← Chapters

ကောလာဟလနှစ်ခု

Vol. 195 Ch. 2916

ကောလာဟလနှစ်ခု

Vol. 195 Ch. 2916

ထိုမေးခွန်းကို ကြားရသောအခါ သံသဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်သည် မျက်လွှာချပြီး ရုတ်တရက် နှုတ်ဆိတ်သွားကြသည်။

ဝဝအဖိုအိုကလည်း သူ၏ အပြုံးကို ရုပ်သိမ်းပြီး နှုတ်ဆိတ်နေ၏။

ခန်းမထဲရှိလေထုက အနည်းငယ်တင်းကျပ်လေးလံလာသည်။

ခဏနေပြီးနောက် လုယွင်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ မေးလိုက်၏။

“ညီကိုဆူက အထဲမှာရှိတဲ့ ဓားကျင့်ကြံသူတစ်ယောက်ကို မေးခဲ့တယ်… သူက သူ့ရဲ့ မျိုးရိုးနာမည်က လော ဖြစ်တယ်လို့ပြောတယ်… အဲဒါက တိုက်ဆိုင်မှုတစ်ခုပဲလား”

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်က နှုတ်ဆိတ်နေဆဲဖြစ်သည်။

ထိုတုံ့ပြန်မှုကို တွေ့မြင်သောအခါ ဆူဇီမိုနှင့် အခြားသူများက အဖြေတစ်ခုကို ရရှိလာခဲ့ပြီဖြစ်သည်။

သို့သော်လည်း မည်သူကမှ အဲဒါကို လက်မခံလိုကြပေ။

လုယွင်က လက်လျှော့ချင်ပုံမရဘဲ မေးလိုက်၏။

“ဓားအရှင်တို့ အထဲမှာရှိတဲ့ ဓားကျင့်ကြံသူတွေက မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံနဲ့ တကယ်ပဲ ပတ်သက်ဆက်စပ်နေတာလား”

“ဟင်း ဟင်း...”

သံသရဖူဆောင်းအဖိုးအိုက မတ်တတ်ထရပ်ပြီး သူ၏ ခေါင်းကို မော့ကာ ရယ်မောလိုက်၏။

ထိုရယ်မောသံမှာ ကူကယ်ရာမဲ့မှု၊ ခါးသီးမှု၊ ဝမ်းနည်းမှုနှင့် ပူဆွေးမှုအငွေ့အသက်တို့ပါဝင်နေ၏။

ဝဝအဖိုးအိုနှင့် ပိန်ပိန်အဖိုးအိုတို့မှာလည်း တွေဝေရှုပ်ထွေးသောအမူအရာများရှိနေသည်။

“ဒီကိစ္စက ဓားကမ္ဘာမှာ တာမြစ်ချက်တစ်ခုပဲ… မင်းတို့တွေက ဧကရာဇ်နယ်ပယ်ကို ဝင်ရောက်ပြီးမှပဲ အဲဒီအကြောင်းကို သိလာရလိမ့်မယ်”

သံသရဖူဆောင်းအဖိုးအိုက မှင်သေသေဖြင့်ပြောလိုက်၏။

“မင်းတို့က အခုမေးလိုက်ပြီဆိုမှတော့ ငါမင်းတို့ကိုပြောပြမယ်”

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက ဓားကျင့်ကြံသူတွေက မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံရဲ့ မျိုးဆက်တွေဆိုတာ တကယ်ပဲ”

သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်၏။

“အရင်တုန်းက မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံက ဆိုးယုတ်မိစ္ဆာတွေရဲ့ ညှို့ငင်ဖမ်းစားခံရပြီး မျိုးနွယ်စုတစ်သောင်းကသက်ရှိတွေနဲ့ ရန်သူတွေဖြစ်လာခဲ့တယ်ဆိုတယ်… သူက ကြီးလေးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ပြီး နောက်ဆုံးမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်”

“အဲဒီကိစ္စကြောင့် မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံရဲ့မျိုးဆက်တွေက ဓားအပြစ်သားကုန်းမြေမှာ အကျဉ်းချခံထားရတယ်… သူတို့က အပြစ်သားစိတ်ဝိညာဉ်တွေဖြစ်လာကြတယ်… သူတို့တွေက သူတို့ရဲ့ ဘိုးဘေးကိုယ်စား အပြစ်ဒဏ်ကို ဆက်လက်ပြီး ခံယူရတယ်”

“အဲဒါကြောင့်ပဲ အထွတ်အထိပ်ကောင်းကင်ဘုံခေတ်ပြီးတဲ့နောက်မှာ ဓားကမ္ဘာက လုံးဝကျဆင်းလာခဲ့တာပဲ… ငါတို့တွေက ခေတ်တစ်ခုလုံးလုံးကြာအောင် အားဖြည့်စုဆောင်းပြီးမှ ပြန်ဦးမော့လာနိုင်ခဲ့တာ”

ဤကဲ့သို့သော ကိစ္စတစ်ခု တကယ်ပဲရှိခဲ့တာလား။

ဤကိစ္စသည် တောင်ထွတ်သခင်ရှစ်ဦးအတွက် ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်သည်။

တကယ်ဆို နှစ်ပေါင်းများစွာကြာအောင် သူတို့လက်ခံယုံကြည်ထားသည့် ကောင်းမြတ်မှုနှင့် ဆိုးယုတ်မှု၏ သဘောတရားများကပင် လှုပ်ခတ်လာခဲ့သည်။

တောင်ထွတ်သခင်ရှစ်ဦးက မျက်မှောင်ကြုတ်ပြီး လောလောဆယ်မှာ အဲဒါကို လက်မခံနိုင်ဘဲ သူတို့၏ လက်သီးများကို ဆုပ်ထားသည်။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယုလန်က အနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်နေပြီး တီးတိုးရေရွတ်လိုက်၏။

“မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံက ဆိုးယုတ်မိစ္ဆာတွေနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဒီလိုမျိုးအပြုအမူတစ်ခုကို တကယ်ပဲကျူးလွန်ခဲ့တာလား”

ဓားကျင့်ကြံသူတိုင်းသည် မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံကို သူတို့၏ ဂုဏ်ယူဖွယ်ရာအဖြစ် သတ်မှတ်ထားလေသည်။

ယခု သူတို့သည် ထိုလျှို့ဝှက်ချက်ကို ကြားသိလိုက်ရပြီး တောင်ထွတ်သခင်ရှစ်ဦးပင် အဲဒါကို လောလောဆယ်မှာ လက်မခံနိုင်ကြပေ။

လုယွင်က ပြောလိုက်သည်။

“အထွတ်အထိပ်ကောင်းကင်ဘုံခေတ်ပြီးတဲ့နောက် ဓားကမ္ဘာက နောက်ဆုံးကပ်ဘေးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်… အဲဒါက ကပ်ဘေးရဲ့ အကြောင်းအရင်းပဲဖြစ်ရမယ်.. ဟုတ်တယ်မလား”

သံသရဖူဆောင်းအဖိုးအိုက ခေါင်းညိတ်ပြလိုက်၏။

“အရင်တုန်းက မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံက သူ့ရဲ့ ဆင်ခြင်တုံတရားတစ်စွန်းတစ်စကို ထိန်းသိမ်းထားပြီး ဓားကမ္ဘာကို ဆွဲမထည့်ခဲ့ဘူးလို့ပြောတယ်… သူက သူ့ရဲ့ကလန်သားတွေကိုပဲ ခေါ်ထုတ်သွားခဲ့တယ်”

လုယွင်က မေးလိုက်သည်။

“ခင်ဗျားက ဒီကိစ္စကို ကျုပ်တို့နဲ့ဓားကမ္ဘာက တခြားသူတွေကို ဘာလို့ပြောမပြခဲ့တာလဲ”

သံသရဖူဆောင်းအဖိုးအိုက နောက်တစ်ဖန်နှုတ်ဆိတ်သွားသည်။

“အဲဒါက ကောလာဟလတွေထဲက တစ်ခုပဲ ဖြစ်မယ်လို့ ကျုပ်ထင်တယ်”

ရုတ်တရက် ဆူဇီမို စကားပြောလိုက်သည်။ သူက သံသရဖူဆောင်းအဖိုးအိုကိုကြည့်ပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။

“စီနီယာ… ခင်ဗျားက တခြားကောလာဟလတွေကိုလည်း သိထားမှာပဲ… ဟုတ်တယ်မလား”

သံသရဖူဆောင်းအဖိုးအိုက အမူအရာကင်းမဲ့စွာဖြင့် မေးလိုက်၏။

“မင်းက ဘာကောလာဟလတွေကို သိထားလို့လဲ”

“မသိပါဘူး”

ဆူဇီမိုက ခေါင်းခါပြလိုက်သည်။

သူသည် မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို တကယ်ပင်သိရှိမထားပေ။ သို့သော်လည်း ဆူဇီမိုက စကားလမ်းကြောင်းပြောင်းလိုက်၏။

“ဒါပေမဲ့… စီနီယာ စောစောက ခင်ဗျားပြောတဲ့ ကောလာဟလမှာ ဟာကွက်တွေအများကြီးရှိနေတယ်… အဲဒါက ဝေဖန်ဆန်းစစ်မှုကို ခံနိုင်မှာမဟုတ်ဘူး”

“စီနီယာအထွတ်အထိပ်ကောင်းကင်ဘုံက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အထွတ်အထိပ်ထိ ကျင့်ကြံခဲ့ပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီးပြီ… ခေတ်တစ်ခေတ်ကို တည်ထောင်ထားတဲ့ မဟာဧကရာဇ်တစ်ပါးကို ဘယ်လိုဆိုးယုတ်မိစ္ဆာက ညှို့ငင်ဖမ်းစားနိုင်မှာလဲ… ကျုပ်တကယ်ပဲစဉ်းစားလို့မရဘူး”

“စီနီယာအထွတ်အထိပ်ကောင်းကင်ဘုံက ဆိုးယုတ်မိစ္ဆာတွေရဲ့ ညှို့ငင်ဖမ်းစားတာကို ခံရမယ်ဆိုရင် အဲဒီတာအိုနှလုံးသားနဲ့ သူက မဟာဧကရာဇ်တစ်ပါးဖြစ်တဲ့အထိ ကျင့်ကြံနိုင်ခဲ့မှာမဟုတ်ဘူး… အဲဒီစကားက အစကတည်းက ရှေ့နောက်မညီဘူး”

ဝဝအဖိုးအိုနှင့် ပိန်ပိန်အဖိုးအိုက တွေဝေရှုပ်ထွေးသောအမူအရာများနှင့်အတူ ဆူဇီမိုကို လေးနက်စွာကြည့်လိုက်၏။

သံသရဖူဆောင်းအဖိုးအိုက ရှင်းပြခြင်း သို့မဟုတ် ငြင်းဆန်ခြင်းမရှိပေ။ သူက မေးရုံသာမေးလိုက်၏။

“တခြားဘာရှိသေးလဲ”

ဆူဇီမိုက ဆက်ပြောလိုက်သည်။

“စီနီယာအထွတ်အထိပ်ကောင်းကင်ဘုံက ဆိုးယုတ်မိစ္ဆာတွေရဲ့ ညှို့ငင်ဖမ်းစားခံရတာမဟုတ်ဘဲ မျိုးနွယ်စုတစ်သောင်းက ကြည်ညိုလေးစားရတဲ့ မဟာဧကရာဇ်တစ်ပါး ဖြစ်လာခဲ့ပြီဆိုမှ‌တော့ သူက မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေနဲ့ ဘာလို့ရန်သူတွေဖြစ်လာမှာလဲ… အဲဒီကောလာဟလမှာ ယုံကြည်လက်ခံလောက်တဲ့ အကြောင်းရင်းမရှိဘူး”

“နောက်ပြီး မျိုးနွယ်စုတစ်သောင်းကြားမှာ ဘယ်သူက သူ့ကိုအနိုင်ယူနိုင်မှာလဲ”

“အဲဒီကောလာဟလမှာဆိုရင် တည်ရှိမှုတစ်ခုက ရည်ရွယ်တာပဲဖြစ်ဖြစ် မရည်ရွယ်တာပဲဖြစ်ဖြစ် မရေမရာဖြစ်အောင် ထုတ်ဖော်ပြောဆိုထားတာပဲ… အဲဒါက လူတစ်ယောက်ဖြစ်ချင်ဖြစ်မယ်.. ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခု ဖြစ်ချင်ဖြစ်မယ်… ဒါပေမဲ့ သေချာတာတစ်ခုတော့ရှိတယ်… အဲဒီတည်ရှိမှုရဲ့ စွမ်းအားက ခေတ်တစ်ခေတ်ကို တည်ထောင်ထားတဲ့ မဟာဧကရာဇ်ကို ခုခံဆန့်ကျင်ဖို့ ဒါမှမဟုတ် ဖိနှိမ်ဖို့တောင်မှ လုံလောက်တယ်”

ထိုစကားကိုကြားသောအခါ တောင်ထွတ်သခင်ရှစ်ဦးက တုန်လှုပ်သွားပြီး ဓားကမ္ဘာမှ ဓားအရှင်သုံးဦးကို အလိုလိုကြည့်လိုက်ကြသည်။

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားနှစ်ယောက်က နှုတ်ဆိတ်နေပြီး ငြင်းဆန်ခြင်းမရှိကြပေ။

ထိုစိတ်နေသဘောထားသည် ကိစ္စများစွာကို အတည်ပြုပေးနိုင်ပြီဖြစ်သည်။

“အဲဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ယုလန်က နားမလည်နိုင်ဆဲဖြစ်ပြီး မေးလိုက်၏။

“မဟာဧကရာဇ်က တစ်ပါးပဲရှိတာ သူက လောကရဲ့ ကြည်ညိုလေးစားခံရသူပဲ… သူက ပြိုင်ဘက်ကင်းတဲ့ တည်ရှိမှုပဲ… သမိုင်းတစ်လျှောက်မှာ ခေတ်တိုင်းခေတ်တိုင်း မဟာဧကရာဇ်တစ်ပိုင်းပဲ မွေးဖွာပေါ်ထွက်လာနိုင်တယ်… မဟာဧကရာဇ်တစ်ပါးကို ဘယ်သူက ဖိနှိမ်နိုင်မှာလဲ”

“တကယ်တော့ ရှိတာပေါ့”

ဆူဇီမိုက ပြောလိုက်၏။

“မဟာဧကရာဇ်က တစ်ပါးပဲရှိတယ်… ဒါပေမဲ့ အဲဒါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွင်းမှာပဲ… ဒါပေမဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အပြင်ဘက်မှာဆိုရင်ရော…”

“အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အပြင်ဘက်လား”

တောင်ထွတ်သခင်ရှစ်ဦးက မှင်တက်သွားကြသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် အရမ်းကိုကြီးမားပြီး အကန့်အသတ်မဲ့လေသည်။ သူတို့၏ ကျင့်ကြံမှုနယ်ပယ်များအရ သူတို့၏ တစ်ဘဝလုံးကို ကုန်ဆုံးစေမည်ဆိုလျှင်တောင် သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တစ်ဝက်ကိုပင် နှံ့စပ်အောင် ရောက်နိုင်လိမ့်မည်မဟုတ်ပေ။

ဆူဇီမိုကတော့ သူသည် တမလွန်ဘုံသို့ရောက်ရှိဖူးပြီး သိုင်းတာအိုပင်မခန္ဓာက ငရဲကမ္ဘာနှင့် တစ္ဆေကမ္ဘာသို့ ရောက်ခဲ့ဖူးလေသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အပြင်ဘက်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ရင်ဘောင်တန်းရပ်တည်နိုင်သော ထူးခြားသည့် လောကတချို့ရှိနေသည်ကို သူသေချာသိထားသည်။

မဟာဧကရာဇ်ပညာရှင်များပင် ထိုလောကများမှာ မွေးဖွားပေါ်ထွက်လာနိုင်သည်။

ဥပမာအားဖြင့် ယခုအချိန် တစ္ဆေကမ္ဘာမှာရှိသော မဟာဧကရီဗြဟ္မာတစ္ဆေမိခင်။

တကယ်တော့ ဆူဇီမိုသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကနေ လွတ်မြောက်လာပြီးနောက် သူ့မှာ ခန့်မှန်းချက်တချို့ရှိနေပြီဖြစ်သည်။

ဗြဟ္မာတစ္ဆေမိခင်သည် မဟာဧကရာဇ်တစ်ပါးဖြစ်ပြီး သွေးတစ်စက်၏ စွမ်းအားနှင့် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေ၏ အချုပ်အနှောင်ကို ချိုးဖျက်နိုင်သည်ဆိုမှ‌တော့ သူမက ဘာ့ကြောင့်သူ့ကို အသုံးချခဲ့တာလဲ။

ဗြဟ္မာတစ္ဆေမိခင်သည် အပြစ်သားကုန်းမြေဆယ်ခုစလုံးကို ဖျက်ဆီးရန် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဘာ့ကြောင့်မလာရောက်ခဲ့တာလဲ။

ဤအလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးက မွေးဖွားပေါ်ထွက်လာခြင်းမရှိသေးပေ။

ကိစ္စက ထိုသို့ဆိုမှတော့ ဗြဟ္မာတစ္ဆေမိခင်က ဘာကိုကြောက်နေတာလဲ။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ။

လုယွင်က တွေဝေတုံ့ဆိုင်းစွာမေးလိုက်၏။

“အဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာလား”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာပဲရှိနေသေးတယ်… အဲဒါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ရင်ဘောင်တန်းရပ်တည်နိုင်တဲ့အဆင့်ကို မရောက်သေးဘူး”

“ငါတို့တွေရဲ့အမြင်က အစကတည်းက မှားယွင်းနေခဲ့တာလား”

လုယွင်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး တီးတိုးရေရွတ်လိုက်၏။

“မွန်မြတ်ကောင်းကင်ဘုံ…. မွန်မြတ်ကောင်းကင်ဘုံ… သူတို့ယုံကြည်ထားတဲ့.. သူတို့ကိုးကွယ်တဲ့.. သူတို့အလုပ်အကျွေးပြုနေတဲ့ ကောင်းကင်ဘုံက ငါတို့ရဲ့ ကောင်းကင်ဘုံတာအိုကို ရည်ညွှန်းတာမဟုတ်လောက်ဘူး… အဲဒါက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုလုံး ဖြစ်ချင်ဖြစ်လိမ့်မယ်”

“အာ…”

ထိုစကားကို ကြားသောအခါ သံသရဖူဆောင်းအဖိုးအိုက လေးတွဲစွာ သက်ပြင်းချလိုက်၏။

သံသရဖူဆောင်းအဖိုးအိုက ဆူဇီမိုကို ကြည့်ပြီး နောက်ဆုံးမှာ ခေါင်းညိတ်လိုက်၏။

“မင်းပြောတာမှန်တယ်… မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံနဲ့ပတ်သက်တဲ့ စောစောကအရာရာတိုင်းက ကောလာဟလတွေကထဲက တစ်ခုပဲ”

“နောက်ပြီးအဲဒါက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ဖြန့်ထားတဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လူပြောအများဆုံး ကောလာဟလပဲ”

“ဒါပေမဲ့… ဓားကမ္ဘာမှာ ဓားအရှင်တွေ နှုတ်ကနေ အဆင့်ဆင့်ကမ်းလာခဲ့တဲ့ နောက်ထပ်ကောလာဟလတစ်ခုရှိတယ်”

တောင်ထွတ်သခင်ရှစ်ဦး၏ အမူအရာက အေးစက်လာပြီး သူတို့က တည်တံ့စွာနားထောင်နေကြသည်။

“သံခေါင်း… မင်း…”

ပိန်ပိန်ပါးပါးအဖိုးအိုက မျက်မှောင်ကြုတ်ပြီး သံသရဖူဆောင်းအဖိုးအိုကို တားဆီးချင်သည်။

သံသရဖူဆောင်းအဖိုးအိုက လက်ကာပြလိုက်သည်။

“သူတို့က တစ်ခုခုကို ခန့်မှန်းမိနေပြီပဲ.. ငါတို့က အဲဒါကို မပြောဘူးဆိုရင်တောင် သူတို့က အဲဒါနဲ့ပတ်သက်ပြီး ဒွိဟဖြစ်နေလိမ့်မယ်… သူတို့က အဲဒီကိစ္စကို သူတို့ဘာသာသူတို့ စုံစမ်းထောက်လှမ်းမယ်ဆိုရင် သူတို့ ဒုက္ခရောက်သွားနိုင်တယ်”

ခဏမျှရပ်တန့်ပြီးနောက် သံသရဖူဆောင်းအဖိုးအိုက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“စောစောက မင်းတို့တွေပြောတာမှန်တယ်… မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ နောက်ကွယ်မှာ စဉ်းစားကြည့်လို့တောင်မရနိုင်တဲ့ အဖွဲ့အစည်းတစ်ခု တကယ်ပဲရှိနေတယ်… အဲဒီအဖွဲ့အစည်းကို ဘာလို့ခေါ်လဲ ငါတို့မသိဘူး”

“အဲဒီအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေအားလုံးက ဖျောက်ဖျက်ခံထားရတယ်… ဘယ်သူ့ကိုမှ အဲဒါကို ပြောခွင့်မရှိဘူး”

“အရင် ဓားအရှင်တောင်မှ အဲဒါကို မသိခဲ့ဘူး… သူက အဲဒါကိုသိပြီးတော့ အဲဒါကို မပြောရဲတာလဲ ဖြစ်ချင်ဖြစ်မယ်.. သူပြောလိုက်ရင် ဓားကမ္ဘာအပေါ် ကပ်ဘေးတစ်ခုကျရောက်လာမှာကို သူစိုးရိမ်နေတာလဲ ဖြစ်ချင်ဖြစ်မယ်။”

All Chapters