← Chapters

ငါ အုပ်ချုပ်မယ်

Vol. 195 Ch. 2913

ငါ အုပ်ချုပ်မယ်

Vol. 195 Ch. 2913

ထျန်ဟွမ်ဂိုဏ်းမှာ။

ဤဂိုဏ်းမှာ နေရစ်ဖို့ရွေးချယ်ခဲ့သော ဘုရင်တချို့သည် ကြက်သေသေ၍ သူတို့၏ စိတ်ခံစားချက်များက မတည်မငြိမ်ဖြစ်နေ၏။

ဘုရင်သုံးဆယ့်သုံးပါး ဆင်းသက်လာသောအခါ သူတို့သည် စိတ်ပျက်အားငယ်နေပြီး စောလျင်စွာ မထွက်ခွာခဲ့မိသည့်အတွက် နောင်တရမိနေ၏။

ထို့နောက် ယက္ခဘုရင်အကြောက်တရား၏ ပေါ်ထွက်လာမှုက သူတို့ကို မျှော်လင့်ချက်ပြန်ရလာစေသည်။

ယခု ကြောက်စရာကောင်းသော ဘုရင်ပညာရှင်တစ်ရာကျော်က ရုတ်တရက်ပေါ်ထွက်လာ၏။ သူတို့က တကယ့်ကို အံ့အားသင့်မှင်တက်နေလေသည်။

လက်စသတ်တော့ ထျန်ဟွမ်ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဒါလား။

ဖုန့်စန်းထျန်၊ နတ်ဆိုးမကျိနှင့် အခြားသူများက နေရာမှာတင် မှင်တက်နေကြ၏။

ယက္ခဘုရင်အကြောက်တရား၏ ပေါ်ထွက်လာမှုကို အနည်းငယ်နားလည်လက်ခံ၍ ရနိုင်၏။ မည်သို့ပင်ဆိုစေ တစ်ဘက်သူသည် စိတ်ခံစားချက်ခုနှစ်မျိုးထဲမှ အကြောက်တရားဟု သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုပြီး သူက ထျန်ဟွမ်ဂိုဏ်းနှင့် ပတ်သက်ဆက်စပ်မှုရှိနေနိုင်သည်။

ကြယ်တာရာကောင်းကင်ထဲ ဘုရင်တစ်ရာကျော်ကျော်က ဘယ်နေရာနေ ရောက်လာတာလဲ။

“ဟမ်”

ထိုစဉ်မှာပင် နတ်ဆိုးမကျိ၏ မျက်လုံးက တဖျတ်ဖျတ်လက်သွားပြီး သူမက ရင်တစ်ချက်ထိတ်သွား၏။

“ဘာဖြစ်လို့လဲ”

နတ်ဆိုးမကျိ၏ အမူအရာအပြောင်းအလဲကို အာရုံခံရင်း ဖုန့်စန်းထျန်က တစ်ချက်ကြည့်ကာမေးလိုက်၏။

နတ်ဆိုးမကျိက လှည့်ပတ်ကြည့်ရှုပြီး သူမ၏ စိတ်ဝိညာဉ်အသိစိတ်နှင့်အတူ အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဒီဘုရင်ပညာရှင်တွေက လူသားတွေမဟုတ်ဘူး… ယက္ခိုသ်တွေပဲ”

သူမသည် မဟာဧကရီတမလွန်ကိုးဘုံ၏ အမွေအနှစ်ကို ရရှိထားလေသည်။

မဟာဧကရီတမလွန်ကိုးဘုံကတော့ သူမသည် ယက္ခိုသ်စင်ကြယ်အပျိုစင်ဖြစ်သည်။ ယက္ခိုသ်မျိုးနွယ်မှ အမျိုးသမီးများသည် လူသားများနှင့် မကွာခြားသော်လည်း နတ်ဆိုးမကျိက သူတို့၏ နောက်ခံကို တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်သည်။

ယက္ခိုသ်မျိုးနွယ်လား”

ဖုန့်စန်းထျန်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။

ဤမျှများပြားသော ယက္ခိုသ်ဘုရင်ပညာရှင်များက ထျန်ဟွမ်ဂိုဏ်းကို ဘာ့ကြောင့်ကူညီပေးလာရတာလဲ။

ခဏနေပြီးနောက် ဘုရင်အန်ရှစ်ခေါ်ဆောင်လာခဲ့သော ဘုရင်သုံးဆယ့်သုံးဦးထဲမှ များစွာမကျန်ရှိတော့ပေ။ ဘုရင်အန်ရှစ်ကတော့ သူသည် ယက္ခဘုရင်အကြောက်တရား၏ ပစ်မှတ်ထားခံနေရပြီဖြစ်သည်။

ဘုရင်အန်ရှစ်သည် အန္တိမအင်မော်တယ်ဘုရင်တစ်ပါးသာဖြစ်ပြီး သူက ယက္ခဘုရင်အကြောက်တရားကို မယှဉ်နိုင်ပေ။

တစ်ချက်မျှ တိုက်ခိုက်ဖလှယ်ရုံနှင့် ဘုရင်အန်ရှစ်၏ ကောင်းကင်လိုဏ်ဂူက ပြိုကျသွား၏။ တစ်ခဏချင်းမှာပင် သူသည် ယက္ခဘုရင်အကြောက်တရား၏ ဖမ်းချုပ်ခြင်းခံလိုက်ရပြီး သတ်ဖြတ်ခံရဖို့ စောင့်ဆိုင်းနေသော သိုးငယ်တစ်ကောင်ကဲ့သို့ သူ၏ ဧရာမလက်ဖဝါးထဲကနေ ရုန်းမထွက်နိုင်ပေ။

“နေပါဦး”

ဖုန့်စန်းထျန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်လှမ်းအော်ပြောလိုက်၏။ သို့သော်လည်း သူက အနည်းငယ်နောက်ကျသွားဆဲဖြစ်သည်။

ကြယ်တာရာကောင်းကင်ထဲမှာ ယက္ခဘုရင်အကြောက်တရားက သူ၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟပြီး ဘုရင်အန်ရှစ်၏ ဦးခေါင်းကို ကိုက်ချလိုက်ပြီဖြစ်ကာ အားရပါးရစားသောက်နေ၏။

ဘုရင်အန်ရှစ်၏ အမြုတေစိတ်ဝိညာဉ်က သူ၏ အစာအိမ်ထဲသို့ ကျဆင်းသွားပြီး ထိုသူက နေရာမှာတင် သေဆုံးသွားသည်။

ဖုန့်စန်းထျန်၏ အသံကို ကြားရပြီးနောက် ယက္ခဘုရင်အကြောက်တရားက သူ၏ လှုပ်ရှားမှုကို ရပ်တန့်ကာ မြေပြင်ပေါ်မှာရှိသော ဖုန့်စန်းထျန်ကို လှမ်းကြည့်လိုက်၏။ သူက ဘုရင်အန်ရှစ်၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြပြီး ကိုက်ရင်းဝါးရင် ဗလုံးဗထွေးဖြင့် လှမ်းပြောလိုက်၏။

“ဘာလို့လဲ.. မင်းလဲ တစ်ဝက်စားချင်လို့လား”

ဖုန့်စန်းထျန်က သူ၏ ခေါင်းကို အလောတကြီးခါပြလိုက်သည်။

သူသည် ဘုရင်အန်ရှစ်၏ အသက်ကို ချမ်းသာပေးလိုသောကြောင့် မဟုတ်ပေ။ သို့သော်လည်း သူသည် ဖုန့်ကျစ်ရီကို သူမ၏ မိဘများအတွက် ကိုယ်တိုင်လက်စားချေရန် ဘုရင်အန်ရှစ်ကို ကိုယ်တိုင်သတ်ဖြတ်စေလိုသည်။

ဖုန့်ကျစ်ရီသည် ထျန်ဟွမ်ဂိုဏ်းသို့ ရောက်ရှိလာပြီးနောက် သူမသည် သူမ၏ အဖိုး ဖုန့်စန်းထျန်နှင့် ပြန်လည်ဆုံစည်းနိုင်ခဲ့သော်လည်း သူမသည် နှုတ်ဆိတ်နေဆဲဖြစ်ပြီး စိတ်ခံစားချက်များကို ထုတ်ဖော်ပြသလေ့မရှိပေ။

ဖုန့်ကျစ်ရီသည် ငယ်ရွယ်စဉ်က သူမမိဘများ သေဆုံးခြင်းကနေ ထိုးနှက်ချက်တစ်ခုကို တွေ့ကြုံခံစားထားရပြီး သူမမှာ ဤကဲ့သို့ စိတ်နေစရိုက်ရှိလာသည်ကို ဖုန့်စန်းထျန်က သိရှိထားလေသည်။

သူသည် ဖုန့်ကျစ်ရီ၏ ရင်ထဲရှိအထုံးကို ဖြေဖျောက်ပေးရန် ဤအခွင့်အလမ်းကို အသုံးချလိုခဲ့သည်။

“တာအိုရောင်းရင်း… ခင်ဗျားသူ့ကို ကျုပ်ဆီလွှဲပေးလို့ရမလား”

ဖုန့်စန်းထျန်က လက်နှစ်ဖက်ကိုယှက်ပြီး မေးလိုက်၏။

“မင်းလိုချင်ရင်ယူလေ ရော့”

ယက္ခဘုရင်အကြောက်တရားက သူ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်ပြီး သတိပေးလိုက်၏။

“ဒါပေမဲ့ အဲဒီလူရဲ့ အသားအရသာက ပုံမှန်ပဲနော်… အဲဒါက ချုံးချီရဲ့အသားထက် အများကြီးပိုညံ့တယ်”

ဘုန်းခနဲမြည်သံက ထွက်ပေါ်လာ၏။

ဘုရင်အန်ရှစ်၏ ရုပ်အလောင်းကို ယက္ခဘုရင်အကြောက်တရားက ဖုန့်စန်းထျန်ရှေ့သို့ သာမန်ကာလျှံကာ ပစ်ထုတ်ပေးလိုက်၏။

ဖုန့်ကျစ်ရီသည် ထိတ်လန့်တကြားအမူအရာနှင့် မကျေမချမ်းအမူအရာနှင့်အတူ ဆိုးဆိုးဝါးဝါးသေဆုံးနေပြီဖြစ်သော ဘုရင်အန်ရှစ်ကို ကြည့်လိုက်၏။ နှစ်ပေါင်းများစွာကြာအောင် သူမဖိနှိမ်ထားသည့် စိတ်ခံစားချက်များက နောက်ဆုံးမှာထွက်ပေါ်လာပြီး မျက်ရည်များက စီးကျလာလေသည်။

သူမသည် ဤနေ့ကို စောင့်ဆိုင်းနေခဲ့သည်မှာ အရမ်းကို ကြာသွားခဲ့ပြီဖြစ်သည်။

တစ်ဘက်မှာတော့ တိုက်ပွဲက အဆုံးသတ်သွားခဲ့လေပြီ။

ဘုရင်အန်ရှစ်အပါအဝင် စုစုပေါင်း ဘုရင်သုံးဆယ့်သုံးဦးစလုံးက ခြွင်းချက်မရှိသေဆုံးသွားသည်။

တကယ်ဆို ယက္ခိုသ်များသည် တိုက်ပွဲမြေကိုပင် ရှင်းလင်းပြီး ဖြစ်နိုင်သမျှ ခြေရာလက်ရာများကို ဖျောက်ဖျက်ကာ ထျန်ဟွမ်ဂိုဏ်းသို့ ရောက်ရှိလာကြသည်။

သူတို့က သူတို့ရရှိထားသည့် စစ်ပွဲအကျိုးအမြတ်များစွာကို ဖုန့်စန်းထျန်နှင့် အခြားသူများထံ ကမ်းပေးလိုက်လေသည်။

ဖုန့်စန်းထျန်က ပို၍ပင် တွေဝေရှုပ်ထွေးသွားပြီး လက်ကာပြလိုက်၏။

“တာအိုရောင်းရင်းတို့ ခင်ဗျားတို့ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်… ဒီရတနာတွေက ခင်ဗျားတို့အပိုင်ပါပဲ”

ယက္ခိုသ်များက အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းခါပြကာ စစ်ပွဲအကျိုးအမြတ်များကို ဖုန့်စန်းထျန်နှင့် အခြားသူများရှေ့မှာ ပုံချပေးလိုက်၏။

ဤဂိုဏ်းကို အရှင်အထီးကျန်သိုင်းသခင်က တည်ထောင်ထားလေသည်။ သူတို့က သူတို့အပေါ် ဘယ်လိုလုပ် အမြတ်ထုတ်ရဲပါ့မလဲ။

ထိုစဉ်မှာပင် နောက်ထပ်အမျိုးသမီးတစ်ဦးက လူတိုင်း၏ ရှေ့သို့ ဖြည်းဖြည်းချင်းဆင်းသက်လာသည်။

မင်းကျန်၊ ယန်ပေးချန်နှင့် နတ်ဆိုးမကျိတို့၏ အမူအရာများက ရောက်ရှိလာသူကို တွေ့မြင်သောအခါ ပြောင်းလဲသွားကြသည်။ သိပ်မကြာခင် သူတို့က သူမ၏ သရုပ်သကန်ကို မှတ်မိသွားပြီး အံ့အားသင့်သွားလေသည်။

ဤအမျိုးသမီးသည်လည်း ထျန်ဟွမ်ကုန်းမြေတိုက်ကပင်ဖြစ်ပြီး သူတို့နှင့် မျိုးဆက်တူကနေလာသော ယက္ခိုသ်ယုဖြစ်လေသည်။

“အဲဒါ နင်လား”

နတ်ဆိုးမကျိက မေးလိုက်မိ၏။

ယက္ခိုသ်ယုက ခေါင်းညိတ်၍ နတ်ဆိုးမကျိနှင့် အခြားသူများကို ပြုံးပြကာ ပြန်နှုတ်ဆက်လိုက်၏။

တစ်ချိန်တည်းမှာပင် သူမသည် တခြားသူများ မထောက်လှမ်းနိုင်အောင် ဘေးပတ်ဝန်းကျင်ကို ချိပ်ပိတ်ဖို့ သူမ၏ ဘေးပတ်လည်မှာရှိသော ယက္ခိုသ်တစ်ရာကျော်ကို အမူအယာပြလိုက်၏။

“မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက်သိကြတာလား”

ဖုန့်စန်းထျန်က မေးလိုက်သည်။

သူသည်လည်းပဲ ထျန်ဟွမ်ကုန်းမြေတိုက်က ဖြစ်သော်လည်း သူသည် တက်လှမ်းလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး ယက္ခိုသ်ယုကို မသိရှိပေ။

နတ်ဆိုးမကျိက ခေါင်းညိတ်ပြီး ယက္ခိုသ်ယု၏ နောက်ခံကို အတိုချုံးရှင်းပြလိုက်၏။

“အစ်မယု နင်ငါတို့ကို ဘယ်လိုရှာတွေ့သွားတာလဲ”

နတ်ဆိုးမကျိက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။

“နောက်ပြီး ဒီယက္ခိုသ်ပညာရှင်တွေနဲ့ ဘယ်လိုပတ်သက်တာလဲ”

“အဲဒါက သခင့်ဆီက အမိန့်ပဲ”

ယက္ခိုသ်ယုက လူတိုင်း၏ တွေဝေရှုပ်ထွေးနေသော အမူအရာကို တွေ့မြင်သောအခါ ထပ်ပြောလိုက်၏။

“သခင်ဆိုတာ သခင်အထီးကျန်သိုင်းသခင်လေ”

ထို့နောက် ယက္ခိုသ်ယုသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှ ကိစ္စကို အတိုချုံးပြန်ပြောပြပြီးနောက် သူမအား သိုင်းတာအိုပင်မခန္ဓာပေးထားသည့် သတင်းပို့အဆောင်ကို ထုတ်ယူကာ နတ်ဆိုးမကျိကို ကမ်းပေးလိုက်၏။

အဲဒါသည် သိုင်းတာအိုပင်မခန္ဓာ၏ အသံဖြစ်ပြီး မှားစရာမရှိနိုင်ပေ။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ”

ဖုန့်စန်းထျန်က ညင်သာစွာတီးတိုးရေရွတ်လိုက်သည်။

သူ့ကို ဘုရင်ကျင်းက အကျဉ်းမချခင်က သူသည် ထိုနေရာကို တကယ်ပင်ကြားဖူးထားခဲ့သည်။

သို့သော်လည်း သူက ထိုနေရာသို့ ဘယ်တုန်းကမှ မရောက်ရှိခဲ့ဖူးပေ။

ဤယက္ခိုသ်များသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချခံထားရသည်ကို ကြားသိရသောအခါ နတ်ဆိုးမကျိက သူတို့အပေါ် စာနာသနားမိလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ ညွှန်ကြားမှုမရှိလျှင်တောင် သူမသည် မဟာဧကရိတမလွန်ကိုးဘုံ၏ အမွေအနှစ်ကို ရရှိထားပြီးနောက် သူမ၏ ဤမျိုးဆက်များကို နေရာထိုင်ခင်းချပေးရပေမည်။

နတ်ဆိုးမကျိက ပြောလိုက်၏။

“မပူပါနဲ့… အားလုံးပဲ အဲဒီအမွေအနှစ်ကုန်းမြေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အစပ်မှာတည်ရှိတယ်… အဲဒါက အရမ်းကို တိတ်ဆိတ်ငြိမ်သက်ပြီး ထူးခြားတဲ့နည်းလမ်းတစ်ခုခုမရှိဘဲ ရှာဖွေထောက်လှမ်းဖို့မလွယ်ကူတဲ့ ကြယ်တာရာကောင်းကင်ထဲက စွန့်ပစ်အကွက်တစ်ကွက်ပဲ”

“ကျေးဇူးတင်ပါတယ် မိန်းမပျိုကျိ”

ယက္ခိုသ်ယုက ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။

အခြားတစ်ဘက်မှာ။

ယက္ခဘုရင်အကြောက်တရားက ဘေးပတ်လည်မှာ လှည့်ပတ်လျှောက်သွားပြီး ဖုန့်စန်းထျန်ကိုကြည့်ကာ မေးလိုက်သည်။

“မင်းက ဒီနေရာမှာခေါင်းဆောင်လား”

“ဟုတ်ပါတယ်”

ဖုန့်စန်းထျန်က ခေါင်းညိတ်ပြလိုက်သည်။

ယက္ခုဘုရင်အကြောက်တရားက သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

“မင်းရဲ့ ကျင့်ကြံမှုက တော်တော်ညံ့ဖျင်းနေတာပဲ… မင်းရဲ့ တိုက်ခိုက်ရည်ခွန်အားကလည်း သိပ်မစွံဘူး… ဒါကြောင့် မင်းတည်ထောင်ထားတဲ့ ပိုင်နက်နယ်မြေက ဒီလောက်ထိကျဉ်းမြောင်းနေတာကိုး”

ယက္ခဘုရင်အကြောက်တရားသည် သူ့ရင်ထဲရှိ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားပေ။

ဖုန့်စန်းထျန်နှင့် အခြားသူများက ထိုစကားကိုကြားသောအခါ မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထျန်ဟွမ်ကုန်းမြေတိုက်မှလူတိုင်းက ထိုစကားနှင့်ပတ်သက်၍ မကျေနပ်သော်လည်း တစ်ဘက်သူက မည်သို့ပင်ဆိုစေ ယခုတင် သူတို့ကို ကယ်တင်ထားပြီး သူတို့က ခုခံ ငြင်းဆန်နိုင်ခြင်းမရှိပေ။

“စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေထဲမှာ မင်းက ဘယ်တစ်ယောက်လဲ”

ယက္ခဘုရင်အကြောက်တရားက ထပ်မံ၍ မေးလိုက်၏။

“ကျုပ်က စိတ်ခံစားချက်ခုနှစ်မျိုးထဲက အမျက်ဒေါသပဲ”

ဖုန့်စန်းထျန်က ပြန်ဖြေလိုက်၏။

“ဟုတ်ပြီလေ… ဒါဆို ဒီလိုလုပ်ရအောင်”

ယက္ခဘုရင်အကြောက်တရားက သူ၏ အကျည်းတန်သော လက်သည်းများကို ဆန့်ထုတ်ပြီး ဖုန့်စန်းထျန်၏ ပခုံးကိုပုတ်ကာ သာမန်ကာလျှံကာပြောလိုက်၏။

“ဒီနေ့ကစပြီး ဒီနေရာက ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာပဲ… မင်းတို့တွေအားလုံးငါ့စကားကို နားထောင်ရမယ်”

“ဒီနေ့ကစပြီး ငါက စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေကို အုပ်ချုပ်မယ်… နားလည်လား”

ထိုသို့ပြောရင်း ယက္ခဘုရင်အကြောက်တရားက ဖုန့်စန်းထျန်နှင့် အခြားသူများကို ကြမ်းကြုတ်ခက်ထန်၍ ခြိမ်းခြောက်လိုသောအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။

သူသည် ပင်ကိုယ်သဘာဝအလျောက် ကြမ်းကြုတ်ခက်ထန်ပြီး မတော်မတရားပြုမူတတ်လေသည်။ သိုင်းတာအိုပင်မခန္ဓာက လွဲလျှင် တခြားမည်သူကမှ သူ့ကိုမဖိနှိမ်နိုင်ပေ။

All Chapters