အပိုင်း ၉၄
Vol. 7 Ch. 94
ပန်းကန်ထဲတွင် ကျောက်ပုဇွန်အကောင် ၂၀ ကနေ ၃၀ လောက်အထိသာ ပါသည်။ သူတို့သုံးယောက်က အညီအမျှ ခွဲဝေလိုက်ကြသည်။ တစ်ယောက်ကို ကျောက်ပုဇွန် အများဆုံး ၁၀ ကောင်သာရသည်။ သူတို့မှာ အရသာနည်းနည်းလောက် မြည်းလိုက်ရပြီးတာနဲ့ ကုန်သွားတော့သည်။
ကုန်သွားတဲ့ပန်းကန်ကိုကြည့်ရင်း ကျောလင်မှာ မနေနိုင်ဘဲနှုတ်ခမ်းသပ်လိုက်မိသည်။ သူ့မျက်လုံးတွေထဲ တသသနဲ့ ပြန်တမ်းတနေသည်။
သူဘယ်လိုခံစားရသလဲဆိုတာကို အတိအကျမပြောတတ်ပါချေ။ အစပ်နဲ့လတ်ဆတ်တဲ့ရနံ့က လူတွေရဲ့ရင်ထဲကို တစ်ခဏချင်းတွင်းမှာပဲ စိမ့်ဝင်လာသလို ခံစားလိုက်ရသည်။ နက်နက်ရှိုင်းရှိုင်းကို အမြစ်တွယ်သွားတာ။ သူက ချွေးတွေရွဲနစ်တဲ့အထိ စားခဲ့ရပေမယ့် စိတ်ကျေနပ်မိသည်။ အရသာက ရိုးရိုးရှင်းရှင်းကို စွဲလမ်းသွားစေသည်! သူ့ဘေးမှာ လူနှစ်ယောက်သာမရှိနေရင် ကျောလင်တစ်ယောက် ကျန်နေတဲ့ငရုတ်သီးတွေကို သူ့ပါးစပ်ထဲထည့်ပစ်လိုက်မိမှာပင်!
အားယိုး! ဒါကိုစားရဖို့ သူတော့နောက်တစ်လလောက်ထပ်စောင့်ရဦးမယ်! ဒီလိုတွေးမိတာနဲ့ ကျောလင်တစ်ယောက် နောက်လာမယ့်နေ့ရက်တွေဟာ မှုန်မှိုင်းသွားသလိုခံစားလိုက်ရသည်။
"လုံလောက်ပြီ!" သေလောက်အောင် ဆိုးရွားနေတဲ့ ကျောလင်ရဲ့အမူအရာကိုကြည့်ရင်း ကျုံးဝမ်မှာ မနေနိုင်ဘဲနှာမှုတ်လိုက်သည်။ အဲ့ဒီလောက်ထိ လိုလို့လား? ကျောက်ပုဇွန်တွေက အရသာရှိပေမယ့် ဒီကောင် ဒီလောက်ထိ လုပ်ပြစရာမလိုပါဘူး!
"Tsk! မင်းဘာသိလို့လဲ?!" ကျောလင်က ပြန်ချေပလာပြီး သူ့ထက်သာအောင်ပြောလာသည်။ "မင်းလိုမျိုးရည်မှန်းချက်မကြီးတဲ့ လူတစ်ယောက်က ငါ့အတွေးတွေကို ဘယ်လိုလုပ် နားလည်မှာလဲ?"
ကျုံးဝမ်မျက်ခုံးတွေ ပင့်တက်သွားသည်။ ဒီတော့မင်းရဲ့ရည်မှန်းချက် ကျောက်ပုဇွန်ပေါ့၊ တကယ်ကောင်းတာဘဲ!
ရုတ်တရက် နျဉ်ယွိယွမ်က ခပ်တိုးတိုးလေး နှာမှုတ်လာပြီး သူတို့နှစ်ယောက်လုံး သူ့ကိုကြည့်လိုက်မိသည်။ မကြာခင်ဘဲ၊ သူတို့ဘော့စ်ရဲ့ကိုယ်ထဲရှိ ဒြပ်စွမ်းအင်တွေက ပြင်းပြင်းထန်ထန် ပြောင်းလဲသွားတာကို သတိပြုမိလိုက်ကြသည်။
"သေစမ်း! ဒီလိုနှုန်းက!" ကျောလင်မှာ မျက်လုံးတွေပြူးလာပြီး ကျုံးဝမ်ကိုလှည့်ကြည့်လိုက်သည်။ သူတို့အကြည့်တွေထဲ အံ့ဩမှုတွေနဲ့ပြည့်နှက်သွားသည်။
အင်တာနက်ပေါ်က မှတ်ချက်တွေကို သူတို့မြင်ခဲ့ပေမယ့် ချဲ့ကားပြောထားကြတာလို့ သူတို့ထင်ခဲ့တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဆေးလုံးတစ်လုံးက ဘယ်လောက်ကောင်းနေပါစေ လူ့ခန္ဓာကိုယ်က စုပ်ယူအသုံးပြုနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်သည်။ ဒါပေမယ့် သူတို့တွေ ကျောက်ပုဇွန်ကိုစားလို့ပြီးသွားတာ မိနစ်နှစ်ဆယ်လောက်တောင် မရှိသေးပေ။ သူတို့ဘော့စ်က စွမ်းအင်တွေ စပြီးဖောက်ထွက်နေပြီ!
ဒီအမြန်နှုန်းက အံ့ဩစရာပဲ!
မကြာခင်မှာဘဲ၊ ကျန်တဲ့ ကျောလင်တို့နှစ်ယောက်မှာ သက်ပြင်းချဖို့ အချိန်မရှိလိုက်ပေ။ အကြောင်းမှာ သူတို့ကိုယ်ထဲက ဒြပ်စွမ်းအင်တွေကလည်း စပြီးတုံ့ပြန်လာတာကို ခံစားလိုက်ရတာကြောင့်ပင်။
တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲတွက်၊ သုံးယောက်သား အဆုံးထိထိုင်နေကြသည်။ ဘယ်သူကမှ အနားမယူရဲကြပေ။ သူတို့က သူတို့ရဲ့စိုက်ပျိုးမှုအပေါ် အာရုံစိုက်ကာ စွမ်းအင်ကို သူတို့ကိုယ်တိုင် အသုံးပြုဖို့ အစွမ်းကုန်ကြိုးစားနေကြသည်။
နာရီဝက်ကြာတော့ နျဉ်ယွိယွမ်က ပထမဆုံးမျက်လုံးပွင့်လာသည်။ သူ့အကြည့်တွေ လှုပ်ရှားသွားတာနဲ့အမျှ အလင်းတွေမှိန်ဖျော့သွားသည်။
သူ့လက်ကို ဖွင့်လိုက်ရင်း နျဉ်ယွိယွမ် ခေါင်းနည်းနည်းငုံ့လိုက်သည်။ သူ့သွေးကြောတွေထဲက သွေးတွေစီးဆင်းနေတဲ့အရှိန်ကိုပင် သူရှင်းရှင်းလင်းလင်းခံစားမိနေသည်။
ဒီတစ်ခေါက် သူ့ရဲ့ကျင့်ကြံမှုစွမ်းအင်က အဆင့်တစ်ခုတိုးလာသည်။
သို့ပေမယ့် ဒီသေးငယ်တဲ့အဆင့်ကို ထိပ်တန်းဆေးဝါးတွေနဲ့ အစားထိုးကြည့်ပါက အနည်းဆုံး ဆယ်ပြားသို့မဟုတ် ရာနဲ့ချီတဲ့ဆေးဝါးတွေ လိုအပ်လိမ့်မည်ဖြစ်သည်။ သို့ပေမယ့် အခုတော့ စိတ်ဝိညာဉ်အစားအသောက်လေးနဲ့တင် တိုးတက်လာခဲ့သည်။ မဟုတ်သေးဘူး၊ စိတ်ဝိညာဉ်အစားအသောက်ရဲ့ သုံးပုံတစ်ပုံပဲ!
သူနဲ့ယှဉ်လိုက်ရင် ကျောလင်နဲ့ ကျုံးဝမ်တို့မှာ သိသိသာသာကို အကျိုးသက်ရောက်ခဲ့သည်။ တစ်ယောက်က အဆင့်သုံးဆင့် တက်သွားပြီး ကျန်တစ်ယောက်ကတော့ အဆင့်လေးဆင့်တက်လာခဲ့သည်။
...
အဲ့ဒီအချိန် အင်တာနက်ပေါ်မှာတော့ မျှော်လင့်ချက်တွေအပြည့်နဲ့ပင်။
'စိတ်ဝိညာဉ်အစားအသောက်ဆိုင်' ဖွင့်လှစ်ခဲ့တာ သုံးရက်သာရှိသေးပြီး ပြည်သူအားလုံးရဲ့ အာရုံစိုက်မှုကို အောင်အောင်မြင်မြင်နဲ့ ရရှိခဲ့ပြီဖြစ်သည်။ အခုတော့ နောက်ထပ်စိတ်ဝိညာဉ် အစားအသောက်တွေကို နောက်တစ်သုတ်ရောင်းချခဲ့သည်။
လူတိုင်းက လည်ပင်းဆန့်ထားကြကာ မျှော်လင့်နေကြသည်။
[မြန်မြန် မင်းတို့အစားအသောက်ရဲ့ အကျိုးသက်ရောက်မှုကို လူတိုင်းဆီ မျှဝေကြပါတော့!] တစ်ယောက်ယောက်က ဝယ်သူတချို့ရဲ့နာမည်အောက်တွင် စိတ်မရှည်စွာနဲ့ မှတ်ချက်တစ်စောင်ချန်ထားသည်။
[ဟုတ်တယ် ဟုတ်တယ်! စိတ်ဝိညာဉ်အစားအသောက်တွေကို ငါတို့ မရခဲ့ပေမယ့် နင်တို့ဆီက စကားတွေကို နားထောင်ကြည့်ရင်း စိတ်သက်သာရာရတယ်!]
စိတ်ဝိညာဉ်အစားအသောက်အပေါ် သံသယဝင်နေသေးတဲ့ တစ်စုံတစ်ယောက်က မေးလာသည်။ [တစ်ခုခုဖြစ်လို့များလား? အလုပ်မဖြစ်ဘူး ဟုတ်တယ်မလား?]
[ဟေး! ကြည့်ကြ၊ ဒီဝယ်သူတွေက အတော်ကြာနေပြီအခုထိ အွန်လိုင်းပေါ် မတက်လာကြသေးဘူး။ သူတို့ လိမ်ခံထိသွားတာဖြစ်မယ်။ ကြည့်! ငါအရင်ကပြောသားဘဲ၊ ဒီစိတ်ဝိညာဉ်အစားအသောက်တွေက ဘယ်လိုလုပ် အံ့ဩစရာကောင်းမှာလဲလို့? အစက လူနည်းနည်းလောက်က မင်းတို့လို မသိနားလည်တဲ့လူငယ်တွေကို လှည့်စားဖို့ ငှားထားတာဘဲဖြစ်ရမယ်!]
အမျိုးမျိုးသော သုံးသပ်သူများက မှတ်ချက်တွေ ချန်ထားလာကြပြီး ဒီတစ်ခေါက် ဝယ်သူတွေတိတ်ဆိတ်နေကြတာက သူတို့အတွက် အကောင်းဆုံးသက်သေဖြစ်လာသည်။
အစောပိုင်က ပထမဆုံးဝယ်သူဖြစ်တဲ့ 'ကျေးဇူးပြုပြီးငါ့ကိုဘုရင်ကြီးလို့ခေါ်ပါ' ဆိုတဲ့သူက ချက်ချင်းအမြှောက်ကိုပစ်လိုက်သည်။ [ငါ့မှာ ပိုက်ဆံတွေအများကြီးရှိတယ်။ ငါဘာလို့လိမ်ရမှာလဲ? မင်းတို့အားလုံးက တုံးအပြီးမနာလိုဖြစ်နေကြတာဘဲ!]
အားယိုး! ဒီစကားလုံးတွေက လူထုကိုဒေါသထွက်လာစေတယ်!
ဒီအွန်လိုင်းတိုက်ပွဲကို ရှောင်လွှဲလို့မရမှန်း သိလိုက်ရတော့ ဝယ်သူတစ်ယောက်က ရုတ်တရက်လှုပ်ရှားလာသည်။
သူက ကြီးမားတဲ့မျက်လုံးက လေးပုံသုံးပုံလောက်နေရာယူထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်လိုက်သည်။ အဲ့ဒီဗလာသပ်သပ်အကြည့်က ဖန်သားပြင်မှတဆင့်လူတွေကို စူးစိုက်ကြည့်နေပုံရပြီး 'ပစ္စည်းပို့သမား' ဆိုပြီး စကားလုံးသုံးလုံးလည်းပါသည်။
နောက်တော့ ခုနတုန်းက တွေ့ခဲ့တဲ့ တိုက်ပွဲကြီးဟာလည်း ချက်ချင်းပျောက်ကွယ်သွားသည်။ လူတိုင်းရဲ့အာရုံက အဲ့ဒီပုံနဲ့ စကားလုံးတွေကိုဘဲ အာရုံစိုက်လာကြသည်။
[ဒါကဘာကြီးလဲဟ? ငါ့မှာလန့်သွားတာပဲ!]
[ဒါက ပစ္စည်းပို့သမားလား? ပစ္စည်းပို့သမား?]
တစ်ယောက်ယောက်က အမြန်တုံ့ပြန်လာသည်။ [ဒါက စောင့်ကြည့်ကင်မရာကနေ ရိုက်မိထားတဲ့ 'စိတ်ဝိညာဉ်အစားအသောက်ဆိုင်'က ပစ္စည်းပို့တဲ့သူများလား?]
[အာ မဖြစ်နိုင်ဘူး။ ဒါကဘယ်လိုလုပ် လူသားတစ်ယောက်ရဲ့ မျက်လုံးဖြစ်နိုင်မှာလဲ?]
မြေခွေးပျံနဲ့ လူသားတစ်ယောက်ရဲ့ မျက်လုံးတွေကြား ကြီးကြီးမားမားကို ကွာခြားမှုရှိသည်။ အနီးကပ်စစ်ဆေးကြည့်တဲ့အခါ မြေခွေးပျံလေးရဲ့ မျက်လုံးတွေက မက်မွန်သီးပုံသဏ္ဍာန်ရှိကာ ခရမ်းရောင်ဖျော့ဖျော့သန်းနေပြီး အစွန်းနားတွင်လည်း အလင်းဖြာထွက်နေသေးသည်။
[အဲ့ဒီပစ္စည်းပို့သမားက လူသား မဟုတ်တာများလား?]