← Chapters

ကပ်ဘေးကြားက ကောင်းချီးမင်္ဂလာ

Vol. 195 Ch. 2912

ကပ်ဘေးကြားက ကောင်းချီးမင်္ဂလာ

Vol. 195 Ch. 2912

ဤသည်က ယက္ခမျိုးနွယ်၏ ပင်ကိုယ်သဘာဝဖြစ်သည်။

သူတို့သည် ရုပ်ဆိုးအကျည်းတန်ပြီး ကြမ်းကြုတ်ခက်ထန်ကာ သွေးဆာရက်စက်တတ်ကြလေသည်။

ယခု သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်မှာရောက်ရှိနေပြီး သူ့မှာ မည်သည့်ထိန်ချန်မှုမှမရှိဘဲ မည်သည့်အရာကိုမှ ကြောက်ရွံ့မနေပေ။

ယက္ခဘုရင်အကြောက်တရား၏ ပစ်မှတ်ထားခြင်းခံနေရသော ဘုရင်အန်ရှစ်နှင့် အခြားသူများကို မပြောနှင့် ထျန်ဟွမ်ဂိုဏ်းမှာ ကျင့်ကြံသူများပင်လျှင် သူတို့ရှေ့မှ မြင်ကွင်းမှာ တုန်လှုပ်နေပြီး ခဏကြာသည်အထိ အသိစိတ် မကပ်နိုင်ကြပေ။

ဖုန့်စန်းထျန်နှင့်အခြားသူများသည် အိုးတိုးအမ်းတမ်းအမူအရာများနှင့် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ကြည့်ရသည်မှာ ဤယက္ခတစ္ဆေသည် သူတို့ဘက်မှာ ရှိနေလေသည်။ သူသည် ဘုရင်အကြောက်တရားဟူသော ဘွဲ့နှင့် တကယ်ပင်ထိုက်တန်သည်။

သို့သော်လည်း နေရာတိုင်းမှာ သတ်ဖြတ်နေသည့် ဤကဲ့သို့ကြောက်စရာကောင်းသော မွန်းစကားတစ်ကောင် ရုတ်တရက်ပေါ်ထွက်လာသည့်အတွက် လူတိုင်းက တွေဝေရှုပ်ထွေးနေကြဆဲဖြစ်သည်။

ဖုန့်စန်းထျန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သူက ဂိုဏ်းချုပ်ရှာတွေ့ထားတဲ့ အကူတစ်ယောက်ဖြစ်လောက်မယ်”

အများသူငှာရှေ့တွင် အချိန်အများစုမှာ ဖုန့်စန်းထျန်နှင့် အခြားသူများသည် ဆူဇီမို၏ အစစ်အမှန်ခန္ဓာနှစ်ခုလျှို့ဝှက်ချက်ကို ဖုံးကွယ်ရန် သိုင်းတာအိုပင်မခန္ဓာကို ဂိုဏ်းချုပ်ဟူ၍ ခေါ်ဆိုကြဆဲဖြစ်သည်။

“သခင်လား”

ကောင်းကင်ဘုံဝံပုလွေက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး သူ၏ ခေါင်းကို ခါယမ်းလိုက်၏။

“သခင်က ကောင်းကင်လိုဏ်ဂူနယ်ပယ်ကို ဝင်ရောက်လာတာ နှစ်နှစ်ထောင်ကျော်ကျော်ပဲရှိသေးတယ်… သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ထူးခြားတယ်ဆိုပေမဲ့ ဒီမွန်းစတားကို ဖိနှိမ်နိုင်တဲ့အဆင့်ထိ ရောက်ဦးမှာမဟုတ်ဘူး”

လူတိုင်းက ခဏကြာဆွေးနွေးပြောဆိုပြီးနောက် မည်သည့်အရာကိုမှ စဉ်းစားမရပေ။

တိုက်ပွဲနယ်မြေမှာ။

ဘုရင်အန်ရှစ်နှင့် အခြားသူများသည် ယက္ခဘုရင်အကြောက်တရား၏ နည်းလမ်းများမှာ လိပ်ပြာလွင့်မတတ်ကြောက်လန့်လာပြီး ဤနေရာမှာ ဆက်လက်၍ လုံးဝမနေရဲတော့ပေ။

ဘုရင်နှစ်ဆယ်ကျော်ကျော်က ဓမ္မပညာရပ်များကို အလောတကြီးဆင့်ခေါ်ပြီး ဘေးပတ်ဝန်းကျင်လေဟာနယ်မှာ ချိပ်ပိတ်ထားသည့်စွမ်းအားကို ဖယ်ရှားလိုက်သည်။

ဝုန်း… ဝုန်း… ဝုန်း…

အဲဒီမှာချိပ်စည်းတချို့ ကျန်ရှိနေသေးသော်လည်း သူတို့သည် ဘုရင်များ၏ တိုက်ခိုက်ခံရပြီးနောက် ချက်ချင်းပင်ပျက်ပြယ်သွားလေသည်။

ထိုကြန့်ကြာမှုနှင့်အတူ နောက်ထပ်ဘုရင်နှစ်ပါးသည် ယက္ခဘုရင်အကြောက်တရား၏ ဆုတ်ဖြဲခြင်းခံရကာ သေဆုံးသွားသည်။

ဖုန့်စန်းထျန်သည် အဝေးသို့ပြေးထွက်သွားသော ဘုရင်အန်ရှစ်ကို စိုက်ကြည့်ပြီး အံကိုတင်းတင်းကြိတ်ထား၏။ သူ၏ ခန္ဓာကိုယ်က မကျေမချမ်းအမူအရာဖြင့် အနည်းငယ်တုန်ယင်နေ၏။

သူသည် မိစ္ဆာဘုရင်ချုံးကြောင့် ဒဏ်ရာအပြင်းအထန်ရရှိထားပြီး သူ၏ ကောင်းကင်လိုဏ်ဂူက ကြေမွနေသည်။ သူ၏ ရင်ဘတ်က ချိုင့်ဝင်နေပြီး သူ၏ ကိုယ်တွင်းအင်္ဂါများက ကြေမွနေပြီဖြစ်သည်။ ယခုအချိန်မှာ သူသည် နတ်ဆိုးနှိမ်နင်းလှံနှင့်အတူ နေရာမှာတင် အနိုင်နိုင်မတ်တတ်ရပ်နေရ၏။ သူက အန္တိမဘုရင်တစ်ပါးနောက်သို့ လိုက်လံဖမ်းဆီးနိုင်ခြင်း လုံးဝမရှိပေ။

“စီနီယာဖုန့်”

ဖုန့်စန်ထျန်၏ ရင်ထဲရှိ မကျေမချမ်းမှုကိုပြောနိုင်သည့်အလား နတ်ဆိုးမကျိက ညင်သာစွာနှစ်သိမ့်ပေးလိုက်၏။

“ကျွန်မတို့တွေ ဒီကပ်ဘေးကနေရှင်သန်နိုင်တာနဲ့ ကျွန်မတို့နောက်ပိုင်းမှာ မဟာကျင်းအင်မော်တယ်နိုင်ငံကို သတ်ဖြတ်ခြင်းနဲ့လမ်းဖောက်ပြီး လက်စားချေဖို့ အခွင့်အရေးတစ်ခု သေချာပေါက်ရှိနေဦးမှာပဲ”

“ငါ… မဟာကျင်းအင်မော်တယ်နိုင်ငံကို သေချာကို သွားမှာ”

ဖုန့်စန်းထျန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီတစ်ခေါက် ဘုရင်အန်ရှစ်က ထွက်ပြေးလွတ်မြောက်သွားပြီး ငါက ယွင်ကျောက်နဲ့ သူ့ဇနီးရွှမ်စုအတွက် လက်စားမချေပေးနိုင်လို့သာ ယူကျုံးမရဖြစ်နေရုံပဲ”

တိုက်ပွဲနယ်မြေမှာ သတ်ဖြတ်ခြင်းက ဆက်လက်ဖြစ်ပွားနေသည်။ သို့သော်လည်း ယက္ခဘုရင်အကြောက်တရားက မည်သို့ပင်ဆိုစေ တစ်ယောက်တည်းသာဖြစ်သည်။

ဘုရင်အန်ရှစ်နှင့် အခြားသူများက ရှုံးနိမ့်သွားသော်လည်း ယက္ခဘုရင်အကြောက်တရားသည် အဘက်ဘက်သို့ လိုက်လံတိုက်ခိုက်နိုင်ခြင်းမရှိပေ။ သူ့အနေဖြင့် ဘုရင်နှစ်ဆယ်ကျော်ကျော်ကို သတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။

ဘုရင်အန်ရှစ်သည် ထွက်ပြေးလွတ်မြောက်သွားနိုင်ဖို့ အခွင့်များနေသည်။

ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက် ကြယ်တာရာကောင်းကင်ထဲမှာ တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကနေ ထွက်ပြေးလွတ်မြောက်လာသည့် ယက္ခိုသ်မျိုးနွယ်နှင့်အတူ အထက်တန်းကျသော အင်မော်တယ်ယာဉ်ပျံတစ်စင်းက လွင့်မျောနေ၏။

ယက္ခိုသ်များစွာသည် သူတို့၏ လမ်းကြောင်းများပေါက်ကြားသွားမည်ကို စိုးရိမ်ပူပန်နေပြီး အင်မော်တယ်ယာဉ်ပျံထဲမှာ တစ်ချိန်လုံး ပုန်းကွယ်နေကြ၏။ ထိုအခိုက်အတန့်မှာ သူတို့သည် ပြတင်းတံခါးပေါက်များကနေတစ်ဆင့် ထျန်ဟွမ်ဂိုဏ်း၏ အထက်က တိုက်ပွဲကို စောင့်ကြည့်နေကြ၏။

ယက္ခဘုရင်အကြောက်တရားက နေရာတိုင်းမှာ လိုက်လံသတ်ဖြတ်နေသော်လည်း ဘုရင်တစ်အုပ်စုက အဘက်ဘက်သို့ ထွက်ပြေးသွားကြပြီး သူက လူတိုင်းနောက်ကို မလိုက်နိုင်ပေ။

“ငါတို့တွေအောက်ကိုဆင်းပြီး ကူညီပေးသင့်လား”

ယက္ခိုသ်ဘုရင်တစ်ဦးက ယက္ခိုသ်ယု၏ ရှေ့သို့ရောက်ရှိလာပြီး ညင်သာစွာမေးလိုက်၏။

တမလွန်ကိုးဘုံ အပြစ်သားကုန်းမြေကနေ ထွက်ခွာလာပြီးနောက် အင်မော်တယ်ယာဉ်ပျံပေါ်မှ ယက္ခိုသ်များသည် ယက္ခိုသ်ယု၏ အမိန့်ကို နာခံရမည်ဟု သိုင်းတာအိုပင်မခန္ဓာက အမိန့်ပေးထားခဲ့လေသည်။

ယက္ခိုသ်မျိုးနွယ်သည် သိုင်းတာအိုပင်မခန္ဓာအပေါ် ကြည်ညိုလေးစားမှုနှင့် ကျေးဇူးတင်မှုတို့ဖြင့် ပြည့်နှက်နေ၏။

မည်သို့ပင်ဆိုစေ သိုင်းတာအိုပင်မခန္ဓာသည် သူတို့၏ ဘိုးဘေး ယက္ခိုသ်စင်ကြယ်အပျိုစင်နှင့် တူညီသော နေရာကနေ လာပြီး သူတို့ကို တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကနေ ကယ်ထုတ်ပေးခဲ့လေသည်။

ထို့ကြောင့် ထျန်ဟွမ်ဂိုဏ်းဒုက္ခရောက်နေသည်ကို တွေ့မြင်သောအခါ ယက္ခိုသ်များက ဝင်ရောက်ကူညီပေးလိုကြသည်။

ယက္ခိုသ်ယုက တွေဝေတုံ့ဆိုင်းနေ၏။

“ယုလေး”

ယက္ခိုသ်ဘုရင်တစ်ဦးက ပြောလိုက်၏။

“မင်းစိုးရိမ်နေတာကို ငါသိပါတယ်… ငါတို့ရဲ့ လမ်းကြောင်းက ပေါက်ကြားသွားမယ်ဆိုရင် ငါတို့ရဲ့ အသက်တွေက အန္တာရာယ်ရှိရုံတင်မကဘူး… ငါတို့က ငါတို့မျိုးနွယ်ကိုပါ ရောပါဒုက္ခရောက်စေလိမ့်မယ်… ငါတို့က အရှင်အထီးကျန်သိုင်းသခင်ကိုပါ ဒုက္ခရောက်စေနိုင်တယ်”

“ဒါပေမဲ့ ငါတို့မျိုးနွယ်က ယက္ခိုသ်အမျိုးသမီးတွေက အပေါ်ယံမှာကြည့်ရင် လူသားတွေနဲ့ ကွာခြားမှုမရှိဘူး… သူတို့တွေက ယက္ခိုသ်မျိုးနွယ်ရဲ့ လျှို့ဝှက်အတတ်တွေကို မထုတ်ဖော်သရွေ့… သူတို့ဝင်ရောက်တဲ့အချိန်မှာ လူသားမစားသရွေ့ ဘယ်သူကမှ သူတို့ကို ထွင်းဖောက်မြင်နိုင်မှာမဟုတ်ဘူး”

“အဲလိုဆိုရင်တော့ ဟုတ်လောက်တယ်”

ယက္ခိုသ်ယုက ခေါင်းညိတ်လိုက်၏။

“ဒါဆိုရင် အဲဒီဘုရင်တွေအားလုံးကို သတ်ဖြတ်ဖို့အတွက် ကျွန်မ ရှင်တို့ကို ဒုက္ခပေးရတော့မှာပဲ”

ခဏမျှရပ်တန့်ပြီးနောက် ယက္ခိုသ်ယုက ထပ်မံ၍ သတိပေးလိုက်၏။

“ကျေးဇူးပြုပြီး ရှင့်တို့ ကိုယ့်ကိုကိုယ်ချုပ်တည်းထားကြပါ.. လူသားမစားမိစေနဲ့”

“ကောင်းပါပြီ”

“ပြဿနာမရှိဘူး”

ထိုစကားကိုကြားသောအခါ ယက္ခိုသ်ဘုရင်မများက အားတက်သရောရှိလာပြီး သူတို့၏ မျက်လုံးများက ဝင်းလက်သွား၏။

အင်မော်တယ်ယာဉ်ပျံပေါ်မှာ ယက္ခိုသ်ဘုရင်ရာချီနှင့်အတူ ယက္ခိုသ်ပေါင်းသန်းရာချီရှိနေ၏။

ဘုရင်ပညာရှင်များကြားမှာ ယက္ခိုသ်အမျိုးသမီးတစ်ရာကျော်ရှိလေသည်။

ယက္ခိုသ်မျိုးနွယ်သည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ပိတ်လှောင်ခံထားရပြီး သူတို့သည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ မကြာခဏ ရိုက်နှက်ခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံရလေသည်။ ခုခံဆန့်ကျင်နိုင်ခြင်းမရှိဘဲ သူတို့က မွန်းကျပ်ဖွယ်ရာ ခံစားနေခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သည်။

ယခု သူတို့သည် တိုက်ခိုက်ဖို့အခွင့်အရေးတစ်ခုရရှိလာပြီး သူတို့သည် ယက္ခဘုရင်အကြောက်တရားထက်ပင် ပို၍စိတ်လှုပ်ရှားတက်ကြွနေ၏။

ယက္ခဘုရင်ရာချီများထဲ အမျိုးသားများကတော့ သူတို့မှာ ခါးသက်သောအမူအရာများရှိနေပြီး မနာလိုအားကျနေ၏။ သူတို့က သူတို့ကိုယ်သူ ယောင်္ကျားဖြစ်ရခြင်းကိုပင် မုန်းတီးနေကြလေသည်။

တိုက်ပွဲနယ်မြေမှာ။

ယက္ခဘုရင်အကြောက်တရား၏ လိုက်လံသတ်ဖြတ်မှုအောက်မှာ ဘုရင်သုံးဆယ့်သုံးဦးထဲမှ နှစ်ဆယ်သာလျှင် တစ်ခဏချင်းမှာ ထွက်ခွာလာနိုင်ခဲ့သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကျန်ရှိနေသော ဘုရင်များသည် အဘက်ဘက်ကိုပြန့်ကျဲသွားပြီဖြစ်ပြီး သူတို့သည် ယက္ခဘုရင်အကြောက်တရားထံကနေ ဝေးကွာလာခဲ့သည်။

သူတို့သည် တိုက်ပွဲနယ်မြေထံကနေ ထွက်ခွာလာနိုင်သည်နှင့် သူတို့သည် လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အာကာသဥမင်ထဲသို့ ဝင်ရောက်နိုင်ကြလေသည်။

ထိုစဉ်မှာပင် ဘုရင်တစ်ဦး၏ အကြည့်က ရွေ့လျားသွားပြီး မလှမ်းမကမ်းကြယ်တာရာကောင်းကင်ထဲမှာ လွင့်မျောနေသည့် အလွန်တရာအထက်တန်းကျသော အင်မော်တယ်ယာဉ်ပျံတစ်စင်းကို ရုတ်တရက်တွေ့မြင်လိုက်ရသည်။

“ဟိုမှာပဲ”

ထိုဘုရင်က သူ၏ လမ်းကြောင်းကို ချက်ချင်းပြောင်းလဲပြီး အင်မော်တယ်ယာဉ်ပျံရှိရာသို့ ဦးတည်လိုက်သည်။

သူက အနားသို့ချဉ်းကပ်လာသည့်ခဏမှာပင် ကြော့ရှင်းသောသွင်ပြင်များနှင့် ချောမောလှပသောအမျိုးသမီးတစ်ရာကျောက် ရုတ်တရက်အင်မော်တယ်ယာဉ်ပျံထဲကနေ ခုန်ထွက်ပြီး သူရှိရာသို့ ပြေးဝင်လာလေသည်။

မွှေးရနံ့က ဆွတ်ပျံ့လာခဲ့သည်။

ဘုရင်က ခဏမျှမှင်တက်သွား၏။

ဤအမျိုးသမီးများထဲမှ မည်သူမဆို ရှားရှားပါးပါးအချောအလှတစ်ဦးဖြစ်လေသည်။ ဤကဲ့သို့သော အမျိုးသမီးတစ်ရာကျော်က သူ့ထံသို့ အူယားဖားယားပြေးဝင်လာနေသည်ကို သူက မယုံကြည်နိုင်ပေ။

ဒါ့အပြင် အမျိုးသမီးများ၏ အမူအရာများက တစ်နည်းတစ်ဖုံထူးခြားနေ၏။

သူတို့သည် အလွန်တရာစိတ်လှုပ်ရှားနေပြီး စိတ်ခံစားချက်များ မြင့်မားနေသည့်ပုံပေါ်သည်။

တကယ်ဆို သူတို့၏ မျက်လုံးများကပင် တလက်လက်တောက်ပနေ၏။

“ဘာတွေဖြစ်နေတာလဲ”

ဤကဲ့သို့မှောင်မိုက်သောအချိန်မှာ ဒါက သူတို့အတွက် ကပ်ဘေးကြားက ကောင်းချီးမင်္ဂလာတစ်ခုလား။

သူတို့အတွက် ချစ်ခြင်းမေတ္တာကောင်းချီးမင်္ဂလာများပင် ဖြစ်နေမလား။

“တာအိုရောင်းရင်းတို့ ဖြည်းဖြည်းလုပ်ကြပါ… အရမ်းကြီးစုပြုံပြီး…”

ထိုဘုရင်က စကားပြောလိုက်စဉ်မှာပင် အမျိုးသမီးယက္ခိုသ်တစ်အုပ်စုက ရှေ့သို့ပြေးဝင်လာပြီး သူ့ကို ဝိုင်းပတ်လိုက်လေသည်။

လေထဲမှာသွေးမြူတစ်ခုပေါ်ထွက်လာပြီး ထိုဘုရင်သည် ချက်ချင်းပင် အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရသည်။

ယက္ခိုသ်တစ်ရာကျော် တိုက်ခိုက်လာခြင်းနှင့်အတူ ဤဘုရင်သည် အခြားသူများထက်ပင် ပို၍ဆိုးဆိုးဝါးဝါးသေဆုံးသွားရသည်။

ကြယ်တာရာကောင်းကင်ထဲမှာ စိစိညက်ညက်ကြေနေသော အသားလုံးတစ်လုံးသာလျှင် ကျန်ရစ်ခဲ့ပြီး သူ၏ လူပုံသဏ္ဌာန်ကို ဆက်လက်၍ မတွေ့မြင်ရတော့ပေ။

ယက္ခိုသ်ဘုရင်မတစ်ရာကျော်ကျော်သည် အလင်းတန်းများအသွင်ပြောင်းလဲပြီး ထွက်ပြေးနေသော ဘုရင်များနောက်သို့ ပြေးလိုက်လာကြသည်။

ကျန်ရှိနေသော ဘုရင်များသည် ယက္ခဘုရင်အကြောက်တရားကြောင့် လိပ်ပြာလွင့်မတတ်ကြောက်လန့်နေပြီး စိတ်ပျက်အားငယ်မှုကို ခံစားနေကြရပြီဖြစ်သည်။

ယခု သူတို့သည် ယက္ခိုသ်ဘုရင်မတစ်ရာကျော်ကျော်၏ ပစ်မှတ်ထားခြင်းခံရပြီး သူတို့မှာ တကယ်ပင် ထွက်လမ်းမရှိတော့ပေ။

ဘုရင်အန်ရှစ်ဘက်မှာ ဘုရင်ဆယ်ဦးကျော်သာလျှင် ကျန်တော့လေသည်။

ယက္ခိုသ်တစ်ရာကျော်ကျော်နှင့်ရင်ဆိုင်ရချိန်မှာ ပျမ်းမျှအားဖြင့် လူတစ်ယောက်သည် ယက္ခိုသ်ဆယ်ကျော်ကျော်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံထားရလေသည်။

သူတို့အတွက် သားကောင်းအရေအတွက်က တကယ်ပင်ချို့တဲ့လွန်းနေသည်။

ဒါ့အပြင် ယက္ခိုသ်မျိုးနွယ်သည် လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်မှာ အတော်ဆုံးဖြစ်သည်။

ဤဘုရင်များ၏ လှုပ်ရှားမှုနည်းစနစ်များက ဘယ်လောက်ပင်မြန်ဆန်သည်ဖြစ်စေ သူတို့သည် ယက္ခိုသ်များ၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ခြင်း မရှိပေ။

“ဘုရင်အန်ရှစ်… မင်းငါတို့ကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာပဲ”

ဘုရင်တစ်ပါးက မသေဆုံးခင် သူက ပူဆွေးဝမ်းနည်းမှုနှင့် မကျေမချမ်းမှုဖြင့် အော်ဟစ်လိုက်သည်။

သူတို့သည် ဤတစ်ခေါက် ဤနေရာသို့ ရောက်ရှိလာခဲ့သည်မှာ ထျန်ဟွမ်ဂိုဏ်းသည် ကောင်းကင်အဆင့် အဖွဲ့အစည်းများကြားမှာ အောက်ဆုံးအဆင့်တွင် ရှိပြီး ကြောက်စရာဘာမှမရှိဟု ဘုရင်အန်ရှစ်က သူတို့ကိုပြောခဲ့သောကြောင့်ဖြစ်လေသည်။ ထိုနေရာမှာ ဘုရင်တချို့သာရှိပြီး သူတို့အားလုံးက သာမန်ဘုရင်များဖြစ်သည်ဟုပင် သူက ပြောခဲ့လေသည်။

ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားနှင့်အတူ နေရာတိုင်းမှာ လူသားများကို ဖမ်းဆီး၍ စားသောက်နေသော မွန်းစတားတစ်ကောင်က ပေါ်ထွက်လာလိမ့်မည်ဟု ဘယ်သူက တွေးမိခဲ့ပါ့မလဲ။

တစ်ဘက်မှာတော့ ဘုရင်ပညာရှင်တစ်ရာကျော်ကျော်က ရုတ်တရက်ပေါ်ထွက်လာပြီး သူတို့လမ်းကြောင်းများကို ပိတ်ဆို့တားဆီးထားလေသည်။

ဤဂိုဏ်းကို အောက်ဆုံးအဆင့် ကောင်းကင်အဆင့် အဖွဲ့အစည်းဟု ဘယ်လိုလုပ်ခေါ်ဆိုနိုင်မှာလဲ။

ဤမျှများပြားသော ဘုရင်ပညာရှင်များနှင့်အတူ သူတို့က ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်မည်ဆိုလျှင် သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံကိုပင် ချေမှုန်းဖျက်ဆီးနိုင်လောက်လေသည်။

All Chapters