← Chapters

အပိုင်း ၉၁

Vol. 7 Ch. 91

အပိုင်း ၉၁

Vol. 7 Ch. 91

ဝိုင်းဝိုင်းရဲ့ မျှော်လင့်ချက်အပြည့်နဲ့ မျက်လုံးတွေကိုမြင်တော့ မော့ချူးရဲ့ နှုတ်ခမ်းထောင့်တွေ နည်းနည်းကွေးတက်သွားသည်။ ဒါက အလုပ်ဖြစ်မှန်း အသေးလေးမြင်တော့ ချက်ချင်း စိတ်လှုပ်ရှားသွားပေမယ့် မော့ချူးဆီကနေ အတားခံလိုက်ရသည်။ "အခုတော့မရ‌ဘူး၊ နည်းနည်းထပ်စောင့်ဦး"

မုန့်ညက်လုပ်တဲ့အဆင့်က လွယ်တဲ့ပုံပေါ်ပေမယ့် ပန်ကိတ် အရသာရှိလား မရှိဘူးလားဆိုတာက ဒီအပေါ်မူတည်သည်။ ဒီဟာကို သူမ ဝိုင်းဝိုင်းကို ပေးမကိုင်တွယ်ခိုင်းရဲပါချေ။ သူသာအမှားလုပ်မိရင် ဒီနေ့ရဲ့ နေ့လည်စာကို သူမတို့တွေ အစကပြန်လုပ်ရမှာပင်!

မော့ချူးရဲ့လှုပ်ရှားမှုတွေက ကျွမ်းကျင်လှသည်။ နည်းနည်းလောက် လှည့်လိုက်လိပ်လိုက်ပြီးသွားတော့ မုန့်ညက်လိမ့်သွားသည်။ အဲ့ဒါက ထူပြီးချောချောမွေ့မွေ့နဲ့ ပြားပြားလေးဖြစ်သွားသည်။

မော့ချူးက စောစောတုန်းက ဆီကိုယူကာ မုန့်ညက်အလယ်ထဲ လောင်းထည့်လိုက်သည်။ သူမက မုန့်ညက်တစ်ဖက်ကို ယူလိုက်ပြီး တစ်ဝက်ခေါက်လိုက်သည်။ သူမက ဆီကိုဖြန့်လိုက်ပြီး တစ်ဖက်က မုန့်ညက်ကို ဆီတွေလွှမ်းသွားတဲ့အထိ လုပ်လိုက်သည်။

နောက်တော့၊ သူမက မုန့်ညက်ကို တစ်ဖက်ကနေလိမ့်လိုက်ပြီး ဓားနဲ့အညီအမျှအပိုင်းလေးတွေ ဖြတ်လိုက်သည်။

"လာ" မော့ချူးက ဝိုင်းဝိုင်းကို လက်ပြလိုက်ပြီး အပိုင်းနှစ်ပိုင်းပေးလိုက်ကာ 'နင်ကောင်းကောင်းမလုပ်ရင် နင့်ဘာသာစားရမှာနော်"

ဝိုင်းဝိုင်းက သူ့ရဲ့ မေးပြည့်ပြည့်လေးကို နည်းနည်းမော့လိုက်ပြီး စားပွဲကိုတစ်ချက်ကြည့်လိုက်သည်။ သူ့ရဲ့စိတ်ကြီးဝင်နေတဲ့ မျက်လုံးတွေက - ဟမ့်! ဒီလိုကိစ္စအသေးလေးက ငါ့အတွက် ဘာများခက်မှာမို့လို့လဲ ဆိုပြီး ပြောနေမှန်း သိသာလှသည်။

ဝိုင်းဝိုင်း လိုက်လုပ်နိုင်ဖို့အတွက် မော့ချူးက သူမရဲ့လှုပ်ရဦးမှုတွေကို တမင်အရှိန်လျှော့လိုက်သည်။ အရင်ဆုံး၊ သူမက မုန့်ညက်တစ်ပိုင်းကိုယူလိုက်ပြီး အစွန်းနှစ်ဖက်ကို ညှစ်လိုက်သည်။ ပြီးတော့အဲ့ဒါကို မုန့်ညက်အောက်ဘက်မှာထားလိုက်ကာ လက်နဲ့ဖိလိုက်သည်။ ညီညီညာညာမုန့်ညက်လေးက ပုံပေါ်လာသည်။

ဝိုင်းဝိုင်းလည်း ဘယ်လိုလုပ်လဲဆိုတာ သင်ယူသည်။ သူ့လက်ကိုဆေးပြီးသွားတော့ သူက မုန့်ညက်ကို အားနဲ့ဖိလိုက်သည်။ ရလဒ်အနေနဲ့၊ အားက အရမ်းများသွားတော့ မုန့်ညက်က အလယ်မှာပိန်သွားသည်။ အစွန်းနှစ်ဖက်ကလည်းထူပြီး ခွက်ဝင်သွားသည်။

"အားနည်းနည်းပဲသုံးရင် ပုံစံက ပိုကြည့်ကောင်းသွားမှာ" မော့ချူးက ဝိုင်းဝိုင်းကို ပြလိုက်ပြီး အနားတွေကိုဆက်ဖိလိုက်သည်။ သူမရဲ့လှုပ်ရှားမှုတွေက မြန်ကာတည်ငြိမ်လှသည်။ အချိန်တိုလေးအတွင်းမှာ၊ သူမက ပန်ကိတ်တွေကို တစ်ခုပြီးတစ်ခု လုပ်လိုက်သည်။

ဝိုင်းဝိုင်းက သူမ နောက်တော့ နည်းနည်းရောက်သည်။ လက်ဖဝါးအကြီးကြီးတွေက မုန့်ညက်ပေါ်ရှိနေပေမယ့် သူ မဖိရဲပေ။ သူက မော့ချူးရဲ့ အားပေးတဲ့အကြည့်တွေနဲ့ မဆုံခင်အထိ စိုးရိမ်စွာနဲ့ မျက်ဝောာင်တဖျပ်ဖျပ်ခတ်နေမိသည်။ ဒီတော့မှဘဲ သူကဖြည်းဖြည်းချင်ဖိလိုက်ကာ သူ့အားကိုလည်း ဂရုဝစိုက်နဲ့ထိန်းထားသည်။

နောက်ဆုံးတော့၊ ဒီတစ်ခေါက် လုပ်လိုက်တာက ခုနတုန်းကဟာထက် ပိုပြီးကောင်းသည်။ အဲ့ဒါက မော့ချူးနီးပါး အဆင်ပြေလှသည်။

"မဆိုးဘူး၊ မဆိုးဘူး" မော့ချူးက အသေးလေးရဲ့ ခေါင်းကို ပုတ်ဖို့လုပ်လိုက်ပေမယ့် သူမ လက်တွေမှာ ဆီတွေပေနေတာကြောင့် သူ့ကို အများကြီးချီးကျူးပေးလိုက်သည်။

ဝိုင်းဝိုင်းက ဂုဏ်ယူစွာနဲ့ခေါင်းမော့ထားပြီး မီးဖိုခန်းထဲကနေ ထွက်သွားလိုက်သည်။ သို့ပေမယ့်၊ သူ့မျက်လုံးထဲက ပျော်ရွှင်မှုတွေကိုတော့ မဖုံးကွယ်နိုင်ပါချေ။ မြေခွေးပျံလေးက သူ့နောက်ကနေ လေးစားအားကျမှုအပြည့်နဲ့ လိုက်သွားသည်။ သူက ဝိုင်းဝိုင်းရဲ့ လက်ထောက်လေးဖြစ်လာမတတ်ပင်။

ဒီအသေးလေးနှစ်ယောက်ကိုကြည့်ရင်း မော့ချူးမနေနိုင်ဘဲ ခေါင်းခါလိုက်သည်။ သူမက ပြန်လှည့်လိုက်ပြီး ဒယ်အိုးထဲ ဆီနည်းနည်းထည့်လိုက်သည်။ သူမက အစောပိုင်းက လုပ်ထားတဲ့ ပန်ကိတ်တွေကို အိုးထဲထည့်လိုက်ပြီး မီးနည်းနည်းနဲ့ နှစ်ဖက်လုံး အညိုရောင်သန်းတဲ့အထိကြော်လိုက်သည်။

မီးပြင်းလာတာနဲ့ ကြက်သွန်နီပန်ကိတ်ရဲ့ရနံ့က တဖြည်းဖြည်း သင်းပျံ့လာသည်။ အနံ့က သိပ်မပြင်းပေမယ့် နည်းနည်းစွဲဆောင်နိုင်သေးသည်။

ဝိုင်းဝိုင်းနဲ့ မြေခွေးပျံလေးမှာ စောစောတုန်းကအနံ့ကြောင့်ဘေးနားမှာ ရပ်မနေနိုင်တော့ပေ။ သူတို့က လည်ပင်းတွေကိုဆန့်ကာ အနံ့ကိုပိုရဖို့ ကြိုးစားလာကြသည်။ သူတို့ရဲ့မျက်နှာလေးတွေက ရစ်မူးမှုတွေနဲ့ ပြည့်နှက်နေသည်။

မော့ချူးက ကြက်သွန်နီပန်ကိတ်ကို စားပွဲပေါ်တင်လိုက်တော့ အသေးလေးနှစ်ယောက်မှာ အပူလောင်မှာ မမှုတော့ပေ။ သူတို့က တစ်ယောက်တစ်ခုစီနဲ့ ပျော်ပျော်ရွှင်စားကြတော့သည်။

မော့ချူးက အရင်ဆုံး မော့ယန်ကို တစ်ခုပေးလိုက်ပြီး သူမလည်း တစ်ခုမြည်းကြည့်သည်။

ပြောရရင်၊ အဖွဲ့ချုပ်တွင် ပါဝင်ပစ္စည်းတွေကို ရှာတွေ့ဖို့မလွယ်ချေ၊ ကြက်သွန်နီပန်ကိတ်ရဲ့ အရသာက ၂၁ရာစုက ဟာတွေထက် အဆတစ်ရာလောက် ပိုကောင်းသည်။

ဟင်းခတ်တွေက အကန့်အသတ်နဲ့ဖြစ်ကာ အကြမ်းဖျင်း ချက်ပြုတ်ထားတဲ့ နည်းလမ်းတွေနဲ့တောင် ကြက်သွန်နီပန်ကိတ်က အရသာရှိနေသေးသည်။ မွှေးကြိုင်တဲ့ပန်ကိတ်ရဲ့ရနံ့နဲ့ ကြက်သွန်နီဆီရဲ့ပေါင်းစပ်မှုက ရိုးရိုးရှင်းရှင်းကို ကောင်းကင်ဘုံက လုပ်ထားတဲ့အတိုင်းပင်။

မော့ယန်က ဘာမှမပြောပေမယ့် စားပွဲပေါ်က လျော့လျော့လာတဲ့ ကြက်သွန်နီ ပန်ကိတ်တွေကတော့ သူ့ရဲ့သဘောထားကိုပြနေသည်။

အိမ်မှာ မြေခွေးပျံလေးကိုပါ့ထပ်ပေါင်းလိုက်တော့ မော့ချူးက အရေအတွက်ကို ပိုတိုးထားသည်။ သူမက လက်ဖဝါးအရွယ် ကြက်သွန်နီပန်ကိတ် အားလုံးပေါင်း အခု ၄၀ လုပ်ခဲ့သည်။ နာရီဝက်ထဲနဲ့ သူတို့အားလုံးကအပြောင်ရှင်းလိုက်ကြသည်။

နည်းနည်းပြည့်သွားတဲ့ဗိုက်လေးနဲ့အတူ မြေခွေးပျံလေးက သူ့မျက်လုံးတွေကို ပျော်ရွှင်စွာနဲ့ ကျဉ်းမြောင်းလိုက်သည်။ ဝိုင်းဝိုင်းက သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ ကျွတ်စ် ကျွတ်စ် သူက ငယ်သေးတာပဲ။ ဒီလောက်နည်းနည်းလေးနဲ့ ကျေနပ်သွားပြီပေါ့လေ? သူက အခုတော့ သူ့ရဲ့ကြမ်းတမ်းတဲ့ စားသောက်မှုပုံစံကိုတောင် လုံးဝမေ့သွားသည်။

စားပြီးသွားတော့၊ နောက်ဆုံး မော့ချူးတစ်‌ယောက် သူမရဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ကို သတိရသွားသည်။ သူမ ကိုယ်ပိုင်ခလုတ်ခုံကို ဖွင့်လိုက်ကာ တစ်ချက်ကြည့်လိုက်တော့ သူမ တကယ်ထိတ်လန့်သွားသည်။ စာမျက်နှာရဲ့ အောက်ခြေက မက်ဆေ့ခ်ျတွေမှာ ၁၀,၀၀၀ကျော်နေပြီဖြစ်သည်။ အားလုံးက ဆိုင်ကိုလက်ငင်းလုပ်ပြီး အစားအသောက်တွေ ရောင်းဖို့ပြောနေကြသည်။

မော့ချူးက ဟင်းပွဲငါးမျိုးကိုသာ ပြင်ထားတာကြောင့် အဲ့ဒါတွေ အားလုံးရောင်းကုန်သွားတော့ သူတို့က ချက်ချင်း ကုန်သွားတာဖြစ်သည်။

ဝယ်သူတွေက ဒီသတင်းကိုမြင်တော့ မနေနိုင်ဘဲထိတ်လန့်သွားကြသည်။ သူတို့ရင်ထဲမှာ ပိုလို့တောင် ယားကျိယားကျိဖြစ်လာကြသည်။ ဒါကြောင့်၊ သူတို့အားလုံးက မှတ်ချက်တွေ ချန်ထားကြပြီး ဆိုင်ရှင်ကို အမြန်ရောင်းဖို့ပြောနေကြသည်။

တခြားအွန်လိုင်းရှော့ရဲ့ဆိုင်ရှင်တွေလည်း ဒီအခြေအနေကိုသတိထားမိပြီး သူတို့ရင်ထဲက ခံစားချက်တွေကို မဖော်ပြနိုင်တော့ပါချေ။

အရင်တုန်းကဆို သူတို့ရဲ့ရောင်းအားတိုးအောင် အဖေတွေအဖွားတွေကို ခယတောင်းဆိုနေရတာဖြစ်သည်။ ဒါပေမယ့် ဒီလူကတော့ ဆိုင်ဖွင့်တာ တစ်ရက်ပဲရှိသေးပေမယ့် လုပ်ငန်းက တကယ်ကို အောင်မြင်သွားသည်။ သောင်းနဲ့ချီတဲ့ ဝယ်သူတွေက ဈေးနှုန်းတွေကို ဖက်ဒရယ်ဒင်္ဂါးတွေတိုးကာ လက်ဦးမှုယူနေကြတာက သူတို့ရဲ့ရင်ကို အစိတ်စိတ်အပိုင်းပိုင်း ခွဲလိုက်သလိုပင်။

All Chapters