← Chapters

အပိုင်း ၉၉

Vol. 7 Ch. 99

အပိုင်း ၉၉

Vol. 7 Ch. 99

"နည်းပြချုပ်?" ချောင်းဟုန်မိန်ရဲ့ မျက်လုံးတွေက မက်မောမှုတွေနဲ့ ပြည့်နှက်သွားသည်။ သူမရဲ့ နီရဲရဲနှုတ်ခမ်းက အနည်းအကျဥ်းသာ ပွင့်ဟသွားပေမယ့် အဲ့ဒီစကားလုံးနှစ်လုံးလေးနဲ့တင် နှစ်လိုဖွယ်ကောင်းလှသည်။ သူမက မျက်ခုံးပင့်ကာ နျဉ်ယွိယွမ်ကိုကြည့်လိုက်ပြီး အသာလေး မျက်တောင်ဖျပ်ဖျပ်ခတ်ကာ သူ့အာရုံကို ဖမ်းစားနိုင်ဖို့ ကြိုးစားလိုက်သည်။

ချောင်းဟုန်မိန်က သူမရဲ့ဆွဲဆောင်နိုင်မှုအပေါ် အရမ်းယုံကြည်သည်။ သူမဟာ မူလကတည်းက လှပပြီး သူမရရှိထားသည့် အားပေးထောက်ခံမှုတွေကြောင့် သူမရဲ့ ဆွဲဆောင်မှုတွေက ယောက်ျားလေးအများစု သူမကို အရှုံးပေးနိုင်ဖို့ လုံလောက်သည်။ ယန်ပိုင်က အကောင်းဆုံး ဥပမာတစ်ခုဖြစ်သည်။

ကံဆိုးစွာနဲ့ပဲ၊ သူမ အရမ်းဂုဏ်ယူခဲ့ရတဲ့လုပ်ရပ်က နျဉ်ယွိယွမ် အပေါ်မှာတော့ သက်ရောက်မှုမရှိပါချေ!

ရှင်းရှင်းလင်းလင်း ပြောရလျှင် နျဉ်ယွိယွမ်က အင်အားအရ အထွတ်အထိပ်မှာ ရပ်တည်နေသူဟု ယူဆနိုင်သည်။ သူ့အနေသဘာဝအလျောက် အလှလေးများစွာကိုလည်း မြင်ဖူးသည်။ ချောင်းဟုန်မိန်ရဲ့ ဟန်များတဲ့ပုံကို တစ်ချက်ကြည့်ရုံနဲ့ သူထိုးဖောက်မြင်နိုင်သည်။ ရွံရှာတာကလွဲရင် သူ့မှာ တခြားဘာခံစားချက်မှမရှိပါချေ။

"ဘာဖြစ်လို့လဲ? "နျဉ်ယွိယွမ် ချောင်းဟုန်မိန်ကို လှည့်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းတွေက အရမ်းလှသည်။ ၎င်းတို့သည် အပေါ်နှုတ်ခမ်းက ပါးပြီးအောက်နှုတ်ခမ်းက ထူတာကြောင့် ပြီးပြည့်စုံတဲ့ အကွာအဝေးကို ပုံဆောင်နေသည်။ သို့ပေမယ့် သူ့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေကတော့ အရိုးခိုက်တဲ့အထိ အေးစက်လှသည်။ “ဘာကိစ္စမှမရှိရင်လည်း မင်း သူငယ်ချင်းနဲ့ မြန်မြန် ထွက်သွားတော့"

ယန်ပိုင်ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းကို မော့ယန်က ဖယ်ရှားလိုက်ပြီဖြစ်သည်။ သို့ပေမယ့် သူ့ရဲ့ဒဏ်ရာတွေကတော့ မနည်းသလို သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် တုန်ယင်နေသေးသည်။ သူ့ခမျာ မြေကြီးပေါ်ကနေ လုံးဝ မထနိုင်ပေ။

ချောင်းဟုန်မိန် အံကြိတ်လိုက်သည်။ သူမက ယန်ပိုင်နဲ့ ဘာမှမဆိုင်ဘူးလို့ ဟန်ဆောင်ချင်နေသေးသည်။ သို့ပေမယ့် အဲ့ဒီလူရဲ့ စူးရှတဲ့အကြည့်တွေနဲ့ ဆုံလိုက်ရတော့ သူမ မနေနိုင်ဘဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမအနေနဲ့ ယန်ပိုင်ကို ထူကာ တိတ်တဆိတ်ထွက်သွားရုံသာ တတ်နိုင်တော့သည်။

"ငါလုပ်စရာရှိသေးလို့ အရင်သွားနှင့်တော့မယ်" စစ်ထူရှို့ကလည်း ပါးနပ်တဲ့သူဖြစ်သည်။ ဆယ်မိနစ်ဆိုတဲ့ အချိန်တိုလေးအတွင်းမှာပဲ နျဉ်ယွိယွမ်နဲ့ မော့ချူးတို့ကြားက သဲလွန်စတွေကို မြင်ပြီးပြီမို့ သဘာဝအလျောက် သူ အမြန် ထွက်သွားလိုက်သည်။

"အဆင်ပြေရဲ့လား? ထိခိုက်သွားသေးလား?" မော့ချူးကို ကြည့်လာတဲ့အခါ နျဉ်ယွိယွမ်ရဲ့‌ လေးနက်နေတဲ့မျက်နှာက ပြောင်းလဲသွားသည်။ သူက မော့ချူးဆီ ခြေတံရှည်တွေနဲ့ လျှောက်လာပြီး သူ့မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှုတွေ ပေါ်လွင်နေသည်။

"အဆင်ပြေပါတယ်"မော့ချူးက ပြုံးကာ ခေါင်းခါပြလိုက်သည်။ သူမရဲ့ ပါးစပ်ထောင့်က အချိုင့်လေးနှစ်ခုဟာလည်း မသိသာ ပေါ်နေသည်။ “ခုနက ဖြစ်ပျက်ခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ အခုဆို ရှင် ကျွန်မကို ကယ်ခဲ့တာ သုံးကြိမ်ရှိသွားပြီ!

မော့ချူးရဲ့ မျက်လုံးတွေထဲမှာ ကျေးဇူးတင်စိတ် အပြည့်ပင်။ အမှန်ပင်။ တစ်ယောက်နဲ့တစ်ယောက် သိတာ မကြာသေးဘူးဆိုပေမယ့် နျဉ်ယွိယွမ်ကတော့ အစိုးရိမ်ရဆုံးအချိန်တွေမှာဆို အမြဲတမ်းပေါ်လာတတ်သည်။

"ဒါဆို မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မှာလဲ?" နျဉ်ယွိယွမ်က သူ့နှုတ်ခမ်းတွေကို ဖိကာ တိုးတိုးလေး မေးလိုက်သည်။ နေရောင်အောက်တွင် မော့ချူးရဲ့ အနက်ရောင်မျက်လုံးတွေက စကားပြောနိုင်စွမ်းရှိနေသလိုပင်။ သူတို့တွေက အရောင်အဝါ တောက်ပနေသည်။ သူမရဲ့နှလုံးတောင်မှ စည်းချက်အတိုင်း အပေါ်အောက် ခုန်ပေါက်နေသည်။ အရင်ကလို တည်တည်ငြိမ်ငြိမ်နဲ့ အစီအစဉ်တကျ မရှိတော့ပေ။

"ဟမ်?" နျဉ်ယွိယွမ် ဒီလိုပြောလာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။ မော့ချူးမှာ ကိုးရိုးကားရားနဲ့ခေါင်းမကုတ်လိုက်ခင် ခဏလောက် အံ့အားသင့်သွားသည်။ ဒါက ၂၁ ရာစုဆိုရင် သူမအနေနဲ့ သူ့ကိုတစ်နပ်လောက် ကောင်းကောင်းကျွေးမွေးလိုက်မှာ။ ဒါပေမယ့် ဒီမှာကျ၊ သူမအနေနဲ့ သူမရဲ့ကျေးဇူးရှင်ကို အာဟာရဆေးတောင့်နည်းနည်းနဲ့ ကျွေးမွေးလို့ မရဘူးမလား? ဒါက အရမ်းချို့တဲ့လွန်းတာပဲ!

“အဆင်ပြေပါတယ်” မော့ချူး ကျဉ်းထဲကျပ်ထဲ ရောက်နေတာမြင်တော့ နျဉ်ယွိယွမ်ရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကော့တက်သွားသည်။ ဒါက သေးငယ်တဲ့ လှုပ်ရှားမှုတစ်ခုဖြစ်ပေမယ့် သူ့ရဲ့ ပြတ်သားတဲ့ မျက်နှာကို ချက်ချင်း နူးညံ့သွားစေသည်။ မယုံနိုင်လောက်အောင် ညင်သာသွားသည်။ “ကိုယ် အလျင်မလိုပါဘူး။ မင်း စဉ်းစားပြီးတဲ့အခါကျရင် က်ုယ့်ကိုပြောလိုက်ပါ"

မော့ချူး သဘောမတူခင်မှာဘဲ မော့ယန်က တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။ သူက လှည့်လိုက်ပြီး မော့ချူးကို သူ့နောက်မှာ ကာလိုက်ကာ နျဉ်ယွိယွမ်ရဲ့ အမြင်ကို ပိတ်ဆို့လိုက်သည်။ "ဟုတ်တယ်၊ ခင်ဗျားအားတဲ့အခါ ကျွန်တော်တို့ အတူတူကျေးဇူးဆပ်ဖို့ ခင်ဗျားဆီလာပါ့မယ်"

ဒါကိုကြားတော့ နျဉ်ယွိယွမ် မျက်ခုံးပင့်တက်သွားသည်။ ဒီမော့ယန်က တကယ်ဉာဏ်ကောင်းတာပဲ။ သူက သူနဲ့ မော့ချူးကြားမှာ 'ခင်ဗျား' ဆိုတဲ့ စကားလုံးနဲ့ အောင်အောင်မြင်မြင် အကွာဝေးခြားလိုက်ပြီး 'ကျွန်တော်တို့' ဆိုတဲ့ စကားလုံးကို ပေါင်းထည့်ခြင်းလိုက်ဖြင့် မော့ချူး တစ်ယောက်တည်းနဲ့ ဆက်သွယ်ချင်တဲ့ သူ့ရဲ့အတွေးတွေကို လုံးဝဖြတ်တောက်ပစ်လိုက်သည်။

“ကောင်းပြီလေ” နျဉ်ယွိယွမ်က ပြုံးလိုက်ပြီး ခေါင်းအသာညိတ်ပြလိုက်သည်။ "ငါလည်း လုပ်စရာရှိသေးလို့ အရင်သွားနှင့်တော့မယ်"

မလှမ်းမကမ်းတွင် စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ ကျောလင်က သူ့ဘော့စ် လျှောက်လာတာကိုမြင်လိုက်ရသည်။ သူက အရမ်းစိတ်လှုပ်ရှားနေကာ ချက်ချင်းထရပ်လိုက်သည်။ ဒီလောက်ကြီးမားတဲ့ အခွင့်အရေးကြီးကို သူဘယ်လိုလုပ် လက်လွှတ်နိုင်လိုက်ရတာလဲ?

"ဘော့စ်၊ လွယ်လွယ်နဲ့ ထွက်သွားတော့မှာလား?" ကျောလင်ရဲ့ မျက်လုံးတွေထဲ စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

“ဒါက လုံလောက်ပြီ” ကျုံးဝမ်က သူ့ပခုံးကို ပုတ်လိုက်သည်။ သူ့လေသံက နျဉ်ယွိယွမ် အပေါ် ယုံကြည်မှုအပြည့်ရှိနေသည်။ “သူဌေးမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ဘာသာသူ ဆုံးဖြတ်နိုင်တယ်၊ အရမ်းစိတ်မပူနဲ့!"

"ဟင်း! မဟုတ်ဘူးကွ" ကျောလင် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ ဘော့စ် ကို ယုံချင်ပေမယ့် အဓိကကတော့ သူ့ရဲ့ ဘော့စ်က နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေလာခဲ့တာလေ။ ကောင်မလေးတစ်ယောက်ကို လိုက်ဖို့ သူဘယ်လိုလုပ်သိမှာလဲ? ကိစ္စတွေပိုဆိုးသွားအောင် သူ မလုပ်စေချင်ဘူး!

"ကျောလင်၊ 'အဖွဲ့ချုပ်စစ်ပညာ' ရဲ့ ပဉ္စမမြောက် စည်းမျဉ်းက ဘာလဲ?" နျဉ်ယွိယွမ်က လှည့်မကြည့်ပေ။ သူက ကျောလင်ရဲ့ဆက်ပြောမယ့်စကားတွေကို မေးခွန်းတစ်ခုနဲ့ ဖြတ်တောက်လိုက်သည်။

" 'အဖွဲ့ချုပ်စစ်ပညာ' ရဲ့ ပဉ္စမမြောက် စည်းမျဉ်း -- စိတ်ရှည်သည်းခံပြီး တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်ပါ!" ကျောလင်က ချောချောမွေ့မွေ့ ပြန်ဖြေလိုက်သည်။ ဒီတော့မှ ဘော့စ် ဘာကိုဆိုလိုချင်လဲဆိုတာ သူနားလည်သွားတော့သည်။

နျဉ်ယွိယွမ်က နှုတ်ခမ်းထောင့်တွေ အသာလေး တွန့်ကွေးသွားပြီး ရှေ့ကိုလျှောက်သွားလိုက်သည်။

မော့ချူး အန္တရာယ်နဲ့ ကြုံတဲ့အခိုက်အတန့်မှာ သူဘာကိုလိုချင်လဲဆိုတာကို သူ သိလိုက်သည်။ သူ သေချာပေါက် ဒီကောင်မလေးကို လိုချင်တယ်!

သူ့စိတ်ထဲရှိပြီးသားမို့ အလျင်စလို မဖြစ်ပါချေ။ ထူးချွန်တဲ့ စစ်ဗိုလ်တစ်ဦး ဖြစ်လာဖို့ အလိုအပ်ဆုံးအရာမှာ စိတ်ရှည်သည်းခံခြင်းပင် ဖြစ်သည်။

All Chapters