← Chapters

အပိုင်း ၁၀၁

Vol. 7 Ch. 101

အပိုင်း ၁၀၁

Vol. 7 Ch. 101

အမှန်ကို၊ ဒါက တကယ့်ကို နန်းတွင်းအဆင့်ကုသမှုပဲ!

သို့ပေမယ့် သူက မော့ချူးအကြောင်းကို ပြောတာမဟုတ်ဘဲ နျဉ်ယွိယွမ်အကြောင်းကို ပြောတာဖြစ်သည်။

သူ့လက်က မော့ချူးရဲ့ခါးပေါ်မှာ ရှိနေသည်။ နူးညံ့သိမ်မွေ့တဲ့ အရေပြားက မော့ချူးရဲ့ကိုယ်ကို သယ်ထားတာကြောင့် ထူးထူးခြားခြား နွေးထွေးလာတဲ့ပုံပင်။ စစ်လေ့ကျင့်ရေးဝတ်စုံ ခြားထားပေမယ့် သူမရဲ့ သွယ်လျတဲ့ခါးကောက်ကြောင်းကို သူ ခံစားနေရဆဲပင်။ သူ့လက်ကို ပြန်ရုတ်လိုက်ရင်တောင် မော့ချူရဲ့ တစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲမှာ ထိန်းထားနိုင်သေးသည်။

သူတို့နှစ်ယောက်ရဲ့ အနေအထားကြောင့် နှစ်‌ယောက်သား အရမ်းကိုနီးကပ်နေကြသည်။ နျဉ်ယွိယွမ်မှာ ခေါင်းငုံ့နမ်းကြည့်ဖို့တောင် မလိုပေ။ မော့ချူးရဲ့ဆံပင်က ရနံ့တွေက သူ့နှာခေါင်းထဲ အလိုအလျောက် ဝင်ရောက်လာပြီး သူ့နှလုံးအောက်ခြေအထိ ပျံ့နှံ့သွားသည်။

နျဉ်ယွိယွမ်ရဲ့ ကြည်လင်တဲ့ မျက်လုံးတွေက မတတ်နိုင်ဘဲ ‌မည်းမှောင်သွားသည်။

"ကျွန်မ နည်းနည်း ပိုအဆင်လာပြီ" နျဉ်ယွိယွမ်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို သူမ လုံးဝ သတိမထားမိပေ။ မိနစ်အနည်းငယ်ကြာ အနားယူပြီးတဲ့နောက် မော့ချူးရဲ့ အသားရောင်က နည်းနည်း တိုးတက်လာပြီး သူမရဲ့ အသက်ရှုသံကိုလည်း ချိန်ညှိလိုက်နိုင်သည်။

သူမကိုလွှတ်ပေးဖို့ တွန့်ဆုတ်နေပေမယ့် နျဉ်ယွိယွမ်မျက်နှာပေါ်မှာတော့ အမူအရာတွေကို မပြလိုက်ပါချေ။ သူက မော့ချူးရဲ့ခါးကိုမလွှတ်ခင် သူ့လက်ဖဝါးကြီးတွေကို ပြန်ရုတ်လိုက်သည်။ "မင်း ဆက်လုပ်လို့နိုင်လား?"

“အင်း!” မော့ချူးရဲ့ မျက်လုံးတွေက တောက်ပလာပြီး သူမရဲ့ ဦးနှောက်သေးသေးလေးက အရေးကြီးတဲ့ အချက်တွေကို အာရုံစိုက်ထားသည်။ နောက်ဆုံးတော့ သူမ သဘောပေါက်သွားသည်။ သူမအတွက် ဒီလိုမျိုး ထိပ်တန်းအဆင့် အစမ်းလေ့‌ကျင့်‌ ဖော်ကောင်းတစ်ယောက် ရဖို့ဆိုတာ ရှားသည်။ ဒီအခွင့်အရေးကို သူမ လက်လွတ်မခံနိုင်ပါချေ။

“ကောင်းပြီ” မော့ချူးရဲ့ သစ်လွင်လန်းဆန်းနေတဲ့ မျက်နှာကို မြင်လိုက်ရတော့ နျဉ်ယွိယွမ် ရင်ထဲ ပျော့ပြောင်းသွားသည်။

မော့ချူးရဲ့တိုက်ခိုက်မှုက ဆယ်မိနစ်လောက်သာကြာပေမယ့် နျဉ်ယွိယွမ်အနေနဲ့ သူမရဲ့အနီးကပ်တိုက်ပွဲလက္ခဏာတွေကို ဆုံးဖြတ်ဖို့ လုံလောက်သည်။ ဒါကြောင့် နောက်ဆယ်မိနစ် ဒါမှမဟုတ် ဒီထက်ကြာလာတဲ့အခါ၊ ချို့ယွင်းချက်တွေကို စစ်ဆေးတာက နျဉ်ယွိယွမ်ရဲ့ ပထမဆုံးအလုပ်ဖြစ်လာသည်။

“မင်းက လုံလုံလောက်လောက် မသန်မာသေးဘူး။ ခွန်အားပိုသုံး! ခွန်အားပိုသုံး! ” မော့ချူးရဲ့ သွယ်လျတဲ့ခြေထောက်တွေကို ဆုပ်ကိုင်ထားရင်း နျဉ်ယွိယွမ်က မျက်မှောင်ကြုတ်ကာ အေးစက်စက်အော်လိုက်သည်။ “မင်း ထမင်းမစားရသေးဘူးလား? ဒါက ရှိသမျှအားအကုန်ပဲလား?!"

မော့ချူးက နှုတ်ခမ်းကို အသာကိုက်လိုက်ပြီး သတ္တိတွေထုတ်လိုက်သည်။ သူမက ရှိသမျှခွန်အားအကုန်သုံးပြီး နျဉ်ယွိယွမ်ရဲ့ ကိုယ်ကို ပြင်းပြင်းထန်ထန် ကန်လိုက်တော့ မသဲမကွဲအသံထွက်လာသည်။

"အဆင်ပြေရဲ့လား?" သူမ နျဉ်ယွိယွမ်ကို နာအောင်လုပ်မိသွားမှာစိုးတာကြောင့် မော့ချူးက ခြေထောက်ကိုအမြန်ရုတ်လိုက်သည်။

ဒါပေမယ့် ဒီလူက ဂရုမစိုက်ပေ။ သူသည် သူ့ကိုယ်ပေါ်က ဖုန်တွေကို အသာခါလိုက်ပြီး မော့ချူးကို စိတ်ကျေနပ်စွာနဲ့ ခေါင်းညိတ်ပြလိုက်သည်။ “မဆိုးပါဘူး။ နောက်ဆုံးတော့ မင်းမှာ ပုံစံတချို့ရှိသားပဲ။ အခုကစပြီး မင်း ဒီလိုမျိုးပဲ လုပ်ရမယ်!"

“အခု ငါ့ကို ပြန်တိုက်၊ ခုနတုန်းက ခွန်အားကိုပဲသုံး" နျဉ်ယွိယွမ်က နည်းနည်းကုန်းလိုက်ပြီး မော့ချူးကို လက်ပြလိုက်သည်။

“ကောင်းပြီ!” မော့ချူးက ခေါင်းညိတ်လိုက်သည်။ လက်သီးတွေကို တင်းတင်းဆုပ်ထားရင်း သူမရဲ့ အနက်ရောင် မျက်လုံးတွေက တောက်ပနေသည်။ သူမက အရင်ဆုံး ဘယ်ဝိုက်လက်သီးနဲ့ ညာကန်ချက်တို့နဲ့အတူရေပြင်ညီအတိုင်း လှုပ်ရှားလာသည်။ လှုပ်ရှားမှုတိုင်းက နျဉ်ယွိယွမ်ရဲ့ သေကွင်းသေကွက်တွေကို ဦးတည်နေသည်။ သူမရဲ့ လှုပ်ရှားမှုတွေက တိကျပြီး အားကောင်းလှသည်။

ညွှန်ကြားချက် နည်းနည်းလေးနဲ့တင် ဒီဟာကို လုပ်နိုင်လိုက်စေသည်။ ' မဆိုးဘူး၊ သူမမှာ အလားအလာကောင်းတွေ ရှိတယ်။'

နျဉ်ယွိယွမ်ရဲ့ နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးတက်သွားသည်။ သူမက ပိတ်ဆို့ဖို့ လက်တစ်ဖက်ကို သုံးကာ ခြေထောက်ကိုဝိုက်လိုက်သည်။ မော့ချူးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းသည် နည်းနည်း ပြေလျော့သွားသည်။ သူမ ရပ်သွားပြီး နျဉ်ယွိယွမ်ဆီကနေ အနောက်ဘက်‌ကနေ တန်းအချုပ်ခံလိုက်ရသည်။

" မှတ်ထား၊ မျက်စိစုံမှိတ် မတိုက်ခိုက်နဲ့။ တစ်ချိန်တည်းမှာဘဲ၊ မင်းရဲ့ ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကို အချိန်နဲ့တစ်ပြေးညီ ခွဲခြမ်းစိတ်ဖြာဖို့လိုတယ်။ အချိန်မတိုင်ခင် ကြိုတင်ခန့်မှန်းတတ်ဖို့ သင်ယူရမယ်။ မင်းရဲ့ဦးနှောက်ကို မင်းရဲ့လှုပ်ရှားမှုတွေနဲ့ ပေါင်းစပ်ရမယ်၊ နားလည်လား?"

"နားလည်ပြီ" မော့ချူးက ခေါင်းငုံ့ကာ ပြန်ဖြေသည်။ နျဉ်ယွိယွမ် ပြောတဲ့စကားကို သူမစိတ်ထဲမှာ အခုမှတွေးနေတုန်းဖြစ်သည်။ သူ့စကားတွေရဲ့နောက်ကွယ်က အဓိပ္ပါယ်ကို သူမ နားလည်ပေမယ့် အဲဒါတွေကို ကျွမ်းကျင်စွာသုံးဖို့က သိပ်မလွယ်လှပေ။

"နောင်ကျ မင်းမှာအချိန်ရှိရင် မင်းအထူးလေ့ကျင့်မှုနည်းနည်းလုပ်တတ်အောင် ငါကူညီပေးမယ်" မော့ချူးရဲ့ အတွေးတွေကို မြင်နေရသလိုမျိုး နျဉ်ယွိယွမ်ရဲ့ အသံဩဩက သူမရဲ့နားထဲဝင်လာသည်။

ဟင်း!

ဘော့စ်က မျှော်လင့်ထားတဲ့အတိုင်းပဲ!

ကျောလင်က စိတ်ဝင်တစား ကြည့်နေသည်။ 'ကြည့်‌လေ။ ဒါက ဒီတိုင်းရိုးရိုးရှင်းရှင်း အနီးကပ်တိုက်ခိုက်မှုပဲ။ ဘော့စ်က သူ့ရဲ့ ခွန်အားကို ပြသ‌ရုံတင်မကဘူး လှပတဲ့ကောင်မလေးနဲ့လည်း နီးနီးကပ်ကပ်ရှိနေရတယ်။ ပြီးတော့ အနာဂတ်မှာ ထပ်ဆုံရဖို့လမ်းခင်းနေတာပဲ။ ဒါက ခံတစ်လုံးနဲ့ ငှက်သုံးကောင်ပစ်လိုက်တာပဲ!'

သူ မော့ချူးဘက်ကို ကြည့်လိုက်သည်။ ဟင်း! တကယ်တော့ သူမက ကမ္ဘာကြီးကို မတွေ့ကြုံခံစားဖူးသေးတဲ့ ကောင်မလေးတစ်ယောက်ပဲ။ ဘော့စ်ရဲ့ ယုတ်မာတဲ့ ရည်ရွယ်ချက်တွေကို သူ လုံးဝ သတိမထားမိသေးဘူး။ သူက ကျေးဇူးတင်လိုစိတ်အပြည့်နဲ့ သူ့ကို ခေါင်းတောင်ညိတ်ပြလိုက်သေးတယ်။ ဘော့စ်တစ်ယောက် သူ့ကို အခုချက်ချင်း မျိုချဖို့ ကြိုးစားနေတာကို လုံးဝမသိနေဘူး!

ဘော့စ်ရဲ့ ပြတ်သားတဲ့ အကြည့်တွေကို သူတောင် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။

အရင်က ဘော့စ်တစ်ယောက် ဘယ်လိုမိန်းကလေးမျိုးနဲ့အတူရှိနိုင်မလဲဆိုတာ သူနဲ့ကျုံးဝမ် လောင်းခဲ့ဖူးသည်။ သူတို့ရဲ့ ဘော့စ်က မိန်းကလေးတွေနဲ့ အချိန်အကြာကြီး နှောက်ယှက်အဖြစ်မခံဘူးလို့ ဆိုရမှာပေါ့။ အမ်းး၊ အဲဒီတုန်းက သူတို့ ဘာပြောခဲ့တာပါလိမ့်?

ဟုတ်သားပဲ!

ဘော့စ်က သူ့လိုမျိုး အဆင့်တူညီတဲ့ မိန်းက‌လေးမျိုးကို သေချာပေါက် ရွေးချယ်လိမ့်မယ်လို့ သူခန့်မှန်းခဲ့သည်။ စစ်မြေပြင်မှာပဲဖြစ်ဖြစ် စစ်စခန်းမှာပဲဖြစ်ဖြစ်၊ သူမဟာ သူ့ရဲ့ဘော့စ်နဲ့ တန်းတူဖြစ်မှာပင်။ အဲ့ဒီအချိန်တုန်းက အဲ့ဒီလိုအမျိုးသမီးကသာ သူဘော့စ်နဲ့လိုက်ဖက်တယ်လို့ သူထင်ခဲ့သည်။

အဲ့ဒီတုန်းက ၊ ကျုံးဝမ်ကတော့ သူဘော့စ်ဟာ မိန်းကလေးတွေအပေါ် အချိန်အများကြီးဖြုန်းလောက်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့သည်။ အများဆုံးအနေနဲ့၊ အသက်အရွယ်တစ်ခုရောက်တဲ့အခါ သူ့မိသားစုက စီစဉ်ပေးတဲ့ အကောင်းဆုံးမျိုးရိုးဗီဇရှိတဲ့ အမျိုးသမီးနဲ့ အတူရှိသွားလိမ့်မည်လို့ ထင်ခဲ့သည်။

အခုတော့ သူတို့နှစ်ယောက်လုံး မှားယွင်းခန့်မှန်းမိခဲ့ကြတဲ့ပုံပင်။

သို့ပေမယ့် ဘော့စ်အနားက မော့ချူးကိုကြည့်ရင်း ကျောလင်ရဲ့ နှုတ်ခမ်းထောင့်တွေ နည်းနည်း ကွေးညွတ်သွားသည်။ ဒီကလေးမလေးကလည်း မဆိုးပါဘူး။ သူမက နည်းနည်းငယ်‌နေရုံလေးပဲ။ သူ့ဘော့စ်တော့ အချိန်အကြာကြီး စောင့်ရတော့မယ်!

တိုက်ပွဲအချိန်တစ်ဝက်က ခပ်မြန်မြန်ကုန်သွားသည်။

နိုင်တဲ့သူကို ကြေညာဖို့ လူတိုင်းကို မစောင့်နေဘဲ နျဉ်ယွိယွမ်က ရှေ့ကိုတိုက်ရိုက်သွားကာ လူ ၂၀ နီးပါးကို လက်ညှိုးထိုးပြကာပြောလာသည်။ “မင်းတို့တွေ၊ ရှေ့ကိုလာခဲ့ ဝိတ်သယ်ပြီး ပြေးဖို့အသင့်ပြင်ထား!"

သေချာပေါက် မော့ချူးလည်း အဲ့ဒီထဲမှာပါသည်။

"ဘာလို့လဲ?" ရုတ်တရက်ဆိုသလို လူတစ်ယောက်က မထီမဲ့မြင်ပြုကာ အော်ပြောလာသည်။ "ငါအနိုင်ရထားတယ်လေ။ ဘာလို့ အပြစ်ပေးခံထိတာလဲ?"

နျဉ်ယွိယွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး အေးစက်စက်နဲ့ပြောလိုက်သည်။ "ပြီးခဲ့တဲ့ မိနစ် ၂၀ လောက်လေးက ဆိုးရွားတဲ့ တိုက်ခိုက်မှုမှာ အနိုင်ရသူကို အဆုံးအဖြတ် ပေးနိုင်တယ်တဲ့လား?"

"ခင်ဗျား!" အဲ့ဒီလူက မျက်ခုံးတွေပင့်ကာ နျဉ်ယွိယွမ်ကိုစိုက်ကြည့်လိုက်သည်။ သူက စစ်တက္ကသိုလ်ရှိ အကြီးတန်းကဖြစ်သည်။ အခု သူ့အတွက် အရေးကြီးဆုံးအချက်မှာ မှန်မှန်ကန်ကန် လေ့ကျင့်ဖို့အချိန်ကို လက်မလွှတ်တမ်းဆုပ်ကိုင်ထားဖို့ဖြစ်ကာ ဒီလို အဓိပ္ပါယ်မရှိတဲ့လေ့ကျင့်မှုမှာ သူ့အချိန်ကို မဖြုန်းတီးရဖို့ဖြစ်သည်။ ထုံးစံအတိုင်း သူက ဒီစစ်ရေးလေ့ကျင့်မှုကို လုံးဝ ဂရုမစိုက်ပေ။

"ငါ ဘာဖြစ်လဲ?" နျဉ်ယွိယွမ်က မျက်လုံး နည်းနည်းပင့်လိုက်ပြီး သူ့လေသံက လှောင်ပြောင်မှုအပြည့်ပင် “ဒီလိုဆိုရင်ရော? ငါတို့နှစ်ယောက် တိုက်ကြမယ်။ မင်းနိုင်ရင် အခုချိန်ကစပြီး ဒီလေ့ကျင့်ရေးကိုလာစရာမလိုဘူး၊ မင်းရှုံးသွားရင်တော့ ဝိတ်နှစ်ဆတင်ပြီးပြေးရမယ်"

“ကောင်းပြီ!” အဲ့ဒီလူက ချက်ချင်း သဘောတူလိုက်သည်။ နျဉ်ယွိယွမ်က မော့ချူးကို ညွှန်ကြားနေတဲ့အချိန်မှာ သူ့ကို ကြိမ်ဖန်များစွာ ကြည့်နေခဲ့တာဖြစ်သည်။ သူ့ရဲ့ ခွန်အားကို အရမ်းပြင်းထန်တယ်လို့ မယူဆနိုင်ပေ။ သူ့ရဲ့ ကျွမ်းကျင်မှုတွေနဲ့ဆို ဒီတစ်ယောက်ကို ကိုင်တွယ်ဖို့ဆိုတာ လုံလောက်တာထက် ပိုသည်။

All Chapters