သစ္စာဖောက်များ
Vol. 195 Ch. 2920
မင်းသမီးသက်တံနီက ငိုယိုကာ ပြောလိုက်၏။
“ဒီနေ့က ဂျူနီယာမောင်ဆူရဲ့ သေဆုံးခြင်း နှစ်ပတ်လည်နေ့ပဲ…. လောရှုက သူ့ကို အရိုအသေပေးဖို့အတွက် ဂျူနီယာမောင်ဆူရဲ့ လိုဏ်ဂူခန်းဝါကို သွားခဲ့တယ်… ဒါပေမဲ့ ကျန်းဟွာနဲ့ တခြားသူတွေက သူ့ကို မြင်သွားပြီး ဘာဖြေရှင်းချက်မှ ပေးခွင့် မပေးခဲ့ဘူး… သူတို့တွေက သူ့ကို ပူးပေါင်းဖမ်းဆီးပြီး စည်းကမ်းထိန်းသိမ်းရေးစင်ကို ခေါ်သွားကြတယ်”
မိုချင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ဂျူနီယာမောင်ယန်သည် ဤနှစ်များအားလုံးမှာ အတိတ်ကာလက အမှန်တရားကို အမြဲတမ်း ရှာဖွေနေခဲ့သော်လည်း သူက သူ့အခြေအနေကို ကောင်းကောင်းသိထားပြီး မဆင်မခြင် မပြုမူခဲ့ပေ။ ထိုအစား သူသည် ဂိုဏ်းမှာ ပို၍ပင် သတိကြီးကြီးထားနေသည်။
မရေမတွက်နိုင်သော မျက်လုံးများက သူ့ကို အချိန်တိုင်း စောင့်ကြည့်နေသော်လည်း သူအမှားလုပ်သည်ကို မည်သူကမှ မတွေ့မြင်ခဲ့ရပေ။
သူတို့က သူ့ကို ထိခိုက်အောင် လုပ်ချင်သည်ဆိုလျှင်တောင် သူတို့သည် သင့်လျော်သော အကြောင်းပြချက်တစ်ခုကို မရှာနိုင်ခဲ့ကြပေ။
ဂျူနီယာမောင်ယန်သည် သူ့ကို ကျန်းဟွာနှင့် တခြားသူများ အလွယ်တကူ ဖမ်းဆီးသွားစေရန် ဂျူနီယာမောင်ဆူကို အရိုအသေပေးဖို့ ဘာကြောင့် ရုတ်တရက် သွားရောက်ခဲ့သလဲ သူမ မသိရှိပေ။
ဂျူနီယာမောင်ဆူက သေဆုံးသွားပြီး ဓားအင်မော်တယ်ယွဲ့ဟွားက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ဒဏ်ရာအပြင်းအထန် ရရှိသွားပြီးကတည်းက ကျန်းဟွာသည် မကြာသေးခင် နှစ်များအတွင်း တက္ကသိုလ်၏ အကျော်ကြားဆုံးနှင့် အသန်မာဆုံး အမွေခံတပည့် ဖြစ်လာခဲ့သည်။
“အကြီးအကဲတွေက ဘယ်ရောက်နေတာလဲ”
မိုချင်က မေးလိုက်သည်။
မင်းသမီးသက်တံနီက ပြောလိုက်သည်။
“အကြီးအကဲတွေအားလုံး ရှိကြတယ်… ဒါပေမဲ့ သူတို့တွေက နှုတ်ဆိတ်နေကြတယ်”
ယန်လောရှုသည် အရင်တုန်းက အမှန်တရားကို ရှာဖွေဖို့ မရမက ကြိုးစားနေခဲ့သည်မှာ သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို သံသယရှိပြီး အကြီးအကဲများက သူ့အတွက် မရပ်တည်ပေးရဲသောကြောင့် ဖြစ်သည်။
ငိုရှိုက်နေသော မင်းသမီးသက်တံနီကို ကြည့်ပြီး နှစ်ပေါင်းများစွာကြာအောင် ငြိမ်သက်နေခဲ့သော မိုချင်၏ နှလုံးက ရုတ်တရက် မချင့်မရဲ ခံစားလာရသည်။ သူမက သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး ပြောလိုက်၏။
“သွားကြတာပေါ့… ငါ နင်နဲ့လိုက်ခဲ့မယ်”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်…
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကဲ့သို့ ကောင်းကင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းအနေဖြင့် ဂိုဏ်း၏ အပြင်ဘက်မှာ စွမ်းအားကြီးမားသော ဂိုဏ်းကာကွယ်ရေးဝင်္ကပါတစ်ခု သေချာပေါက် ရှိနေပေလိမ့်မည်။ ခွင့်ပြုချက်မရှိဘဲ အပြင်လူများသည် လုံးဝ ဝင်ရောက်မလာနိုင်ပေ။
ထိုအခိုက်အတန့်မှာ လူနှစ်ယောက်က တက္ကသိုလ်၏ အပြင်ဘက် ထူထပ်သော တောအုပ်ထဲကနေ ခိုးကြောင်ခိုးဝှက် တက်လှမ်းကာ တက္ကသိုလ်၏ ဝင်ပေါက်ရှိရာသို့ ချဉ်းကပ်လာနေကြသည်။
အတိအကျဆိုရလျှင် ထိုသူသည် မျက်နှာဖြူဖြူ၊ ပြောင်ချောချောနှင့် ငယ်ရွယ်သော ခရမ်းရောင်ဝတ်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူက အားနည်းသော အော်ရာနှင့် ဆံပင်ဖြူအဘိုးအိုတစ်ယောက်ကို သယ်ပိုးလာလေသည်။
ခရမ်းရောင်ဝတ်ကျင့်ကြံသူသည် အဘိုးအိုကို သူ၏ ကျောပေါ်မှာ ထမ်းထားပြီး တောအုပ်ထဲမှာ ဘယ်သို့ညာသို့ ခုန်ဆွခုန်ဆွ ပြေးလွှားနေ၏။ ရံဖန်ရံခါ သူသည် နောက်သို့ ခြေတစ်လှမ်းဆုတ်ပြီးမှ ရှေ့သို့ပြန်တက်လေသည်။
“လူကြီးရွှမ်…”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက သာမန်ကာလျှံကာ မေးလိုက်သည်။
“ဒီဂိုဏ်းကာကွယ်ရေးဝင်္ကပါထဲမှာ ကျုပ်တို့ ခြေလှမ်းမှားသွားရင် ဘာဖြစ်မှာလဲ… ကျုပ်တို့က ချက်ချင်းဖော်ထုတ်ခံရမှာလား”
လူအိုကြီးက မှင်သေသေဖြင့် ဖြေလိုက်၏။
“ဟင့်အင်း… ငါတို့ ဖော်ထုတ်ခံရမှာ မဟုတ်ဘူး… ငါတို့ တစ်ခါတည်း အငွေ့ပြန်သွားမှာ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက ကြောက်ရွံ့မှုဖြင့် ဆတ်ခနဲ တုန်ယင်ပြီး ခြေလှမ်းမှားလုမတတ် ဖြစ်သွားသည်။
“ကျုပ်ကို လာမခြောက်နဲ့နော်”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက တံတွေးကို အလျင်စလို မျိုချလိုက်၏။
အဘိုးအိုက ပြောလိုက်၏။
“ဒါက အရင်ဂိုဏ်းချုပ် ကိုယ်တိုင်ခင်းကျင်းထားတဲ့ အင်မော်တယ် ဝင်္ကပါပဲ… ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်တွေတောင် အတင်းဝင်ရောက်မယ်ဆိုရင် ဒဏ်ရာအပြင်းအထန်ရသွားလိမ့်မယ်… မင်းက ပကတိဧကနယ်ပယ်ကို ဝင်ရောက်ခါစပဲ ရှိသေးတယ်… မင်းက ဒီအင်မော်တယ် ဝင်္ကပါကို နှိုးဆွမိသွားရင် မင်းက ချက်ချင်းပြာကျသွားလိမ့်မယ်”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက လူအိုကြီး၏ လမ်းညွှန်မှုအတိုင်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် ရှိရာသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်လာလေသည်။ သူက စောဒကတက်လိုက်၏။
“ခင်ဗျားက ဒုက္ခိတဖြစ်လုနီးပါးအထိ တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ ရိုက်နှက်တာ ခံခဲ့ရတယ်… ခင်ဗျား ဘာလို့ထပ်ပြီး ဒီကိုပြန်လာရတာလဲ”
“တက္ကသိုလ်ဂိုဏ်းချုပ်က သူ့ရဲ့ ဟာကွက်မဲ့တဲ့ တွက်ချက်မှုတွေနဲ့ စွမ်းအားကြီးမားတယ်… သူသာ ကျုပ်တို့ကို ရှာတွေ့သွားမယ်ဆိုရင် ကျုပ်က ခင်ဗျားနဲ့အတူလိုက်ပြီး သေရလိမ့်မယ်”
“မပူပါနဲ့… သူ အခု တက္ကသိုလ်မှာ မရှိဘူး”
လူအိုကြီးက ပြောလိုက်သည်။
“တက္ကသိုလ်မှာ သူတောင်သိမှာမဟုတ်တဲ့ လျှို့ဝှက်ကုန်းမြေတစ်ခု ရှိတယ်… ငါတို့က အဲဒီနေရာကို စိမ့်ဝင်ထိုးဖောက်ပြီး အရင်ဂိုဏ်းချုပ် ချန်ထားခဲ့တဲ့ အင်မော်တယ်ဆေးတောင့်တွေနဲ့ ဂမ္ဘီရဆေးဝါးတွေကို ရှာတွေ့မယ်ဆိုရင် ငါက ငါ့ရဲ့ခွန်အား ၇၀ ရာခိုင်နှုန်းကို ပြန်ရလာနိုင်တယ်”
“၇၀ ရာခိုင်နှုန်း ပြန်ရတာကို ဘာလုပ်ရမှာလဲ”
မီးခိုးရောင်ဝတ်ကျင့်ကြံသူက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။
“ခင်ဗျားရဲ့ အထွတ်အထိပ်အခြေအနေမှာတောင် ခင်ဗျားက ဒီအခြေအနေအထိ ရိုက်နှက်ခံခဲ့ရတာ… ခင်ဗျားရဲ့ တိုက်ခိုက်ရည်ခွန်အား ၇၀ ရာခိုင်နှုန်းနဲ့ဆိုရင် ခင်ဗျားက လက်ညှိုးတစ်ချက်တည်းနဲ့ သတ်ဖြတ်ခံရနိုင်တယ်”
“မင်း ဘာသိလို့လဲ”
လူအိုကြီးက မီးခိုးရောင်ဝတ်ကျင့်ကြံသူ၏ လှောင်ပြောင်သရော်ခံရပြီးနောက် သူက ဆက်လက်၍ သည်းမခံနိုင်တော့ပေ။ သူက သူ၏ မုတ်ဆိတ်ကို လေဖြင့်မှုတ်ပြီး ခပ်စိမ်းစိမ်း စိုက်ကြည့်ကာ ပြောလိုက်၏။
“ငါတို့မျိုးရိုးက ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပဲ”
“အဲဒီလျှို့ဝှက်ကုန်းမြေမှာ ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်ရဲ့ လျှို့ဝှက်ကျင့်စဉ်တွေနဲ့ ရတနာတွေ အများကြီးရှိတယ်… အဲဒါက အနာဂတ်မှာ တက္ကသိုလ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်တွေပဲ”
လူနှစ်ယောက်က ငြင်းရင်းခုံရင်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ရှိရာသို့ မည်သူမှ သတိထားမိစေခြင်းမရှိဘဲ တိတ်တဆိတ် ချဉ်းကပ်လာခဲ့ကြသည်။
မိုချင်သည် မင်းသမီးသက်တံနီနှင့်အတူ စည်းကမ်းထိန်းသိမ်းရေးစင်သို့ ရောက်ရှိလာသောအခါ သူမက ရင်ထဲမှာ နင့်ခနဲဖြစ်သွားသည်။
သူမရှေ့မှ မြင်ကွင်းက သူမ တွေးထင်ထားသည်ထက်ပင် များစွာပိုမိုဆိုးရွားနေသည်။
ဤနှစ်များအားလုံးမှာ တက္ကသိုလ်မှ မဟာအကြီးအကဲ၏ ဘဝသက်တမ်းက ကုန်ဆုံးသွားပြီး သူက တရားထိုင်ရင်း ကွယ်လွန်သွားခဲ့လေသည်။ မဟာအကြီးအကဲ၏ နေရာက အမြဲတမ်းလစ်လပ်နေခဲ့သည်။
သို့သော်ယခု အကြီးအကဲရှစ်က လွဲလျှင် ကျန်ရှိနေသော အကြီးအကဲ ရှစ်ယောက်ထဲမှာ အခြားခုနှစ်ဦးက ရှိနေကြလေသည်။
ထို့မျှသာမက ဤနေရာမှာ အမွေခံတပည့်များကလည်း စုဝေးရောက်ရှိနေကြသည်။ တကယ်ဆို အတွင်းဂိုဏ်းတပည့်များနှင့် အပြင်ဂိုဏ်းတပည့်များပင် ရှိနေသည်။
တစ်ချက်ကြည့်ရုံဖြင့် စည်းကမ်းထိန်းသိမ်းရေးစင်၏ ဘေးပတ်လည်မှာ လူပေါင်းများစွာ စုဝေးရောက်ရှိနေကြသည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ကျင့်ကြံသူများ အားလုံးနီးပါးက စုဝေးမိနေကြသည်။
မိုချင် ရောက်ရှိလာသည့်ခဏမှာပင် သူမက မွန်းကျပ်ဖွယ်ရာ ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
စည်းကမ်းထိန်းသိမ်းရေးစင်မှာ…
ယန်လောရှုသည် ငွားငွားစွင့်စွင့် မြင့်မားသော ကြေးတိုင်တစ်တိုင်မှာ တုပ်နှောင်ခံထားရလေသည်။ သူ့ကို ဧရာမ ချိန်းကြိုးများဖြင့် အထပ်ထပ် ရစ်ပတ်ထားပြီး သူက လုံးဝမလှုပ်ရှားနိုင်ပေ။
ချိန်းကြိုးများသည် သူ၏ တာအိုသစ်သီး၊ မျိုးဆက်သွေးနှင့် သူ့ခန္ဓာကိုယ်ထဲရှိ အစစ်အမှန်အမြုတေကိုပင် ဖိနှိမ်ထားနိုင်သော မှော်စာလုံးများဖြင့် ပြည့်နှက်နေသည်။
ထိုအခိုက်အတန့်မှာ ယန်လောရှု၏ ဆံပင်က ဖိုသီဖတ်သီဖြစ်နေပြီး သူ၏ အဝတ်အစားများက စုတ်ပြဲကြေမွနေ၏။ အပြစ်ပေးကျာပွတ်ဖြင့် ရိုက်နှက်ခံရပြီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်မှာ လောလောလတ်လတ် သွေးသံရဲရဲဒဏ်ရာများ ရှိနေလေသည်။ အဲဒါက တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
သူ့ခွန်အားက ဖိနှိမ်ခံထားရသောကြောင့် သူသည် သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများကို ပြန်လည်မကုသနိုင်ပေ။
ဖြောင်း…
ကျန်းဟွာက သွေးများတစ်စက်စက်စီးကျနေသည့် အပြစ်ပေးကျာပွတ်တစ်ခုကို ကိုင်စွဲပြီး ယန်လောရှုကို ပြင်းထန်ကြမ်းတမ်းစွာ ရိုက်ချလိုက်၏။ သူ၏ အကြည့်က အေးစက်နေပြီး အော်ငေါက်လိုက်၏။
“ယန်လောရှု… မင်းအမှားကို မင်း ဝန်မခံသေးဘူးလား”
ယန်လောရှုက သူ၏ ခေါင်းကိုသာမော့ပြီး ကျန်းဟွာကို အထင်မြင်သေးစွာဖြင့် ကြည့်လိုက်၏။ ရုတ်တရက် သူက ပါးစပ်ကိုဖွင့်ပြီး ကျန်းဟွာကို သွေးများဖြင့် ထွေးထုတ်လိုက်၏။
“ဟဲဟဲ”
ကျန်းဟွာက ဒေါသထွက်မသွားဘဲ ပြုံးရုံသာပြုံးလိုက်၏။
“ယန်လောရှု… ငါ မင်းနဲ့ ဖြည်းဖြည်းချင်း ကစားပေးမယ်… ကိုယ့်ဆရာနဲ့ ကိုယ်ဂိုဏ်းကို သစ္စာဖောက်ခဲ့တဲ့ မင်းလိုမျိုး သစ္စာဖောက်တစ်ယောက်က ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ငါကြည့်ချင်သေးတယ်”
ကျန်းဟွာက သူ့လက်ထဲရှိ အပြစ်ပေးကျာပွတ်ကို နောက်တစ်ဖန် ကိုင်မြှောက်လိုက်၏။
“နေပါဦး”
အသံတစ်သံထွက်ပေါ်လာပြီး မိုချင်က စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်သို့ မင်းသမီးသက်တံနီနှင့်အတူ ဆင်းသက်လာခဲ့သည်။
မင်းသမီးသက်တံနီက မျက်ရည်များစို့ရွှဲကာ ယန်လောရှုရှိရာသို့ ပြေးသွားပြီး သူ့ကို ပွေ့ဖက်ချင်လေသည်။
သို့သော်လည်း သူမသည် ယန်လောရှု၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကို တွေ့မြင်သောအခါ သူ့ကို ပိုမိုနာကျင်စေမည်စိုးပြီး သူမက သူ့ကို မထိရဲတော့ပေ။
ယန်လောရှုသည် မင်းသမီးသက်တံနီ၏ အသံကို ကြားသောအခါ သူက ခေါင်းမော့ပြီး သူမကို ပြုံးပြလိုက်၏။ သူက သူ၏ ခန္ဓာကိုယ်မှ မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလားပင်။
ထိုကဲ့သို့ပင် သူတို့နှစ်ယောက်က အလွန်နီးကပ်နေပြီး အကြည့်ချင်းဆုံသွားသည်။
မင်းသမီးသက်တံနီ၏ မျက်လုံးများက နီရဲနေပြီး မျက်ရည်များက စိုစွတ်လာသည်။
“လက်စသတ်တော့ စီနီယာအစ်မမိုချင်ကိုး...”
ကျန်းဟွာက မိုချင်ကို တွေ့မြင်သောအခါ သူက မျက်ခုံးအနည်းငယ်ပင့်ပြီး သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“စီနီယာအစ်မမိုချင်… ခင်ဗျားက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျပြီး လောကီရေးရာ ကိစ္စတွေမှာ ဝင်မပါတတ်ဘူးလို့ ကျုပ်ကြားထားတယ်… အဲဒါကြောင့် ကျုပ်က ဒီလိုမျိုး သွေးသံရဲရဲကိစ္စမှာ ခင်ဗျားကို အနှောင့်အယှက်မပေးလိုခဲ့ဘူး”
“အခုတော့ အလိုက်ကန်းဆိုးမသိတဲ့ ခွေးမက ခင်ဗျားကို သွားပြီး ဖိတ်ခေါ်လာခဲ့တာပဲ”
ကျန်းဟွာက ထိုသို့ပြောလိုက်စဉ် သူက မင်းသမီးသက်တံနီကို ခပ်စိမ်းစိမ်း စိုက်ကြည့်လိုက်၏။
မိုချင်က အသက်တစ်ချက်ရှိုက်ပြီး အကြီးအကဲများရှိရာဘက်သို့ အနည်းငယ်ဦးညွှတ်ပြီးနောက် ကျန်းဟွာကို ပြန်ကြည့်ကာ လေးနက်သောသံဖြင့် မေးလိုက်၏။
“သူ့ကို ဒီလိုမျိုး ဆက်ဆံရအောင် ဂျူနီယာမောင်ယန်က ဘာအမှားကျူးလွန်ခဲ့လို့လဲ”
“သူက အရိုအသေပေးဖို့အတွက် ပျက်စီးနေတဲ့ လိုဏ်ဂူခန်းဝါတစ်ခုဆီကို သွားရောက်ခဲ့ရုံပဲ… သူက မှားခဲ့တယ်ဆိုရင်တောင်မှ သူ့ရဲ့အမှားအတွက် ဒီလောက်အတိုင်းအတာအထိ လုပ်စရာမလိုဘူး… သူ့ကို သူ့ဆရာနဲ့ သူ့ဂိုဏ်းအပေါ် သစ္စာဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး တင်စရာမလိုဘူး”
ဤပြစ်မှုများကို အတည်ပြုပြီးသည်နှင့် ယန်လောရှုက သေချာပေါက် သွားရှာတော့မည်ကို မိုချင်သည် သူမ၏ ရင်ထဲမှာ သိရှိထားလေသည်။
ကျန်းဟွာ၏ အမူအရာက တည်ငြိမ်နေ၏။
“တက္ကသိုလ်ရဲ့ သစ္စာဖောက် ဆူဇီမိုကို အရိုအသေပေးတယ်ဆိုတာ သူက ဂိုဏ်းချုပ်ကို သံသယရှိနေတယ်လို့ ဆိုလိုတာပဲ… အဲဒါက သူ့ဆရာနဲ့ သူ့ဂိုဏ်းကို သစ္စာဖောက်တာ မဟုတ်ဘူးလား”
“သူက ကျုပ်နဲ့ တစ်ဂိုဏ်းတည်းသားချင်းဖြစ်နေလို့သာ ကျုပ်က သူ့ကို တိုက်ရိုက်မသတ်ဖြတ်သေးတာပဲ.. အဲဒီအစား ကျုပ်က သူ့ကို အခွင့်အရေးတစ်ခု ပေးနေတာ”