ဘုရင်အကြောက်တရား၏ ဦးညွှတ်မှု
Vol. 195 Ch. 2914
တကယ်တော့ ယက္ခဘုရင် အကြောက်တရားသည် သိုင်းတာအိုပင်မခန္ဓာကို သစ္စာမဖောက်ရဲပေ။ သို့သော်လည်း သူ၏ ထင်မြင်ချက်အရ သူသည် စိတ်ခံစားချက်ခုနစ်မျိုး မိစ္ဆာတပ်မှူးများကြားမှ ပထမနေရာတွင် ရပ်တည်ရပေမည်။
ဖုန့်စန်းထျန်က တစ်ခုခုမပြောရခင် ယက္ခိုသ်ယုက ရုတ်တရက် အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး စိမ်းသက်သောလေသံဖြင့် ပြောလိုက်၏။
“သခင်က ရှင့်ကို ထျန်ဟွမ်ဂိုဏ်းကို ကူညီခိုင်းလိုက်တာ… ဒါပေမဲ့ ရှင့်ကို ဦးဆောင်ပါလို့ မပြောခဲ့ဘူး… ရှင်က ဆုံးဖြတ်ချက်ကို ကိုယ့်သဘောနဲ့ကိုယ်မချတာ အကောင်းဆုံးဖြစ်လိမ့်မယ်”
“နောက်ပြီး ဒီလူတွေအားလုံးက သခင့်ရဲ့ မိတ်ဆွေဟောင်းတွေပဲ… ရှင်က အစေခံတစ်ဦးပဲ… ကိုယ့်နေရာကိုယ်သိစမ်းပါ”
ယက္ခဘုရင် အကြောက်တရားက ထိုစကားကို ကြားသောအခါ သူ၏ အမူအရာက ညိုမည်းသွားလေသည်။ သူက ယက္ခိုသ်ယုကို တစ်ချက်ကြည့်ပြီးနောက် အံကိုကြိတ်ကာ အေးစက်စွာ ပြောလိုက်၏။
“ဘာလို့လဲ… ကလေးမ… နင်က ငါ့ကို လက်ညှိုးလာထိုးချင်လို့လား… နင်က...”
ယက္ခဘုရင် အကြောက်တရား၏ စကားမဆုံးသေးခင်မှာပင် သူ၏ အသံက ယတိပြတ် ရပ်တန့်သွား၏။ သူ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးထဲမှာ ကြောက်ရွံ့မှုက ပေါ်ထွက်လာ၏။
“မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်”
ရုတ်တရက် ယက္ခဘုရင် အကြောက်တရား၏ စိတ်ထဲမှာ အသံတစ်သံ ပေါ်ထွက်လာ၏။
ထိုအသံသည် သိုင်းတာအိုပင်မခန္ဓာ၏ အသံဖြစ်သည်။
“သခင်… သခင်… ကျုပ်ခင်ဗျားကို သစ္စာမဖောက်ဘူးနော်။”
ယက္ခဘုရင် အကြောက်တရားက ထိတ်လန့်သွားပြီး မြေပြင်ပေါ်မှာ ဒူးထောက်ချကာ တုန်ယင်နေသော အသံဖြင့် အလောတကြီး ရှင်းပြလိုက်၏။
“ကျုပ်… ကျုပ်က ထျန်ဟွမ်ဂိုဏ်းရဲ့ ခွန်အားကို ပိုပြီးသန်မာလာအောင် ကူညီပေးချင်ရုံပဲ… ကျုပ်မှာ တခြားဘာစိတ်မှ မရှိဘူး”
တစ္ဆေကမ္ဘာမှာတုန်းက ယက္ခဘုရင် အကြောက်တရားသည် သူ၏ ဝိညာဉ်တစ်စကို ကမ်းလှမ်းခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာကို ဘယ်တော့မှ သစ္စာမဖောက်ဟု တာအိုသစ္စာတစ်ခု ကျိန်ဆိုခဲ့သည်။
ယက္ခဘုရင် အကြောက်တရားမှာ ပုန်ကန်လိုသည့် မည်သည့်စိတ်မှ တကယ်ပင် မရှိပေ။ သူသည် ဖုန့်စန်းထျန်နှင့် အခြားသူများကို ဖိနှိမ်ချင်ရုံသာ ဖြစ်သည်။
သူ့ဘက်မှာ ဖြစ်ပျက်နေသည့် အရာရာတိုင်းကို အာရုံခံနိုင်သည့် ဤကဲ့သို့သော နည်းလမ်းများ သိုင်းတာအိုပင်မခန္ဓာမှာ ရှိနေလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ပေ။
တကယ်တော့ ယက္ခဘုရင် အကြောက်တရားက သူ၏ ဝိညာဉ်ကို ကမ်းလှမ်းခဲ့စဉ် သိုင်းတာအိုပင်မခန္ဓာသည် ၎င်းကို အသုံးချကာ နောက်ချန်အစီအစဉ်တစ်ခုကို ချန်ထားခဲ့လေသည်။
ဖုန့်စန်းထျန်နှင့် အခြားသူများသည် ယက္ခဘုရင် အကြောက်တရား၏ ရုတ်တရက်ဆန်သော အပြုအမူမှာ တုန်လှုပ်သွားကြ၏။
စောစောက ကြမ်းကြုတ်ခက်ထန်၍ သွေးဆာရက်စက်သော မွန်းစတားသည် ရုတ်တရက် မြေပြင်ပေါ်မှာ ဒူးထောက်ချပြီး ပြင်းထန်သော ကြောက်ရွံ့မှုကို ခံစားနေရသည့်အလား တဆတ်ဆတ် တုန်ယင်နေ၏။
“မင်းက စိတ်ခံစားချက်ခုနစ်မျိုး မိစ္ဆာတပ်မှူးတွေထဲမှာ နောက်ဆုံးကနေ ရပ်တည်ရမယ်… အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသရဲ့ အမိန့်ကို နားထောင်… မနာခံဘဲမနေနဲ့”
သိုင်းတာအိုပင်မခန္ဓာ၏ အသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။ သူ၏ လေသံက တည်ငြိမ်နေသော်လည်း ပြန်လှန်မေးခွန်းမထုတ်ဝံ့သော စွမ်းအားနှင့် ပြည့်နှက်နေ၏။
ဒါ့အပြင် ယက္ခဘုရင် အကြောက်တရားသည် သိုင်းတာအိုပင်မခန္ဓာ၏ လေသံမှ ခြိမ်းခြောက်မှုကိုပင် အာရုံခံမိနေ၏။
တကယ်ဆို သူက သဘောမတူလိုသည့် နောက်ထပ်စကားတစ်ခွန်း ပြောဆိုမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ကို သတ်ဖြတ်ပစ်လိမ့်မည်ဟုပင် သူက သံသယဝင်မိသည်။
“ကျုပ် နားလည်ပါပြီ”
ယက္ခဘုရင် အကြောက်တရားက နာခံစွာ ပြန်ဖြေလိုက်သည်။
သူတို့နှစ်ယောက်ကြား အပြန်အလှန်စကားပြောဆိုမှုက ယက္ခဘုရင် အကြောက်တရား၏ စိတ်ထဲမှာ ဖြစ်ပေါ်ခဲ့ပြီး တခြားမည်သူကမှ ဖြစ်ပျက်နေသည့်အရာကို မသိရှိကြပေ။
သို့သော်လည်း ယက္ခဘုရင် အကြောက်တရားက တစ်ဖန်မတ်တတ်ထရပ်လာသောအခါ သူ၏ အစက ဆိုးယုတ်ခက်ထန်သော အော်ရာကို သိသိသာသာ ရုပ်သိမ်းလိုက်၏။
သူက ဖုန့်စန်းထျန်ကို လေးစားစွာ ဦးညွှတ်ပြီး ပြောလိုက်၏။
“အင်မော်တယ်ဘုရင် ကောင်းကင်ဘုံအမျက်ဒေါသ… ခင်ဗျားမှာ အမိန့်ပေးစရာ တစ်ခုခုရှိရင် ကျုပ်ကိုပြောပါ”
နတ်ဆိုးမကျိက ရယ်မော၍ ကျီစယ်လိုက်၏။
“ဟေး… အဲဒီအပြောင်းအလဲက နည်းနည်းတော့ ရုတ်တရက်ဆန်လွန်းမနေဘူးလား”
ယက္ခဘုရင် အကြောက်တရားက နတ်ဆိုးမကျိ၏ လှောင်ပြောင်သရော်ခြင်း ခံရပြီးနောက် မည်သည့်အရာကိုမှ ပြောဆိုရဲခြင်း မရှိပေ။ ထိုအစား သူက သူမကို တတ်နိုင်သမျှ ရင်းနှီးဖော်ရွေစွာ ပြုံးပြလိုက်သည်။
သူသည် စိတ်ခံစားချက်ခုနစ်မျိုး မိစ္ဆာများကြားမှာ နောက်ဆုံးအဆင့်တွင် ရပ်တည်ရမည်ဟု သိုင်းတာအိုပင်မခန္ဓာက ပြောခဲ့လေသည်။ ယခုအချိန်မှစ၍ သူသည် တခြားခြောက်ဦးနှင့် တွေ့ဆုံသည့်အခါ သူ့ကိုယ်သူ ချုပ်တည်းထားရပေမည်။
“ကျုပ်တို့တွေက ဒီလောက်အတိုင်းအတာထိ လုပ်စရာမလိုပါဘူး”
ဖုန့်စန်းထျန်က လက်ကာပြပြီး ယက္ခဘုရင် အကြောက်တရားကို အခက်တွေ့အောင် မလုပ်တော့ပေ။
ယက္ခဘုရင် အကြောက်တရား၏ ပြောင်းလဲမှုသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်စပ်နေမည်ကို လူတိုင်းက အကြမ်းဖျင်းခန့်မှန်းမိနိုင်ကြသည်။
“သခင်က အဲ့လောက်တောင် သန်မာနေပြီလား”
ကောင်းကင်ဘုံဝံပုလွေက မျက်လုံးစွေကြည့်လိုက်၏။ သူသည် ကြွားလုံးထုတ်နိုင်မည့် ဤကဲ့သို့သော ရှားရှားပါးပါး အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။
ကောင်းကင်ဘုံဝံပုလွေက ယက္ခဘုရင် အကြောက်တရား၏ ဘေးသို့ ရောက်ရှိလာပြီး နှစ်သိမ့်ပေးလိုက်၏။
“ရုပ်ဆိုးလေး… ဘာမှ စိတ်ပျက်အားငယ်မနေနဲ့… တက်တက်ကြွကြွနေစမ်းပါ… ငါတို့ တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်ကြရအောင်… ငါက သခင်နဲ့အတူနေလာခဲ့တာ အရမ်းကို ကြာခဲ့ပြီ… မင်း ငါ့ကို အခုကစပြီး အစ်ကိုကြီးဝံပုလွေလို့ ခေါ်လို့ရတယ်”
ဝံပုလွေရိုင်းတစ်ကောင်က ရုတ်တရက် ပေါ်ထွက်လာ၏။
ယက္ခဘုရင် အကြောက်တရားက မုန်းတီးစွာဖြင့် အံကိုတင်းတင်းကြိတ်လိုက်၏။
အရင်တုန်းကသာဆိုလျှင် သူသည် ကောင်းကင်ဘုံဝံပုလွေကဲ့သို့ တစ်စုံတစ်ယောက်ကို ကိုက်ချက်တစ်ချက်တည်းဖြင့် လည်ပင်းကနေ ကိုက်ဖြတ်ပစ်မိပေလိမ့်မည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ယက္ခဘုရင် အကြောက်တရားသည် အံကိုကြိတ်ပြီး သူ၏ မျက်နှာပေါ်ရှိ ကြွက်သားများက တဆတ်ဆတ်လှုပ်လာ၏။ သူက သွားကြားက လေသံဖြင့် ပြောလိုက်လေသည်။
“ကောင်းပါပြီ… အစ်ကိုကြီးဝံပုလွေ”
ဖုန့်စန်းထျန်က ခဏမျှ စဉ်းစားတွေးတောပြီး ရုတ်တရက် ပြောလိုက်၏။
“ဘုရင်အကြောက်တရား… အခုအချိန်မှာ ကျုပ် ခင်ဗျားကို လုပ်ပေးစေချင်တဲ့ ကိစ္စတစ်ခုတော့ တကယ်ပဲ ရှိတယ်”
ဖုန့်စန်းထျန်သည် ယက္ခဘုရင် အကြောက်တရားကို မဟာကျင်းအင်မော်တယ်နိုင်ငံသို့ ဘုရင်အန်ရှစ်၏ ဦးခေါင်းကို ပို့ပေးစေလိုလေသည်။ ထိုသို့ဖြင့် ဘုရင်ကျင်းသည် သူ့သား ဆုံးရှုံးရခြင်း၏ နာကျင်မှုကို ခံစားမိနိုင်ပေမည်။
“ရတယ်လေ… ကိစ္စမရှိဘူး”
ယက္ခဘုရင် အကြောက်တရားက ချက်ချင်းပင် သဘောတူလိုက်သည်။
ဖုန့်စန်းထျန်က ပြောလိုက်၏။
“ဒီခရီးစဉ်က နည်းနည်းတော့ အန္တရာယ်များတယ်… မဟာကျင်းအင်မော်တယ်နိုင်ငံမှာ ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ဧကရာဇ်တစ်ပါး မရှိဘူးဆိုပေမဲ့ လုံခြုံရေးကိုတော့ တော်တော်လေး တင်းကျပ်ထားတယ်… ခင်ဗျားက…”
“ငါ အဲဒီမှာ စိတ်ပြေလက်ပျောက် လူသားနည်းနည်းပါးပါး စားလို့ရလား”
ယက္ခဘုရင် အကြောက်တရားက မေးလိုက်၏။
ဖုန့်စန်းထျန်က ပြောစရာစကား ပျောက်ဆုံးသွားရလေသည်။
ခဏမျှ ငြိမ်သက်ပြီးနောက် သူက ညင်သာစွာ ချောင်းဟန့်လိုက်၏။
“ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားနိုင်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်… ဘုရင်အန်ရှစ်ရဲ့ ခေါင်းကို အဲဒီနေရာမှာ ပစ်ထုတ်ပေးပြီးရင် မလိုအပ်တဲ့ပြဿနာတွေကို ရှောင်လွှဲရအောင် ဒီကို တိုက်ရိုက်ပြန်လာခဲ့ပါ”
ဖုန့်စန်းထျန်သည် မဟာကျင်းအင်မော်တယ်နိုင်ငံသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ဖို့ တွေးမထားခြင်း မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်က လက်တွေ့မဆန်သေးပေ။
တမလွန်ကိုးဘုံးအပြစ်သားကုန်းမြေမှ ယက္ခိုသ်များမှာ ထူးခြားသော နောက်ခံများ ရှိကြလေသည်။ သူက သူတို့ကို မဟာကျင်းအင်မော်တယ်နိုင်ငံသို့ တိုက်ခိုက်ရန် တကယ်ပဲ ခေါ်ဆောင်သွားမည်ဆိုလျှင် သူတို့၏ သရုပ်သကန်ကို ဖုံးကွယ်ထားဖို့ ခဲယဉ်းပေလိမ့်မည်။
ဤယက္ခိုသ်များ၏ အကူအညီမရှိဘဲ သူတို့မှာ ယက္ခဘုရင်အကြောက်တရား ရှိသည်ဆိုလျှင်တောင် သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံတစ်ခုလုံးကို ခုခံဆန့်ကျင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ဒါ့အပြင် ဖုန့်စန်းထျန်သည် ဤရန်ကြွေးကို ဖြေရှင်းရန် ဘုရင်ကျင်းကို ကိုယ်တိုင်သတ်ဖြတ်လိုလေသည်။
မဟာကျင်းအင်မော်တယ်နိုင်ငံမှာ…
ဘုရင်ကျင်း၏ အခန်းထဲတွင်…
အစက ကုတင်ပေါ်မှာ အနားယူနေသော ဘုရင်ကျင်းသည် ရုတ်တရက် နိုးထလာခဲ့သည်။ သူ၏ မျက်လုံးကို ဖွင့်ပြီး သူက ထထိုင်လိုက်၏။
စောစောက သူသည် မှေးစက်ဖို့ သူ၏ မျက်လုံးကို မှိတ်လိုက်စဉ် ဘာကြောင့်ရယ်မသိ သူက ရင်တထိတ်ထိတ်ဖြစ်လာ၏။
ဘာတွေဖြစ်နေတာလဲ…
ဖြစ်နိုင်တာက...
ဘုရင်ကျင်းက ဖြစ်နိုင်ခြေတစ်ခုကို တွေ့မိသွားပြီး ဆက်လက်၍ အိပ်မပျော်နိုင်တော့ပေ။
သူက ကုတင်ပေါ်ကနေ ဆင်းပြီး တံခါးကို တွန်းဖွင့်လိုက်၏။
အခန်းတံခါးကို သူတွန်းဖွင့်လိုက်သည့် ခဏမှာပင် ဘုရင်ကျင်း၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
အခန်းဝင်ပေါက်ဝ တည့်တည့်မှာ ကိုက်ဖြတ်ခံထားရသည့် ခေါင်းတစ်လုံးကို ချိတ်ဆွဲထားပြီး သွေးများက တစက်စက် စီးကျနေ၏။ ကြည့်ရသည်မှာ ၎င်းသည် သူတန်ဖိုးအထားရဆုံး သူ့သား ဘုရင်အန်ရှစ်၏ ဦးခေါင်းဖြစ်လေသည်။
တစ်ချိန်တည်းမှာပင် မလှမ်းမကမ်း လေဟာနယ်ထဲက ပွင့်ထွက်သွားပြီး ဘုရင်ထျန်ရှင်း၏ ပုံရိပ်က ပေါ်ထွက်လာ၏။
“တစ်ခုခုတော့ ဖြစ်ပြီ”
သူက အပြင်ဘက်သို့ လုံးလုံးလျားလျား ထွက်မလာသေးခင် ဘုရင်ထျန်ရှင်းက ပြောလိုက်ပြီဖြစ်သည်။
“အမွေဆက်ခံသူရဲ့ ဝိညာဉ်စာလိပ်က ကြေမွသွားပြီ… မိစ္ဆာမဟာနယ်မြေကို ဝင်ရောက်သွားတဲ့ ဘုရင် ၃၀ ကျော်ကျော်ဆီက ဘာသတင်းမှ မရတော့ဘူး… သူတို့တွေ သွားရှာပြီထင်တယ်”
သူရောက်ရှိလာသောအခါ ဘုရင်ထျန်ရှင်းသည် တစ်ချက်ကြည့်ပြီး ဘုရင်အန်ရှစ်၏ ဦးခေါင်းကို တွေ့မြင်ကာ သူက တုန်လှုပ်ချောက်ချား၍ သူ၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားလေသည်။
ဘုရင်အန်ရှစ်၏ သေဆုံးမှုက ဘုရင်ကျင်းအတွက် ကြီးမားသည့် ရိုက်ချက်တစ်ခုဖြစ်သည်။
သူတို့နှစ်ယောက်ကို ပို၍ပင် တုန်လှုပ်စေသည့်အရာမှာ တစ်စုံတစ်ယောက်သည် မဟာကျင်းနန်းတော်၏ အတွင်းပိုင်းထဲသို့ စိမ့်ဝင်ထိုးဖောက်လာခဲ့ပြီး ထိုဦးခေါင်းကို မည်သူမှ သတိထားမိစေခြင်းမရှိဘဲ ဘုရင်ကျင်း၏ အခန်းတံခါးဝမှာ ချိတ်ဆွဲထားခဲ့လေသည်။
ဘုရင်ကျင်းက ချွေးပြန်လာသည်။
သူ့အခန်းကို စိတ်ဝိညာဉ်ဝင်္ကပါများနှင့် ကန့်သတ်မှုများဖြင့် ကာဆီးထားခြင်းကြောင့် မဟုတ်လျှင် ထိုဦးခေါင်းသည် သူ၏ ခေါင်းအုံးဘေးမှာပင် ရောက်ရှိနေလိမ့်မည်ဟု သူက သံသယဝင်မိသည်။
“အဲဒါကို ဘယ်သူလုပ်ခဲ့တာလဲ”
“ဘယ်သူ့မှာ အဲ့လိုမျိုး အစွမ်းအစရှိတာလဲ”
“ထျန်ဟွမ်ဂိုဏ်းမှာ ဒီလိုမျိုး ပညာရှင်တစ်ဦး ရှိနေတာလား”
ဘုရင်ကျင်းက တုန်လှုပ်၍ ကြောက်ရွံ့လာခဲ့သည်။
သူသည် ဘာမှန်းမသိရသောအရာထံမှ ဤကဲ့သို့သော ကြောက်တရားကို ပထမဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။
သူသည် သူ့သား ဘုရင်အန်ရှစ်အတွက် လက်စားချေချင်၏။
သို့သော်လည်း သူသည် ထျန်ဟွမ်ဂိုဏ်းသို့ မသွားရောက်ရဲပေ။
သူသည် ဘုရင် ၃၀ ကျော်ကျော်လိုပင် မည်သည့်သတင်းမှ ပြန်ရောက်မလာဘဲ သေဆုံးသွားမည်ကို စိုးရိမ်နေ၏။
ဘုရင်ထျန်ရှင်းကလည်း နှုတ်ဆိတ်နေ၏။
ထျန်ဟွမ်ဂိုဏ်း၏ ခွန်အားသည် ထူးခြားအံ့မခန်းပြီး ဘုရင် ၃၀ ကျော်ကိုပင် သတ်ဖြတ်နိုင်ခဲ့လေသည်။
“ကျုပ်တို့ ဘာလုပ်ရမလဲ”
ဘုရင်ထျန်ရှင်းက မေးလိုက်သည်။
ယခုအချိန်မှာ ထျန်ဟွမ်ဂိုဏ်းကို ဘယ်လိုကိုင်တွယ်ရမလဲက အရေးကိစ္စတစ်ခု ဆက်လက်၍ မဟုတ်တော့ပေ။
ဖုန့်စန်းထျန်က ဘယ်အချိန်မှာ တစ်ကျော့ပြန်လာပြီး မဟာကျင်းအင်မော်တယ်နိုင်ငံသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်မလဲဆိုတာက မေးခွန်းတစ်ခုဖြစ်လာခဲ့သည်။
ဘုရင်ကျင်းက သူ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ငါ ဂမ္ဘီရမိုးကောင်းကင်နန်းတော်ကို ခရီးထွက်ရလိမ့်မယ်… ဖုန့်စန်းထျန်က သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ရဲမယ်ဆိုရင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ဒီအတိုင်းကြည့်နေမှာ မဟုတ်ဘူး”
မည်သို့ပင်ဆိုစေ… အရင်တုန်းက ကိစ္စကို ဧကရာဇ်ဂမ္ဘီရမိုးကောင်းကင်၏ ထုတ်ဖော်မပြောဆိုသော သဘောတူညီချက်ဖြင့် ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်။
ဘုရင်ထျန်ရှင်းက ခေါင်းညိတ်ပြလိုက်၏။
“အဲဒီတစ်နည်းပဲ ရှိတော့တာပေါ့”
တခြားတစ်ဖက်မှာတော့…
ယက္ခဘုရင် အကြောက်တရားသည် ထျန်ဟွမ်ဂိုဏ်းသို့ ပြန်လာခဲ့ပြီဖြစ်ပြီး အင်မော်တယ်ယာဉ်ပျံကို နောက်တစ်ဖန် မောင်းနှင်လိုက်၏။ နတ်ဆိုးမကျိ၏ လမ်းညွှန်မှုအောက်မှာ သူသည် ယက္ခိုသ်များစွာကို မဟာဧကရီ တမလွန်ကိုးဘုံ၏ လျှို့ဝှက်ဆန်းကြယ်သော အမွေအနှစ်နယ်မြေသို့ ခေါ်ဆောင်သွားလေသည်။