← Chapters

အပိုင်း ၉၃

Vol. 7 Ch. 93

အပိုင်း ၉၃

Vol. 7 Ch. 93

နာရီဝက်အကြာ အမြန်ချောပို့ရုံရှိ မှော်အပင်ငါးမျိုးဟာ ဘာအသံမှမထွက်ဘဲ ပျောက်သွားတော့သည်။ သို့ပေမယ့် အလွှာနှစ်ထပ်‌ဘူးတစ်ဘူးကတော့ ရုတ်တရက်မြေပြင်ပေါ်တွင်ပေါ်လာသည်။

တံခါးအပြင်ဘက်ရှိ လုံခြုံရေးတွေကလည်း သေတဲ့အထိလန့်သွားကြသည်။ သူတို့မှာ တစ်ခဏလေးတောင် မထွက်ရဲတော့ပေ။ ပစ္စည်းတွေက သူတို့မျက်စိရှေ့မှာဘဲ ဘယ်လိုလုပ် ပျောက်သွားရတာလဲ? သူတို့နေ့ခင်းကြောင်တောင်ကြီး သရဲတွေ့လိုက်ရတာလား?

နျဉ်ယွိယွမ်လည်း သတင်းရလိုက်သည်။ သူ မတတ်နိုင်ဘဲ မျက်မှောင်နည်းနည်းကြုတ်သွားပြီး စွမ်းအားမြင့်မော်နီတာမှ ပြောင်းသွားတဲ့ပုံရိပ်ကိုကြည့်လိုက်သည်။

"ဘာကြီးလဲဟ?" ကျောလင်မှာ စွမ်းအားမြင့်မော်နီတာပေါ် က ကျန်ရစ်ခဲ့တဲ့ နှင်းလိုဖြူနေတဲ့ပုံရိပ်ကိုမြင်လိုက်ရတဲ့အခါ မနေနိုင်ဘဲ မျက်လုံးပြူးသွားရသည်။

တစ်ချိန်ထဲမှာဘဲ တစ်ဖက်မှာ အံ့ဩသလို အော်လိုက်မိသည်။ နောက်ဆုံးတော့ နျဉ်ယွိယွမ်တောင် တစ်ယောက်ထဲ ဒီလိုမျိုးတွေးမိတဲ့သူမဟုတ်ပေ။

အင်တာနက်ပေါ်က ကောလဟာလတွေအတိုင်း ဒီ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'ဟာ အင်အားအမျိုးမျိုး စုဆောင်းသူတွေရဲ့ပစ်မှတ်ဖြစ်လာလိမ့်မည်ပင်။ သူတို့တွေအနေနဲ့ ဆိုင်ပိုင်ရှင်ကို အင်တာနက်ကနေဖြတ်ကာ မဖမ်းဆုတ်နိုင်တဲ့အတွက် အစောပိုင်းလှုပ်ရှားမှုတွေက ပစ္စည်းပို့သမားကို ပစ်မှတ်ထားတာပင်။

သို့ပေမယ့် သူတို့ဘယ်လိုဘဲ စဉ်းစားပါစေ ဒီပစ္စည်းပို့သမားက တကယ်ဘဲ မှော်သားရဲဖြစ်နေလိမ့်မယ်လို့ သူတို့မထင်ထားခဲ့ပါချေ။

စွမ်းအားမြင့်မော်နီတာက လက်သည်းတစ်ဝက်အရွယ်လောက်သာရှိပေမယ့် မှော်သားရဲရဲ့ ထိုးထွင်းသိမြင်စွမ်းက လူတွေထက် ပိုစူးရှသည်။ သဘာဝအလျောက်၊ မောနီတာဟာလည်း ဒီမြေခွေးပျံလေးရဲ့စူးရှတဲ့မျက်လုံးထဲကနေ မလွတ်ပါချေ။

"လီ လီ-" အစမှာ ဒီကောင်လေးက စိတ်ဝင်တစားနဲ့ ကြည့်လိုက်သေးသည်။ ဘာဘဲဖြစ်ဖြစ်၊ ဒီလိုဟာကို သူမြင်ဖူးတာ ပထမဆုံးအကြိမ်ဖြစ်တာကြောင့် မနေနိုင်ဘဲစပ်စုမိသည်။

အဆုံးမှာ၊ ဒီစပ်စုချင်စိတ်က ဒီကိရိယာကနေဖြတ်ကြည့်နေတဲ့လူတွေကို လန့်သွားစေတော့သည်။

တကယ်တော့၊ အစက ဘာလှုပ်ရှားမှုမှမရှိပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာဘဲ မြင်ကွင်းတစ်ခုလုံးကို သိမ်းထားတဲ့ တစ်ခုတည်းသော မျက်ဆံအကြီးကြီးကို မြင်လိုက်ရသည်။ မော်နီတာကိုကြည့်နေတဲ့လူမှာ ထိတ်လန့်လွန်းလို့ ခုံကနေတောင်ပြုတ်ကျလုနီးနီးပင်။

မြေခွေးလေးက နျဉ်ယွိယွမ် စီစဉ်ထားတဲ့ စွမ်းအားမြင့်မော်နီတာကို စိတ်မဝင်စားတော့ပေ။ သူက ပစ္စည်းတွေကိုချလိုက်ပြီး မှော်အပင်တွေကို ယူလိုက်ကာ ဖင်ခါရင်းပျံထွက်သွားတော့သည်။

ဒါကြောင့် နျဉ်ယွိယွမ်နဲ့ ကျန်တဲ့သူတွေမှာ မှုန်ဝါးဝါးပုံရိပ်ကိုသာ မြင်လိုက်ရသည်။ အဲ့ဒီအကြောင်း သူတို့မတွေးနိုင်သေးခင် လုံခြုံရေးဝန်ထမ်းက အလွှာနှစ်ထပ်နဲ့ဘူးကို ယူပြီးဝင်လာခဲ့သည်။ ကျောလင်လည်း သူ့အာရုံကို ဘူးဆီချက်ချင်းပြောင်းလိုက်သည်။

"ဒါက ဖက်ဒရယ်ဒင်္ဂါး 50,000 တန်စိတ်ဝိညာဉ်ဟင်းလျာပေါ့?" ကျောလင်က သူ့လက်ကိုပွတ်လိုက်ကာ မျက်နှာမှာ‌တော့ စိတ်ဝင်စားမှုအပြည့်ပင်။

နျဉ်ယွိယွမ်လည်း လျှောက်လာကာ သူ့ရဲ့ရှည်သွယ်သွယ်လက်ကို နည်းနည်းမြှောက်လိုက်ပြီး ဘူးအဖုံးကိုဖွင့်လိုက်သည်။ နောက်တော့၊ အစားအသာက်မွှေးရနံ့က သင်းပျံ့လညသည်။

"အို၊ အိုးး..." ကျောလင်က အကြိမ်အနည်းငယ်လောက်ရှူရှိုက်လိုက်ပြီး ယစ်မူး‌သွားတဲ့ပုံပင်။ "ဝိုး! တခြားဟာကိုမပြောနဲ့ဦး ဒီစိတ်ဝိညာဉ်ဟင်းလျာက တော်တော်မွှေးတာဘဲ၊ ငါတော့သရေကျလာပြီ!"

ကျုံးဝေ့က မျက်ခုံးပင့်ပြီး သူ့ကိုကြည့်လိုက်သည်။ "အခုလေးတင် မင်းအာဟာရဖြည့်စွက်ဆေးတောင့်စားလိုက်သေးတာကို" ဒီကောင်က လိမ်ဖို့တောင်မကြိုးစားဘူး။

ကျောလင်က သူ့ကိုပြန်စိုက်ကြည့်လိုက်ပြီး "မင်းဘာလို့ငါ့ကိုလာဂရုစိုက်နေတာလဲ?"

"ကောင်းပြီ၊ အမြန်စားကြ!" နျဉ်ယွိယွမ်က သူတို့နှစ်ယောက်ကို မထူးခြားနားသလို တစ်ချက်ကြည့်လိုက်သည်။ သူတို့ချက်ချင်း ငြိမ်သွားကြကာ နျဉ်ယွိယွမ်ရှေ့မှာ စိတ်ကြီးမဝင်ရဲတော့ပေ။

"ငါတို့ဘယ်လိုစားကြမလဲ?" မွှေးပျံ့တဲ့ရနံ့က သူတို့နှာခေါင်းထဲ ဝင်လာကြသည်။ အမြဲတမ်းတည်ငြိမ်နေတတ်တဲ့ ကျုံးဝမ်လိုလူတောင်မှ နည်းနည်းစိတ်လှုပ်ရှားလာသည်။

သို့ပေမယ့် ဒီတစ်ခေါက် သူတို့လုလို့ရလာခဲ့တဲ့ စိတ်ဝိညာဉ်ဟင်းလျာက ကျောက်ပုဇွန်အစပ်ဖြစ်သည်။ မော့ချူးက အဆိပ်ရှိတဲ့အပိုင်းတွေကိုဖယ်ထားပြီ ကိုယ်တစ်ပိုင်းနဲ့ အခွံကိုသာ ချန်ထားသည်။ ဒါ့အပြင်ကျောင်ပုဇွန်ရဲ့မူလအရောင်က မီးခိုးရောင်သန်းတဲ့အနက်ရောင်ဖြစ်သည်။ မော့ချူးက အဲ့ဒါကိုငရုတ်သီးနဲ့ကြော်ထားသည်။ ဟင်းခတ်တချို့ထည့်ထားတာကြောင့် ကျောက်ပုဇွန်အရောင်က နီရဲနေသည်။ ဒါက သူတို့အရင်ကမြင်ဖူးတဲ့ 'အနက်ရောင်ကျောက်ပုဇွန်'ဆိုတဲ့ မှော်သားရဲကို သတိမရမိစေပေ။

မော့ချူးက တော်တော်သတိထားသည်။ သူမက ဘူးအပေါ်မှာ မှတ်စုအသေးလေး တစ်ရွက်တောင်ထားထားပေးသည်။ မှတ်စုထဲတွင်၊ ဘယ်လိုစားရမလဲဆိုတာကို အထူးတလည် ဖော်ပြထားသည်။ လက်အိတ်တချို့လည်းပါသေးသည်။ ဝန်ဆောင်မှုကတော့ အရမ်းကောင်းသည်။

နျဉ်ယွိယွမ် မှတ်စုကိုတစ်ချက်ကြည့်လိုက်သည်။ စာလုံးတွေက လက်နဲ့ရေးထားတာမဟုတ်ဘဲ ကိုယ်ပိုင်ခလုတ်ခုံမှ ပရင့်ထုတ်ထားတာဖြစ်သည်။ စာရွက်ကလည်း အသုံးများတဲ့ပုံစံဖြစ်ကာ ချို့ယွင်းချက်နည်းနည်းလေးတောင်မရှိပေ။

ကျောလင်မနေနိုင်တော့ပေ။ သူငုံ့လိုက်ပြီး နည်းနည်းလောက် ကြည့်လိုက်သည်။ အရင်ဆုံး၊ သူက နျဉ်ယွိယွမ်နဲ့ကျုံးဝမ်တို့ကို လက်အိတ်ကမ်းပေးလိုက်သည်။ နောက်တော့၊ သူ့လက်မှာလည်း တစ်စုံဝတ်လိုက်သည်။ သူကဘူးထဲမှ ကျောက်ပုဇွန်ကို ထုတ်လိုက်ပြီး အခွံခွါဖွင့်ဖို့ပြင်လိုက်သည်။ ကံဆိုးစွာနဲ့ ဒါက သူပထမဆုံးအကြိမ်လက်တွေ လုပ်ဖူးတာဖြစ်တာကြောင့် သူ့လှုပ်ရှားမှုတွေက မကျွမ်းကျင်ပေ။ အတော်ကြာအခွံခွါနေရင်း သူဆက်ပြီးမခွါနိုင်တော့ပေ။ သူ့ခေါင်းမှာချွေးတွေပါပြန်လာသည်။

သူလုပ်နိုင်တာမရှိတော့ပေ။ သူ့မှာအနံ့ကိုဘဲ ရှူနေရပြီး မြင်လည်းမမြင်သလို စားလည်းစားလို့မရပေ။ ဒါကအရမ်းအဆင်မပြေဖြစ်တာဘဲ!

နျဉ်ယွိယွမ်ရဲ့လှုပ်ရှားမှုတွေက အရမ်းချောမွေ့သည်။ ဒါက သူ့ရဲ့ပထမဆုံးအကြိမ် အခွံခွါတာဖြစ်ပေမယ့် ကျောလင်နဲ့ယှဉ်လိုက်ရင်တော့ သူ့ရဲ့ကျွမ်းကျင်မှုက ကောင်းကင်ဘုံနဲ့မြေကြီးလိုပင်။

စက္ကန့်အနည်းငယ်အတွင်းမှာပဲ၊ နျဉ်ယွိယွမ်က ကျောက်ပုဇွန်ကို အကုန်လုံးအခွံခွါလို့ပြီးသွားသည်။ နူးညံ့လတ်ဆတ်တဲ့အသားက တကယ်ကိုဆွဲဆောင်နေသည်။

ကျောလင်က နှုတ်ခမ်းမဲ့လိုက်သည်။ ကျုံးဝမ်သာဆို သူလုပစ်လိုက်ပြီ။ ဒါပေမယ့် ဒါက သူ့ဘော့စ်ဖြစ်နေတော့ သူ မလုပ်ရဲပါချေ။ သူအခွံခွါရတာ စိတ်မရှည်တော့ဘဲ ကျောက်ပုဇွန်တစ်ကောင်လုံးကို သူ့ပါးစပ်ထဲ ထိုးထည့်လိုက်ပြီး ဝါးပစ်လိုက်သည်။

ဘုရားရေ အရမ်းအရသာရှိတာပဲ! ဒီအနံ့၊ ဒီအရသာက စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး!

နျဉ်ယွိယွမ်လည်း ကျောက်ပုဇွန်အသားကို သူ့ပါးစပ်ထဲထည့်လိုက်သည်။ ဒီထူးခြားလှတဲ့အရသာက သူ့ကိုအံ့ဩသွားစေသည်။ သူက ဖြည်းဖြည်းချင်းဝါးနေရင်း မော့ချူးရဲ့ အစားကြီးတဲ့ပါးစပ်က ရုတ်တရက် သူ့စိတ်ထဲပေါ်လာသည်။ သူမသာ ဒီလိုဟာမျိုး အခုချိန်မှာစားနေရရင် မျက်လုံးတွေ မှေးကျဉ်းပြီး ပါးတွေကလည်းဖောင်းနေမှာပဲ။ သူမရဲ့မျက်နှာက အရမ်းချစ်စရာကောင်းလွန်းလို့ အစားကြီးတဲ့ ကြောင်လေးလိုဖြစ်နေမှာ!

All Chapters