← Chapters

ဓမ္မတာအိုအမွေအနှစ်

Vol. 195 Ch. 2925

ဓမ္မတာအိုအမွေအနှစ်

Vol. 195 Ch. 2925

သူတို့ရှေ့မှ သံသရဖူဆောင်းအဖိုးအိုက မည်ကဲ့သို့သော အဆင့်အတန်းကို ပိုင်ဆိုင်ထားသလဲ။

သူသည် ကျင့်ကြံမှုဖျက်ဆီးခံထားရသည့် ပကတိအင်မော်တယ်တစ်ဦးကို ဓားကမ္ဘာသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ပြီး ဓမ္မတာအိုကိုပင် ကိုယ်တိုင်သင်ကြားပေးလိုနေသည်။ ယခု သူသည် ဤကဲ့သို့ လေးနက်သည့် ချီးကျူး ပြောဆိုမှုကို ပြုလုပ်လိုက်ပြီး ဘယ်သူက မတုန်လှုပ်ဘဲနေမှာလဲ။

သံသရဖူဆောင်းအဖိုးအိုသည် ယန်လောရှုအပေါ် သူ၏ ကျေနပ်သဘောကျမှုကို ဖုံးကွယ်မထားပေ။

ထိုအခိုက်အတန့်မှာ ယန်လောရှုကလည်း ဘဝင်လေဟပ်သလို ခံစားလိုက်ရ၏။

သို့သော်လည်း သိပ်မကြာခင် သူ၏ စိတ်ကိုတည်ငြိမ်စေပြီး ဘေးပတ်လည်မှာရှိသော အပျက်အစီးပုံများကို တိတ်တဆိတ်ကြည့်နေ၏။

ခဏနေပြီးနောက် ယန်လောရှုက သံသရဖူဆောင်းအဖိုးအိုကို ပြန်ကြည့်ပြီး အလေးအနက်ဦးညွှတ်ကာ တောင်းပန်တိုးလျှိုးမှုနှင့် မလုံမလဲမှုနှင့်အတူ သူ၏ ခေါင်းကို ခါပြလိုက်၏။

သံသရဖူဆောင်းအဖိုးအိုသည် ယန်လောရှု၏ တုံ့ပြန်မှုမှာ အံ့အားသင့်မသွားပေ။

သို့သော်လည်း သူက နှမြောမိသလို ခံစားရဆဲဖြစ်သည်။

သူသည် ယန်လောရှုထန်မှ အထင်ကြီးစရာကောင်းသော စိတ်နေစရိုက်တစ်ခုကို အာရုံခံမိနေ၏။ တကယ်ဆို အဲဒါကို သူပင်လျှင် ကျေနပ်သဘောကျမိလေသည်။

သူ့ဆရာနှင့်ရင်ဆိုင်ရချိန်မှာတောင်၊ သူ့ထက် များစွာပိုမိုသန်မာသော အင်အားစုနှင့် ရင်ဆိုင်ရချိန်မှာတောင်၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စွပ်စွဲပုတ်ခတ်ပြောဆိုမှုများနှင့် အဘက်ဘက်မှဝင်ရောက်လာသောဖိအားနှင့် ရင်ဆိုင်ရချိန်မှာတောင် သူသည် အမှန်တရားကို ကိုင်စွဲထားပြီး အညံ့ခံဖို့ကို ငြင်းဆန်ခဲ့ဆဲဖြစ်သည်။

ပေးဆပ်ရသောတန်ဖိုးကလည်း ကြောက်စရာကောင်းလေသည်။

ထိုသို့ဆိုလျှင်တောင် ယန်လောရှုက နောက်ဆုတ်ခြင်း သို့မဟုတ် ယိမ်းယိုင်သွားခြင်း မရှိပေ။

သည်ဘက်မျိုးဆက်မှာ ကျင့်ကြံရေးလောကတွင် ရှင်သန်ဖို့ ကောင်းမွန်စွာနေထိုင်ဖို့နှင့် အသက်ရှည်ရှည်နေရဖို့အတွက် အညံ့ခံခဲ့ကြသော လူများစွာရှိခဲ့လေသည်။

တကယ်ဆို ယန်လောရှုကဲ့သို့လူများက လှောင်ပြောင်သရော်ခြင်းနှင့် ထေ့ငေါ့ခြင်းကိုပင် ခံရပေလိမ့်မည်။ ကျင့်ကြံသူများစွာသည် သူတို့ကိုယ်သူတို့ လိမ္မာပါးနပ်ပြီး ယန်လောရှုလိုလူများက ရူးမိုက်၍ပါးရည်နပ်ရည်မရှိဟု တွေးမိကြပေလိမ့်မည်။

သို့သော်လည်း သမိုင်းတစ်လျှောက်မှာ လိမ်မာပါးနပ်မှုမရှိဟူသော ဤလူများသည် တရားမျှတမှုကိုကိုင်စွဲပြီး အမှန်တရားနောက်သို့လိုက်ကာ မမျှတမှုကို ခုခံဆန့်ကျင်ခဲ့သောကြောင့် သူတို့သည် ရက်စက်ကြမ်းတမ်း၍ မှောင်မည်းသော ကျင့်ကြံရေးလောကထံ နွေးထွေးသောအလင်းရောင်တစ်စကို ယူဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သံသရဖူဆောင်းအဖိုးအိုက သိရှိထားလေသည်။

သူပင်လျှင် ဤကဲ့သို့ကြီးမားသောဖိအားနှင့်ရင်ဆိုင်ရသည့်အခါ ယန်လောရှုကဲ့သို့ အကြောက်အလန့်ကင်းမဲ့စွာဖြင့် ရဲဝင့်​နိုင်ပါ့မလား သံသရဖူဆောင်းအဖိုးအိုက သေချာမပြောနိုင်ပေ။

သို့သော်လည်း သူ့ကိုအင်မော်တယ်တစ်ပါးဟုသာ ဆိုနိုင်သည်ကို သူသိရှိထားသည်။

ယန်လောရှုကသာ အင်မော်တယ်များကြားမှ သူရဲကောင်းတစ်ဦးဟု ခေါ်ဆိုခံရဖို့ ထိုက်တန်သောသူဖြစ်သည်။

“စီနီယာ... လောရှုရဲ့တာအိုသစ်သီးက ပျက်စီးသွားပြီ... သူ့မှာ ကျင့်ကြံဖို့အခွင့်အရေးတစ်ခုရှိပါဦးမလား”

မင်းသမီးသက်တံနီက စိုးရိမ်ပူပန်မှုဖြင့်ပြည့်နှက်နေသော်လည်း သူမက မျှော်လင့်ချက်တစ်စွန်းတစ်စနှင့်အတူ သံသရဖူဆောင်းအဖိုးအိုကို ကြည့်လိုက်၏။

“ရှိတာပေါ့”

သံသရဖူဆောင်းအဖိုးအိုက တိကျသေချာသောလေသံဖြင့် ခေါင်းညိတ်ပြလိုက်သည်။

မင်းသမီးသက်တံနီ၏ စိုးရိမ်ပူပန်မှုက ဝမ်းသာပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွား​ပြီး ယန်လောရှုကို အလောတကြီးကြည့်ကာ ညင်သာစွာဖျောင်းဖျလိုက်၏။

“လောရှု... ရှင်ဘာလို့ ဒီစီနီယာရဲ့တပည့် မလုပ်ချင်ရတာလဲ... အဲဒါက ရှင့်ရဲ့အခွင့်အလမ်းပဲ”

မင်းသမီးသက်တံနီတွင် တခြားမည်သည့်အတွေးမှ မရှိပေ။ သူမသည် ယန်လောရှုကို ရှင်သန်ပြီး ပိုမိုကောင်းမွန်လာစေချင်ရုံသာဖြစ်သည်။

ယန်လောရှုက နှုတ်ဆိတ်နေ၏။

သံသရဖူဆောင်းအဖိုက ညင်သာစွာပြုံးပြလိုက်၏။

“သူ့ကို အခက်တွေ့အောင်လုပ်စရာမလိုပါဘူး... သူ့က ငါ့တပည့်ဖြစ်မလာဘူးဆိုရင်တောင် ငါသူ့ကို အဲဒီဓမ္မတာအိုသင်ကြားပေးမယ်”

“ဘယ်လို….”

ယန်လောရှု၏ အမူအရာကတည်တံ့သွားပြီး သူက အလောတကြီးခေါင်းခါလိုက်၏။

“စီနီယာ... ခင်ဗျားက ကြင်နာလွန်းနေပါပြီ... ကျုပ်ကအဲဒါနဲ့မထိုက်တန်ပါဘူး”

သံသရဖူဆောင်းအဖိုးအိုက သူ့ကိုကယ်တင်ခဲ့သည့်အတွက် သူက အလွန်တရာကျေးဇူးတင်ရှိနေပြီဖြစ်သည်။

ဒါ့အပြင် သံသရဖူဆောင်းအဖိုးအိုသည် အရမ်းကိုရိုးသားပွင့်လင်းပြီး သူ့ကို တပည့်အဖြစ် လက်ခံလိုခဲ့သည်။ သူသည် အဲဒါကို ငြင်းရသည့်အတွက် အလွန်တရာမလုံမလဲခံစားနေခဲ့ရသည်။ ထိုအခိုက်အတန့်မှာ သူသည် သံသရဖူဆောင်းအဖိုးအိုထံမှ ဓမ္မအမွေအနှစ်ကို ဘယ်လိုလုပ်မျက်နှာပြောင်တိုက်ပြီး လက်ခံနိုင်ပါ့မလဲ။

“မင်းအဲဒါနဲ့ပတ်သက်ပြီး ဝန်လေးနေစရာမလိုဘူး”

သံသရဖူဆောင်းအဖိုးအိုက လက်ကာပြလိုက်သည်။

“အဲဒီဓမ္မအစီအရင်က အပြင်လူတွေကို သင်ကြားပေးလို့မရတဲ့ ဓားကမ္ဘာရဲ့ ပညာရပ်မဟုတ်ဘူး.... အဲဒီဓမ္မအစီအရင်ကို ဖန်တီးခဲ့တဲ့လူက အရမ်းကိုစိတ်သဘောထားကြီးမားတယ်... သူက လောကမှာရှိတဲ့ သက်ရှိတွေအားလုံးကို သင်ကြားပို့ချပေးခဲ့တယ်... သူက အဲဒီဓမ္မအစီအရင်ကို အများလူထုရှေ့မှာထုတ်ဖော်ပြီး လူတိုင်းကို ကျင့်ကြံနိုင်စေခဲ့တယ်”

မိုချင်၊ ယန်လောရှုနှင့် အခြားသူများက မှင်တက်သွားကြသည်။

လောကမှာ ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးရှိနေတာလား... ကျင့်ကြံသူအများစုနှင့် ဂိုဏ်းအများစုသည် ဓမ္မအစီအရင်များကို မပြောနှင့် အနည်းငယ်အဆင့်မြင့်သော နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုပင် သူတို့ကိုယ်ပိုင်အဖြစ်အသုံးချဖို့ ထိန်းသိမ်းထားကြလေသည်။

အဲဒါက သာမန်အဆန်ဆုံးနည်းလမ်းဖြစ်နေမည်ဆိုလျှင်တောင် သာမန်လူများက အဲဒါကိုတန်ဖိုးထားကြပေလိမ့်မည်။

မင်းသမီးသက်တံနီက ထိုစကားကိုကြားသောအခါ သူမက ယန်လောရှုကို နှစ်သိမ့်ပေးလိုက်၏။

“အဲဒါလည်းကောင်းတာပဲ... ဒီဓမ္မအစီအရင်က သာမန်ပဲဖြစ်လိမ့်မယ်... အဲဒီမှာစွမ်းအားကြီးမားတဲ့ နည်းလမ်းတွေ မပါလောက်ဘူး... ရှင်အဲဒါကို ကျင့်ကြံတဲ့အတွက် ဝန်လေးနေစရာမလိုတော့ဘူး”

“အဲစကားက မမှန်ဘူး”

သံသရဖူဆောင်းအဖိုးက ခေါင်းခါပြလိုက်၏။

“အဲဒီဓမ္မအစီအရင်က နှစ်ပေါင်းများစွာလက်ဆင့်ကမ်းလာခဲ့တဲ့ အင်မော်တယ်.. ဗုဒ္ဓနဲ့ မိစ္ဆာတာအိုတွေရဲ့ ဓမ္မအစီအရင်တွေနဲ့ ယှဥ်နိုင်တယ်... အဲဒါက သေချာပေါ​က် သမိုင်းထဲမှာ မှတ်တမ်းတင်ခံရပြီး လောကမှာရှိတဲ့ သက်ရှိအားလုံးရဲ့ ကောင်းချီးမင်္ဂလာဖြစ်လာလိမ့်မယ်”

“အာ...”

ဤတစ်ခေါက်မှာ မိုချင်၊ ယန်လောရှုနှင့် အခြားသူများက တကယ်ပင်မှင်တက်သွားကြသည်။

သံသရဖူဆောင်းအဖိုးအိုသည် မည်သို့ပင်ဆိုစေ ဧကရာဇ်ပညာရှင်တစ်ဦးဖြစ်ပြီး သူက ပေါက်တတ်ကရစကားများကို သေချာပေါက်ပြောဆိုလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း လူတိုင်းက နားမလည်နိုင်ပေ။

အဲဒါက ဤကဲ့သို့ စွမ်းအားကြီးမားသော ဓမ္မအစီအရင်တစ်ခုဖြစ်သည်ဆိုမှတော့ အဲဒါကိုဘာ့ကြောင့် အများလူထုရှေ့မှာ ထုတ်ဖော်ခဲ့ရတာလဲ။

ယန်လောရှုက ဘာ့ကြောင့်ဝန်လေးမှုကို မခံစားရမှာလဲ။

သံသရဖူဆောင်းအဖိုးအိုက ပြုံးပြလိုက်၏။

“ဘာလို့လဲဆိုတော့.... အဲဒီဓမ္မအစီအရင်ကို ဖန်တီးခဲ့တဲ့ကျင့်ကြံသူက မင်းရဲ့မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်နေလို့ပဲ... မင်းက ဒီလိုကပ်ဘေးနဲ့ ကြုံတွေ့ခဲ့တယ်ဆိုတာ သူသိမယ်ဆိုရင် သူကလည်း မင်းကို အဲဒီဓမ္မအစီအရင်ကို သေချာပေါက် သင်ကြားပေးမှာပဲ”

ယန်လောရှုက ပို၍ပင် တွေဝေရှုပ်ထွေးလာခဲ့သည်။

အဲဒါက သူရဲ့မိတ်ဆွေဟောင်းတစ်ဦးလား။ သူ၏ မိတ်ဆွေဟောင်းများကြားမှာ ဤကဲ့သို့သောကျင့်ကြံသူတစ်ဦး ရှိနေတာလား။

ဤလူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့်မိစ္ဆာတာအိုများနှင့်ယှဥ်နိုင်သော ဓမ္မအစီအရင်တစ်ခုကို ဖန်တီးနိုင်ခဲ့ပြီး အဲဒါက ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်မှာလား။

ယန်လောရှုသည် ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးနှင့်သိကျွမ်းကာ မိတ်ဆွေဖွဲ့နိုင်ခဲ့လိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ပေ။

“အဲဒီမိတ်ဆွေဟောင်းရဲ့နာမည်က ဘယ်သူလဲ”

ယန်လောရှုက သိချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

သံသရဖူဆောင်းအဖိုးအိုက ရေရေရာရာပြောဆိုခြင်းမရှိဘဲ ညင်သာစွာပြုံးပြလိုက်၏။

“မင်းတို့တွေ တစ်နေ့မှာ သူနဲ့သေချာပေါက် တွေ့ရပါလိမ့်မယ်”

ယန်လောရှုက မျက်မှောင်ကြုတ်ပြီး ပို၍ပင်တွေဝေရှုပ်ထွေးသွားသည်။

သို့သော်လည်း ပြန်လည်စဥ်းစားတွေးတောရင်း သူက နားလည်သဘောပေါက်လာကာ သံသရဖူဆောင်းအဖိုးအိုကို ကျေးဇူးတင်ရှိစွာဖြင့် ကြည့်လိုက်၏။

'ဒီစီနီယာရဲ့နှလုံးသားက တကယ့်ကိုကြင်နာတတ်တာပဲ... သူက ငါ့ကိုဖိအားအောက်ရောက်နေမျာစိုးပြီး ငါ့ကိုနှစ်သိမ့်ဖို့အတွက် ဒီစကားကို တမင်သက်သက်ထုတ်ဖော်ပြောဆိုခဲ့တာပဲ... အာ...”

တကယ်တော့ သံသရဖူဆောင်းအဖိုးအိုရည်ညွှန်းပြောဆိုသည့် မိတ်ဆွေဟောင်းက ဆူဇီမိုဖြစ်သည်။

သို့သော်လည်း ဆူဇီမို၏ သရုပ်သကန်က ယခုအချိန်ထိ မပေါက်ကြားသေးပေ။ သံသရဖူဆောင်းအဖိုးအိုအနေဖြင့် ဆူဇီမိုကိုယ်စားဆုံးဖြတ်ပြီး ယန်လောရှုနှင့်အခြားသူများကို ဤအကြောင်းပြောပြဖို့က မသင့်လျော်ပေ။

ဆူဇီမိုသည် ဓားသင်္ချိုင်းတောင်ထွတ်မှာ ဦးဆောင်နေ၏။ ထိုနေရာမှာ ဓားသင်္ချိုင်းတာအိုအပြင် သိုင်းတာအို၏ ဓမ္မအစီအရင်ကိုလည်း အများသူငှာလေ့လာနိုင်အောင် ထုတ်ဖော်ပြသထားသည်။

သံသရဖူဆောင်းအဖိုးအိုကလည်း အဲဒါကိုသိရှိထားသည်။

သို့သော်လည်း ​ဓားကမ္ဘာမှ ကျင့်ကြံသူအများစုသည် အခြားသောဓမ္မအစီအများကို ကျင့်ကြံထားခဲ့ကြပြီဖြစ်ပြီး သူတို့သည် သိုင်းတာအိုကို ပြောင်းလဲပြီးမကျင့်ကြံနိုင်ကြပေ။

ယန်လောရှု၏ အခြေအနေက အတော်လေးထူးခြားနေသည်။

သူ၏ တာအိုသစ်သီးက ပျက်စီးသွားခဲ့လေပြီ။ သို့သော်လည်း သူက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာများ၏ ဓမ္မတာအိုကို ဘယ်လိုပင်ကျင့်ကြံလိုသည်ဖြစ်စေ သူ့အနေဖြင့် သူ၏ အသိစိတ်ထဲမှာ နောက်ထပ်တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ဖို့က ခဲယဥ်းသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူသည် သိုင်းတာအိုကို ကျင့်ကြံပြီး အစစ်အမှန်သိုင်းတာအိုခန္ဓာ​ကို ပုံသွင်းနိုင်မည်ဖြစ်သည်။

သံသရဖူဆောင်းအဖိုအို၏ နှာရောင်ကနေ ခပ်ဖျော့ဖျော့အလင်းတစ်ခုထွက်ပေါ်လာပြီး ယန်လောရှု၏ အသိစိတ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထို့နောက်ချက်ချင်းပင် ယန်လောရှု၏ စိတ်ထဲမှာ အမွေအနှစ်နှစ်ခု ပေါ်ထွက်လာခဲ့သည်။

သူတို့ထဲမှတစ်ခုက ဓမ္မအစီအရင်တစ်ခုဖြစ်သည်။

“သိုင်းတာအို”

ယန်လောရှုက တီးတိုးရေရွတ်လိုက်၏။

သံသရဖူဆောင်းအဖိုးအိုက ပြောလိုက်သည်။

“တကယ်တော့ မင်းမှာ သိုင်းတာအိုရဲ့စိတ်ဝိညာဥ်က ရှိနေပြီးသားပဲ... မင်းက ရဲဝင့်စွာနဲ့ အကြောက်အလန့်ကင်းမဲ့စွာနဲ့ ရှေ့ကိုတက်လှမ်းတယ်... နောက်ပြီး မင်းရဲ့တာအိုသစ်သီးက ကြေမွသွားပေမဲ့ မင်းရဲ့ရင်ထဲက မှန်ကန်ဖြောင့်မတ်မှုက ရှိနေတုန်းပဲ”

တကယ်တမ်းမှာလည်း ကိစ္စက ထိုသို့ပင်ဖြစ်သည်။ ဤကပ်ဘေးနှင့် ကြုံတွေ့ခဲ့ပြီးနောက် ယန်လောရှု၏ တာအိုသစ်သီးက ကြေမွသွားပြီး သူ၏ ကျင့်ကြံမှုက ပျက်စီးသွားခဲ့သည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲရှိ မှန်ကန်ဖြောင့်မတ်မှုအော်ရာက ပို၍ပင်သိပ်သည်းကျစ်လစ်လာပြီး ပို၍ခံ့ညားထည်ဝါလာခဲ့သည်။

မှန်ကန်ဖြောင့်မတ်မှုအော်ရာကြောင့်ပင် ယန်လောရှု၏ အသက်ဓာတ်အားကို ဆွဲဆန့်ထားနိုင်ခြင်းဖြစ်သည်။ မဟုတ်ပါက သူသည် သေသည့်တိုင်အောင် ရိုက်နှက်ခံခဲ့ရသည်မှာ ကြာခဲ့လေပြီ။

သံသရဖူဆောင်းအဖိုးအိုက ဆက်ပြောလိုက်သည်။ အဲဒီမှန်ကန်ဖြောင့်မတ်မှုအော်ရာနဲ့ဆိုရင် မင်းရဲ့အခြေခံအုတ်မြစ်က အကောင်းတိုင်းကျန်ရှိနေတုန်းပဲ.... မင်းက တစ်ကနေပြန်စပြီး ကျင့်ကြံမယ်ဆိုရင်တောင် မင်းရဲ့ကျင့်ကြံမှုက ခုန်ပေါက်ပြီးမြင့်တက်လာလိမ့်မယ်”

မှန်ကန်ဖြောင့်မတ်မှုအော်ရာသည် မှန်ကန်ဖြောင့်မတ်ခြင်းအော်ရာ၏ အဓိကအချက်ဖြစ်သည်။ ယန်လောရှုသည် စည်းကမ်းထိန်းသိမ်းရေးစင်ပေါ်မှာ သူ၏ ခေါင်းကိုငုံ့ထားပြီး သတ္တိကြောင်နေခဲ့မည်ဆိုလျှင် သူက သူ၏ တာအိုသစ်သီးကိုကာကွယ်နိုင်ခဲ့မည်ဆိုလျှင်တောင် သူ၏ ရင်ထဲရှိ မှန်ကန်ဖြောင့်မတ်မှုအော်ရာက ပျက်ပြယ်သွားပေလိမ့်မည်။

ထိုအခါမှသာ သူ၏ ကျင့်ကြံမှုက အမှန်တကယ်ပျက်စီးသွားပေလိမ့်မည်။

သံသရဖူဆောင်းအဖိုးအိုက ဆက်ပြောလိုက်သည်။

“သိုင်းတာအိုအပြင် အဲဒီမှာ နောက်ထပ်အမွေအနှစ် မှန်ကန်ဖြောင့်မတ်ခြင်းဓားတာအိုရှိတယ်... အဲဒီဓားတာအိုကို အထွတ်အထိပ်ကောင်းကင်ဘုံဓားကျင့်စဥ်ကနေ ထုတ်နုတ်ထားတာပဲ... အဲဒီဓားတာအိုကို မင်းတစ်​ယောက်ပဲ ကျင့်ကြံဖို့အဆင့်မီတယ်... အဲဒီဓားတာအိုက မင်းရဲ့လက်ထဲမှာ သူနဲ့ထိုက်တန်တဲ့အရောင်အဝါကိုရရှိပြီး လောကကို အလင်းပေးနိုင်ဖို့ ငါမျှော်လင့်တယ်။”

All Chapters