← Chapters

မှန်ကန်ဖြောင့်မတ်ခြင်းအော်ရာ

Vol. 195 Ch. 2921

မှန်ကန်ဖြောင့်မတ်ခြင်းအော်ရာ

Vol. 195 Ch. 2921

“နင်က ဂျူနီယာမောင်ယန်ကို ဒီစည်းကမ်းထိန်းသိမ်းရေးစင်မှာ တုပ်နှောင်ပြီး သူ့ကို အပြစ်ကို ဝန်ခံဖို့ ဖိအားပေးနေတယ်… နင်က သူ့ကို လူတိုင်းရှေ့မှာ အရှက်ခွဲနေတယ်”

မိုချင်၏ စိတ်နေစရိုက်အရ သူမသည် ကျန်းဟွာ၏ စကားကို ကြားရသောအခါ ဒေါသထောင်းခနဲထွက်လာပြီး လေသံမာမာဖြင့် မေးခွန်းထုတ်လိုက်၏။

“ဒါကို နင်က ဂျူနီယာမောင်ယန်ကို အခွင့်အရေးပေးနေတယ်လို့ ပြောနေတာလား”

“ဒါပေါ့”

ကျန်းဟွာက ပြောလိုက်သည်။

“သူက သူ့ရဲ့ဂိုဏ်းသားရောင်းရင်းတွေရှေ့မှာ ဒူးထောက်ပြီး ဖြောင့်ချက်ပေးလိုက်တာနဲ့ တက္ကသိုလ်က ကျုပ်တို့ရဲ့ အတိတ်ကာက ဆက်ဆံရေးကို ထောက်ထားပြီး သူ့ရဲ့ခွေးအသက်ကို ချမ်းသာပေးမယ်… ပြီးရင် သူ့ကို တက္ကသိုလ်ကနေ နှင်ထုတ်လိုက်ရုံပဲ”

စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ နောက်ထပ် ပကတိအင်မော်တယ်တစ်ဦးက အော်ပြောလိုက်၏။

“ဂိုဏ်းချုပ်က သူ့ကို ဓမ္မတာအိုကို သင်ကြားပေးပြီး ဘယ်လိုကျင့်ကြံရမလဲ သင်ပေးခဲ့တယ်”

“သူက ဂိုဏ်းချုပ်ကို ဘယ်လိုတောင် သံသယဝင်ရဲတာလဲ… ဒီလိုမျိုး အပြစ်သားတစ်ယောက်က တက္ကသိုလ်ရဲ့ ဓမ္မတာအိုကို ဆက်ခံဖို့ မထိုက်တန်တော့ဘူး”

“သူက ဖြောင့်ချက်ပေးမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ သူ့ရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ရမယ်”

“အမှန်ပဲ… ကျုပ်တို့ သူ့ရဲ့ တာအိုသစ်သီးကို အရင်ဆုံး ခြေမွှဖျက်ဆီးပစ်မယ်”

လူအုပ်ကြီးက ရူးသွပ်စွာ ပြောဆိုလာကြသည်။

စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာသာ မဟုတ်ဘဲ အောက်ဘက်ရှိ လူအုပ်ကြားထဲမှာပင် လက်သီးလက်မောင်းတန်း၍ စိတ်လှုပ်ရှားတက်ကြွစွာဖြင့် အော်ဟစ်ပြောဆိုနေသော လူများစွာ ရှိလာခဲ့သည်။

တကယ်တော့ ကျင့်ကြံသူအများစုက နှုတ်ဆိတ်နေကြသည်။

သူတို့ထဲမှ အချို့သည် သူတို့ကိစ္စမဟုတ်သောကြောင့် အခြေအနေကို သိရှိမထားကြပေ။

လူတချို့က ယန်လောရှုကို စာနာထောက်ထားနေသော်လည်း သူတို့က သူတို့ပါ ရောပါငြိစွန်းခံရမည်ကို စိုးရိမ်ပူပန်နေကြသည်။

အမွေခံတပည့်တစ်ယောက်က ဆက်လက်၍ ကြည့်မနေနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“စီနီယာအစ်ကိုကျန်း… သူ့ကို ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးလိုက်ရုံပဲမလား… ဂျူနီယာညီယန်ကို အခုလိုမျိုး ညှင်းပန်းနှိပ်စက်ပြီး စော်ကားပြောဆိုနေစရာ မလိုပါဘူး… ဘာပဲပြောပြော သူက ငါတို့နဲ့ တစ်ဂိုဏ်းတည်းသားချင်း…”

“ရှုယဲ့… မင်း ဘာစကားပြောနေတာလဲ”

ထိုအမွေခံတပည့်က စကားဆုံးအောင် မပြောရသေးခင် သူ့ကို ကျန်းဟွာက ဖြတ်ပြောလိုက်သည်။

ကျန်းဟွာ၏ အကြည့်က ရှုယဲ့ဟုခေါ်သော အမွေခံတပည့်အပေါ် ရောက်ရှိသွားလေသည်။ သူက မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်၏။

“ယန်လောရှုက သူ့ဆရာနဲ့ သူ့ဂိုဏ်းကို သစ္စာဖောက်ဖို့အတွက် သူနဲ့အတူ ကြံရာပါတွေ သေချာပေါက်ရှိနေမယ်ဆိုတာ ငါ ခန့်မှန်းမိနေတာ ကြာပြီ… အခုတော့ မင်းက အဲဒါကို ကိုယ့်သဘောနဲ့ကိုယ် ဝန်ခံလာပြီပေါ့လေ”

“စီနီယာအစ်ကိုကျန်း… ခင်ဗျား ဘာပြောနေတာလဲ… ကျုပ်က...”

ရှုယဲ့က ရင်ထဲမှာ နင့်ခနဲ ဖြစ်သွား၏။

“သူ့ကို ဖမ်းလိုက်ကြ”

ကျန်းဟွာက လက်ပြပြီး ရှုယဲ့ကို လက်ညှိုးထိုးပြလိုက်၏။

“ခုခံဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို သနားညှာတာမှုမရှိ သတ်ပစ်ရမယ်”

ထို့နောက် အမွေခံတပည့်တချို့သည် စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်သို့ ပြေးတက်လာပြီး ရှုယဲ့ကို ချုပ်နှောင်လိုက်ကြသည်။

“မင်းတို့တွေ ဘာလုပ်နေကြတာလဲ”

ရှုယဲ့က ဒေါသချောင်းချောင်းထွက်သွားပြီး ရုန်းကန်ရင်း အော်ဟစ်နေ၏။

“ကျန်းဟွာ… မင်းက လူတစ်ယောက်ကို အခြေအမြစ်မရှိဘဲ စွပ်စွဲပြောဆိုနိုင်တာလား… ငါက ဂျူနီယာညီယန်အတွက် စကားပြောပေးရုံပဲ… အဲဒါကို မင်းက ငါ့ကို စွပ်စွဲချင်နေတာလား… မင်းမှာ ဘာအခွင့်အာဏာရှိလို့လဲ”

“ပါးစပ်ကို ပိတ်ထား”

ပကတိအင်မော်တယ်တစ်အုပ်စုက ကြေးတိုင်၏ အခြားတစ်ဖက်မှာ ရှုယဲ့ကို ချည်နှောင်ပြီး သူ့ကို ရိုက်နှက်လိုက်ကြသည်။ တစ်ခဏချင်းမှာပင် ရှုယဲ့၏ မျက်နှာက သွေးအလိမ်းလိမ်းဖြစ်သွားပြီး သူက စကားမပြောနိုင်တော့ပေ။

“စီနီယာအစ်ကိုကျန်း... သူ အခုတော့ မငြင်းဆန်နိုင်တော့ဘူး… အဲဒါက သူ့ရဲ့ ဝန်ခံချက်ပဲ”

ပကတိအင်မော်တယ်တစ်ဦးက ကျန်းဟွာကို မျက်နှာလိုမျက်နှာရကြည့်ကာ ပြုံးပြလိုက်သည်။

ကျန်းဟွာက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏

သူတို့က ထိုသည်ကို တွေ့မြင်သောအခါ အစက မချင့်မရဲဖြစ်နေသော ကျင့်ကြံသူများက သူတို့၏ ခေါင်းကိုငုံ့ပြီး ပို၍ပင် နှုတ်ဆိတ်လာကြသည်။

“အကြီးအကဲတို့… ရှင်တို့ အဲဒါကို ဒီအတိုင်းပဲ ကြည့်နေကြတာလား”

မိုချင်က မလှမ်းမကမ်းမှာရှိသော အကြီးအကဲခုနစ်ဦးကို ကြည့်လိုက်သည်။

အကြီးအကဲခုနစ်ဦးက နှုတ်ဆိတ်နေကြသည်။

မှန်ကန်ဖြောင့်မတ်မှုနှင့် ကျော်ကြားပြီး အပြစ်ပေးခြင်းကို တာဝန်ယူထားသော အကြီးအကဲနှစ်ပင်လျှင် ထိုအခိုက်အတန့်မှာ နှုတ်ဆိတ်နေပြီး ဤမြင်ကွင်းကို ထုံထိုင်းစွာဖြင့်သာ ကြည့်နေသည်။

ကျန်းဟွာသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ နောက်ထပ်အမွေခံတပည့်တစ်ဦး ဖြစ်လေသည်။ ကျန်းဟွာ ပြုလုပ်နေသည့် အရာရာတိုင်းသည် တကယ်တော့ တက္ကသိုလ်ဂိုဏ်းချုပ်၏ စိတ်ဆန္ဒဖြစ်သည်။

သူက အဲဒါကို မကန့်ကွက်ရဲပေ။

မဟာအကြီးအကဲသည် တစ်ခါက သူ၏ ဝါစဉ်အပေါ် မှီခိုပြီး ကျန်းဟွာကို ဆူပူအော်ငေါက်ခဲ့လေသည်။ နောက်ပိုင်းမှာ သူသည် ကောင်းကင်မြေကြီးနန်းတော်သို့ သွားရောက်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ငြင်းခုံပြောဆိုခဲ့သည်။ ထို့နောက် သူ ဘာဖြစ်သွားခဲ့သလဲ။

သူ၏ ဘဝသက်တမ်းက ကုန်ဆုံးသွားပြီး တရားထိုင်ရင်း ကွယ်လွန်သွားသည်ဟု ဆိုခဲ့ကြသော်လည်း အဲဒါက အမှန်တရားဟုတ်ပါ့မလားဆိုတာ ဘယ်သူသိမှာလဲ။

မိုချင်က သူမ၏ ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ထိုကျင့်ကြံသူများသည် တက္ကသိုလ်၏ ဂိုဏ်းသားရောင်းရင်းများနှင့် ရင်းနှီးနေကျ မျက်နှာများဖြစ်သည်။

သို့သော်လည်း သူမ၏ ဂိုဏ်းသားရောင်းရင်းများ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှု၊ ကြမ်းကြုတ်ခက်ထန်မှုနှင့် ရက်စက်ကြမ်းတမ်းမှုတို့က မိုချင်ကို စိမ်းသက်မှုနှင့် တုန်လှုပ်ချောက်ချားမှုကို ခံစားရစေသည်။

တက္ကသိုလ်က ဘာလို့ ဒီလိုဖြစ်လာရတာလဲ…

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဤကဲ့သို့ မဖြစ်သင့်ပေ။

မိုချင်နှင့် အတွေးတူစွာပင် တက္ကသိုလ်၏ လျှို့ဝှက်ကုန်းမြေမှာ ပုန်းကွယ်နေသော နောက်ထပ်အဘိုးအိုတစ်ယောက် ရှိနေသည်။

“ငါလခွမ်းတဲ့မှ… ဘာတွေဖြစ်နေတာလဲ”

လင်းရွှင်ကျန်းက စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှ မြင်ကွင်းကို တွေ့မြင်ရသောအခါ သူ၏ အဆုတ်က ပေါက်ကွဲထွက်မတတ်ဖြစ်ပြီး သူက ကျိန်ဆဲလိုက်၏။

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဒီလိုမျိုးခွေးတွေနဲ့ ပြည့်နေတာလား… သောက်အဓိပ္ပာယ်မရှိတဲ့ အမွေအနှစ်တွေ… ကျုပ်တော့ အဲဒါကို ထပ်ပြီးမလိုချင်တော့ဘူး… လူအိုကြီးရွှမ်… ခင်ဗျား ကျုပ်နေရာ အစားထိုးဖို့ တခြားတစ်ယောက်ကို ရှာလိုက်တော့”

လင်းရွှင်ကျန်းက ကျိန်ဆဲပြောဆိုရင်း သူက သူ့ဘေးမှာရှိသော လူအိုကြီးကို လှည့်ကြည့်လိုက်သည်။

လူအိုကြီးရွှမ်သည် စည်းကမ်းထိန်းသိမ်းရေးစင်မှာ ဖြစ်ပျက်နေသည့်အရာကို အဝေးကနေ ကြည့်ပြီး သူက ပို၍ပင် အိုစာလာပုံရသည်။ သူ၏ ရင်ထဲမှာ ပူဆွေးဝမ်းနည်းမှုဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများက စိတ်ပျက်လက်ပျက် အမူအရာတစ်ခုနှင့်အတူ မျက်ရည်များဖြင့် ပြည့်နှက်လာခဲ့သည်။

“တက္ကသိုလ်က ဒီလိုမဟုတ်ရဘူး… အဲဒါက ဒီလိုမဖြစ်သင့်ဘူး”

လူအိုကြီးရွှမ်က သူ့ဘာသာသူ ဝမ်းနည်းစွာ တီးတိုးရေရွတ်နေ၏။

အစကတော့ လင်းရွှင်ကျန်းသည် လှည့်ထွက်သွားချင်ခဲ့သည်။ သို့သော်လည်း လူအိုကြီးရွှမ်ကို ဤကဲ့သို့သော ပုံစံဖြင့် တွေ့မြင်ရသောအခါ သူက သူ့ကို ဤအခြေအနေဖြင့် မကြည့်ရက်နိုင်ဘဲ သက်ပြင်းချလိုက်၏။

အစက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သည် ဤကဲ့သို့ပုံစံ မဟုတ်ခဲ့ပေ။ သို့သော်လည်း နှစ်တစ်သိန်းကျော်အတွင်း တက္ကသိုလ်ဂိုဏ်းချုပ်၏ မသိမသာ လမ်းညွှန်မှုအောက်မှာ တက္ကသိုလ်၏ ဂိုဏ်းသားရောင်းရင်းများသည် တစ်ယောက်ပေါ်တစ်ယောက် ရန်လိုစိတ်များလာခဲ့ကြသည်။ တကယ်ဆို သူတို့ထဲမှ အချို့သည် တစ်ယောက်ကိုတစ်ယောက် မုန်းတီးနေကြပြီး အငြိုးအတေးကြီးမားသော အတွင်းရေးပဋိပက္ခများပင် ရှိလာခဲ့သည်။

ဆူဇီမိုက တက္ကသိုလ်သို့ ဝင်ရောက်သည့်ခဏမှပင် သူသည် ဤကဲ့သို့သော ပစ်မှတ်ထားခြင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။

တပည့်ဂိုဏ်းသားရောင်းရင်းများကြား ယှဉ်ပြိုင်ဖို့အတွက် ပိုမိုကောင်းမွန်သော အခြေအနေများ ရှိလေသည်။ ဥပမာအားဖြင့် ဓားကမ္ဘာမှ ဓားကျင့်ကြံသူများသည် ဂိုဏ်းသားရောင်းရင်းများကြား လက်ရည်စမ်းကာ တိုက်ခိုက်ဖလှယ်ကြသည်။ သို့သော်လည်း သူတို့သည် သူတို့၏ ဂိုဏ်းသားရောင်းရင်းဆက်ဆံရေးကို ပို၍ပင် တန်ဖိုးထားလေသည်။

သို့သော်လည်း တက္ကသိုလ်၏ ဂိုဏ်းချုပ်သည် တက္ကသိုလ်ကို တာဝန်ယူခဲ့ပြီးကတည်းက သူသည် ဂူပိုးကောင်များကို မွေးမြူနေသည့်အလား ဤယှဉ်ပြိုင်မှုကို ၎င်း၏ အကန့်အသတ်ထိ တွန်းတင်ပေးခဲ့သည်။

သူတို့က တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခများ ရှိလာမည်ဆိုလျှင် သူတို့သည် တစ်ဖက်သူကို သတ်ဖြတ်ဖို့ နည်းလမ်းများကို ကြံစည်လာကြပေမည်။

သူတို့နှစ်ယောက်က လျှို့ဝှက်ကုန်းမြေထဲမှာ ပုန်းကွယ်နေပြီး တွေ့မြင်ရသော အရာရာတိုင်းမှာ ဘာမှမတတ်နိုင်ပေ။ လူအိုကြီးရွှမ်၏ ထိခိုက်ဒဏ်ရာများက ယခုအချိန်ထိ မသက်သာသေးဘဲ လင်းရွှမ်ကျန်းက ပကတိဧကနယ်ပယ်သို့ ဝင်ရောက်ခါစသာ ဖြစ်သည်။

သူတို့နှစ်ယောက်က ရှေ့သို့ ထွက်လာကြမည်ဆိုလျှင် သူတို့သည် ယန်လောရှုကို ကယ်တင်ဖို့ နေနေသာသာ သူတို့၏ အခြေအနေကပင် သူ့ထက် ပိုမိုကောင်းမွန်လိမ့်မည် မဟုတ်ပေ။

မည်သူကမှ အဲဒါကို သတိမထားမိကြသေးပေ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အထက်မှာ တိမ်စိုင်များကြား ပုန်းကွယ်နေသော နောက်ထပ်လူတစ်ယောက် ရှိလေသည်။

ထိုလူက သံသရဖူတစ်ခုကို ဆောင်းထားပြီး စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ ဖြစ်ပျက်နေသည့် အရာရာတိုင်းကို အေးစက်စွာ စောင့်ကြည့်နေ၏။

ဤနေရာမှာ သူရောက်ရှိနေသည်ကို မည်သူကမှ မသိရှိကြပေ။

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏ မျက်လုံးထဲရှိ အေးစက်မှုက သတ်ဖြတ်လိုစိတ်နှင့်အတူ သိပ်သည်းစုဖွဲ့လာခဲ့သည်။

“ယန်လောရှု… မင်း ဘာလို့ အခုချိန်ထိ ဝန်မခံသေးတာလဲ”

ကျန်းဟွာက အပြစ်ပေးကျာပွတ်ကို ကိုင်မြှောက်ပြီး ယန်လောရှုကို နောက်တစ်ဖန် ပစ်ရိုက်ချလိုက်၏။ ကျာပွတ်က ရက်စက်ကြမ်းတမ်းပြီး သူ၏ အသားများက စုတ်ပြဲသွားကာ အရိုးဖြူဖြူများပင် ထွက်ပေါ်လာသည်။

“ငါက ဘာပြစ်မှုကို ကျူးလွန်ခဲ့လို့လဲ”

ယန်လောရှုက သူ၏ ခေါင်းကို မော့ထားပြီး အညံ့မခံပေ။

ကျန်းဟွာက အေးစက်စွာ ပြောလိုက်၏။

“မင်းက အရိုအသေတန်ပြီး နာခံမှုမရှိဘဲ တက္ကသိုလ်ဂိုဏ်းချုပ်ကို မေးခွန်းထုတ်ခဲ့တယ်… မင်းဆရာနဲ့ မင်းရဲ့ဂိုဏ်းကို ပုန်ကန်သစ္စာဖောက်ခဲ့တဲ့အချက်က အရမ်းကို ကြီးလေးတဲ့ ပြစ်မှုပဲ”

“ဂိုဏ်းချုပ်က အမှားလုပ်ထားမယ်ဆိုရင်တောင် သူ့ကို ဘယ်သူကမှ မေးခွန်းမထုတ်ရဘူးလို့ ဆိုလိုတာလား”

ယန်လောရှုက ပြန်မေးလိုက်၏။

“မင်း ဘယ်လိုတောင် ပြောရဲတာလဲ”

“အဓိပ္ပာယ်မရှိတာ… ဂိုဏ်းချုပ်က ဘယ်လိုလုပ် အမှားလုပ်မှာလဲ”

“သစ္စာဖောက်တွေက ဂိုဏ်းချုပ်ကိုတောင်မှ သံသယဝင်နေတယ်”

ကျန်းဟွာ မပြောရသေးခင် အမွေခံတပည့်တစ်အုပ်စုက ကျယ်လောင်စွာ အော်ပြောလိုက်၏။

ယန်လောရှုက ပြုံးလိုက်လေသည်။

“ဒီနှစ်တွေအားလုံးမှာ ငါက မိုးကောင်းကင်ကိုးလွှာမှာ လှည့်လည်သွားလာပြီး အရင်တုန်းက အမှန်တရားကို ရှာဖွေနေခဲ့တယ်… အရင်တုန်းက အဲဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကျင့်ကြံသူတချို့နဲ့လည်း ငါက ထိတွေ့ပြောဆိုနိုင်ခဲ့တယ်… ဖြစ်ရပ်တစ်ခုလုံးက အခုချိန်မှာ ရှင်းလင်းသွားပြီလို့ ဆိုနိုင်တယ်”

နှစ်ပေါင်း နှစ်ထောင်ကျော်ကြာအောင် ယန်လောရှုသည် ကျင့်ကြံခြင်း မရှိသလောက်နီးပါးဖြစ်ပြီး အဖြေတစ်ခုကို ရှာဖွေဖို့ ကြိုးစားနေခဲ့သည်။

သူသည် အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ သွားရောက်ကာ တိုက်ပွဲနိုင်ငံမှာ လင်းကျန့်နှင့် သူ့ဇနီးနှင့် တွေ့ဆုံပြီး ထိုစဉ်တုန်းက အမှန်တရားကို ကြားသိခဲ့ရသည်။

သို့သော်လည်း သူက လက်မလျှော့သေးဘဲ နောက်ထပ် သက်သေအထောက်အထားများကို ထပ်မံရှာဖွေလိုခဲ့သည်။

ထို့နောက် သူသည် အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ သွားရောက်ပြီး နှစ်ပေါင်းရာချီ ကုန်ဆုံးစေကာ ဘုရင်ယွင်ယို၏ လက်အောက်မှ ပကတိအင်မော်တယ်တစ်ဦးနှင့် မိတ်ဆွေဖွဲ့ပြီး ထိုသူ့ထံမှ အသေးစိတ် လျှို့ဝှက်ချက်တချို့ကို ထပ်မံရရှိခဲ့လေသည်။

တကယ်တော့ လင်းကျန်းနှင့် သူ့ဇနီးက ဖန်တီးခြင်းကြာပဒုမ္မာ၏ သတင်းကို ထုတ်ဖော်ပြောဆိုသည့်အချိန်မှာပင် ဘုရင်ယွင်ယိုနှင့် အခြားသူများသည် သူတို့က တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်ခြင်း ခံခဲ့ရသည်ကို နားလည်သဘောပေါက်သွားကြပြီဖြစ်သည်။

ဖန်တီးခြင်းကြာပဒုမ္မာက ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ မြုပ်နှံခံခဲ့ရပြီဆိုမှတော့ ဤဘုရင်များကလည်း တက္ကသိုလ်ဂိုဏ်းချုပ်၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ပေးထားဖို့ စိတ်ကူးမရှိတော့ပေ။

ယန်လောရှုသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ နှစ်နှစ်ထောင်ကျော်ကြာအောင် လှည့်လည်ပြီး အရင်တုန်းက ဖြစ်ပျက်ခဲ့သည့်အရာများကို စုံစမ်းထောက်လှမ်းနေခဲ့သည်။

သူသည် အရာရာတိုင်းကို လင်းကျန့်နှင့် သူ့ဇနီးပြောခဲ့သည့်အရာနှင့် ယှဉ်ကြည့်ပြီးနောက် တိကျသော အဖြေတစ်ခုကို ရရှိလာခဲ့သည်။

အခြားသူများ၏ မျက်လုံးထဲမှာ ဤအပြုအမူသည် တကယ်ပင် ခေါင်းမာရာကျပြီး ရူးကြောင်ကြောင်ပင်နိုင်လေသည်။ သို့သော်လည်း သူသည် ဂျူနီယာညီဆူ၏ အမည်ကို ရှင်းလင်းပေးချင်သည်။

ဤသည်ကား အကျင့်စာရိတ္တအပေါ် သူ၏ ခံယူချက် ဖြစ်သည်။

တောက်ပသော ကောင်းကင်အောက်မှာ မှန်ကန်ဖြောင့်မတ်မှုက သဘာဝအလျောက် ပေါ်ထွက်လာရမည်ဖြစ်ပြီး လုပ်ချင်ရာလုပ်နိုင်သော တက္ကသိုလ်ဂိုဏ်းချုပ်ပင်လျှင် ၎င်းကို ဖိနှိမ်နိုင်မည် မဟုတ်ဟု သူက ယုံကြည်ထားလေသည်။

All Chapters