← Chapters

အပိုင်း ၉၈

Vol. 7 Ch. 98

အပိုင်း ၉၈

Vol. 7 Ch. 98

တောက်လောင်နေတဲ့ မီးတောက်တွေက မော့ယန်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ တောက်လောင်နေတဲ့ မီးတောက်တွေက သူ့ရဲ့ ချောမောလှတဲ့ မျက်နှာပေါ်တွင် အရိပ်တွေ ဖုံးလွှမ်းသွားသည်။

ယန်ပိုင်က တစ်ဖက်မှာရပ်နေပြီး မီးတောက်တွေကြားထဲတွင် မော့ယန်ကို စိတ်ကြီးဝင်တဲ့ အမူအရာနဲ့ ကြည့်နေသည်။ သူက ဒီကောင်လေး ကူကယ်ရာမဲ့စွာနဲ့ ရုန်းကန်ရင်း ဝမ်းနည်းနာကျင်စွာ ငိုကြွေးလာမှာကို စောင့်နေသည်။

အဲဒါကို တွေးကြည့်ရုံနဲ့ သူ့ကို အရမ်း ခံစားလို့ကောင်းလာစေသည်။ ဒါပေါ့၊ ကျောင်းစည်းကမ်းကြောင့် မော့ယန်ကိုတော့ သူ မသတ်ပါဘူး။ ဒါပေမယ့် နှိပ်စက်ညှဉ်းပမ်းမှု တွေကတော့ ရှိနိုင်သည်။ ကျွတ်စ် ကျွတ်စ်၊ သူ့ရဲ့ချောမောတဲ့ မျက်နှာလေးကို ပြင်းထန်တဲ့မီးတောက်အောက်မှာ ထိန်းသိမ်းထားနိုင်မလားဆိုတာ ဘယ်သူသိမှာလဲ?

ရုတ်တရက် ယန်ပိုင်ရဲ့ မျက်ဝန်းထဲက ဂုဏ်ယူမှုတွေဟာ အေးစက်သွားသည်။ သူက မော့ယန်ကို မယုံကြည်နိုင်စွာနဲ့ ကြည့်နေမိသည်။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

မျက်စိတစ်မှိတ်အတွင်းမှာပဲ စောစောက မော့ယန်ကို ဝန်းရံထားတဲ့ ပြင်းထန်တဲ့ မီးတောက်တွေက ချက်ချင်း ငြိမ်းကျသွားသည်။ 'ဝူး!' ဆိုတဲ့ ကျယ်လောင်တဲ့အသံကိုပဲ သူကြားလိုက်ရသည်!

မော့ယန်လည်း မီးဘေးမှ လွတ်မြောက်သွားသည်။ သူ့ရဲ့ ကြည့်ကောင်းလှတဲ့ မျက်နှာမှာတော့ သွေးတွေ စွန်းထင်းနေသည်။ သူ့နှုတ်ခမ်းထောင့်က နည်းနည်း ကွေးသွားသည်။ "အခုတော့ ငါ လှုပ်ရှားရမယ့်အလှည့်ပဲ!"

ယန်ပိုင် မတုံ့ပြန်မိခင်မှာ မော့ယန်ရဲ့လက်ထဲက လျှပ်စီးကြောင်းတွေက အမျှင်တန်း တွေပုံစံဖြစ်သွားသည်။ သူက အဲ့ဒါတွေကို ယန်ပိုင်ဆီ အသာလေး ပစ်လွှတ်လိုက်တော့ လျှပ်စီးကြောင်းတွေက ယန်ပိုင်ကို ကြိုးနဲ့ ချည်ထားသလိုဖြစ်သွားသည်။

တိုးညှင်းလှတဲ့ တစစ်စစ်မြည်သံနဲ့အတူ ယန်ပိုင်မှာ ဓာတ်လိုက်ခံလိုက်ရသကဲ့သို့ မရပ်မနား တုန်ခါနေသည်။ သူ့ကိုယ်‌ပေါ်ရှိ လျှပ်စီးကြောင်းတွေက အရေပြား၊ အသားနဲ့ အာရုံကြောတွေထဲ ဝင်ရောက်လာတာကို သူကိုယ်တိုင်သာ သိသည်။ ပြင်းထန်လှတဲ့ ဝေဒနာက သူ့ကို ပြောမပြနိုင်လောက်အောင် နာကျင်စေပြီး သူ့မှာ အော်တောင် မအော်နိုင်ပေ။

သူ့နောက်မှာရှိနေတဲ့ ချောင်းဟုန်မိန်လည်း ထိတ်လန့်သွားသည်။ ယန်ပိုင်က အဆင့် ၈ ကျွမ်းကျင်သူအဆင့်ဖြစ်သည်။ မော့ယန်လို လူငယ်လေးတစ်ယောက်ကို သူဘယ်လိုလုပ် ရှုံးနိုင်မှာလဲ?

မော့ယန်ကို တိုက်ခိုက်ရေး ကစားသမားအဖြစ် သတ်မှတ်ခံထားရနိုင်ကြောင်း သူတို့ ဘယ်လိုလုပ်သိမှာလဲ? သူ စစ်တက္ကသိုလ်ကို ဝင်လာတုန်းက အဆင့် ၆ အဆင့်မြင့်အဆင့်ကနေ အဆင့် ၇ ကနဦးအဆင့်ကို ချိုးဖျက်နိုင်နေပြီ ဖြစ်သည်။ ယခုတွင်တော့ သူ့ရဲ့ လုံ့လဝီရိယ စိုက်ထုတ်မှုနဲ့အတူ စစ်တက္ကသိုလ်ရဲ့ အရင်းအမြစ်တွေ ရှိနေတဲ့အတွက် ယန်ပိုင်လိုမျိုး အဆင့် ၈ ကျွမ်းကျင်သူအဆင့်ကို အဆင့် ၇ ကနဦးအဆင့်ရှိသူက အနိုင်ယူ နိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။

လက်ရှိအခြေအနေတွင်၊ ယန်ပိုင်အနေနဲ့ သူ့ရဲ့အရည်အချင်းတွေက မော့ယန်ထက် နိမ့်နေမှန်း သိလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲက စွမ်းအင်တွေ လုံးလုံးမကုန်သေးတာကို အခွင့်ကောင်းယူပြီး ခန္ဓာကိုယ်ထဲက နောက်ဆုံးစွမ်းအင်တွေကို စုဆောင်းကာ မီးလုံးတစ်လုံးအဖြစ် စုပေါင်းလိုက်သည်။ ဝူးခနဲ သူက မော့ချူးဆီ တကယ်ကြီး ပစ်လွှတ်လိုက်သည်။

"ခင်ဗျားဘာလုပ်တာလဲ!" အရင်ဆုံး မော့ယန် အံ့အားသင့်သွားပြီး၊ နောက်တော့ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။ သူက ချူးလေးကိုကြည့်ရင်း သူ့မျက်လုံးတွေထဲ ဒေါသတွေအပြည့်ပင်။

ယန်ပိုင်ရဲ့ လှုပ်ရှားမှုက တကယ်ကို မမျှော်လင့်ထားတဲ့အရာပင်။ ဒီအခိုက်အတန့်မှာ သူက မော့ချူးကိုတိုက်ခိုက်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားပါချေ။ ယန်ပိုင်က သူ့ရဲ့ စွမ်းအင်အားလုံးကို စုဆောင်းပြီးတဲ့နောက်မှာ မော့ယန် ဘယ်လောက်ပဲမြန်မြန် နောက်ကျသွားပြီဖြစ်သည်။

ဒါတွေအားလုံးက မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖြစ်ပျက်သွားတာဖြစ်သည်။ မော့ချူး လှည့်ကြည့်လိုက်တဲ့အချိန် မြန်သထက်မြန်ကာ တဖြည်းဖြည်း နီးကပ်လာတဲ့ မီးလုံးက သူမရဲ့သူငယ်အိမ်တွေထဲ ရောင်ပြန်ဟပ်သွားသည်။

သူမ ပြေးချင်ပေမယ့် အရမ်းနောက်ကျသွားပြီ!

အဆင့် ၅ အဆင့်မြင့်အဆင့်နဲ့ အဆင့် ၈ အဆင့်မြင့်ရှိသူတို့ အကြားတွင်ကွာဟမှုကြီး ရှိနေဆဲပင်။ မီးလုံးက မော့ချူးရဲ့ ကိုယ်ပေါ် ကျခါနီးမှာ ပါးလွှာတဲ့လေဓားသွားက မီးလုံးရဲ့အရှိန်ကို ရုတ်တရက် ကြားဖြတ်လိုက်သည်။ ထိုမျှသာမက၊ ခဏအကြာတွင် လေဓားသွားက မီးလုံးကို အပိုင်းပိုင်းခွဲပစ်လိုက်သည်။

ဒီဟာက ယန်ပိုင်ထက် ဆယ်ဆ ပိုအားကောင်းတယ်ဆိုတာ သိသာလှသည်။

ထိတ်လန့်စွာနဲ့ လူတိုင်းက မနေနိုင်ဘဲ လှည့်ကြည့်လိုက်ကြသည်။ နေရောင်အောက်မှာ ချောမောတဲ့ အသွင်အပြင်နဲ့ လူတစ်ယောက်က တစ်ဖက်မှာရပ်နေသည်။ သူ့ရဲ့ ချောမောလှတဲ့ မျက်နှာပေါ်ရှိ စူးရှလှနဲ့ မျက်လုံးတစ်စုံသည် အထူးတလည်ကို စွဲမက်ဖွယ်ကောင်းနေသည်။

"ဦးလေး?" မော့ချူး အနည်းငယ် အံ့အားသင့်သွားသည်။ နျဉ်ယွိယွမ်ကို ဒီမှာတွေ့လိမ့်မယ်လို့ သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားပါချေ။ သူမတို့နှစ်ယောက်စလုံး အံ့သြသွားမိသည်။

နျဉ်ယွိယွမ်က မော့ချူးရဲ့အသံခပ်တိုးတိုးကို ကြားသွားတဲ့ပုံပင်။ သူက သူမကို ခေါင်းအသာညိတ်ပြလိုက်ပြီး သူ့မျက်လုံးတွေကတော့ ရေလိုမျိုး ညင်သာလှသည်။ ယန်ပိုင်ဘက်ကို ကြည့်လိုက်တော့ သူ့မျက်နှာက ချက်ချင်း အေးစက်သွားကာ လေးနက်သွားသည်။ “ဟမ့်! ဒါက စစ်တက္ကသိုလ်ရဲ့ စွမ်းဆောင်နိုင်စွမ်းတဲ့လား? အားနည်းတဲ့သူတွေကို အနိုင်ကျင့်တယ်တဲ့၊ အထူးစွမ်းရည် အသုံးပြုသူတွေအတွက် အရမ်းရှက်ဖို့ကောင်းတာဘဲ"

သူရဲ့ အေးစက်စက် စကားလုံးတွေက ယန်ပိုင်ရဲ့ မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ပစ်လိုက်သလိုပင်။

“ဒီနှစ် စစ်ရေးလေ့ကျင့်မှုမှာ အကြီးတန်းတွေလည်း ထပ်ပြီး ပါဖို့ လိုတဲ့ပုံပဲ" ဌာနမှူး စစ်ထူရှို့က နျဉ်ယွိယွမ် အနားမှာ ရပ်နေပြီး သူ့အကြည့်တွေက အနည်းငယ် အေးစက်သွားသည်။ ခုနတုန်းက ယန်ပိုင်ရဲ့ လုပ်ရပ်ကို သူမြင်ခဲ့တာ ရှင်းနေသည်။

စစ်တက္ကသိုလ်ဟာ 'အားကြီးသူကို ဦစား‌ပေး' သည်ဆိုတဲ့ စည်းမျဉ်းကို တိတ်တဆိတ် လက်ခံထားကြပေမယ့် အားနည်းသူတွေကို အနိုင်ကျင့်ဖို့ အထူးစွမ်းရည်အသုံးပြုသူတွေကို အားကိုးတာက နိမ့်ကျတဲ့ အရာတစ်ခုဖြစ်သည်။ ကျောင်းမှာဆို ပြောစရာတောင်မလိုပေ၊ အဖွဲ့ချုပ်တစ်ခုလုံးကတောင် ရှုံ့ချသည်။

မော့ချူး ခေါင်းကုတ်လိုက်သည်။ ဌာနမှူးရဲ့ အရှိန်အဝါကလည်း အားမနည်းပေမယ့် နျဉ်ယွိယွမ် အနားမှာရပ်လိုက်တဲ့အခါဆိုရင်တော့ မထင်မရှားဖြစ်သွားသည်။ သူစကားပြောတဲ့အချိန်မှသာ လူတိုင်းက သူ့ဖြစ်တည်မှုကို သတိပြုမိကြတော့သည်။ ဦးလေးရဲ့ တည်ရှိနေမှုကပဲ အရမ်းပြင်းထန်နေလို့လား၊ ဒါမှမဟုတ် ဌာနမှူးကပဲ အရမ်းအားနည်းနေလို့များလား?

"ဌာနမူး၊ သူကဘယ်သူလဲ?" ချောင်းဟုန်မိန်က ဒီကိစ္စကို စခဲ့တဲ့သူဖြစ်မှန်း ရှင်းရှင်းလင်းလင်း သိထားပေမယ့် အခု သူမရဲ့သူမမျက်နှာပေါ်မှာတော့ မတုန်မလှုပ်အမူအရာ ရှိနေသည်။ သူမက နျဉ်ယွိယွမ်ကို ဆွဲဆောင်မှုရှိတဲ့ အကြည့်ဖြင့်ပင် တည့်တည့်ကြည့်လိုက်သေးသည်။ ဒီလူက ရိုးရှင်းတဲ့ လှုပ်ရှားမှုတစ်ခုကိုပဲ အသုံးပြုခဲ့ပေမယ့် သူ့ရဲ့ ခွန်အားကို ထုတ်ဖော်နိုင်ဖို့ လုံလောက်သည်။ သေချာပေါက်ကို ချောင်းဟုန်မိန်ရဲ့ အာရုံကို အောင်မြင်စွာနဲ့ ဆွဲဆောင်နိုင်လိုက်သည်။

“ဒါက ဒီနှစ် စစ်ရေးလေ့ကျင့်ရေး နည်းပြချုပ်ပဲ” စစ်ထူရှို့က သူ့ဘေးနားရှိ နျဉ်ယွိယွမ်ကို တစ်ချက်ကြည့်လိုက်သည်။ သူက အပြင်ပန်းမှာ တည်ငြိမ်နေပုံရပေမယ့် ရင်ထဲမှာ‌တော့ တဒုန်းဒုန်းဖြစ်နေသည်။ ဒီသတင်းကို သူရတုန်းက နှလုံးဖောက်လုမတတ် ဖြစ်သွားတာ ဘုရားပဲ သိလိမ့်မည်။ ဒီလူက ဘယ်လိုလုပ် ရုတ်တရက်ကြီး နည်းပြဆရာလုပ်ဖို့ တွေးမိသွားတာလဲ?

All Chapters