← Chapters

အပိုင်း ၁၀၀

Vol. 7 Ch. 100

အပိုင်း ၁၀၀

Vol. 7 Ch. 100

စစ်တက္ကသိုလ်ဟာ ဆုံးဖြတ်ရာမှာ လျင်မြန်ပြတ်သားမှုကြောင့် နာမည်ကြီးသည်။ အဲဒါကြောင့် နေ့လည်ခင်းမှာ စစ်သင်တန်းအကြောင်းကို သူတို့ကျောင်းသားတွေဆီ အသိပေးလာသည်။ နောက်တစ်နေ့မှာတော့ သူတို့က လှုပ်ရှားမှုဆီ တန်းသွားကြသည်။

မော့ချူးက ဒီစစ်ရေးလေ့ကျင့်မှုဟာ 21 ရာစုနဲ့ တူလောက်မယ်လို့ အစက ထင်ခဲ့မိသည်။ အထင်ကြီးစရာ အကောင်းဆုံးအရာမှာ စစ်တပ်အနေအထားအတိုင်း ရပ်နေရပြီး ခြေလှမ်းမှန်မှန်နဲ့လျှောက်ရတာပင်။ သို့ပေမယ့် အမှန်တကယ် လေ့ကျင့်မှု စတင်တဲ့အခါမှာတော့ သူမရဲ့အတွေးတွေက အရမ်းနုံအလွန်းကြောင်း သိလိုက်သည်။

စစ်ရေးလေ့ကျင့်မှုဟာ မကြာပါချေ။ ရက်သတ္တပတ်တိုလောက်သာဖြစ်သည်။ ဒါပေမယ့် အခုမှ စရုံသာရှိသေးသည်၊ နည်းပြဆရာတွေက သူတို့ကို ပြင်းပြင်းထန်ထန်ကို တင်းကြပ်တော့သည်။

ပထမဆုံးလှုပ်ရှားမှုက အနီးကပ် တိုက်ခိုက်မှုဖြစ်သည်။

ဝိုး၊ စလာကတည်းက အရမ်းတင်းကြပ်နေတာလား? မော့ချူးမှာ ခက်ခက်ခဲခဲနဲ့ တံတွေ့ မျိုချလိုက်သည်။ သူမရဲ့ကိုယ်သေးသေးလေးက မတ်မတ်ရပ်နေပေမယ့် သူမရဲ့နဖူးမှာတော့ ချွေးတွေ တတောက်တောက်ကျနေသည်။

ဧပြီလဆန်းပိုင်းပဲရှိသေးသည်။ လေညင်းအေးအေးလေးနဲ့ သာယာတဲ့နေ့လေးလို့ ထင်ရပေမယ့် နည်းပြဆရာတွေကတော့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိရိယာတစ်ခုကို ဖန်တီးခဲ့ကြသည်။ လေ့ကျင့်ရေးကွင်းတစ်ခုလုံး မီးဖိုကြီးတစ်ခုလို ပူနေတော့ ရွှေ့ဖို့မပြောနဲ့ ရပ်နေရတာတောင် အဆင်မပြေချေ။

နျဉ်ယွိယွမ်က ရှေ့တန်းတွင်ရပ်နေကာ သူ့အကြည့်တွေကို မော့ချူးက ဖမ်းစားလိုက်သည်။

အဖွဲ့ထဲတွင် မော့ချူးမှ သွယ်လျတဲ့ ပုံစံရှိသည်။ သူမရဲ့ အစိမ်းရင့်ရောင် စစ်လေ့ကျင့်ရေးဝတ်စုံက သူမကို ပိုလို့တောင် လှပစေသည်။ သူမရဲ့ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ဖြူဖွေးတဲ့ သွားတွေ၊ သူမရဲ့ လည်ပင်းမှ ချွေးစက်တွေက နည်းနည်း ပွနေတဲ့ သူမရဲ့ အင်္ကျီလည်ပင်းထဲ စီးကျသွားကြသည်။

နျဉ်ယွိယွမ်ရဲ့လည်ချောင်းမှာ ရုတ်တရက် တုန်ခါသွားသည်။

“အခုကစပြီး ယောက်ျားလေးနဲ့ မိန်းမလေး ခွဲမယ်။ နှစ်ဖွဲ့ဖွဲ့ပြီး နာရီဝက်လောက် အနီးကပ် တိုက်ခိုက်ကြမယ်။ သတိထားပါ ဒီတိုက်ပွဲမှာ မင်းတို့ရဲ့ဒြပ်စင်စွမ်းအားကို အသုံးပြုခွင့်မရှိဘူး!"

“နိုင်တဲ့သူက နေရာမှာ တစ်နာရီ အနားယူခွင့်ရှိမယ်။ ရှုံးတဲ့သူတွေက ဝိတ်သယ်ပြီးပြေးရမယ်။ သရေကျရင် နှစ်ယောက်လုံးရှုံးတယ်။ ယောက်ျားလေးတွေက ကီလို 30 နဲ့ ဆယ်ပတ်ပြေးရမယ်၊ မိန်းကလေးတွေက 15 ကီလိုနဲ့ ခြောက်ပတ်ပြေးရမယ်”

ဒီကိန်းဂဏာန်းတွေက ကြောက်စရာကောင်းပေမယ့် ကြံ့ခိုင်သန်စွမ်းကာ အထူးစွမ်းရည်ရှိသည့် အသုံးပြုသူတွေအတွက်တော့ ဆိုးဆိုးရွားရွားမဖြစ်ပါချေ။

ဒါကိုကြားတော့ မော့ယန်က မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကိုယ်သူ စိတ်ပူတာမဟုတ်ဘဲ မော့ချူးအတွက်ဖြစ်သည်။

အလုံပိတ်အခန်းထဲတွင် ၁၅ နှစ်ကြာ လှဲလျောင်းနေခဲ့ရပြီးတဲ့နောက် ချူးလေးကဲ့သို့ ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ သဘာဝအလျောက် ပိုမိုကောင်းမွန်လာခြင်းမရှိခဲ့ပေ။ အနာဂတ်မှာ တကယ့်တိုက်ပွဲအတွေ့အကြုံတွေ အများကြီးရှိခဲ့ရင်တောင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရတော့ ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားခဲ့ရတဲ့ ဒီလူတွေနဲ့ သူမ ယှဉ်လို့ရမှာမဟုတ်ပေ။

"အခု၊ လှုပ်ရှားကြတော့!"

နျဉ်ယွိယွမ် ပြောပြီးတာနဲ့ အားလုံးက အုပ်စုနှစ်စု အမြန်ကွဲသွားကြသည်။

သို့ပေမယ့် မမျှော်လင့်ထားစွာနဲ့ မော့ချူးတို့အဖွဲ့မှာ မိန်းကလေးအရေအတွက်က မဂဏန်းဖြစ်နေပြီး မော့ချူးမှာ အနောက်မှာ ကျန်နေခဲ့သည်။ အဖွဲ့အလယ်မှာ ရပ်နေတဲ့ သူမက အထူးတလည်ကို မျက်စိဖမ်းစားနေသည်။

“ဖွီ–” ချောင်းဟုန်မိန်က မနေနိုင်ဘဲ ရယ်လိုက်သည်။ တစ်ယောက်တည်းဖြစ်နေတဲ့ မော့ချူးကို ကြည့်ပြီး သူမရဲ့ မျက်လုံးတွေထဲက နှစ်ထောင်းအားရဖြစ်နေမှုတွေက လျှံထွက်ကျလုမတတ်ပင်။ ကြည့်ပါဦး၊ သူ့ပုံစံက အရမ်းဆိုးတာပဲ။ သူမ လုပ်နိုင်တာဘာမှမရှိဘူးဘဲ!

တကယ်တော့ ဒါက သူမရဲ့ ပုံစံနဲ့ ဘာမှမဆိုင်ပါချေ။ အဓိကကတော့ တစ်ကျောင်းလုံး စစ်သင်တန်းတက်ရတာကြောင့် စနစ်ကနေ လူတွေကို အုပ်စုဖွဲ့ဖို့ ကျပန်းရွေးချယ်ပေးထားတာဖြစ်သည်။ ဒီအဖွဲ့မှာ မော့ချူး သိတဲ့လူ များများစားစား မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် သိနေရင်တောင်မှ အသိအကျွမ်းလောက်သာဖြစ်သည်။ ထုံးစံအတိုင်း သူမနဲ့ ဘယ်သူကမှ ပူးပေါင်းမှာ မဟုတ်ပေ။

"ဒီလိုဆိုရင် မင်း ငါနဲ့လက်တွဲလို့ရတယ်!" ဒီအခြေအနေကို မြင်လိုက်ရတော့ နျဉ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်တွေက မသိမသာနဲ့ ကွေးတက်သွားသည်။

ဘာ?

ပြီးသွားပြီ၊ ပြီးသွားပြီ! အကယ်၍ သူမသာ နျဉ်ယွိယွမ်နဲ့ အနီးကပ်တိုက်ခိုက်ရာမှာ ယှဉ်တိုက်မယ်ဆိုရင်၊ ဒီဝိတ်သယ်ပြီးပြေးရမှာကနေ သူမ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာပေါက်ပဲ!

မော့ချူးရဲ့ ထိတ်လန့်မှုကြောင့် နည်းနည်းပွင့်‌ဟသွားတဲ့ နှုတ်ခမ်းလေးကိုကြည့်ရင်း သူ့ရဲ့အနက်ရောင်မျက်စံတွေက တဖျတ်ဖျတ်လတ်သွားသည်။ နျဉ်ယွိယွမ်ရဲ့ နှလုံးသားလေးမှာ မတတ်နိုင်ဘဲ ပျော့ပြောင်းသွားရသည်။ သို့ပေမယ့် သူ့မျက်ခုံးတွေက နည်းနည်းပင့်တက်သွားပြီး သူ့အမူအရာက လေးနက်နေသည်"ဘာလဲ၊ မင်းကမလုပ်ချင်ဘူးလား?"

"မဟုတ်ဘူး၊ လုပ်ချင်တယ်၊ ကျွန်မ လုပ်ချင်ပါတယ်!" မော့ချူးက ခါးသီးတဲ့ မျက်နှာနဲ့သဘောတူလိုက်သည်။ လက်ရှိအခြေအနေအရဆို၊ သူမ ဘယ်လိုလုပ် လက်မခံရမှာလဲ?

"အရမ်းကောင်းတယ်" နျဉ်ယွိယွမ်က ကျေနပ်စွာနဲ့ ခေါင်းညိတ်လိုက်သည်။ သူလှည့်လိုက်တဲ့အချိန် သူ့မျက်လုံးတွေက ချက်ချင်း စူးရှလာသည်။ သူအကြည့်တွေက လူအုပ်ကြားထဲ ကူးလူးသွားပြီး အသံနက်နက်နဲ့ပြောလိုက်သည်။ “အခု၊ အချိန်စမှတ်ပြီ!”

သူပြောပြီးတာနဲ့ တပြိုင်နက် သူတို့ရဲ့အစွမ်းအစတွေနဲ့ တိုက်ခိုက်နေကြတဲ့ အတွဲ‌တွေ လေ့ကျင့်ရေးကွင်းထဲ ပေါ်လာသည်။ ထိုးကြ၊ ကန်ကြ၊ လေတိုးသံနဲ့ လဲကျသွားတဲ့အသံတွေက ထွက်လာကြသည်။ တကယ်ကို အံသြစရာကောင်းလှသည်။

"ဒီလာခဲ့" နျဉ်ယွိယွမ်က လက်တစ်ဖက်နောက်ပစ်ထားပြီး သူ့နှုတ်ခမ်းထောင့်က နည်းနည်း ကွေးတက်နေသည်။ “မင်းရဲ့ ခွန်အားကို အပြည့်သုံး။ မင်း ဘယ်လောက်ထိဝေးဝေး သွားနိုင်လဲဆိုတာ ကြည့်ရအောင်"

နျဉ်ယွိယွမ်က ဒီလိုပြောလာတာမို့ မော့ချူးလည်း သဘာဝအတိုင်း ယဉ်ကျေးမနေတော့ပါချေ။ သူမက ရှေ့ကိုတိုးလာကာ ပြင်းပြင်းထန်ထန် ကန်လိုက်သည်။

ပြောရလျှင် မော့ချူးမှာ စနစ်ထဲတွင် တိုက်ခိုက်ရေးနည်းပညာများကို တစ်ခါမျှ မလေ့လာခဲ့ရပေ။ သူမရဲ့ လက်ရှိ ကျွမ်းကျင်မှု အားလုံးက သူမရဲ့ယခင်က တိုက်ခိုက်ရေး အတွေ့အကြုံများမှ စုဆောင်းထားခြင်းဖြစ်သည်။ လှုပ်ရှားမှုတိုင်းက သိပ်ပြီး မပြောင်မြောက်နေပေ။ သူမရဲ့ လှုပ်ရှားမှုတွေက တိကျမှု မရှိသလို စွမ်းအားကလည်း အားနည်းလွန်းတာကြောင့်ပင်။

လက်တစ်ဖက်တည်းနဲ့၊ နျဉ်ယွိယွမ်က မော့ချူးရဲ့တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်လိုက်သည်။ သူ့အမူအရာက တည်ငြိမ်ပြီးနေပေမယ့် မော့ချူးကတော့ အရမ်းပင်ပန်းနွမ်းနယ်လာသည်။ သူမမှာ ဆယ်မိနစ်လောက်ပဲ တိုက်ခိုက်နိုင်လိုက်ပြီး ခွန်အားမရှိတော့ဘဲ ပြင်းပြင်းထန်ထန် မောပန်းနွမ်းနယ်လာကာ မျက်နှာလည်းဖြူဖျော့လာသည်။

သူမရဲ့ အခြေခံဖွဲ့စည်းပုံက အားနည်းလွန်းသည်။ သူမရဲ့ လှုပ်ရှားမှုတွေက အားနည်းကာ သူမရဲ့ ဝေဖန်ပိုင်းခြားနိုင်မှုကလည်းလုံလောက်မှု မရှိပေ။ နျဉ်ယွိယွမ်က မော့ချူးရဲ့ ကိုယ်ပေါ်က အပြစ်အနာအဆာတွေကို တစ်ခုပြီးတစ်ခုမြင်လိုက်ရတဲ့အခါ သူ ခေါင်းအသာခါယမ်းလိုက်သည်။

သို့ပေမယ့် မော့ချူးရဲ့သနားစရာကောင်းတဲ့ ပုံစံကို မြင်လိုက်ရတဲ့အခါမှာတော့ သူ မနေနိုင်ဘဲ သူမကိုလှမ်းဆူလိုက်သည်။ သူ မသိစိတ်ကနေ ရှေ့ကိုနှစ်လှမ်းလှမ်းလိုက်ပြီး မော့ချူးရဲ့အားနည်းလှတဲ့ခါးကို သူ့လက်ကြီးကြီးဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့လေသံက ညင်သာနေသည်။ “ကျောမတ်မတ်ထားပြီး အသက်ရှုတာကို ထိန်း။ ရှူသွင်း ရှူထုတ်!”

ကျွတ်စ် ကျွတ်စ် ဒါက ကုသပေးနေတာနဲ့ သိသာသိသာကို ကွာခြားနေတာကို!

ကျောလင်က တစ်ဖက်အဖွဲ့ရဲ့နည်းပြဆရာဖြစ်တာကြောင့် ဒီမြင်ကွင်းကို သဘာဝအ‌တိုင်း မြင်လိုက်ရပြီး သူ မတတ်နိုင်ဘဲ ဆွံ့အသွားရသည်။ အကယ်၍ ဒီလိုအခြေအနေမျိုးနဲ့ ဘော့စ်ရဲ့ လက်အောက်ငယ်သားတစ်ယောက်သာဖြစ်မယ်ဆိုရင် တစ်ဖက်လူမှာ ရိုက်နှက်ခံရပြီး ငိုရတဲ့အထိ သူရပ်‌မှာမဟုတ်တာ သေချာပေါက်ပဲ။နောက်တော့ မော့ချူးကို သူကြည့်လိုက်သည်။ ဒါက 'နန်းတွင်းအဆင့် ကုသမှု' ပဲဖြစ်ရမယ်!

All Chapters