← Chapters

ဓားကမ္ဘာသို့ ပြန်လာခြင်း

Vol. 195 Ch. 2915

ဓားကမ္ဘာသို့ ပြန်လာခြင်း

Vol. 195 Ch. 2915

ရက်အနည်းငယ်ကြာ ပျံသန်းပြီးနောက် ဆူဇီမိုနှင့် အခြားသူများသည် နောက်ဆုံးမှာ အင်မော်တယ်ယာဉ်ပျံနှင့်အတူ ဓားကမ္ဘာသို့ ပြန်လည်ရောက်ရှိလာကြသည်။

သူတို့သည် ဓားကမ္ဘာသို့ ရောက်ရှိလာမှသာ လူတိုင်းက စိတ်သက်သာစွာ သက်ပြင်းချနိုင်ကြသည်။

တကယ်တော့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်နှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ တိုက်ပွဲနှစ်ခု၏ သတင်းသည် သူတို့ထက်ပင် ပိုမိုမြန်ဆန်စွာ ဓားကမ္ဘာမှာ ပျံ့နှံ့နေပြီဖြစ်သည်။

ထိပ်တန်းကမ္ဘာကြီး ခြောက်ခုမှနေ ဦးဆောင်ထားသော ဘုရင်နှစ်ဆယ်ကျော်သည် ဆူကျူးကို သတ်ဖြတ်ဖို့အတွက် အတူပူးပေါင်းခဲ့ကြသည်။

ဓားကမ္ဘာမှ ဧကရာဇ်များက ဒေါသချောင်းချောင်းထွက်သွားလေသည်။

ဧကရာဇ်များက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ လိုက်လာတော့မည့်ဆဲဆဲမှာပင် ဒုတိယမြောက်သတင်းက ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။

ဆူဇီမိုသည် ထွက်ပြေးခြင်းနည်းစနစ်တစ်ခုကို ထုတ်ဖော်ပြီး တိုက်ပွဲနယ်မြေကနေ တစ်ယောက်တည်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသော ဘုရင်များက သူ့နောက်သို့ လိုက်သွားပြီးနောက် အကုန်လုံး အပြတ်ရှင်းခံလိုက်ရသည်။

ထိုသတင်းသည် ဓားကမ္ဘာမှ ဧကရာဇ်များကို တုန်လှုပ်သွားစေသည်။

ဘုရင်များစွာက သတ်ဖြတ်ခံလိုက်ရသည်။ သူတို့ကြားမှာ နှစ်ပေါင်းများစွာ ကျော်ကြားလာခဲ့သော အထွတ်အထိပ် ဘုရင်များစွာပင် ပါဝင်နေသည်။ သို့သော်လည်း မည်သူကမှ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်း မရှိပေ။ တိုက်ခိုက်လိုက်သူက ဧကရာဇ်နယ်ပယ်မှာ ရောက်ရှိနေဖို့ များလေသည်။

ဓားကမ္ဘာမှာ လူများအပြင် ဆူကျူးကို တခြားဘယ်သူက ကယ်တင်ပေးခဲ့တာလဲ။

ဒါ့အပြင် သူသည် တိုက်ပွဲတစ်ပွဲတည်းနှင့် ဘုရင်များစွာကို သတ်ဖြတ်ခဲ့ပြီး ထိပ်တန်းကမ္ဘာကြီးများမှ ဘုရင်များစွာပင် ပါဝင်နေသည်။ ဤလူသည် ထိပ်တန်းကမ္ဘာကြီး ခြောက်ခုကို လုံးဝဂရုမစိုက်သည်မှာ သိသာလေသည်။

ပြောရမည်ဆိုလျှင် ဓားကမ္ဘာမှ ဧကရာဇ်များသည် လက်စားချေရမည်ဆိုလျှင်တောင် သူတို့သည် အလွန်ဆုံး ထိပ်တန်းကမ္ဘာကြီး ခြောက်ခုမှ ဧကရာဇ် တစ်ဦးနှစ်ဦးကို သတ်ဖြတ်ရုံသာ ရှိပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ဆူကျူးသည် ပကတိစိတ်ဝိညာဉ်တစ်ဦးသာဖြစ်ပြီး အလျော်အစားအနေဖြင့် ဘုရင်တစ်ပါး၏ သွေးက လုံလောက်နေပြီဖြစ်သည်။

ဓားကမ္ဘာသည် ပကတိစိတ်ဝိညာဉ်တစ်ဦးအတွက် စစ်ပွဲတစ်ခုကို စတင်ပြီး မည်သည့်ထိန်ချိန်မှ မရှိဘဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုကို စတင်မည်ဆိုလျှင် ထိပ်တန်းကမ္ဘာကြီး ခြောက်ခုက သေချာပေါက် အတူပူးပေါင်းပြီး ကမ္ဘာစစ်တစ်ခု စတင်လာပေလိမ့်မည်။

ဓားကမ္ဘာသည်လည်း နောက်ပိုင်းအကျိုးဆက်များကို ထည့်သွင်းစဉ်းစားရပြီး သူတို့က ရူးသွပ်စွာ လက်စားမချေနိုင်ပေ။

သို့သော် ယခု ဘုရင်များစွာက သေဆုံးသွားပြီဖြစ်သည်။

မကြာသေးခင်နှစ်များမှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး ထိပ်တန်းကမ္ဘာကြီးများကြား ပဋိပက္ခများ ရှိသော်လည်း တိုက်ပွဲတစ်ပွဲတည်းနှင့် ဤမျှများပြားသော ဘုရင်များ သေဆုံးသည်က တကယ့်ကို ရှားရှားပါးပါးဖြစ်ရပ်ဖြစ်သည်။

ထိုသတင်းကို ကြားသောအခါ ဓားကမ္ဘာမှာ ဧကရာဇ်များက ဆွေးနွေးပြောဆိုပြီးနောက် သူတို့၏ ဆုံးဖြတ်ချက်ကို ပြန်ပြင်လိုက်ကြသည်။

အစကတော့ သူတို့သည် လက်စားချေလိုခဲ့ကြသည်။

သို့သော် ယခု ထိပ်တန်းကမ္ဘာကြီး ခြောက်ခုက ဤကဲ့သို့ ကြီးမားသော ပျက်စီးထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့လိုက်ရသည်။ သူတို့အနေဖြင့် ထိပ်တန်းကမ္ဘာကြီး ခြောက်ခုကို ရန်စတိုက်ခိုက်ဖို့ မလိုတော့ပေ။

ဒါ့အပြင် သူတို့သည် ဤဖြစ်ရပ်မှာ မည်သည့်အရာကိုမှ မဆုံးရှုံးခဲ့ရပေ။

ထိပ်တန်းကမ္ဘာကြီး ခြောက်ခုသည် အရင်ဆုံး မှားသည့်ဘက်မှာ ရှိနေခဲ့ကြသည်။ သူတို့က မကျေမချမ်း ဖြစ်နေမည်ဆိုလျှင်တောင် သူတို့သည် ဤကိစ္စနှင့် ဓားကမ္ဘာကို လက်စားချေနိုင်မည် မဟုတ်ပေ။

ဒါ့အပြင် လက်သည်တရားခံကို ယခုအချိန်ထိ မည်သူကမှ မသိရသေးပေ။

အပြင်ဘက်မှာ ကောလာဟလများစွာ ရှိလာခဲ့သည်။ ဓားကမ္ဘာမှ ဧကရာဇ်များက အခင်းဖြစ်ပွားရာနေရာကို ဖြတ်သွားခဲ့သည်ဟု ဆိုကြလေသည်။ လူတိုင်းမှာ ထင်မြင်ချက်အမျိုးမျိုး ရှိနေကြသည်။

ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်းသည် ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများကို မျှားခေါ်ထုတ်ရန် ဓားကမ္ဘာမှ ဆူကျူးက ထောင်ချောက်တစ်ခုကို ခင်းကျင်းပြီးနောက် သူတို့ကို သတ်ဖြတ်ခဲ့သည်ဟုပင် လူတချို့က သံသယဝင်နေကြသည်။

တကယ်တော့ အပြောအများဆုံးမှာ ဤသည်က တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။

သို့သော်လည်း အရာအားလုံး၏ မူလဇာစ်မြစ်ကို ပြန်သွားကြည့်မည်ဆိုလျှင် အဓိကလက်သည်တရားခံက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ရှယင်ဖြစ်သည်။

လုယွင်နှင့် အခြားသူများသည် သူတို့၏ အင်မော်တယ်ယာဉ်ပျံနှင့်အတူ ဓားကမ္ဘာ၏ ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်ထွက်လာချိန်မှာပင် သံသရဖူဆောင်းအဘိုးအိုက သူတို့ကို ကြိုဖို့ ရောက်လာခဲ့သည်။ သူက အတန်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်မှာ သိသာလေသည်။

“တခြားတပည့်တွေ… မင်းတို့ရဲ့ သက်ဆိုင်ရာ ဓားတောင်ထွတ်တွေကို ပြန်သွားကြ… တောင်ထွတ်သခင်ကိုးဦး… ငါ့နောက်ကို လိုက်ခဲ့”

ထိုသို့ပြောပြီး သံသရဖူဆောင်းအဘိုးအိုက ရှေ့ကနေ ဦးဆောင်သွားလေသည်။

လုယွင်က အင်မော်တယ်ယာဉ်ပျံများကို ရုပ်သိမ်းပြီး ယွင်ထင်၊ ပေမင်ရွှယ်နှင့် အခြားသူများကို သူတို့၏ ဓားတောင်ထွတ်များဆီသို့ ပြန်သွားရန် အချက်ပြလိုက်၏။ ထို့နောက် တောင်ထွတ်သခင်ကိုးဦးသည် သံသရဖူဆောင်းအဘိုးအိုနောက်ကနေ လိုက်ပါပြီး အသင်္ချေဓားနန်းတော်သို့ ဦးတည်လိုက်ကြသည်။

သံသရဖူဆောင်းအဘိုးအို တစ်ယောက်တည်းသာလျှင် မဟုတ်ဘဲ တောင်ထွတ်သခင် ကိုးဦးမှာလည်း သူတို့ရင်ထဲတွင် မေးခွန်းများစွာ ရှိနေပြီး သူတို့က အဲဒါကို ရှင်းလင်းအောင် ပြုလုပ်ချင်ကြသည်။

အသင်္ချေဓားနန်းတော်မှာ…

ထိုနေရာမှာ ထိုင်နေသော ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအိုတစ်ယောက် ရှိနေသည်။

သံသရဖူဆောင်းအဘိုးအိုနှင့်အတူ သူတို့သုံးဦးသည် ဓားကမ္ဘာ၏ အုပ်ချုပ်သူ အရှင်သခင်များ ဖြစ်သည်။

“လာ… ထိုင်ကြ”

ဝဝအဘိုးအိုမှာ ကြင်နာတတ်သော အမူအရာရှိပြီး ဆူဇီမိုနှင့် အခြားသူများကို ပြုံး၍ လက်ပြလိုက်၏။

မလှမ်းမကမ်း စားပွဲပေါ်မှာ မွှေးပျံ့သော အင်မော်တယ်လက်ဖက်ရည်များ ရှိနေလေသည်။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ မင်းတို့တွေ ဖြစ်ပျက်ခဲ့တဲ့အရာကို ငါတို့အားလုံး ကြားပြီးသွားပြီ”

ပိန်ပိန်အဘိုးအိုက ပြောလိုက်၏။

“ဒါပေမဲ့ မင်းတို့တွေက အခြေအနေကို အတိအကျ ငါတို့ကို ပြန်ပြောပြဦး”

လုယွင်နှင့် အခြားသူများသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဖြစ်ပျက်ခဲ့သမျှ အရာရာတိုင်း၊ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက်မှာ ဘုရင်များကြား တိုက်ပွဲနှင့် ကြယ်တာရာကောင်းကင်ထဲမှာ ဘုရင်များစွာ၏ သေဆုံးမှုအကြောင်းကို အသေးစိတ် ပြန်ပြောပြလိုက်သည်။

ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားနေကြ၏။

တကယ်တော့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ တိုက်ပွဲသတင်းကပင် တကယ့်ကို ထူးခြားအံ့မခန်းဖြစ်သည်ဟု ဆိုနိုင်နေပြီဖြစ်သည်။

နောက်ပိုင်းမှာ ဘုရင်များစွာ၏ သေဆုံးမှုသည် လူတိုင်းအတွက် ပို၍ပင် ကြီးမားသော ရိုက်ချက်ဖြစ်သည်။

ဝဝအဘိုးအိုက ပြောလိုက်၏။

“ဘာပဲဖြစ်ဖြစ် ဆူကျူးရဲ့ တိုက်ပွဲက ကမ္ဘာတစ်ထောင်လောကကို တကယ်လှုပ်ခတ်သွားစေမှာပဲ”

ပိန်ပိန်အဘိုးအိုကလည်း ခေါင်းညိတ်ပြီး ဆူဇီမိုကို ကျေနပ်အားရသော အကြည့်ဖြင့် ကြည့်နေ၏။ သူ၏ ပိန်လှီနေသော မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ပြီး ပြောလိုက်၏။

“မင်းက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ခုနစ်ခုကို နားလည်ဆင်ခြင်ထားတယ်… ကောင်းတယ်ကွာ… မင်းက အရင်တုန်းက ငါ့ထက် အများကြီး သာနေတာပဲ”

“အမ်…”

ဝဝအဘိုးအိုက ပိန်ပိန်အဘိုးအို၏ အလောတကြီးရောက်လာပြီး စုပ်သပ်ကာ အံ့အားတသင့် ပြောလိုက်၏။

“မင်း တကယ်ကြီး ပြုံးနေတာလား”

ပိန်ပိန်အဘိုးအိုက သူ၏ အပြုံးကို ချက်ချင်းပင် ရုပ်သိမ်းပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ အေးစက်စွာ ပြောလိုက်၏။

“ငါ မပြုံးပါဘူး”

“ဟား ဟား ဟား”

ဝဝအဘိုးအိုက ပိန်ပိန်အဘိုးအိုကို လက်ညှိုးထိုးပြီး ဟားတိုက်ရယ်မောကာ ကျီစယ်လိုက်၏။

“မင်းရဲ့ ရွတ်တွနေတဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို မမြင်ရတော့တာ နှစ်ပေါင်းဘယ်လောက် ကြာသွားခဲ့ပြီလဲ… ကျွတ် ကျွတ် ကျွတ်… လခွမ်းတဲ့မှ… ငါ ဒီနေ့ ဘာကို မြင်နေရတာပါလိမ့်”

ဝဝအဘိုးအိုနှင့် ပိန်ပိန်အဘိုးအိုသည် ဓားကမ္ဘာမှ လူတိုင်း ဘေးမသီရန်မခ ပြန်လည်ရောက်ရှိလာသည့်အတွက် ကျေနပ်အားရနေကြ၏။

သံသရဖူဆောင်းအဘိုးအိုက တစ်ချိန်လုံး စကားပြောဆိုခဲ့ခြင်း မရှိပေ။ ထိုအခိုက်အတန့်မှသာ သူက ရုတ်တရက် ပြောလိုက်၏။

“မင်းတို့ကို ငါပေးထားတဲ့ သတင်းပို့အဆောင်မှာ ငါ့ရဲ့ ဓမ္မတာအို အငွေ့အသက်ပါတယ်… အဲဒါကို ဘယ်သူက တားဆီးနိုင်တာလဲ”

“နောက်ပြီး ငါ အရင်က စိုးရိမ်ပူပန်နေလို့ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တစ်ခါသွားပြီး စုံစမ်းထောက်လှမ်းခဲ့သေးတယ်… ဒါပေမဲ့ ဘာထူးခြားမှုကိုမှ ငါမတွေ့ခဲ့ဘူး”

“အဲဒီလူက ငါ့ရဲ့သတင်းပို့အဆောင်ကို ကြားဖြတ်ဟန့်တားခဲ့ရုံတင်မကဘူး… သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကိုပါ ပိတ်ဆို့တားဆီးနိုင်တာလား”

သံသရဖူဆောင်းအဘိုးအိုက ထိုသို့ပြောရင်း ဆူဇီမိုကို ကြည့်နေ၏။

ဆူဇီမိုက ခဏမျှ တွေးတောပြီးနောက် ထိုကိစ္စကို ဖုံးကွယ်မထားဖို့ ဆုံးဖြတ်လိုက်၏။

“တိုက်ခိုက်ခဲ့တဲ့သူက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဂိုဏ်းချုပ်ပဲ”

“သူလား”

သံသရဖူဆောင်းအဘိုးအို၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်က ပေါ်ထွက်လာ၏။

ထိပ်တန်းကမ္ဘာကြီး ခြောက်ခုနှင့် ယှဉ်လျှင် သတင်းပို့အဆောင်ကို ကြားဖြတ်ဟန့်တားပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ပိတ်ဆို့တားဆီးခဲ့သည့်လူက ပို၍ပင် ရက်စက်ကြမ်းကြုတ်လေသည်။

ဤလူကြောင့် မဟုတ်လျှင် ထိပ်တန်းကမ္ဘာကြီး ခြောက်ခုမှ ဘုရင်များက အတူပူးပေါင်းထားမည်ဆိုလျှင်တောင် သံသရဖူဆောင်းအဘိုးအိုသည် ထိုဘုရင်များကို ခြိမ်းခြောက်ဖို့အတွက် အချိန်မီရောက်လာနိုင်မည်ဖြစ်ပြီး ဆူဇီမိုနှင့် အခြားသူများကို ပြန်ခေါ်လာနိုင်ခဲ့ပေမည်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုကြောင့်သာ ဤတိုက်ပွဲက ဖြစ်ပွားလာခဲ့ခြင်းပင်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုမှာ ဆူဇီမိုသာမက သံသရဖူဆောင်းအဘိုးအိုပါ ပါဝင်ပတ်သက်ခဲ့ရသည်။

“သူ ဘယ်လိုတောင် လုပ်ရဲတာလဲ”

သံသရဖူဆောင်းအဘိုးအို၏အသံက အေးစက်၍ ကြမ်းကြုတ်ခက်ထန်နေ၏။

သူသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ နည်းလမ်းများကို ကြားဖူးနေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။

သံသရဖူဆောင်းအဘိုးအိုက လေးနက်သော အသံဖြင့် ပြောလိုက်၏။

“ဒီလိုဆိုရင် တက္ကသိုလ်ဂိုဏ်းချုပ်က ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားတာပေါ့”

ဆူဇီမိုက ခေါင်းညိတ်ပြလိုက်၏။

“ဒီတစ်ခေါက် သူ့ရဲ့ အကွက်ချကြံစည်မှုက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာအတွက်ပဲ… တကယ်တော့ ကျုပ်ကလည်း သူ့ကို အကွက်ချကြံစည်ခဲ့တာပဲ… ကံဆိုးစွာနဲ့ပဲ ကျုပ်က ခြေတစ်လှမ်း နောက်ကျသွားတဲ့အတွက် သူက ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့တယ်”

သံသရဖူဆောင်းအဘိုးအို၊ ပိန်ပိန်အဘိုးအိုနှင့် ဝဝအဘိုးအိုတို့က ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်လိုက်ကြ၏

ဗလာနယ်ဝိညာဉ် ပကတိစိတ်ဝိညာဉ်တစ်ဦးက ဧကရာဇ်တစ်ပါးကို တကယ်ပင် အကွက်ချကြံစည်ချင်တာလား။

ဒါ့အပြင် ဆူဇီမို၏ အေးဆေးတည်ငြိမ်သော လေသံအရ သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို ဖိနှိမ်နိုင်လုနီးပါး ဖြစ်ခဲ့သည့်ပုံပဲ။

တောင်ထွတ်သခင် ရှစ်ဦးက မှင်တက်နေကြ၏။

သူတို့သည် ဘုရင်များစွာ သေဆုံးခဲ့သည်ကိုသာ သိရှိထားပြီး ကြားမှာ ဧကရာဇ်ပညာရှင်တစ်ဦး ပေါ်ထွက်လာခဲ့သည်ကို မသိရှိကြပေ။

“မင်းကို ကာကွယ်ပေးနေတဲ့ နောက်ထပ်ပညာရှင်တစ်ဦး ရှိနေတဲ့ပုံပဲ”

“အဲဒါ ကောင်းတာပေါ့”

သူတို့သုံးဦးက အကြည့်ချင်းဖလှယ်ပြီးနောက် ဆက်လက်၍ မမေးမြန်းတော့ပေ။

“တက္ကသိုလ်ဂိုဏ်းချုပ်…”

သံသရဖူဆောင်းအဘိုးအိုက သူ့မျက်လုံးကို အနည်းငယ်မှေးကျဉ်းပြီး တီးတိုးရေရွတ်လိုက်၏။

“စီနီယာတို့… ကျုပ် ခင်ဗျားတို့သုံးယောက်ကို မေးချင်တဲ့ကိစ္စတစ်ခု ရှိတယ်”

ဆူဇီမိုက ခဏမျှ စဉ်းစားတွေးတောပြီးနောက် အကဲစမ်းမေးမြန်းလိုက်၏။

“စီနီယာတို့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ဓားကျင့်ကြံသူတွေရဲ့ နောက်ခံကို ခင်ဗျားတို့ သိကြလား”

All Chapters