် ဒါပေမယ့် ကျောလင်ကို မေးလိုက်မှပဲ သူကပိုလို့တောင် စိတ်အားထက်သန်လာသည်။ သူက ခလုတ်ခုံပေါ်ရှိ အချက်အလက်စခရင်ကို ချက်ချင်းပြလိုက်ပြီး ခေါင်းခါလိုက်သည်။ "ဟင်း၊ ဒီနေ့ခေတ်မှာကြော်ငြာတွေက ပိုလို့တောင် အလေးအနက်ဖြစ်လာကြတယ်။ သူတို့တွေက ကောင်းကင်ကိုပါ မှုတ်ထုတ်တော့မယ့်အတိုင်းပဲ!"
အဲ့ဒါက အမှန်ဖြစ်သည်။ ကြော်ငြာတွေသာ ကောင်းရင် အာရုံစိုက်ခံရမှုတွေဟာလည်း သေချာပေါက် တိုးလာမှာပင်။ သို့ပေမယ့် ကုန်ပစ္စည်းကဲ့ သက်ရောက်မှုက ကြော်ငြာထဲကနဲ့ အရမ်းကွာခြားနေရင် ဝယ်သူတွေအနေနဲ့ တိုင်ကြားဖို့အလွယ်လေးပင်။ တိုင်ကြားတဲ့အရည်အတွက်က တစ်ရာကျော်သွားတာနဲ့ အစိုးရအဖွဲ့ချုပ်ဌာနကနေ အွန်လိုင်းစတိုး ထုတ်ကုန်တွေရဲ့ စစ်မှဋ်မှုအရည်အသွေးကို စစ်ဆေးလိမ့်မည်ဖြစ်သည်။
အရင်တုန်းက ဒီကိစ္စကြောင့် ကုမ္ပဏီအကြီးကြီးတွေတောင် တရားရုံးတက်ခါနီးအထိ ဖြစ်ခဲ့ရသည်! ထို့အတွက် အွန်လိုင်းစတိုးပေါ်ရှိ ကြော်ငြာများသည် ထုတ်ကုန်၏ အကျိုးသက်ရောက်မှုနှင့် တတ်နိုင်သမျှ နီးစပ်မှုရှိစေရန် ရိုးရှင်းသည့်ပုံစံကိုဘဲ ဒီတလောမှာ သုံးလာကြတာဖြစ်သည်။ ရလဒ်အနေနဲ့ ခမ်းနားထည်ဝါတဲ့ ပုံကိုဖော်ဆောင်ပေးတဲ့ ဒီ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ကို ချက်ချင်းဘဲ မီးမောင်းထိုးပြလာသည်။ ပန်းပွင့်အသစ်ကလေးလိုမျိုး အဲ့ဒါက ကျို့လင်းရဲ့ အာရုံကို ချက်ချင်းဆွဲဆောင်လိုက်နိုင်သည်!
အမှန်တော့၊ ဒီဆိုင်ရဲ့ မျက်နှာစာပရိုမိုးရှင်းက အတော်လေးကို တိုတိုနဲ့ရှင်းရှင်းလင်းလင်းဖြစ်သည်။ အဲ့ဒါကို နှစ်ပိုင်းခွဲထားသည်။
1. ထုတ်ကုန်မိတ်ဆက် - ဒီဆိုင်ကနေ စိတ်ဝိညာဉ်ဟင်းလျာ ငါးမျိုးကို မိတ်ဆက်ပေးထားပါတယ်။ အားလုံးက ဒြပ်စင်စွမ်းအင်ကို တိုးမြှင့်ပေးပါတယ်။ ဒြပ်စင်အမျိုးအစား ကန့်သတ်ချက်မရှိသလို ဘေးထွက်ဆိုးကျိုးများလည်း မရှိပါ။
စိတ်ဝိညာဉ်ဟင်းလျာတွေရဲ့ ဈေးနှုန်းနဲ့ ဓာတ်ပုံတွေလည်းပါသည်။
2. ဝယ်ယူရာတွင်လိုအပ်သည်များ - ကျေးဇူးပြုပြီးတော့ အော်ဒါတင်ပြီး ပို့ရမည့်လိပ်စာအသေးစိတ်ကို ဖြည့်ပေးပါ။ ဒါ့အပြင်၊ အပိုပေးချေမှုအနေဖြင့် မှော်အပင်ငါးမျိုး (ပြီးပြည့်စုံသည့်မှော်အပင်) ကို ပြင်ဆင်ပေးရပါမယ်။ ပစ္စည်းလက်ခံရရှိပြီးပါက ကျေးဇူးပြုပြီး လက်ငင်းငွေချေပေးပါ။
ဒီတီထွင်ဉာဏ်ကောင်းတဲ့ ကြော်ငြာပုံစံကိုကြည့်ရင်း တည်ငြိမ်တတ်တဲ့ ကျုံးဝမ်တောင် မနေနိုင်ဘဲ မျက်ခုံးပင့်မိသည်။ ဟက်! ဒီအွန်လိုင်းရှော့က တကယ်ထူးဆန်းတာပဲ!
အမှန်ဘဲ! ကျောလင်က ကျွတ်သပ်လိုက်ပြီး အထင်သေးတဲ့ လေသံနဲ့ ပြောလိုက်သည်။ "စိတ်ဝိညာဉ်အစားအသောက်? ဒါကဘာကြီးလဲ?"
အဲ့ဒါက ဒြပ်စင်စွမ်းအင်တွေတောင် တိုးမြှင့်ပေးတယ်တဲ့လား? ဒြပ်စင်အမျိုးအစားကိုလည်း မကန့်သတ်ထားဘူး? ဘေးထွက်ဆိုးကျိုးလည်းမရှိဘူး? ဒီလိုကောင်းတဲ့အရာမျိုးသာ တကယ်ရှိရင် ဘယ်သာက ထုတ်ရောင်းလိမ့်မှာလဲ? သူတို့က ချက်ချင်းဖွက်ထားပြီး သူတို့အတွက်ပဲ သုံးတော့မှာပေါ့!
"ဒီစိတ်ဝိညာဉ်အစားအသောက် ဈေးနှုန်းက သိပ်မနိမ့်ဘူး။ အဲ့ဒါက အဆင့်နိမ့်မှော်ဆေးလုံးတွေရဲ့ ဈေးနှုန်းနဲ့တောင်ယှဉ်လို့ရတယ်" ကျုံးဝမ်လည်း မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။ "ဒါ့ပြင်၊ ငွေပေးချေတာကလွဲရင် ဝယ်သူက ရောင်းတဲ့သူအတွက် မှော်အပင်ငါးမျိုးကိုလည်း ပြင်ဆင်ပေးရဦးမယ်။ ဟက်! ဒီလိုထူးဆန်းတဲ့အရာမျိုး ငါကြားဖူးတာ ပထမဆုံးပဲ"
"ဝိုး!" ကျောလင်က ရုတ်တရက် အံ့ဩသလို အသံပြုလာသည်။ "အမြန်လာကြည့်ကြည့်၊ တစ်ယောက်ယောက်က ဝယ်ဖို့ အော်ဒါတင်လိုက်ပြီ!"
ဒီလူက တကယ်စိတ်ကူးယဉ်နေတာဖြစ်မယ်။ ဒီကြော်ငြာကြောင့် သူသေချာပေါက်လှည့်စားခံလိုက်ရတာဘဲဖြစ်မယ်။ သူက ဦးနှောက်သုံးပြီးတောင်မစဉ်းစားဘူး.... ဒါကဘယ်လိုလုပ် အမှန်ဖြစ်နိုင်မှာလဲ? ဟင်း၊ ဖက်ဒရယ် ဒင်္ဂါးပြားတွေတော့ အလဟဿဖြစ်ပါပြီ!
ခဏလောက် သက်ပြင်းချလို့ပြီးတော့ ကျောလင်လည်း ဒီကိစ္စကိုဘေးဖယ်ထားလိုက်သည်။ လက်ထဲကအလုပ်တွေ ပြီးသွားတော့ ကြော်ငြာအကြောင်း သူပြန်စဉ်းစားလိုက်သည်။ သူအွန်လိုင်းပေါ်သွားပြီ အဲ့ဒါကိုသွားစစ်ကြည့်သည်။
F*ck! စတားနက်မှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်ဟ!
"ဘော့စ် ဘော့စ်!" ကျောလင်ပိုကြည့်လေ သူ့မျက်လုံးပိုပြူးလာလေပင်။ သူ့အသံက ကွဲထွက်သွားမတတ်ပင်။ "ဘော့စ်၊ ကျုံးဝမ် တစ်ချက်လာကြည့်ကြည့်!"
"ဘာဖြစ်လို့လဲ?" နျဉ်ယွိယွမ်က သူ့ရဲ့ရှည်လျားသွယ်လျတဲ့လက်နဲ့ ရုံးခန်းတံခါးကို တွန်းဖွင့်လာပြီး ခြေလှမ်းကျဲနဲ့လျှောက်လာသည်။ သူ့ရဲ့အစိမ်းရင့်ရောင်စစ်တပ်ယူနီဖောင်းက သူ့ကိုပိုပြီး ကြည့်ကောင်းနေစေသည်။
ကျောလင်က ဘာမှပြောမနေဘဲ ကိုယ်ပိုင်ခလုတ်ခုံက စခရင်ကိုဘဲ တန်းပြီး zoom ချဲ့ပြလိုက်သည်။ အဲ့ဒီပေါ်မှာတော့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ရဲ့ ဝဘ်စာမျက်နှာရှိနေသည်။
သို့ပေမယ့်၊ လွန်ခဲ့တဲ့ တစ်နာရီလောက်ခြောက်ကပ်နေတဲ့နေရာနဲ့ ယှဉ်ရက် အခုချိန်မှာတော့ အဲ့ဒါနဲ့ပတ်သတ်တဲ့ မှတ်ချက်တွေက ပေါက်ကွဲထွက်နေသည်!
အရင်ဆုံးမှတ်ချက်ကတော့ ပထမဆုံးဝယ်ယူသူဖြစ်တဲ့ 'ကျေးဇူးပြုပြီး ငါ့ကို ဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူဆီကဖြစ်သည်။ [F*ck! F*ck! F*ck! ဒီစိတ်ဝိညာဉ်အစားအသောက်ရဲ့ သက်ရောက်မှုက အရမ်းကောင်းတာဘဲ။ ငါအဆင့်3 ကနဦးအဆင့်ကနေ အဆင့်3 အဆင့်မြင့်အဆင့်ကို ချက်ချင်းရောက်သွားတယ်! ဘာ ဘေးထွက်ဆိုးကျိုးမှလည်း မရှိဘူး? ဘာ ဘေးထွက်ဆိုးကျိုးမှကိုမရှိတာ! ဘုရားရေ၊ အခုတော့ ငါ လုံးဝကို ဗလုံးဗထွေးပြောနေမိပြီ။ ဆိုင်ရှင်ရေ၊ ငါ နင့်ကိုအရမ်းလေးစားမိပြီ!]
ဝယ်သူရဲ့ စိတ်လှုပ်ရှားကာ စိတ်အားဖက်သန်နေတဲ့ စာနဲ့ယှဉ်ပါက ဆိုင်ပိုင်ရှင် 'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' စာပြန်ထားတာကတော့ပိုပြီး အကြင်နာကင်းမဲ့လှသည်။ [အမှတ်ပြည့် ပြေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် '@ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ ခေါ်ပါ' ဝယ်သူဘက်က မှော်အပင်ငါးပင် မပြင်ဆင်ပေးခဲ့တဲ့အတွက် အခုကစပြီးတော့ ဝယ်သူကို blacklist ထဲ ထည့်လိုက်ပြီး ဘယ်ထုတ်ကုန်မှ မရောင်းတော့ပါဘူး။ ကျေးဇူးတင်ပါတယ်!]
ဘုရားရေ! ကြည့်ပါဦး၊ ဒီဆိုင်ရှင်က တကယ် တဇွတ်ထိုးနိုင်တာပဲ!
'ကျေးဇူးပြုပြီး ငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ကပြောထားသည်။ [မဖြစ်ဘူး! မလုပ်ပါနဲ့! ဆိုင်ရှင်ရေ ငါမှားသွားပါတယ်။ အခုချက်ချင်း မှောင်အပင် ၁၀မျိုး မဟုတ်ဘူး အမျိုး ၅၀ ပို့ပေးလိုက်ပါ့မယ် ဟုတ်ပြီလား? ငါ့ကို blacklist ထဲတော့ မထည့်လိုက်ပါနဲ့! ကျေးဇူးပြုပြီး!]
'ကြီးစိုးခြယ်လှယ်သူဝိုင်းဝိုင်း' က ထပ်ပြီးစာမပြန်တော့ပေ။ သူက ချက်ချင်း ဝဘ်ဆိုဒ်ပေါ်တွင် 'Blacklist' ဆိုတဲ့ကဏ္ဍအသစ်တစ်ခုဖွင့်လိုက်ပြီး 'ကျေးဇူးပြုပြီးငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့ဝယ်သူနာမည်ကို အဲ့ဒီထဲမှာ ထည့်လိုက်သည်။ အံ့ဩစရာကောင်းတာက အဲ့ဒါက ပထမကော်လံမှာရှိနေတာက အရမ်းမျက်စိဖမ်းစားလှသည်။
ဒီတုံ့ပြန်မှုက ဆိုင်ရှင်နာမည်နဲ့ တကယ်လိုက်သည်။ သူက တကယ်ကြီးစိုးခြယ်လှယ်တာပဲ!
ဒီစကားဝိုင်းပြီးတော့ ကျန်နေတဲ့ စိတ်ဝိညာဉ်ဟင်းလျာလေးမျိုးက ချက်ချင်းရောင်းထွက်သွားသည်။
နာရီဝက်တောင် မကြာလိုက်ပေ၊ ဒီဟင်းလျာလေးမျိုးဝယ်ခဲ့တဲ့ တခြားဝယ်သူတွေလည်း တစ်ယောက်ပြီးတစ်ယောက် ခုန်တက်လာကြသည်။
'ဟေးဟေး ဟို' ဆိုတဲ့သူက ပြောထားသည် [တကယ်ပဲ၊ ငါ အဲ့ဒါကိုဝယ်ဖို့ အော်ဒါတင်လိုက်တယ်။ အစကတော့ ငါက ဆိုင်ပိုင်ရှင်ကို ဟာသလုပ်ချင်ခဲ့တာ ဒါပေမယ့်နောက်ဆုံးတော့ ဘုရားရေ! ငါ ကိုယ့်ကိုယ်ကိုယ် ဟာသလုပ်မိလိုက်တယ်! ငါက မီးဒြပ်စင်အဆင့်၄ အဆင့်မြင့်အဆင့်ရှိတယ်။ ဒီအဆင့်၄ အဆင့်မြင့်အဆင့် အတားအဆီးမှာပဲ ငါ လည်နေတာ နှစ်နှစ်တောင်ရှိနေပြီ ဒါပေမယ့် မချိုးဖြတ်နိုင်ခဲ့ဘူး။ ဒီစိတ်ဝိညာဉ်ဟင်းလျာကို စားပြီးသွားတော့ အခုငါ အဆင့်၅ ကနဦးအဆင့်ကို အောင်အောင်မြင်မြင်နဲ့ ခုန်ကျော်နိုင်သွားပြီ! ဆိုင်ရှင်ရေ အခုကစပြီး ငါလေးစားမှုအပြည့်နဲ့ မင်းအရှေ့မှာ ဒူးထောက်ပါတော့မယ်!]
တခြားဝယ်သူသုံးယောက်ရဲ့ စာတွေကလည်း အတူတူပင်။ သူတို့အားလုံး အဲ့ဒီစိတ်ဝိညာဉ် အစားအသောက်ကို စားပြီးသွားတော့ သူတို့ရဲ့ ကျင့်ကြံရေး အဆင့်ဟာလည်း ကောင်းကောင်းကြီး တိုးတက်လာပြီး ဒီစိတ်ဝိညာဉ်အစားအသောက်အပေါ် ပိုလို့တောင် လေးစားလာကြသည်။
ကျောလင်နဲ့ ကျုံးဝမ်လည်း မနေနိုင်ဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်မိလိုက်ကြသည်။ အခုလေးတင် သူတို့ လှောင်ပြောင်ထားတဲ့ စိတ်ဝိညာဉ်အစားအသောက်က တကယ်ကြီး အစစ်ဖြစ်နေမှန်း မထင်ထားပါချေ! တစ်ဖက်တွင်၊ ဘေးမှာရပ်နေတဲ့ နျဉ်ယွိယွမ်က မှတ်ချက် အစုအပြုံလိုက်ကို အနည်းငယ် မည်းမှောင်နေတဲ့ အမူအရာနဲ့ ကြည့်နေသည်။