← Chapters

အပိုင်း ၉၀

Vol. 6 Ch. 90

အပိုင်း ၉၀

Vol. 6 Ch. 90

တစ်ညတာတိုလေးအတွင်း 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ဆိုတဲ့ စကားလုံးက စတားနက်တွင် ချက်ချင်းနာမည်ကြီးလာသည်။

အရင်ဆုံး၊ အဲ့ဒါက ရုတ်ရုတ်သဲသဲဖြစ်တာ သေးသေးမွှားမွှားလေးလောက်ပင်။ နောက်တော့ ကျော်ကြားမှုက မီးတောက်လိုမျိုး ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ နောက်တစ်နေ့မနက်မှာ၊ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' က အစပိုင်းမှာ တိမ်မြုပ်နေရာကနေ လူကြိုက်များတဲ့ပို့စ်အဖြစ် ထိပ်ဆုံးအထိ တိုက်ရိုက်ခုန်တက်သွားပြီး သူ့ရဲ့ဆွဲဆောင်မှုက လူသန်းပေါင်းများစွာရဲ့ ဒုတိယနေရာကိုပင် ဖိနှိပ်သွားသည်။

အင်တာနက်သုံး‌စွဲသူတွေ‌ အားလုံးနီးပါး ဒီထူးဆန်းတဲ့ဆိုင်က်ု သတိထားမိသွားပြီး ဆွေးနွေးမှုအမျိုးမျိုးက အပြည့်အဝ ပြောင်းလဲလာသည်။

သံသယလှိုင်းလုံးကြီးတွေလည်း ပေါ်ပေါက်လာသည် —

[စဉ်းတောင်မစဉ်းစားနဲ့။ ဒီဝယ်သူငါးယောက်က သေချာပေါက် ဆိုင်ပိုင်ရှင်ရဲ့သူငယ်ချင်းတွေ ဖြစ်ရမယ်! ကြည့်၊ ဒီရှင်းပြချက်က အရမ်းချဲ့ကားလွန်းတယ်။ ထိပ်တန်းအဆင့်ဆေးလုံးတွေတောင်မှ ဒီလိုမျိုး သိသာတဲ့ အကျိုးသက်ရောက်မှုမျိုး မရှိနိုင်ဘူး! အားလုံးဘဲ၊ ဒီပရိုမိုးရှင်းနည်းလမ်းကြောင့် အရူးမလုပ်ခံရစေနဲ့!]

တစ်ခုသိထားရမှာက အကောင်းဆုံးအဆင့်ဆေးလုံးတွေရဲ့ ဈေးနှုန်းတွေဟာ ဖက်ဒရေးရှင်းဒင်္ဂါးပြားပေါင်း သန်းပေါင်းများစွာမှ စတင်ပြီး ဒီ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ရဲ့အမြင့်ဆုံးဈေးနှုန်းကတော့ သောင်းဂဏန်းမျှသာရှိသည်။ ဈေးနှုန်း ကွာဟချက်က ကြီးမားလွန်းတဲ့အတွက် ပြဿနာကို ရှင်းပြဖို့ လုံလောက်သည်။

ယုံကြည်တစ်ဝက် သံသယဝင်တစ်ဝက်နဲ့ တခြားအုပ်စုတွေလည်းရှိသည် -

[ဟက်! ဒီလောက်ထိမလိုပါဘူး! ဒီ စိတ်ဝိညာဉ်အစားအသောက်က ဒီလိုမျိုး တကယ် သက်ရောက်မှုကောင်းတယ်ဆိုရင် အရမ်းကောင်းတဲ့အရာဘဲ! ဒီအခွင့်အရေး ၅၀-၅၀ကို အခြေခံပြီး ငါတို့ဝယ်သင့်တယ်!]

အစားအသောက် ကျွမ်းကျင်သူများပင်လျှင် ပါဝင်လာကြပြီး ပါဝင်ပစ္စည်းတွေနဲ့ ဒီစိတ်ဝိညာဉ်အစားအသောက်ရဲ့ သက်ရောက်မှုတွေကို ရှုထောင့်အမျိုးမျိုးကနေ ခွဲခြမ်းစိပ်ဖြာကြသည်။ သို့ပေမယ့်၊ ဆိုင်ပိုင်ရှင်ဘက်က ပေးတဲ့အချက်အလက်တွေက အရမ်းနည်းတဲ့အတွက် အဆုံးမှာ သူတို့အရှုံးပေးလိုက်ရသည်။

စတားနက်ပေါ်တွင် စိတ်လှုပ်ရှားမှုတွေနှင့် ဆူညံသံများဖြင့် စည်ကားနေကြသည်။ ယှဉ်ကြည့်ရလျှင်၊ မော့ချူးရဲ့နေရာမှာတော့ ပိုပြီးတော့ တိတ်ဆိတ်နေသည်။

အချိန်တိုလေးအတွင်းမှာဘဲ လုပ်ငန်းငါးခုပြီမြောက်သွားသည်။ ငွေကိုလည်း ချောချောမွေ့မွေ့ လက်ခံရရှိခဲ့ပြီး မှော်အပင်အမျိုးအစား၂၀မျိုးကိုလည်း ရခဲ့သေးသည်။ ဒီဟာက မော့ချူးကို အရမ်းပျော်ရွှင်သွားစေသည်။ သူမရဲ့ မျက်နှာလေးက ‌ရွှင်မြူးနေသည်။

မော့ယန်ကတော့ နည်းနည်းစိတ်မကောင်းဖြစ်မိသည်။ အရင်တုန်းက သူ့မှာ ဖက်ဒရေးရှင်းဒင်္ဂါးပြား တစ်သိန်းလောက်ရဖို့ကို ဒေသ ၁၂ခုလောက်ကို လှည့်လည်ကာ အသက်ဘေးနဲ့ ရင်ဆိုင်ခဲ့ရသည်။ အခုတော့၊ ချူးလေးရဲ့ လွယ်ကူတဲ့လှုပ်ရှားမှုနဲ့အတူ သူမ ရှာနိုင်ခဲ့တဲ့ပိုက်ဆံက သူ့သက်တမ်း တစ်ဝက်စာလောက်နီးပါးရှိသည်!

သို့ပေမယ့်၊ ချူးလေးရဲ့မျက်နှာပေါ်က နွေးထွေးတဲ့အပြုံးလေးကို မြင်တော့ မော့ယန်ရဲ့နှုတ်ခမ်းထောင့်မှာ မသိလိုက်ဘာသာနဲ့ နည်းနည်း ကွေးတက်သွားသည်။

ဒီမှော်အပင်တွေ မော့ချူးရဲ့လက်ထဲ ရောက်လာတာနဲ့ သူမက ချက်ချင်း စစ်ဆေးကြည့်သည်။ သူမ ဘာကို မြင်လိုက်မှန်းမသိပေ။ ဒါပေမယ့် သူမရဲ့မျက်လုံးတွေက ချက်ချင်းဘဲ တောက်ပလာသည်။ "အစ်ကို၊ ဒီနေ့ အစ်ကို့အတွက် ဟင်းအသစ်ချက်ပေးမယ်!"

သူမဘာရှာတွေ့သွားလဲ ခန့်မှန်းကြည့်?

ဂျုံ! ဒါက ဂျုံပဲ!

မြေခွေးပျံယူပြန်လာတဲ့ မှော်အပင်တွေထဲ 'အဖြူရောင်အပင်' လို့ခေါ်တဲ့ အမျိုးအစားလည်းပါသည်။ အဲ့ဒီအပင်ရဲ့ အမြစ်က မက်မွန်သီးနှလုံးလိုပင်။ အမြစ်ကိုလှီးဖွင့်လိုက်တဲ့အခါ အထဲမှာ ဂျုံဖြူအကောင်းတွေရှိနေသည်!

"အာဝူး-" မော့ယန် ပြန်မပြောရသေးခင် ဝိုင်းဝိုင်းက နားပါးလှသည်။သူက 'အစားအသောက်' ဆိုတဲ့အသံကိုကြားတော့ တုံ့ပြန်မှုတစ်ခုလို ပြေးသွားတော့သည်။

အရင်ကတည်းက ဝိုင်းဝိုင်းတစ်ယောက်တည်းသာ အစားမက်တာဖြစ်သည်။ အခုတော့၊ မြေခွေးပျံလေးတောင် သူ့ဆီက အတုယူတတ်လာသည်။ သူက ဝိုင်းဝိုင်းနောက်ကနေ လိုက်သွားပြီး မော့ချူးကို အရည်ကြည်လဲ့နေတဲ့ မျက်လုံးကြီးတွေနဲ့ ငေးစိုက်ကြည့်လာသည်။

"လုံလောက်ပြီ!" မော့ချူးက အသေးလေးနှစ်ယောက်ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး နေ့လည်စာလုပ်မယ့် ပါဝင်ပစ္စည်းပမာဏကို ရာခိုင်နှုန်းနည်းနည်းလောက် တိတ်တိတ်လေးတိုးလိုက်သည်။ နောက်တော့ သူမက လှည့်ပြီး မီးဖိုချောင်ဆီ သွားလိုက်သည်။

အရင်ဆုံး သူမက ဇလုံအသန့်တစ်လုံးယူလိုက်ပြီး ဂျုံတွေထည့်လိုက်သည်။ နောက်တော့ ရေနွေးပန်းကန်လုံးကြီးနှစ်ပန်းကန်ယူလိုက်ပြီး ဂျုံမှုန့်ထဲ ဖြန်းလိုက်သည်။ သူမက ရေနွေးကိုဖြန်းနေတုန်းမှာ တူကိုသုံးပြီး စက်ဝိုင်းသဏ္ဍာန်မွှေလိုက်သည်။ နောက်တော့၊ သူမလက်ကိုသုံးကာ တစ်ဖက်ထဲဖိနယ်လိုက်သည်။

ဘေးနားမှာရှိနေတဲ့ ဝိုင်းဝိုင်းက သူ့ခေါင်းကြီးကို မှန်စားပွဲပေါ်တွင် တင်ထားသည်။ သူ့ရဲ့ မျက်လုံးနီနီတွေက စူးစမ်းချင်စိတ်တွေနဲ့ ပြည့်နှက်နေသည်။

"စမ်းကြည့်ချင်လား?" အသေးလေးရဲ့မျက်လုံးတွေထဲ စိတ်ဝင်စားနေတာကိုမြင်တော့ မော့ချူးလည်း အတွေးတချို့ဝင်လာသည်။ သူမက လုပ်နေတာကို ရပ်လိုက်ပြီး ဝိုင်းဝိုင်းကို လက်ယမ်းပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီအဖြူရောင်အပင်ရဲ့ အမြစ်ကအရမ်းကြီးသည်။ အဲ့ဒီအထဲက ဂျုံတွေဆို ကီလိုဂရမ်တချို့လောက်ရှိမည်။ အနည်းအကျဉ်းလောက် အလဟသဖြစ်သွားတာက ကိစ္စမရှိပေ။

မော့ချူးရဲ့စကားကိုကြားတော့ ဝိုင်းဝိုင်းရဲ့မျက်လုံးတွေက ချက်ချင်း တောက်ပလာပြီး သူကစိတ်လှုပ်တရှားနဲ့ အကြိမ်အနည်းငယ်လောက် အော်လိုက်သည်။ လာ! လာ! မင်းတို့အတွက် အရသာရှိတဲ့ အစားအစာတချို့ငါချက်ပေးမယ်!

နောက်ဆုံးတော့၊ ဒါကအစားအသောက်ပဲလေ ဒီတော့ မော့ချူးက သိပ်ပြီးတော့လည်း သတိလက်လွတ်မဖြစ်ရဲပေ။ သူမက ဝိုင်းဝိုင်းရဲ့ အသားပြည့်ပြည့်နဲ့ လက်ဖဝါးကို ဇလုံထဲမထည့်ခင် ဆေးကြောသန့်ရှင်းလိုက်သည်။

"အာဝူးး-" သူ့လက်အထဲကိုထည့်လိုက်တာနဲ့ ဒီနွေးထွေးပြီးစေးကပ်တဲ့ခံစားချက်က ဝိုင်းဝိုင်းမျက်လုံးတွေကို ပြူးသွားစေသည်။ သူ့ရဲ့လက်တွေက ခုနတုန်းက မော့ချူးရဲ့လုပ်ဆောင်ချက်အတိုင်း အတုယူကာ ဂျုံကို အားအပြည့်နဲ့ ပွတ်‌တိုက်တော့သည်။

အမြင်အားဖြင့်တော့ အတော်လေးနူးညံ့သည်။ သို့ပေမယ့် အထဲကိုကြည့်လိုက်ရင်တော့ မုန့်ညက်အားလုံးနီးပါးက ဝိုင်းဝိုင်းရဲ့လက်ဖဝါးမှာကပ်နေသည်။ အသေးလေးလည်း တစ်ခုခုမှားနေမှန်းသိသည်။ သူက အကောင်းဆုံးကြိုးစားပြီး ဂျုံတွေကို ဖယ်ဖို့လုပ်ပေမယ့် အဆုံးမှာ ပိုပိုပြီး စေးကပ်လာသည်။ အဲ့ဒါတွေက သူ့ဆီမှာပိုပိုပြီး စေးကပ်ထူထပ်လာသည်။ သူ့ရဲ့မျက်နှာလေးမှာ အဲ့ဒါကိုကိုင်ထားရင်း နီရဲလာလုနီးပါးပင်။

မော့ချူးမှာ နှုတ်ခမ်းပေါ်က အပြုံးကို ထိန်းထားရသည်။ အဆုံးမှာ၊ သူမ မနေနိုင်တော့ဘဲ ရှေ့တိုးကာ ဝိုင်းဝိုင်းကို ကူပေးလိုက်သည်။ ဘာကြောင့်မှန်း ဝိုင်းဝိုင်းမသိပေမယ့် အစောပိုင်းတုန်းက အထိန်းအကွပ်မဲ့နေတဲ့ မုန့်ညက်ဟာ မော့ချူးလက်ထဲမှာတော့ လုံးဝကို နာနာခံခံရှိလှသည်။ အချိန်တိုလေးအတွင်းမှာဘဲ၊ မုန့်ညက်က အရမ်းနူးညံ့လာသည်။

သူ့လက်ကိုဆေးပြီးသွားတော့ ဝိုင်းဝိုင်းက မော့ချူးကိုကြည့်နေ‌ဆဲပင်။ သူ့မျက်လုံးတွေက သူမကို လေးစားမှုအပြည့်ပင်! သူ့အနောက်က မြေ‌ခွေးပျံလေးလည်း အတူတူပင်။

မော့ချူး ပြုံးလိုက်သည်။ သူမက ဇလုံတစ်လုံးယူကာ မုန့်ညက်ကို ဖုံးထားလိုက်ပြီး နာရီ‌ဝက်လောက် ထားထားလိုက်သည်။

နောက်တော့၊ သူမက ကိုယ်ပိုင်ခလုတ်ခုံထဲကနေ ရေပေါင်းပင်တချို့ကို ထုတ်ယူလိုက်ပြီး အပိုင်းပိုင်းဖြတ်လိုက်ကာ အရံအနေနဲ့ ဇလုံအသေးထဲ ထည့်လိုက်သည်။ နောက်တော့၊ သူမက ဒယ်အိုးထဲကို သင့်တော်တဲ့ ဆီပမာဏထည့်လိုက်သည်။ အပူပေးပြီးသွားတော့၊ သူမက ဆီကို ရေပေါင်းပင်ဇလုံထဲ လောင်းထည့်လိုက်တော့ မွှေးပျံ့တဲ့ ရနံ့က ထွက်လာသည်။ ပြီးသွားတော့ သူမက ဆားနည်းနည်းထည့်ကာ သမအောင်မွှေလိုက်သည်။

သူမက ဒလိမ့်တုံးကို သုံးကာ မုန့်ညက်ကို ပန်ကိတ်အကြီးကြီး ပုံစံလုပ်လိုက်သည်။ ဝိုင်းဝိုင်းမှာ ခုနလေးကတင် လက်တွေ့လုပ်ခဲ့ရတာကြောင့် သူ့လက်တွေယားလာသည်။ သူက မော့ချူးရဲ့ နည်းလမ်းကိုမြင်တဲ့အခါ သူ့ရဲ့ မျက်နှာလေးက စမ်းကြည့်ချင်နေသလို စိတ်ပါဝင်စားကာ စိတ်အားထက်သန်နေသည်။ သူက မော့ချူးကို ပြင်းပြင်းပြပြကြည့်လိုက်သည်။

ငါ့ကို ပေးလုပ်ကြည့်၊ ထပ်ပေးလုပ်ကြည့်!

All Chapters